Monday, July 23, 2012

ရခိုင်ကျောင်းသားလူငယ်များစာပေနှင့် ယဉ်ကျေးမှုမြင့်တင်ရေးအဖွဲ့နှင့် ရန်ကုန်ရောက်များ ပူးပေါင်းတိုက်တွန်းတောင်းဆို

Written by သဇင်ဥ    Tuesday, 24 July 2012 08:44   PDFPrintE-mail
yangon studentရခိုင်ပြည်နယ်အတွင်း ဇွန် ၈ ရက်နေ့မှစတင်ပြီး သောင်းကျန်းသူများက အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဒေသခံ ရခိုင်ပြည်သူများ၏ လုံခြုံရေး၊ ပညာရေး၊ အသက်အိုးအိမ်စိမ်းစဉ်များ ရှုံးဆုံးနေရမှုအပေါ် ကာကွယ်စောင့်ရှောက် ထိမ်းသိမ်းပြီး ကျူးကျော်လာသူများအား အမြန်ဆုံး နိုင်ငံအတွင်းမှ ရှင်းလင်းဖြေရှင်းပေးရန် မိဘပြည်သူများနှင့် သက်ဆိုင်ရာ တာဝန်ရှိဌာနများအား စနေနေ့က ထုတ်ပြန်ချက်ဖြင့် ရကစယ က တိုက်တွန်းတောင်းဆိုလိုက်သည်။ 

ရကစယနှင့် ရန်ကုန်ရောက် ရခိုင်ကျောင်းသားများ စုပေါင်းပြီး နိုင်ငံခြားမှ တရားမ၀င် ကျူးကျော်ဝင်ရောက်လာသော သမိုင်းလိမ် ဘင်္ဂလီများ၏ အကြမ်းဖက်၊ ရန်စ၊ မျိုးတုံးသတ်ဖြတ်မှုကြောင့် ရခိုင်ပြည်သူများမှာ အသက်အိုးအိမ် စည်စိမ်များ ဆုံးရှုံးပြီး မိမိနေရပ်မှ လွတ်ရာသို့ ထွက်ပြေးကာ ဒုက္ခသည်များဘ၀သို့ ကျရောက်လျက်ရှိကြောင်း၊ နောက်ဆက်တွဲ ဆိုးကျိုးတခုဖြစ်သည့် ရခိုင်ပြည်မှ ရန်ကုန်နှင့် အခြားဒေသအသီးသီးသို့ သွားရောက်ပညာသင်ယူနေသော တက္ကသိုလ်၊ ကောလိပ်ရှိ ကျောင်းသား/သူတချို့မှာ မိဘပြည်သူများ၏ လက်ရှိအခြေအနေကြောင့် ပညာရေးအတွက် ပံ့ပိုးမှုများ ပြတ်တောက်သည့်အပြင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အခက်အခဲများစွာနှင့် ရင်ဆိုင်နေကြရကြောင်း၊ ရခိုင်ပြည်ရှိ တက္ကသိုလ်၊ ကောလိပ်နှင့် ကျောင်းအများစုမှာ လုံခြုံရေးအရ အထူးစိုးရိမ် မှုသို့ ရောက်ရှိနေပြီး စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များမှ ကျောင်းအများစုမှာ လုံခြုံရေးအနေအထားအရ ဖွင့်လှစ်နိုင်ခြင်း မရှိသေးဘဲ ကျောင်းသားများ၏ အနာဂါတ် ပညာရေးမှာလည်းေ၀၀ါးလျက်ရှိကြောင်း ယင်းအခြေအနေများအား မိဘပြည်သူများနှင့် တာဝန်ရှိလူကြီးများ အနေဖြင့် ၀ိုင်းဝန်း ကူညီအဖြေရှာကြပါရန် တိုက်တွန်းထားပြီး အောက်ပါအတိုင်း အချက် (၅)ချက်ဖြင့် တောင်းဆိုထားသည်။ 

