Monday, July 23, 2012

သမ္မတ ဦးသိန်းစိန်၏ ကျူးကျော်ဘင်္ဂလီများအပေါ် ထုတ်ဖေါ်ပြောဆိုမှု ရခိုင်ပြည်သူလူထု ထောက်ခံကြိုဆို

Written by သဇင်ဥ    Monday, 23 July 2012 22:40   PDFPrintE-mail
Sittwe00000000000000000မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော ဘင်္ဂလီများအား UNHCR အကူအညီဖြင့် ဒုက္ခသည်အဖြစ် စခန်းသွင်း ထားရှိရန်နှင့် တတိယနိုင်ငံတခုခုသို့ ပို့ဆောင်မည့်အပြင် လ၀က ဥပဒေအရ အရေးယူသွားမည်ဟု သမ္မတ ဦးသိန်းစိန် ပြောကြားမှုအပေါ် ထောက်ခံ ကြိုဆိုသည့် အနေဖြင့် ယမန်နေ့က ရခိုင်ပြည်သူလူထုတရပ်လုံး နိုင်ငံ၏အောင်လံတော်နှင့် ပြည်နယ်အောင်လံတော်အား တပြိုင်နက် လွှင်ထူခဲ့ကြကြောင်း သတင်းရရှိသည်။ 

သမ္မတ ဦးသိန်းစိန်က ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres ဦးဆောင်သောအဖွဲ့အား  ဇူလိုင်လ ၁၁ ရက်နေ့က နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမတွင် တွေ့ဆုံပြောဆိုခဲ့ခြင်းဖြစ်သည်။ 

သမ္မတက “ ကချင်ပြည်နယ်ရှိ စစ်ဘေးသင့်ပြည်သူများအရေးကိစ္စ၊ ကရင်ပြည်နယ်ရှိ ရွှေ့ပြောင်းပြည်သူများ မိမိဆန္ဒအလျောက် ပြန်လာရေးကိစ္စနှင့် ရခိုင်ပြည်နယ် အရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြကြောင်း၊ နိုင်ငံတော်သမ္မတကြီးက သမိုင်းကြောင်းအရ ဘင်္ဂလီများ ၀င်ရောက်လာသည်မှာ ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးမရခင် အင်္ဂလိပ်နယ်ချဲ့များက လယ်ယာလုပ်ကိုင်ရန် ခေါ်သွင်းလာခြင်းဖြစ်ကြောင်း၊ ထိုစဉ်က အလုပ်အကိုင် ကောင်းမွန်သဖြင့် မပြန်တော့ဘဲ အခြေချနေထိုင်သူများလည်းရှိကြောင်း၊ မိမိတို့ဥပဒေအရ ၁၉၄၈ ခုနှစ် မတိုင်မီ မြန်မာနိုင်ငံသို့ ရောက်ရှိသူ မိဘနှစ်ပါးက မွေးဖွားသူ တတိယမျိုးဆက် (Third Generation)မြေး အဆင့်ကိုသာ နိုင်ငံသားအဖြစ် လက်ခံမည်ဟူသော ဥပဒေရှိကြောင်း၊ ရခိုင်ပြည်နယ်ကို လေ့လာကြည့်လျှင် ၁၉၄၈ ခုနှစ်မတိုင်မီ ဘင်္ဂါလီများက ပေါက်ဖွားလာသူများ နောက်ပိုင်းတွင် ရိုဟင်ဂျာအမည်ခံ၍ ခိုးဝင်လာသူများ စသည်ဖြင့် ရှုပ်ထွေးလျက်ရှိကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုကိုပါ ခြိမ်းခြောက် လာကြောင်း၊ ဤကိစ္စကို ကိုယ်တွယ်ရန် အလေးအနက်ထား စဉ်းစားလျက်ရှိပါကြောင်း၊ မိမိတိုင်းရင်းသားများကို တာဝန်ယူမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှမဖြစ်နိုင်ကြောင်း၊ နောက်ဆုံး ဖြေရှင်း သည့်နည်းလမ်းမှာ ခိုဝင်လာသည့် ရိုဟင်ဂျာများကို UNHCRသို့ အပ်နှံပြီး ဒုက္ခသည်စခန်းအဖြစ် ထားရှိရန်ဖြစ်ကြောင်း၊ UNHCRက ကျွေးမွေးစောင့်ရှောက်ပေးရန်ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည်ဖြစ်ကြောင်း၊ ဤသည်မှာ ပြဿနာ ဖြေရှင်းနည်းကို စဉ်းစားနေခြင်းဖြစ်ကြောင်း။ ”ဟု သမ္မတ၀ပ်ဆိုက်တွင် ဖေါ်ပြချက်အား ရခိုင်ပြည်သူလူထုများက ထောက်ခံကြိုဆို လိုက်ခြင်းဖြစ်ကြောင်း တက္ကသိုလ်ကျောင်းသားဟောင်းတဦးက ရှင်းပြသည်။
ဆက်လက်ပြီး “ နယ်စပ်ရေးရာဝန်ကြီးအားလည်း ရခိုင်ပြည်နယ်ရှိ ကုလသမဂ အဖွဲ့အစည်းများနှင့် တိုင်ပင်ညှိနှိုင်းလျက်ရှိပါကြောင်းနှင့်  တွေ့ဆုံပွဲတွင် သမ္မတနှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြကြောင်း။ ” ဖေါ်ပြထားသည်။ 

