Monday, July 2, 2012

မြန်မာ့ပို့ကုန်ကြောင့် ဘင်္ဂလီနိုင်ငံတော်ဝင်ငွေ တာကာ ၃၂ ကုဋေသာရရှိဟုပြော

Written by သဇင်ဥ    Tuesday, 03 July 2012 03:34   PDFPrintE-mail
Cementမြန်မာမှ ဘင်္ဂလာသို့ တင်ပို့ကုန်ကြောင့် ၂၀၁၁-၂၀၁၂ နှစ်ဝက်ကာလတွင် တာကာ ၃၂ ကုဋေ (မြန်မာကျပ် ၃၂၀ ကုဋေ) ခန့်သာ ဘင်္ဂလီအမျိုးသားနိုင်ငံတော်ဝင်ငွေ ရရှိကြောင်း တာခ်နာဆိပ်ကမ်း အကောက်ခွန်မှ ဇွန်လ ၁ရက်နေ့က ပြောဆိုလိုက်သည်။

တာခ်နာဆိပ်ကမ်း အနေဖြင့် တစ်လလျှင် မြန်မာ့တင်ပို့ကုန်မှ ၇၂၀၀,၀၀၀၀ တာကာ အကောက်အခွန် ရရှိရန် ခန့်မှန်းထားကြောင်း ဆိုသည်။
သို့သော်လည်း ယင်းဆိပ်ကမ်းမှ စီးပွားရေးကာလ ခြောက်လအတွင်း နိုင်ငံတော်ဝင်ငွေ ၄၃ ကုဋေ ၂ သန်း ရရှိရန် ခန့်မှန်းမှုမှ ၃၂ ကုဋေသာ ဇွန်လ ၃၀ ရက်နေ့အထိ ရရှိခဲ့ကြောင်း ပြောသည်။

ယင်းဆိပ်ကမ်းက "နိုင်ငံတော်ဘဏ္ဍငွေ လျော့ဆင်းသွားမှုမှာ ဇွန်လအတွင်းက ဖြစ်ပွားခဲ့တဲ့ ရခိုင်-ရိုဟင်ဂျာ ပြဿနာ၊ တလျှောက်လုံး ဖြစ်ပေါ်နေတဲ့ နယ်စပ်မူးယစ်ဆေးနဲ့ ကုန်များမှောင်ခိုကုန်သွယ်မှုနဲ့ တရားမ၀င်ကျူးကျော်မှုတို့ကြောင့် ဖြစ်ပါတယ်။"ဟု ဇွန်လ ၁ရက်နေ့က ဒေသခံ သတင်းထောက်များသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား နယ်စပ်စီးပွားရေး ကုန်သွယ်ရေးအား ဇွန် ၃၀ ရက်နေ့က အခြေအနေများကို စောင့်ကြည့်ပြီး စတင်သွားလာနေကြကြောင်းနှင့် မှောင်ခိုမူးယစ်ဖေါက်ကားသူများမှာ ဇွန်လ တတိယအပတ်ကတည်းက နှစ်နိုင်ငံအကြား သွားလာနေ ကြကြောင်း နယ်စပ်မှ မျက်မြင်သက်သေများက ပြောသည်။

"ကုန်သည်တွေ ခရီးသွားချင်နေကြတာက ကြာပါပြီ၊ ဒါပေမဲ့ ဆန်၊ သစ်၊ စတဲ့ကုန်စုံတင်တဲ့ စက်ဘုတ်တွေနဲ့ ပင်လယ်ပတ် ဖြတ်သွားရမည့်ကို စိုးရိမ်နေကြပါသေးတယ်၊ ဘင်္ဂလီတွေက ပင်လယ်ပြင်မှာ ဓါးပြတွေအဖြစ် သောင်းကျန်းနေကြတယ်လို့ ကုန်သည်ကြီးတွေ ဆိုပါတယ်၊ စီးပွားမလုပ်ရတော့ ဘယ်လိုရပ်တည်မလဲ၊ ဒါပြင်ကုန်တွေ သိုလှောင်ထား၍ ရှုံးဆုံးမှုတွေ ရှိတယ်ပါသေးတယ်၊ ငွေလှဲလယ်နှုန်းထားက နယ်စပ်မတည်မငြိမ်ဖြစ်တော့ တစ်တာကာမှာ ကျပ် ၁၀ ပတ်ဝန်းကျင်ဖြစ်မယ် ထင်ရပါတယ်။"ဟု စစ်တွေမြို့နယ်မှ ယမန်နေ့က ကုန်စုံဖြင့် ဆိုက်ရောက်လာသော စက်ဘုတ်နှစ်စီးမှ အမည်မဖေါ်လိုသူများက ပြောသည်။

