Thursday, July 5, 2012

မြန်မာ့ပို့ကုန်တန်ဖိုး ဘင်္ဂလာသွင်းကုန်ထက် ၁၇ နှစ်အတွင်း တာကာ ၂၃၅၄ ကုဋေကျော် ကွာဟမှုရှိ

Written by သဇင်ဥ    Thursday, 05 July 2012 10:08   PDFPrintE-mail
Burma and Bangliမြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား အပြန်အလှန် ပို့ကုန်-သွင်းကုန် တင်ပို့ကြရာတွင် ဘင်္ဂလာမှ သွင်းကုန်တန်ဖိုးထက် မြန်မာပို့ကုန် တန်ဖိုးမှာ ၁၇ နှစ်အတွင်း တာကာ ၂၃၅၄ ကုဋေ ၉၀၃၃၀၀ တန်ဖိုး ကွာဟမှုရှိခဲ့ကြောင်း ဆိပ်ကမ်းတာဝန်ရှိသူများမှ သိရှိရသည်။

မြန်မာ-ဘင်္ဂလာ နယ်စပ်စီးပွားရေးအကြား လွန်ခဲ့သော ၁၉၉၅ ခု၊ ဇူလိုင်လမှ ၂၀၁၂ ခု၊ ဇွန်လအထိ ကုန်ပစ္စည်းများ အပြန်အလှန် တင်ပို့ ခဲ့ကြရာ ယခုနှစ်ဇွန်လ ၃၀ ရက်နေ့က ၁၇ နှစ်ပြည့်ခဲ့ကြောင်း ဆိုသည်။

မြန်မာ-ဘင်္ဂလာ တာခ်နာဆိပ်ကမ်းအကြား ၁၉၉၅-၉၆ မှ ၂၀၁၁-၁၂ ခုနှစ် ၁၇ နှစ်တာကာလအတွင်း မြန်မာမှ ဘင်္ဂလာသို့ စုစုပေါင်း ကုန်ပစ္စည်း တာကာ ၂၄၂၁ ကုဋေ ၇၆၆၁၅၇၀ တန်ဖိုး တင်ပို့ခဲ့ကြကြောင်းနှင့် ဘင်္ဂလာမှ တာကာ ၆၉ ကုဋေ ၆၇၅၈၂၇၀ တန်ဖိုး ကုန်ပစ္စည်း တင်သွင်းခဲ့ကြောင်း စာရင်းရှင်းဇယားများဖြင့် ရှင်းပြသည်။

နယ်စပ်ကုန်သွယ်စီးပွားရေး ၁၇ နှစ်တာရှည် ကာလအတွင်း ၂၀၁၁-၁၂ တွင် မြန်မာမှ တာကာ ၃၂၄ ကုဋေ ၈၅၂၇၆၁၃ တန်ဖိုးရှိ ကုန်ပစ္စည်းများ တင်ပို့ခဲ့ပြီး၊ ဘင်္ဂလာမှ တာကာ ၁၂ ကုဋေ ၅၀၈၇၈၀၉ တန်ဖိုးရှိ ကုန်ပစ္စည်းများ တင်သွင်းခဲ့မှုကြောင့် တာကာ ၃၁၂ ကုဋေ ၃၄၃၉၈၀၄ တန်ဖိုး ကွာဟမှုများ ရှိသည်ကို အောက်ပါစရင်းများအရ သိရှိရသည်။

