ဤသေတမ်းစာသည် ဗမာအမျိုးသားခေါင်းဆောင် သခင်ကိုယ်တော်မှိုင်းမှ
သူမကွယ်လွန်မှီ ဗမာခေါင်းဆောင် တချို့အား အမှာ ထားခဲ့သော
သေတမ်းစာဖြစ်သည်။
ရခိုင်ကို အထင်သေးမိလို့ ဗမာဦးခေါင်းအနောက်ကို ညွတ်ခဲ့ရတယ်။ ဒီတော့ရခိုင်ကို ဘယ်တော့အခါမှ အထင်မသေးနှင့်။ အတိတ်က ဖြစ်ရပ်ကိုကြည့်ပြီး သတိထားရမယ်။ ရခိုင်တွေဟာ ရာဇဝင်ကြီးသလောက် မာနကြီးတယ်။ ဘယ်သူ့ကိုမှ အထင်ကြီးတတ်တဲ့ လူမျိုးမဟုတ်ဘူး။ သမိုင်းကြွှေးမဆပ်နိုင်အောင်၊ နလံမထူနိုင်အောင် မင်းတို့တတွေ ဆွမ်းဆောင်တတ်ရမယ်။
ရှမ်းဆိုတဲ့လူမျိုးတွေလည်း တောင်ပေါ်နေ တောင်ပေါ်စား၊ သူတို့အထက်ကဆိုရင်
ငှက်ပျံသွားတာကိုလည်း မလိုချင်ဘူး။ မလျှော့တဲ့ဇွဲဟာ ရှမ်းတွေမှာရှိတယ်။ဗမာကို
ရာဇဝင်ကြည့်ပြီး ဓါးသွေးတိုက်ရမယ်ဆိုတဲ့ စကားပုံဟာ တစ်နေ့နေ့တော့ ဒီပြဿနာ
ပေါ်လာမယ်။ တောင်ပေါ်သားဟာ တောင်ပေါ်သားအသိထက် မကျော်လွှားမိစေဖို့ ကြပ်ကြပ်
သတိထားရမယ်။ ဘယ်သူပဲဖြစ်ဖြစ် ကြီးထွား လာခဲ့ရင် ဒါဟာဗမာ့ရန်သူဘဲ။
ပြတ်သားတဲ့နည်းကို ကျင့်သုံးရမယ်။
ကရင်ဆိုတာလည်း တို့တတွေရဲ့ စိတ်မချနိုင်တဲ့ စကားပြောရင် ပြောသလိုလုပ်တတ်တဲ့
ဝါဒရှိတယ်။ ဒါဟာရန်သူတစ်မျိုးဘဲ။ ဘဝကို မြေတောင်မြှောက်မပေးနှင့်။
လက်မြန်ခြေမြန် ဝါဒရှိတယ်။ သတိလစ်ရင် လစ်သလို ဗမာတွေ အသက်ရှူကျပ်လိမ့်မယ်။
ဓါးရှည်၊ ဓါးချွှန်တွေကိုကိုင်ပြီး ရေခဲတောင်မှာ ပျော်ပိုက်တဲ့ ကချင်တွေကလည်း
မန္တလေးကိုတောင် သူတို့မြို့ဆိုပြီး တောင်ဘက်တစ်ခွင်ကို သူတို့ဒေသဖြစ်ဖို့
ရည်မှန်းထားတယ်။ သူတို့က ပင်လယ်ငါးကို စားမယ်တဲ့။ မင်းတို့ဗမာတွေရဲ့
သခင်ဘဝကို ရအောင် ဖန်တီးမယ်တဲ့။ ဘယ်လိုပဲဆိုဆို ငါတို့တစ်တွေဟာ လက်ဦးထားဖို့က
အရေးကြီးတယ်။ မညှာနဲ့ ညှာရင်နာမယ်။ ဗမာတွေ သတိထားကြ။
သမိုင်းရှည်ပြီး တိုးတက်ခဲ့တဲ့ မွန်ဆိုတာလည်း ယနေ့ ဗမာတွေအောက်
ရောက်နေပေမယ့် ဒဂုံဆိုတာ မွန်စကားဖြစ်လို့ ရန်ကုန်မှာ