ဘင်္ဂလာက ဇွန်လအတွင်းတွင် ဘင်္ဂလီအမျိုးသားနိုင်ငံတော်ဝင်ငွေမှာ တာကာ ၁၄၄၁၅၀၂၃ သီးသန့် အကောက်အခွန် ရရှိခဲ့ကြောင်းနှင့် ယင်းဆိပ်ကမ်းမှ တာကာ ၂၅၄၈၂၆၈၅ ဘက်စုံရရှိခဲ့ကြောင်း၊ မတ်လတွင် တာကာ ၇၀၇၁၃၁၈၂ ရရှိခဲ့ကြောင်းနှင့် ဖေဖေါ်ဝါရီလတွင် တာကာ ၇၉၉၂၄၁၅၆ ရရှိခဲ့ကြောင်း ဆိပ်ကမ်းတာဝန်ရှိသူများက ပြောဆိုခဲ့သည်။

ဘင်္ဂလာ တာခ်နာဆိပ်ကမ်းမှ မြန်မာသို့ တာကာ ၄၂၆၃၂၇၅ တန်ဖိုးရှိ ကုန်များ ဇွန်လအတွင်း တင်ပို့ခဲ့ကြောင်း၊ မတ်လအတွင်း တာကာ ၁၉၈၂၂၂၇၈ တန်ဖိုး ကုန်ပစ္စည်းများ တင်ပို့ခဲ့ကြောင်းနှင့် ဖေဖေါ်ဝါရီလအတွင်း တာကာ ၁၁၀၄၂၅၄၅ တန်ဖိုး ကုန်ပစ္စည်းများ တင်ပို့ခဲ့ကြောင်း ဆိပ်ကမ်းမှ အကောက်ခွန်က ပြောဆိုခဲ့သည်။

လွန်ခဲ့သောနှစ် ဇူလိုင်မှ ဇွန်လ (စီးပွားရေးနှစ်) တစ်နှစ်အတွင်း တာခ်နာဆိပ်ကမ်းမှ မြန်မာသို့ စုစုပေါင်း တာကာ ၁၀ ကုဋေ ၆၅၀၆၅၀၀ တန်ဖိုးကုန်များ ပို့ဆောင်ခဲ့ကြောင်း ဆိပ်ကမ်းတာဝန်ရှိသူများက အတည်ပြုပြောဆိုသည်။

ထို့ပြင် မြန်မာမှ ဘင်္ဂလာသို့ မတ်လအတွင်း တာကာ ၂၆ ကုဋေ ၃ သိန်း ၆၂၃၂၀ တန်ဖိုး ကုန်ပစ္စည်းများကို တင်ပို့ခဲ့ကြောင်းနှင့် ဖေဖေါ်ဝါရီလအတွင်း တာကာ ၂၇ ကုဋေ ၁ သန်း ၈ သိန်း ၅၆၀၈၉ တန်ဖိုး တင်ပို့ခဲ့ကြောင်း တာခ်နာဆိပ်ကမ်းမှ ပြောဆိုခဲ့သည်။

ဘင်္ဂလာ အနေဖြင့် ဇွန်လကို စီးပွားရေးအရ နှစ်ကုန်အဖြစ် တချို့နိုင်ငံများနည်းတူ သတ်မှတ်ပြီး ဇူလိုင်လကို နှစ်ဦးအဖြစ် သတ်မှတ်သည်။ ဘင်္ဂလာက မြန်မာ့တင်ပို့ကုန်များကို ၀ယ်လိုအားကြီးနေခြင်းမှာ နှစ်နိုင်ငံအကြား စီးပွားရေးစာချုပ်မချုပ်ဆိုမီ နှစ်ပေါင်းများစွာက ဖြစ်သည်။