၂၀၁၀-၁၁ တွင် တာကာ ၃၇၄ ကုဋေ ၃၆၉၅၀၀၀ ကုန်ပစ္စည်း တင်ပို့ခဲ့ပြီး၊ တာကာ ၁၁ ကုဋေ ၆၀၁၅၀၀၀ ကုန်ပစ္စည်း တင်သွင်းခဲ့မှုကြောင့် တာကာ ၃၆၂ ကုဋေ ၇၆၈၀၀၀၀ ကွာဟမှုရှိခဲ့ကြောင်း၊ ၂၀၀၉-၁၀ တွင် ၂၉၇ ကုဋေ ၃၁၅၈၄၁၉ တင်ပို့ခဲ့ပြီး၊ ၁၁ ကုဋေ ၇၁၈၉၅၁၂ တင်သွင်းခဲ့မှုကြောင့် ၂၈၅ ကုဋေ ၅၉၆၈၉၀၇ ကွာဟမှု ရှိခဲ့ကြောင်း၊ ၂၀၀၈-၀၉ တွင် ၄၆၃ ကုဋေ ၅၆၃၂၇၁၁ တင်ပို့ခဲ့ပြီး၊ ၈၂၆၉၀၇၈၄ တင်သွင်းခဲ့မှုကြောင့် ၄၅၅ ကုဋေ ၂၉၄၁၉၂၇ ကွာဟမှု ရှိခဲ့ကြောင်း၊ ၂၀၀၇-၀၈ တွင် ၂၈၇ ကုဋေ ၂၂၃၆၇၃၉ တင်ပို့ခဲ့ပြီး၊ ၇၆၇၀၄၃၈၂ တင်သွင်းခဲ့မှုကြောင့် ၂၇၉ ကုဋေ ၅၅၃၂၃၅၇ ကွာဟမှု ရှိခဲ့ကြောင်း၊ ၂၀၀၆-၀၇ တွင် ၁၉၃ ကုဋေ ၃၂၅၈၃၁၁ တင်ပို့ခဲ့ပြီး၊ ၂၃၆၆၈၃၉၅ တင်သွင်းခဲ့မှုကြောင့် ၁၉၀ ကုဋေ ၉၅၈၉၉၁၆ ကွာဟမှု ရှိခဲ့ကြောင်း၊ ၂၀၀၅-၀၆ တွင် ၁၃၆ ကုဋေ ၈၆၄၁၀၉၁ တင်ပို့ခဲ့ပြီး၊ ၂၅၉၅၆၄၂၅ တင်သွင်းခဲ့မှုကြောင့် ၁၃၄ ကုဋေ ၂၆၈၄၆၆၆ ကွာဟမှု ရှိခဲ့ကြောင်း၊ ၂၀၀၄-၀၅ တွင် ၁၂၃ ကုဋေ ၇၈၅၈၄၀၂ တင်ပို့ခဲ့ပြီး၊ ၁၀၄၁၃၄၂၀ တင်သွင်းခဲ့မှုကြောင့် ၁၂၂ ကုဋေ ၇၄၄၄၉၈၂ ကွာဟမှု ရှိခဲ့ကြောင်း၊ ၂၀၀၃-၀၄ တွင် ၉၂ ကုဋေ ၅၇၁၀၆၁၀ တင်ပို့ခဲ့ပြီး၊ ၂၄၁၈၂၇၄၂ တင်သွင်းခဲ့မှုကြောင့် ၉၀ ကုဋေ ၁၅၂၇၈၆၈ ကွာဟမှု ရှိခဲ့ကြောင်း၊ ၂၀၀၂-၀၃ တွင် ၅၇ ကုဋေ ၆၄၁၉၈၃၂ တင်ပို့ခဲ့ပြီး၊ ၁၈၉၂၁၃၇၆ တင်သွင်းခဲ့မှုကြောင့် ၅၅ ကုဋေ ၇၄၉၈၄၅၆ ကွာဟမှု ရှိခဲ့ကြောင်း၊ ၂၀၀၁-၀၂ တွင် ၁၃ ကုဋေ ၉၇၃၃၅၇၁ တင်ပို့ခဲ့ပြီး၊ ၉၉၆၈၅၆၇ တင်သွင်းခဲ့မှုကြောင့် ၁၂ ကုဋေ ၉၇၆၅၀၀၄ ကွာဟမှုရှိခဲ့ကြောင်း၊ ၂၀၀၀-၀၁ တွင် ၃၀ ကုဋေ ၂၉၆၀၈၃၄ တင်ပို့ခဲ့ပြီး၊ ၁၇၄၅၄၉၇ တင်သွင်းခဲ့မှုကြောင့် ၃၀ ကုဋေ ၁၂၁၅၃၃၇ ကွာဟမှု ရှိခဲ့ကြောင်း၊ ၁၉၉၉-၂၀၀၀ တွင် ၁၁ ကုဋေ ၇၂၃၁၂၀ တင်ပို့ခဲ့ပြီး၊ ၄၇၃၉၃၆၅ တင်သွင်းခဲ့မှုကြောင့် ၁၀ ကုဋေ ၅၉၈၃၇၅၅ ကွာဟမှု ရှိခဲ့ကြောင်း၊ ၁၉၉၈-၉၉ တွင် ၄၃၇၆၁၅၂၉ တင်ပို့ခဲ့ပြီး၊ ၇၄၁၀၉၇၃ တင်သွင်းခဲ့မှုကြောင့် ၃၆၃၅၀၅၅၆ ကွာဟမှုရှိခဲ့ကြောင်း၊ ၁၉၉၇-၉၈ တွင် ၄၂၇၂၁၀၃၁ တင်ပို့ခဲ့ပြီး၊ ၂၂၇၄၀၇၈၀ တင်သွင်းခဲ့မှုကြောင့် ၁၉၉၈၀၂၅၁ ကွာဟမှုရှိခဲ့ကြောင်း၊ ၁၉၉၆-၉၇ တွင် ၄၂၈၃၅၈၄၄ တင်ပို့ခဲ့ပြီး၊ ၁၈၁၉၉၃၈၆ တင်သွင်းခဲ့မှုကြောင့် ၂၄၆၃၆၄၅၈ ကွာဟမှု ရှိခဲ့ကြောင်းနှင့် ၁၉၉၅-၉၆ တွင် ၁၉၇၈၆၉၁၃ တင်ပို့ခဲ့ပြီး၊ ၁၃၈၆၄၆၃၇ တင်သွင်းခဲ့မှုကြောင့် ၅၉၂၂၂၇၆ ကွာဟမှု ရှိခဲ့သည်ဟု ဆိပ်ကမ်းအရာရှိ ကာစ္စတင်က ပြောသည်။