မွန်နန်းဆောက်မယ်တဲ့။ မွန်တွေရဲ့သတ္တိကို ရွှေတိဂုံဘုရားမှာ မြင်စေရမယ်တဲ့။ ဆိုလိုတာကတော့ကွာ ရန်ကုန်ဆိုတာ မွန်ပြည်ဖြစ်ရမယ် ဆိုတာပဲ။ အတိတ်က သူပိုင်တယ် ငါပိုင်တယ်ဆိုတာ ဗမာတွေ
နားမလည်ဘူး။ လက်ရှိမှာ ဘယ်လိုရှိနေသလဲ။ ရှိနေသလိုဘဲ ထိန်းထား တတ်ရမယ်။
မွန်ဆိုတာ သည်းမခံတတ်ဘူး။ မလိုလားရင် တော်လှန်တတ်တယ်။
ဒေါင်းအတောင်ခတ်ရင် တောရှင်းရမယ်။ ဘယ်သူ့ကိုမှ ဒေါင်းအောင်လံအောက်က
မလွတ်စေရဘူး။ ဒေါင်းအောင်လံကိုဘဲ ငါသိတယ်။ ဒေါင်းကိုပယ် ဘာကိုမှ
ငါမလိုလားဘူး။
တို့ဗမာတွေကလည်း သူတလို ငါတမင်းနဲ့ ညီညွတ်မှု မရှိကြဘူး။ အချင်းချင်း
ညီညွတ်မှုရှိမှ သာယာမယ်။ ဗမာ့နိုင်ငံရေး အာဏာကို ထိန်းထားနိုင်မယ်။
ပုဂ္ဂိုလ်အချင်းချင်း မကြေနပ်မှုကို နိုင်ငံရေးမှာ မရောထွေးသင့်ဘူး။
ဒီတော့ ငါမသေခင်နောက်ဆုံးမှာခဲ့ချင်တယ်
သူ့ကျွန်ပြန်ဖြစ်မယ်။ ဗမာဟာ ဗမာပဲ။ ကမ္ဘာမှာ ဗမာတွေရှိသရွေ့ ထာဝရ
ရှင်သန်နေမယ်ဆိုတဲ့ ကတိတစ်ခုကို ငါတောင်းချင်တယ်။ မင်းတို့ ကတိပေးရင်
ငါသေပျော်ပြီ။ နို့မဟုတ်ရင် ငါသေမပျော်ဘူး။ တမလွန်ဘဝကလည်း ဗမာတွေ
ကျွန်ဖြစ်တာကို မကြည့်ချင်ဘူး။ ဗမာတွေအချင်းချင်း ဘာတွေဘာဘဲဖြစ်ဖြစ်
ဗမာ့လွတ်လပ်ရေးကို တခြားလူမျိုးတွေဆီကိုမရောက်စေဖိ
ဗမာတွေအချင်းချင်း သွေးစည်းပြီး တပါးရန်ကို ကာကွယ်ရမယ်။ ဒီလိုအချိန်မှာ
သူတလူငါတမင်း ဝါဒကို စွန့်ရမယ်။ ဗမာဟာ မဟာဗမာဖြစ်ဖို့ အဓိကပဲ။
ငါလိုချင်တာဒါပဲ။
(စာကြွင်း - အထက်ပါသခင်ကိုယ်တော်မှိုင်း သေတမ်းစာသည် ရခိုင်အမျိုးသား
ညီညွတ်ရေးပါတီမှာ ရှာဖွေ ရိုက်နှိပ်ဖော်ပြထားသော စာဖြစ်သည်။ ကျွန်ုပ်
မူရင်းအတိုင်း မချွင်းမချန် ပြန်လည်ရိုက်နှိပ် ဖော်ပြထာားသည်။)
( လက်လှမ်းမှီရေလောက် ဖြန့် ဝီပီးစွာဘင် ရခိုင်မျိုးချစ်စိတ်ဖြစ်ပါရေ )
အားလုံးကို လေးစားစွာဖြင့် = ဖိုးတုတ်(မြေပုံ)=(
>>> foetoke5@gmail.com)
No comments:
Post a Comment