|

ပြောရဲဆိုခွင့်ရှိသူက "ဒုက္ခသည်အဖြစ် လက်ခံထားသော ရိုဟင်ဂျာ ၂၈၀၀၀ ဦးရေနဲ့ တရားမ၀င် လက်ခံထားသော ၄၀၀၀၀၀ ကျော်တို့အား လက်ခံဖို့ မြန်မာ့ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်နှင့်အဖွဲ့ မနေ့က အစည်းအဝေးမှာ လက်ခံခဲ့ပါတယ်။"ဟု ဒေသထုတ် ၀ပ်ဆိုင်းတခုက ဖေါ်ပြသည်။
Mujarul Quayesက "မြန်မာ သမ္မတ ဦးသိန်းစိန် ဘင်္ဂလာသို့ ရောက်လာမည့်ရက်ကို နောက်ဆုတ်လိုက်ပါပြီ၊ သူက ဇူလိုင် ၁၅-၁၇ ရက်တို့မှာ လာဖို့အစီအစဉ်ရှိခဲ့ပါတယ်၊ ရခိုင်ပြည်နယ်အတွင်းမှာ အကြမ်းဖက်မှုတွေကို သူကိုယ်တိုင်ဦးဆောင်ညွှန်ကြားရမယ် ကိစ္စတွေ ရှိနေသေးတယ်လို့ ဆိုပါတယ်၊ ဒါက ဦးမောင်မြင့်တို့က စနေနေ့က တရားဝင် အစည်းအဝေးမှာ ပန်ကြားခဲ့တာပါ။"ဟု ဆိုသည်။
ထို့ပြင် မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ နစကနှင့် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BGB)တို့ လာမည့် ဇူလိုင်လ ၂၂-၂၆ ရက်တို့တွင် အစည်းအဝေး ပြုလုပ်မည့် ရက်ကိုလည်း ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများ ဖြစ်ပေါ်နေမှုနှင့် ပတ်သက်၍ အရေးပေါ် အခြေအနေများ ထုတ်ပြန်ချက်အား နစကမှ တာဝန်ယူနေရမှုကြောင့် နောက်ဆုတ်လိုက်ကြောင်း သိရှိရသည်။
ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သော အဖွဲ့မှာ ဘင်္ဂလာသို့ ဇွန်လ ၃၀ ရက်နေ့ကတည်းက ကြိုတင်ဆိုက်ရောက်ခဲ့ပြီး ယနေ့ ပြန်မည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား နယ်စပ်ဒေသအတွင်း ရာဇ၀တ်မှုဆိုင်ရာ အကြမ်းဖက်လုပ်ငန်းများကို သောင်းကျန်းလုပ်ဆောင်ပြီး တဘက်နယ်စပ်သို့ ဖြတ်ကျော်ကာ တိမ်းရှောင်နေကြသည့်သူများအား ပူးပေါင်းဖေါ်ထုတ် အရေးယူနိုင်ရန်အတွက် နှစ်ဘက်သဘောတူ ဥပဒေအရ စာချုပ်များကိုပါ ချုပ်ဆိုကြမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ရခိုင်ပြည်နယ်အတွင်း
ဇွန်လ ၈ ရက်နေ့ကတည်းက ဖြစ်ပေါ်နေသည့် ပဋိပက္ခကြောင့် မြန်မာ-ဘင်္ဂလာ
နှစ်နိုင်ငံအတွင်းရေးနှင့် ပြည်သူလူထုများအကြား မသင်္ခါမှုတချို့ကို
ဖြစ်ပေါ်စေသည်ဟု ယူဆနေကြသည်။
RNDP၊
ပြည်ပရခိုင်ပြည် နိုင်ငံရေးအဖွဲ့အစည်းများနှင့် ရခိုင်ပြည်သူလူထုတခုလုံးက
မြန်မာ့မူဆလင် (ဘင်္ဂလီ)များအား ဒေသခံ ရခိုင်ပြည်သူများကို
အကြမ်းဖက်တိုက်ခိုက်နေသူများဖြစ်ကြောင်း အရေးယူနေချိန်တွင် ယခုကဲ့သို့
ဘင်္ဂလီဒုက္ခသည်များ လက်ခံရန် ဦးမောင်မြင့် လက်ခံခဲ့ခြင်းဖြစ်သည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/254-2012-07-02-12-30-01
No comments:
Post a Comment