Monday, July 9, 2012

"အောင်ဆန်းလမ်းစဉ်"


ဗိုလ်ချုပ်အောင်ဆန်း လမ်းစဉ်
တို့ များဆောင်မှန်း ထမ်းလျှင်
ပြည်မြန်မာသာယာဘို့ ပင်
ဒီမိုကရေစီနိုင်ငံသစ်လွင်
အမှန်တည်ထောင် အောင်ပွဲကိုဆင်

တိုင်းရင်းသားသွေးချင်းများသည်
ဥမကွဲ သိုက်မပျက်ချစ်ချစ်ခင်
တူညီအခွင့်အရေး ခံစားအကျိုးထင်
ပြည်ထောင်စုစိတ်ဓာတ်
အလေးအမြတ်သက်ဝင်
တို့ ဗိုလ်ချုပ် အနာဂတ်ရေး တွေးမြှော်မြင်

ခိုင်မြဲစိတ်ဓာတ် မူအကျင့်မြတ်ယှဉ်
နည်းလမ်းတိကျ စည်းကမ်းရှိကြအစဉ်
စုပေါင်းရွက်ဆောင် အောင်ပန်းကိုဆင်
လူမှုဒုက္ခ မုချလွတ်ကင်းဘို့ ပင်
တို့ ဗိုလ်ချုပ် ရှေ့ ရေး မြှော်တွေးသွန်သင်

လွတ်လပ်ရေးထိန်းသိမ်းကြအစဉ်
လွတ်လပ်ရေးအရသာပီပြင်
အပြန်အလှန်လေးစားချစ်ခင်
အရေးးထား နီတိစုံလင်
တရား ဥပဒေလိုက်နာစေချင်
တို့ ဗိုလ်ချုပ် မှန်းဆ လမ်းစဖော်ထုတ်တင်

နိုင်ငံ့တာဝန် ကျေပွန်ကြအစဉ်
ကမ္ဘာ့အလယ် ထယ်ဝါဘို့ ပင်
အတက်ပညာကျွမ်းကျင်စွာသင်
လူချွန်လူကောင်းဖြစ်ကြောင်းခုံမင်
တဦးအရေးတဦး ဖေးကူအစဉ်
အေးအတူ ပူအမျှ ရည်မှန်းကာတွေး
ပြည်ချမ်းသာရေးလမ်းစဉ် အောင်ဆန်းလမ်းစဉ် အောင်ဆန်းလမ်းစဉ်

ကြိုင်လှမောင်မောင်

"ဗိုလ်ချုပ်အောင်ဆန်း အဆိုအမိန့် "

မိမိတို့ တိုင်းပြည်အတွင်း အစွမ်းကုန် ဆောင်ရွက်လိုသော စိတ်ဆန္ဒ
ထက်သန်ခြင်းကြောင့် စီမံချက်များ ပြုလုပ်ရာတွင် လိုဘကြီးလွန်းသော
စီမ့ကိန်းများ မပြုလုပ်မိရန်အတွက်ဂရုပြုရပေလိမ့်မည်။
အစီမံကောင်းသူ မှန်လျှင် တစခန်းပြီးမှ တစခန်းသို့ တက်လှမ်းကြမြဲဖြစ်သည်။
ဆိုလိုသောအချက်မှာ တကြိမ်တခါတည်းတွင် တလှမ်းတည်းသာလှမ်းရမည်ဟူ၍
မဟုတ်ပါ။ လိုအပ်၍ဖြစ်နိုင်လျှင် တကြိမ်တည်း တလှမ်းတွင်မက နှစ်လှမ်း၊ သုံးလှမ်း၊
တက်လှမ်းရန်အသင့်ရှိရမည့်အပြင် ထိုသို့ ပြုလုပ်ရန် အရည်အချင်းလည်း ရှိရပေလိမ်မည်။

ဗိုလ်ချုပ်အောင်ဆန်း
(၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက် ပြည်လည်ထူထောင်ရေး ကွန်ဖရင့်၌ ပြောကြားခဲ့သော မိန့် ခွန်းမှ)

No comments:

Post a Comment