ထို့ပြင် မြန်မာ-ဘင်္ဂလာအကြား မှောင်ခိုလမ်းများမှ အများအပြား ပို့ကုန်-သွင်းကုန်များကို သယ်ဆောင်တင်ပို့နေမှုများကြောင့် နိုင်ငံတော် ၀င်ငွေကို ထိခိုက်လျက်ရှိနေကြောင်း တာခ်နာဆိပ်ကမ်း အကောက်ခွန်က မကြာခဏ ထုတ်ဖေါ်ပြောဆိုလေ့သည်။

နှစ်နိုင်ငံအကြား တင်ပို့ကြသည့် ကုန်များမှာ ၀ါး၊ သစ်၊ ဆန်စပါး၊ ငါးခြောက်၊ ငါးစိမ်း၊ ကွမ်းသီး၊ နနွမ်း၊ မကျဉ်းသီး၊ မဆလာ၊ အ၀တ်အထည်၊ အယ်လ်လူမီနီယံ၊ အိမ်မွေးတိရိစ္ဆာန်၊ ပဲ၊ ဆံပင်၊ ဘိလပ်မြေ၊ ယိုမျိုးစုံ၊ ဂျင်း၊ င/ရုပ်ကောင်းစေ့၊ ကျွဲ-နွားအရီနှင့် တခြား စသည့် စုစုပေါင်း ၃၆ မျိုးကုန်ပစ္စည်းများ တင်ပို့ရန် နှစ်ဘက်စီးပွားရေးသမားများ သဘောတူညီမှုများ ရှိကြသည်ဟု နှစ်နိုင်ငံ စီးပွားရေး သတင်းများက ဆိုသည်။
သို့သော်လည်း ဘင်္ဂလာမှ မြန်မာသို့ သွင်းကုန်ပစ္စည်း အမျိုးအစားပေါင်း ၁၀ မျိုးသာ သွင်းခွင့်ရှိကြောင်း သိရှိရသည်။
ယခုကဲ့သို့ နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ကုန်သွယ်စီးပွားရေးမှ ဘင်္ဂလီနိုင်ငံတော်ဝင်ငွေနှင့် စီးပွားရေး သမားများအတွက် တိုးတက်ကောင်းမွန်မှုများ ရရှိနေသော်လည်း မြန်မာနိုင်ငံတော်အတွင်း မည်သည့်ထင်သာမြင်သာမှုမျှ တရားဝင် ယနေ့အချိန်ထိ ရှိခြင်းကို မတွေ့သေးရချေ။

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်စီးပွားရေးမှာ ရခိုင်ပြည်နယ်အတွင်း ဇွန် ၈ နေ့တွင် စတင်ပြီး အကြမ်းဖက် သောင်းကျန်းမှုများဖြစ်ပေါ်၍ ၂၅ ရက်တိုင်တိုင် ပိတ်ဆို့နေခဲ့ပြီး ဇူလိုင် ၂ ရက်နေ့ကစတင်ကာ သစ်ဘုတ်တစ်စီးနှင့် ငါးတန်ချိန် ၁၃၀ တင်ဆောင်၍ ဘုတ်ကြီး ၂ စီး စုစုပေါင်း ယနေ့ထိ ၃ စီးဆိုက်ရောက်လာပြီဖြစ်ကြောင်း ဆိပ်ကမ်းတာဝန်ရှိသူက ပြောသည်။

ယခုအခါ ဘင်္ဂလီစီးပွားရေးသမားများက မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများကို ယခုလ ၂၁ ရက်နေ့ တတိယအပတ်တွင် ကျရောက်မည့် မူဆလင် ဘာသာရေး အကြီးဆုံးပွဲတော်ဖြစ်သည့် ရူးဇာပွဲတော်အတွက် အထူးတင်ပို့ကြရန် သက်ဆိုင်ရာသို့ ပန်ကြားထာားကြောင်း သိရှိရသည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/262-2012-07-05-10-26-46

No comments:

Post a Comment