Saturday, July 21, 2012

လူ့အခွင့်အရေး အရေခြုံ ရိုဟင်ဂျာဆိုသူ ဘင်္ဂလီများ ကျူးကျော်သိမ်းပိုက်ခြင်းပြဿနာကို ဘယ်လိုဖြေရှင်း ကြမလဲ

Written by မဟာပညာကျော်    Saturday, 21 July 2012 08:02   PDFPrintE-mail

Killerအရေးကြီးလာပြီ။ ဒီဘင်္ဂလီမူဆလင်ကိစ္စကို နှေးနှေးကွေးကွေးလုပ်နေလို့မရဘူး။ အပြက်အပြက်နဲ့နှာခေါင်းသွေး လျှံထွတ်တော့မည်။ တိကျတဲ့ပေါ်လစီ၊ ဗျူဟာတွေ ချမှတ်ကာ ပြည်ထောင်စုအစိုးရအပိုင်း၊ ပြည်နယ်အစိုးရအပိုင်းနှင့် ပြည်သူတွေအပိုင်းကို သတ်သတ်မှတ်မှတ် စနစ်တကျ ချမှတ် လုပ်ဆောင်ဖို့လိုလာတယ်။
လက်ရှိအခြေအနေ
(က) အဲဒီရိုဟင်ဂျာဆိုတဲ့ ဘင်္ဂလီတွေဟာ လူအခွင့်ရေးကို အရေခြုံပြီး ရခိုင်ပြည်နယ်ကို ကျူးကျော် ၀င်ရောက်သိမ်းပိုက်နေတာ ဖြစ်တယ်။ စနစ်တကျ စီမံကိန်းချ လုပ်ဆောင်နေတာဖြစ်တယ်။
(ခ) အီရန်၊ ဒူဘိုင်း၊ တူရကီ၊ ဆိုဒီအာရေဘီယား၊ အီဂျစ်၊ ညီညွတ်သော အာရေဘီးယား နိုင်ငံတွေက နိုင်ငံတကာနှင့် အာရပ်နိုင်ငံတွေ အစည်းအဝေးခေါ်ဖြေရှင်းဖို့ တောင်းဆိုနေကြတယ်။
(ဂ) အာစီယံနိုင်ငံအပါအ၀င် IOC အဖွဲ့ဝင်နိုင်ငံတွေ အကြာမီ အစည်းအဝေးခေါ်ယူဆွေးနွေးဖို့ ပြင်ဆင် နေကြတယ်။
(ဃ) နိုင်ငံတကာ သတင်းဌာနတွေမှာ ရခိုင်နှင့် မြန်မာအစိုးရဟာ ရိုဟင်ဂျာ ၃၀၀၀၀ ကိုသတ်ကာ ၃၀၀၀၀၀၀ ကျော်ကို နာဇီလို ကမ့်တွေမှာ သွင်းနေကြတယ်၊ မျိုးဖြုတ်သုတ်သင်နေကြတဲ့ စသည်ဖြင့် ၀ါဒဖြန့် လှုံ့ဆော်နေကြတယ်။ မူဆင်နိုင်ငံအားလုံး ဒီကိစ္စကို ညီညွတ်စွာ တားဆီးဝင်ရောက် ကိုင်တွယ်ကူညီကြဖို့ လှုံဆော်နေကြပြီး တစ်ဖြည်းဖြည်း ကျယ်ပြန့်ကြီးထွားလာနေတယ်။
သတင်းထုတ်ပြန်မှုအားနည်းခြင်းနှင့် ပေါ်လစီပိုင်းဆိုင်ရာအားနည်းချက်များ
(က) ပြည်နယ်အစိုးရ၏ သတင်းပြန်ကြားမှုထိရောက်ခြင်းမရှိခြင်း။ ဖမ်းဆီးရမိသာ လက်နက်များ၊ အကြမ်းဖက်သမားများ၊ အကြမ်းဖက်အုပ်စုနှင့် ဆက်နွယ်မှုများ၊ အထောက်အထားများ၊ အကြမ်းဖက်မှုများကို စနစ်တကျ လုပ်ဆောင်ခဲ့ကြသည်ကို တိကျစွာ သတင်းစာရှင်းလင်းပွဲ ယနေ့အချိန်ထိမလုပ်နိုင်ခြင်း။
(ခ) AZG၊ UNHCR၊ UNICEF တွင်အမှုထမ်းနေသူများ၊ ဆက်စပ်မြေအောက်လှုပ်ရှားသူများက သတင်းအမှားများ၊ လုပ်ကြံသည့် ဓါတ်ပုံများကို ပြည်ပမှ ရိုဟင်ဂျာ အဖွဲအစည်းများ၊ နိုင်ငံတကာ အဖွဲအစည်းများသို့ စစ်တွေ၊ ရန်ကုန်၊ စစ်တကောင်းနှင့် တာခ်နာမြို့များမှ ခိုးထုတ် ဖြန့်ဝေ နေခြင်းများကို မတားဆီးနိုင်ခြင်း။
