Monday, July 2, 2012

ခုနှစ်ရက်သားသမီးများအတွက် (၂.၇.၁၂ ) မှ (၈.၇.၁၂) ထိတပတ်စာဗေဒင်ဟောစာတမ်း

as
 
8
 
0
 
i
 
မဲပေးပါ
Quantcast

ဆရာကြီးမင်းသိင်္ခ၏တပည့်  ဗေဒင်ပညာရှင်ဒေါ်ဆွေဇင်ဝတီ
တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
မိမိကိုအထင်ကြီးခံနေရတတ်သည်။ အလုပ်ကောင်း၊ နေရာကောင်းရနေမည်။ အလုပ်အကိုင်တိုးတက်နေမည်။ ဆွေမျိုးသားချင်းများရောက်လာတတ်ခြင်း၊
မိတ်ဆွေများရောက်လာခြင်းဖြစ်တတ်သည်။ ရွှေဝင်ခြင်း၊ ဘာသာရေးနှင့်ပတ်သက်သောပုံတော်များရောင်လာခြင်းဖြစ်တတ်သည်။
ကောင်းသည်။ ထွက်ထားသောစက်ပစ္စည်းများပြန်ဝင်မည်။ မိမိ၏လက်ဝတ်ရတနာပစ္စည်းကျောက်ထွက်တတ်သည်။ သတိထားပါ။
မိမိအိမ်ပြုပြင်ရတတ်သည်။
ကျန်းမာရေး။ ခံတွင်းနှင့်ပတ်သက်သောရောဂါဖြစ်တတ်သည်။
အချစ်ရေး။ ယောင်္ကျာဖြစ်ကမိန်းကလေးတဦးဒုက္ခပေးခြင်း၊ မိန်းကလေးဖြစ်က အိမ်ထောင်ရှင်နှင့်ပတ်သက်ခြင်းဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကြွေပုဂံပြားထဲတွင်ရှောက်သီးတလုံးထည့်ပြီးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၆ ၄ ၆ ၃)
တနင်္လာသားသမီးများ၏ကံကြမ္မာ
နိုင်ငံခြားနှင့်ပတ်သက်သောလုပ်ငန်းများလုပ်ရခြင်း၊ နိုင်ငံခြားခရီးသွားရခြင်း၊ လူမျိုးခြားများ၏ကူညီမှုရခြင်း၊ ရွှေလက်ကောက်ဝင်ခြင်း၊ အလှူလုပ်ရခြင်း၊ အလုပ်နေရာသစ်ပြောင်းရခြင်း၊
စီးပွားတိုးတက်ခြင်းများဖြစ်နေမည်။ ကွန်ပြူတာထွက်ခြင်း၊ ဖုန်းထွက်ခြင်း၊ အဟောင်းအသစ်ပြောင်းရခြင်းဖြစ်တတ်သည်။ စက်ပစ္စည်းများပျက်ခြင်း၊ ထွက်ခြင်းဖြစ်တတ်သည်။
စီးပွားရေးအလွန်ကောင်းနေသည်။ အလှူအတန်းပြုလုပ်ပေးပါ။
ကျန်းမာရေး။ မျက်စိနှင့်ပတ်သက်သောရောဂါဖြစ်ခြင်း၊ သွေးလျံခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စန်းအားကောင်းနေသည်။ မိမိကိုစိတ်ဝင်စားသူများနေမည်။ စိတ်ကြိုက်ရွေးချယ်ပါ။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားလိမ္မော်သီး  (၇)လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၂ ၀ ၆ ၆)
အင်္ဂါသားသမီးများ၏ကံကြမ္မာ
စက်ပစ္စည်းများဝင်ခြင်း၊ စာအုပ်စာပေနှင့်ပတ်သက်သောကိစ္စများအဆင်ပြေခြင်း၊ စာအုပ်ကောင်းများလက်ဆောင်ရခြင်းဖြစ်တတ်သည်။ အိုးပိုင်အိမိပိုင်ဖြစ်တတ်သည်။ မြေထွက်ခြင်း၊
ပြန်ဝင်ခြင်းဖြစ်မည်။ ကားဝင်ခြင်း၊ ကားအဟောင်းမှအသစ်ဝင်ခြင်းဖြစ်မည်။ ငွေလူလိမ်ခံရတတ်သည်။ စီးပွားမတိုးချဲ့ပါနှင့်ဆုံးရှုံးမှုများမည်။ စာချုပ်စာတမ်း အာမခံခြင်းမလုပ်ပါနှင့်။
အစစအရာရာသည်းခံခြင်း၊ သတိထားခြင်းများနှင့်လုပ်ကိုင်ပါ။
ကျန်းမာရေး။ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ အကြောနာခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ကံကောင်းနေသည်။ ချစ်သူရည်းစားရမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားအုန်းသီးစိတ် ( ၄) စိတ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၃ ၃ ၃ ၁)
ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
လူပင်ပမ်းခြင်း၊ စိတ်ပင်ပမ်းခြင်းဖြစ်နေမည်။ နိုင်ငံရပ်ခြားခရီသွားရခြင်း၊ နိုင်ငံရပ်ခြားမှလက်ဆောင်ပစ္စည်းရခြင်း၊ စာမေးပွဲထူးချွန်စွာအောင်မြင်ခြင်း၊ အင်တာဗြူးများ အဆင်ပြေခြင်း