(၁) ကျောင်းသား/သူများ၏ အခက်အခဲများကို တင်ပြဆွေးနွေးနိုင်မည့် အခွင့်အရေးတရပ် ဖန်တီးပေးရန်။ (၂) လက်ရှိ ရခိုင်အရေးကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသော ရခိုင်ကျောင်းသားများအရေးကို အစိုးရအနေဖြင့် အမြန်ဆုံး တာဝန်ယူဖြေရှင်းပေးရန်။ (၃) ရခိုင်ပြည်အတွင်း ကျောင်းသား/သူများ၏ အနာဂါတ်အတွက် ရပ်တန့်နေသော ပညာရေးကို ရှေ့ဆက်လုံခြုံမှုအပြည့်အ၀ဖြင့် လျှောက်လှမ်းနိုင်အောင် အမြန်ဆုံး လုပ်ဆောင်ပေးရန်။ (၄) ဒေသခံတိုင်းရင်းသားများ၏ ပျက်စီးဆုံးရှုံးသွားသော အိုးအိမ်များနှင့် စီးပွားရေးများကို အခြေနေမှန်သို့ရောက်အောင် အမြန်ဆုံး အကောင်အထည်ဖေါ်လုပ်ဆောင်ပြီး ရခိုင်ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ပေးရန်။ (၅) တရားမ၀င် ကျူးကျော်ဝင်ရောက်နေသော ဘင်္ဂလီ အကြမ်းဖက်သမားများအား တရားဥပဒေကြောင်းအရ မြန်မာနိုင်ငံအတွင်းမှ အမြန်ဆုံး ရှင်းလင်းဖယ်ရှားပေးပါရန်တို့အား ကြေညာစာတမ်း တစောင်ကို ဇူလိုင် ၂၁ ရက်နေ့က ထုတ်ပြန်ရာတွင် တောင်းဆိုသည်။ 

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းအဆုံး အင်ဒလာ၊ ဘော်ဒလာ နစက နယ်မြေ အမှတ်(၁)ဒေသအတွင်း မယုံသင်္ခါဖြစ်သူ ဘင်္ဂလီများအား ယမန်နေ့က နေ့လည် ၂ နာရီတွင် သေနပ် ပစ်ဖြိုခွင်းခဲ့ရကြောင်း နစကမှ အတည်ပြု ပြောဆိုသည်။ 

၎င်းက အရေးပေါ်အခြေအနေထုတ်ပြန်ချက်နှင့်အတူ ညမထွက်ရနှင့် လူစုဝေးပြီး မနေရဆိုသည့်အချက်များ ပါဝင်သောကြောင်း လူစုခွဲနေဖို့ ပြော၍မရဖြစ်သောကြောင့် သေနပ်မိုးပေါ်ထောင် ခြိမ်းခြောက်ပစ်ခတ်ရခြင်း ဖြစ်သည်ဟု အောက်ပါအတိုင်း ရှင်းပြသည်။