မြန်မာ-ဘင်္ဂလာအကြား နယ်စပ်စီးပွားရေး စာချုပ်ကို ၁၉၉၇ ခု၊ စက်တင်္ဘာလ (၅)ရက်နေ့ ချုပ်ဆိုခဲ့သည်။
ယင်းနယ်စပ်ကုန်သွယ်ရေး စီပွားရေး ပို့ကုန်-သွင်းကုန်တို့မှာ မပြေမလည်ဖြစ်နေသောကြောင့် ဘင်္ဂလာတွင် ကုန်များ တန်ဖိုးမြင့်မားလာနေကြောင်း ဒေသထုတ် သတင်းစာများတွင် ဖေါ်ပြသည်။

မြန်မာ-ဘင်္ဂလာအကြား စီးပွားရေးအကျိုးတူ ပူးပေါင်းလုပ်ဆောင်နေကြသူများမှာ နှစ်နိုင်ငံအကြား စီးပွားရေးအခြေအနေ ပြန်လည် လေ့လာသုံးသပ် ဖြေရှင်းမှုများကို သုံးလတကြိမ်စီ အစည်းအဝေးထိုင် ဖြေရှင်းလေ့ရှိကြကြောင်း သိရှိရသည်။

မြန်မာမှ ဘင်္ဂလာသို့ ပို့ကုန်များမှာ ငါးခြောက်မျိုးစုံ၊ ၀ါး၊ ငါး၊ ဂျင်း၊ ကွမ်းသီး၊ င/ရုပ်ကောင်းစေ့၊ မဆလာ၊ ကြိမ်၊ မကျဉ်းသီး၊ သစ်၊ ဈေးယုံမျိုးစုံ၊ ဆန်နှင့် တခြားကုန်မျိုးစုံ စုစုပေါင်း ၃၆ မျိုးအထိ တင်ပို့ကြောင်းနှင့် ဘင်္ဂလာမှ မြန်မာသို့ အယ်လူမီနီယံ၊ ဘိလပ်မြေ၊ ခြင်ထောင်ပိတ်စ၊ ဆံပင်နှင့် တခြားကုန်မျိုးစုံ စုစုပေါင်း ၁၀ မျိုးအထိ တင်ပို့ကြောင်း သိရှိရသည်။

သို့သော်လည်း နှစ်နိုင်ငံအကြား မှောင်ခိုလမ်းများမှ သတ်မှတ်ထားသည့် ကုန်မျိုးစုံ ၃၆ မျိုးထက် ပိုမိုတင်ပို့လျက် ရှိနေသည်။ ဇွန်လအတွင်းက မြန်မာမှ ဘင်္ဂလာသို့ ကုန်စုံ ၁၀ မျိုးသာတင်ပို့ခဲ့ကြောင်း ဆိပ်ကမ်းအကောက်ခွန်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခကြောင့် မြန်မာ့ဆန်များ ဘင်္ဂလာသို့ မလာသည့်အပြင် ဘင်္ဂလာဆန်များ မောင်တောမြို့နယ်ရှိ ဘင်္ဂလီများထံသို့ မှောင်ခိုလမ်းများမှ သွားရောက်လျက်ရှိနေကြောင်းနှင့် ယင်းဆန်မှောင်ခိုများကို တာဝန်အရ ဖမ်းဆီးနေကြောင်း နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BGB)က ပြောသည်။

နယ်စပ်ကုန်သွယ်ရေးမှာ ဇွန် ၈ ရက်နေ့က စတင်ပိတ်ခဲ့ပြီး ၁၈ နှင့် ၁၉ ရက်နေ့တို့တွင် နာရီအနည်းငယ် ဖွင့်လှစ်ခဲ့သည်။

တာခ်နာဆိပ်ကမ်းမှ ရခိုင်ပြည်နယ်သို့ ဆေးဝါးများ တင်ပို့နေရာတွင် ဆေးသုံးမည့် သတ်မှတ်နေ့စွဲကုန်သော ဆေးဝါးများ အမြောက်အများ ပါဝင်နေသောကြောင့် သက်ဆိုင်ရာမှ မကြာခဏ လိုက်လံဖမ်းဆီးနေကြောင်း သိရှိရသည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/255-2012-07-03-03-56-20

No comments:

Post a Comment