ဖြစ်မည်။ အလုပ်အကိုင်တွင် စိတ်တိုင်းမကျခြင်း၊ မိမိကိုယ်တိုင်စိတ်တိုင်းမကျခြင်း၊ သူတပါးကိုစိတ်တိုင်းမကျခြင်းများဖြစ်မည်။ လက်အောက်ငယ်သားကြောင့်စိတ်ညစ်စရာဖြစ်တတ်သည်။
ငွေဝင်သော်လည်း အထွက်များနေမည်။ ထီပေါက်တတ်သည်။
ကျန်းမာရေး။ ဗိုက်အောင့်နေမည်။ အစားအသောက်သတိထားပါ။
အချစ်ရေး။ မိမိကိုအဆက်အသွယ်ဖြတ်ထားသောကြောင့် အသဲကွဲသလိုဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားပန်းသစ်တော့သီး
( ၃)လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၀ ၅ ၄ ၄ )
ကြာသပတေးသားသမီးမျာ၏ကံကြမ္မာ
အမိနိုင်ငံပြန်ရတတ်ခြင်း၊ လုပ်ငန်းတိုးချဲ့ရန်အကြောင်းပေါ်လာခြင်း၊ လုပ်ငန်းတွင်အောင်မြင်နေမည့်အချိန်ဖြစ်သည်။ စီးပွားတက်နေမည်။ အလုပ်တွင်နာမည်ကောင်းရနေမည်။
အလှူအတန်းလုပ်ရခြင်း၊ ဘာသာရေးနှင့်ပတ်သက်သောကိစ္စများလုပ်ကိုင်ရခြင်းဖြစ်နေမည်။ ပြည်တွင်းပြည်ပခရီးသွားရတတ်သည်။ စာရွက်စာတမ်း အာမခံခြင်းမလုပ်ပါနှင့်။
အရေးကြီးစာရွက်စာတမ်းပျောက်တတ်သည်။ သတိထားပါ။
ကျန်းမာရေး။ လေထိုးလေအောင့်ခြင်း၊ အစားမှားခြင်းဖြစ်တတ်သည်။
အချစ်ရေး။ မင်္ဂလာပွဲလုပ်ရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားမင်းဂွတ်သီး ( ၉) လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း( ၂ ၀ ၃ ၃ )
သောကြာသားသမီးများ၏ကံကြမ္မာ
မျက်မှန်ဝင်ခြင်း၊ ဆိုင်ကယ်ဝင်ခြင်း၊ဆိုင်ခန်းဝင်ခြင်းဖြစ်မည်။ အလုပ်တွင်အတိုက်အခံနှင့်ရင်ဆိုင်နေရတတ်သည်။ ငွေဝင်ကောင်းနေမည်။ သိုသော်ငွေထွက်လည်းများနေမည်။
ပျော်ရွှင်သောခရီးသွားရတတ်သည်။ ရွှေပြင်ခြင်း၊ ရွှေထွက်ခြင်းဖြစ်တတ်သည်။ အိမ်ပြင်ခြင်း၊ အိမ်ပြောင်ခြင်းပြုလုပ်ရတတ်သည်။ လူမျိုးခြားများ၏ကူညီမှုရမည်။
ကျန်းမာရေး။ နားနှင့်ပတ်သက်သောရောဂါ၊ ဒူးနှင့်ပတ်သက်သောရောဂါဖြစ်တတ်သည်။
အချစ်ရေး။ စိတ်ချမ်းသာမှုများနှင့်ပျော်ရွှင်စရာများဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားပန်းသီး ( ၆)လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၂ ၇ ၆ ၅ )
စနေသားသမီးများ၏ကံကြမ္မာ
ထီပေါက်ခြင်း၊ အပိုဝင်ငွေရခြင်း၊ လစာတိုးခြင်း၊ ၀င်ငွေတိုးခြင်း၊ အလုပ်ပြောင်းရွှေ့ရခြင်း၊ လုပ်ငန်းသစ်လုပ်ရန်ဖြစ်ခြင်းများဖြစ်နေမည်။ စီးပွားတက်နေမည်။ အပျော်အပါးသတိထားပါ။
အပျော်လွန်ပြီးဆုံးရှုံးမှုများတတ်သည်။ သတိထားပါ။ ကိုယ်ပိုင်လုပ်ငန်းလုပ်လျှင်လဲအောင်မြင်သောအချိန်ဖြစ်သည်။ အစစအရာရာအဆင်ပြေမည့်အချိန်ဖြစ်နေသည်။
ကျန်းမာရေး။ လက်ကိုက်ခြင်း၊ အကြောနာခြင်းဖြစ်နေမည်။
အချစ်ရေး။ စိတ်ချမ်းသာမှုများနှင့်ပြည့်စုံနေမည်။
ယတြာ။ မွေးနေ့န့နက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားကြက်မောက်သီး
( ၁၀ )လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၇ ၅ ၅ ၄)
*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*
ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ ( ဆရာကြီးမင်းသိင်္ခ၏တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ
ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်၊ ကလန်း
ကလန်းကားဂိတ် နှင့် Mydin Supermarket  အနီး
ဖုန်း +6016 6903 513 / +6018 2250 510
E-swezinwati@gmail.com
Facebook.www.facebook.com/swezinwati
http://freedomnewsgroup.com/2012/07/02/bay-din-6/

No comments:

Post a Comment