အဆိုပါ ဦးသိန်းစိန် Mr. Antonio Guterresအား ပြောကြားခဲ့သော စကားအတိုင်း အကောင်အထည်ဖေါ် လုပ်ဆောင်မှု ရှိမရှိကို မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၄၈ ကျော် ကာလအတွင်း ဖြတ်သန်းခဲ့သည့် အတွေ့အကြုံများကို ထောက်ရှုပြီး တက်ရောက်ခဲ့သည့် ၀န်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် သမ္မတ၏၀ပ်ဆိုက်က သက်သီအဖြစ် တည်ရှိနေပြီးသားဖြစ်ကြောင်း သူကဝေဖန်ခဲ့သေးသည်။ 

“ သမ္မတက ပြောပြီးရင် အကောင်အထည်ဖေါ်ဆောင်ပြီး လက်တွေ့လုပ်ဖို့ လိုအပ်ပါလိမ့်မယ်၊ ပြောလည်းပြောခဲ့တယ်၊ အစတော့ လုပ်ပြန်ခဲ့တယ်၊ ဘာမှမလုပ်ခဲ့ဘဲ ဆိုးကျိုးတွေသာ နှစ်ပေါင်း ၄၈ နှစ်ကျော် ပြည်သူတွေခံစားလာရတာက ခုချိန်ထိ နစ်တာက မကျွတ် လွတ်သေးဘူးဆိုတာ သမ္မတက မြင်ဖို့လိုအပ်လိမ့်မယ်၊ နိုင်ငံတော် အောင်လံတော်ကို ဆိုက္ကား၊ စက်ဘီး၊ ဈေးဆိုင်နဲ့ ခရီးသွား လက်တွေမှာအစ ကိုင်ပြီး ၉ ရက်ကြာ ဒီကနေ့ကနေ လွှင်ထူသွားမှာ ဖြစ်ပါတယ်၊ ဒါရခိုင်ပါတီတွေက ဦးဆောင်လုပ်တာပါ။ ” ဟု တက္ကသိုလ်ကျောင်းသားဟောင်းက ဝေဖန်ခြင်းဖြစ်သည်။   

မောင်တောမြို့ခံတဦးက “သမ္မတပြောစကားကို ကြိုဆိုထောက်ခံပါတယ်၊ ကျွန်တော်တို့က အလှမ်းဝေးတော့ သိပ်ပြီးအချိန်နဲ့ တပြေးညီ လိုက်မမီဘူး၊ မနေ့က နေရာတိုင်း၊ အိမ်တိုင်းတော့ မဟုတ်ဘူးဗျာ၊ သိတဲ့သူတွေတော့ မြန်မာအောင်လံထူကြတာ တွေ့ရတယ်၊ စိုးရိမ် နေရတဲ့နေရာဖြစ်နေတော့ အောင်လံလွှင်ထူဖို့ စည်းရုံးမှုတွေလည်း မရှိခဲ့ပါဘူး။”ဟု ဘုတ်ဆိပ်ကတဦးက ပြောသည်။ 

ယင်းကဲ့သို့ ပြောဆိုခဲ့သော သမ္မတ ဦးသိန်းစိန်အား ကမ္ဘာ့ဘာသာရေး အစွန်းရောက်များနှင့် အကြမ်းဖက်သောင်းကျန်းသူများက ဝေဖန်မှုများ တိုးပွားလျက် ရှိနေသည်။ 
Sittwe 1111111111111111111111111111
ဇွန် ၈ ရက်နေ့က သောင်းကျန်းသူ ဘင်္ဂလီများက စတင်တိုက်ခိုက်ခံရရာတွင် မီးထဲပါသွားသည့် အိုးမဲ့အိမ်မဲ့ဖြစ်နေသော ဒုက္ခသည် များအတွက် ယာယီနေထိုင်နိုင်ရန် လတ်တလောနေအိမ်အဖြစ် အသုံးပြုနိုင်ရန် တဲပေါင်း ၇၀၀ ရာကို ရခိုင်ပြည်နယ်သို့ တောင်ကိုးရီးယားနိုင်ငံက ပေးပို့ခဲ့ကြောင်း သတင်းများက ဆိုသည်။ 

တောင်ကိုးရီးယားမှ ကူညီပေးပို့ခဲ့သည့် စုပေါင်းတဲများအတွင်း ဒုက္ခသည် ၃၀၀၀ ခန့် ယာယီနေနိုင်ကြောင်း ကိုးရီးယား အရာရှိများက ဆိုသည်။

သမ္မတကြီး အနေဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့်ထပ်တူ သောင်းကျန်းသူ ဘင်္ဂလီ အကြမ်းဖက်မှုများ ဆက်တိုက် တိုက်ခိုက်နေသည့် ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုကြောင့် ထိုင်းနှင့် ဘင်္ဂလာ ခရီးစဉ်များကို ဖျက်သိမ်း ခဲ့ရသည်။ 

သို့သော်လည်း သမ္မတနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီး၊ အလုပ်သမားဝန်ကြီး၊ စွမ်းအင်ဝန်ကြီး၊ စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ စစ်ရေးချုပ်၊ စက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး၊ ရထားပို့ဆောင်ရေး ဒုတိယ၀န်ကြီး၊ ကျန်းမာရေး ဒုတိယ၀န်ကြီးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ ယမန်နေ့ မနက်ပိုင်းက ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စ ရင်လတ်ရှင်နာဝပ်၏ ဖိတ်ကြားချက်အရ ထွက်သွားခဲ့ကြောင်း သမ္မတ ၀ပ်ဆိုက်တွင် ဖေါ်ပြထားသည်။ 
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/309-2012-07-23-16-11-42

No comments:

Post a Comment