“ ပစ်တာက လုံခြုံရေးတာဝန်ယူထားတဲ့ တပ်ဖွဲ့က ပစ်တာပါ၊ အမှတ်(၁)အဖွဲ့လို့သုံးတဲ့ စစ်တပ်ရောက်လာကတည်းက သူတို့ လုံခြုံရေး တာဝန်ယူနေကြပါတယ်၊ တပ်က ကုလားတွေကိုသွားပြီး လူမစုကြနဲ့၊ လူစုခွဲပြီးနေကြဖို့ ခဏခဏ ပြောပါတယ်၊ အဲဒါပြောမရတဲ့အပြင် တိုးတိုးပြီးလာဒါကြောင့် တပ်စိပ်တစိပ်လုံး မိုးပေါ်ကိုထောင်ပစ်ပြီး လူစုခွဲဖြစ်တာပါ၊ သေနပ်သံတွေကျယ်လောင်တော့ နည်းနည်း စိုးရိမ်မှုတွေ ပတ်ဝန်းကျင်မှာ ဖြစ်သွားကြပါတယ်၊ လုံခြုံရေးတပ်တွေက ရှိနေတော့ အကြမ်းဖက်ဖို့ စိုးရိမ်စရာမရှိပါဘူး။ ” ဟု ရှင်းပြသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း နစက နယ်မြေအမှတ် (၂ - ၃ - ၆)ဒေသအတွင်း ခမရ ၅၆၄ စစ်ကြောင်း လှုပ်ရှားနေရာတွင် ခမရ ၃၄၅ တာဝန်ကျလာကြောင်း၊ တောင်ပိုင်းဒေသတွင် လှုပ်ရှားနေသော ခမရ ၅၃၇ နယ်မြေတွင် ခမရ ၃၅၃ တာဝန်ကျလာကြောင်းနှင့် ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းဒေသတွင် လှုပ်ရှားနေသော ခမရ ၅၅၁ နယ်မြေသို့ ခမရ ၅၅၂ စစ်ကြောင်း ယမန်နေ့က အသီးသီး တာဝန်ယူလာကြောင်း စစ်တပ်လှုပ်ရှားမှုကို စောင့်ကြည့်လေ့လာနေသည့် အငြိမ်းစား အရာရှိတဦးက ထုတ်ဖေါ်ပြောဆိုသည်။  
မောင်တောမြို့နယ်တွင် အကြမ်းဖက်သောင်းကျန်းမှုကာလအတွင်း ဒုတိယဗိုလ်ချုပ်ကြီး ဦးသိန်းဋ္ဌေး ဇွန်တတိယအပတ်တွင် ရောက်ရှိခဲ့ရာ ရခိုင်ပြည်တော်လှန်ရေးအဖွဲ့အစည်းများက လက်နက်ချသွားခဲ့ကြသည့် DPA၊ AAနှင့် BCP တို့နှင့် တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ယင်းတွေ့ဆုံပွဲတွင် လက်နက်ချ DPAနှင့် AA တို့မှ ၎င်းတို့အား နယ်ခြားစောင့်တပ်ဖွဲ့အနေဖြင့် ထားရန်တင်ပြခဲ့ကြောင်းနှင့် BCPမှ ယင်းကို ကန့်ကွက်ခဲ့ကြောင်း သိရှိရသည်။ 

ဒုတိယဗိုလ်ချုပ်ကြီး ဦးသိန်းဋ္ဌေး အနေဖြင့် ပါလီမန်တွင် တင်ပြသွားမည်ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ် လုံခြုံရေးကို အဓိကထား စဉ်းစားဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်ဟု သိရှိရသည်။ 

ယင်းသတင်းများကြောင်း ရခိုင်ပြည်နယ် နယ်စပ်ဒေသအထူး လုံခြုံရေးများအတွက် နယ်ခြားစောင့်တပ်ဖွဲ့များ ဖွဲ့ပေးမည်ဖြစ်ကြောင်း၊ ယင်းတပ်ဖွဲ့များကို ကာတူသေနပ်များဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်းနှင့် ရဲစခန်းများ ချပေးမည့်သတင်းများလည်း မောင်တောမြို့နယ် လုံခြုံရေးတပ်ဖွဲ့များ အသိုင်းအ၀ိုင်းတွင် ကောလဟာလ သတင်းများ ထွက်ပေါ်နေကြောင်း နယ်စပ်စစ်ရေးလေ့လာသူက ပြောသည်။  

ရခိုင်ပြည်နယ်အတွင်း ဇွန် ၈ ရက်နေ့ကတည်းက စတင်ဖြစ်ပွားသည့် ပဋိပက္ခများမှာ တည်ငြိမ်သွားပြီဟု နယ်စပ်လုံခြုံရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဦးထိန်လင်း ဇူလိုင် ၁၄ ရက်နေ့က ပြောဆိုထားသော်လည်း မကြာခဏ ဆူပူသောင်းကျန်းမှုများကြောင့် ဒေသခံများ စိုးရိမ်မှုများ ဖြစ်ပေါ်လျက် ရှိနေသည်။ 
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/311-2012-07-24-02-02-39

No comments:

Post a Comment