(ဂ) ပြည်ထောင်စု့အစိုးရ၊ ပြည်ထဲရေးဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးများက လက်ရှောင်နေခြင်း။ သတင်းအချက်အလက်များ၊ ပေါ်လစီများ၊ ဥပဒေနှင့် ငြိမ့်စွန်းနေမှုများကို အချိန်မှန် ထုတ်ပြန်ခြင်းမရှိခြင်းများ။
(ဃ) ပြည်ထောင်စုအစိုးရမှ ဘင်္ဂလီ တရားမ၀င်ခိုးဝင်လာသည့် ကိစ္စများကို မည်သို့အရေးယူဆောင်ရွက်မည်ကို တိကျစွာ ထုတ်ပြန်ကြေငြာခြင်းမရှိခြင်းများ။
(င) လွှတ်တော်တွင် ခိုင်မာသည့်မူဝါဒ သဘောထား non-biding resolution (အလွတ်သဘော) ဖြေရှင်းချက် သဘေားထား မထုတ်ပြန်နိုင်ခြင်း။
(စ) ပြည်နည်အစိုးရကို ဒေသတွင်း အခြေအနေနှင့် ကိုက်ညီသည့် လုပ်ပိုင်ခွင့်၊ ဖြေရှင်းခွင့်များ ဘောင်သတ်မှတ် အပေးထားခြင်း၊ (က) မှ (အ) အဆုံးထိ သမ္မတနှင့် ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေး ဦးစီးချုပ်ထံမှ ညွှန်ကြားချက်များ ရယူနေရခြင်း။
(ဆ) RNDP အပါအ၀င် ရခိုင်လူမှုအဖွဲ့အစည်းများကို ပြည်နယ်အစိုးရမှ တားဆီးကန့်သတ် ပိတ်ပင်ခြင်းများ ပြုလုပ်ခြင်း။
လိုအပ်နေသည့် ပေါ်လစီနှင့် ဗျူဟာများ
(က) ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရ အနေဖြင့် ရခိုင်တွင် ဘင်္ဂလီ ရိုဟင်ဂျာ ပြဿနာသည် လူဝင်မှုကြီးကြပ်ရေးနှင့် တရားမ၀င် ၀င်ရောက်လာသည့် illegal immigrant problem အဖြစ် ထုတ်ပြန် ကြေငြာရမည်။
(ခ) ပြည်ထဲရေးဝန်ကြီးဌာန၊ လ.၀.က နှင့် ပြည်နယ်အစိုးရမှ လ.၀.က ဥပဒေကို တိကျစွာ အကောင်အထည်ဖေါ် လုပ်ဆောင်ရမည်။ ထိုသို့လုပ်ဆောင်ရာတွင်။
(၁) Detention centers or camps (ယာယိထိမ်းသိမ်းရေ စခန်းများ ထားရှိရန်)။
(၂) ဘင်္ဂလီ တဦးမကျန် နိုင်ငံသားကဒ်၊ ယာယီကဒ်၊ မြေဂရမ်၊ လုပ်ငန်းလိုင်စင် အစရှိသည့် နိုင်ငံသားနှင့် နှစ် ၄၀ ကျော်အတွင်း ခိုးဝင်လာသူများကို စစ်ဆေးခွဲထုတ်ပြီး လ.၀.က ဥပဒေချိုးဖေါက်ခဲ့သူများကို ဥပဒေအရ အရေးယူရမည်။ မိခင်နိုင်ငံကို ပြန်ပို့ရမည်။
(၃) အကျင့်ပျက် လာဒ်စား၊ လာဒ်ယူနေသော ၀န်ကြီးမှ အစ လ.၀.က၊ ရဲ၊ စစ်အရာရှိများ အစိုးရ အမှုထမ်းများ အားလုံကို အရေယူ အပြစ်ပေးရမည်။
(၄) ရခိုင်အမျိုးသားကာကွယ်ရေး တပ်မတော်ကို ဖွဲစည်းရမည်။ ရခိုင်ပြည်သူများ နှင့် civilian defense corp. (မလေးရှားတွင် ၅ သန်းကျော်ရှိသော Rala) ကဲ့သို့ လူထုကာကွယ်ရေးကို ဖွဲစည်းပေးရမည်။
(၅) နယ်ခြားတလျှောက်တွင် သံဆူးကြိုးကာရန်ရမည်။
(၆) ဘုတ်၊ စက်လှေများနှင့် ခိုးဝင်လာသူများကို ဖမ်းဆီးရန်၊ တားဆီးရန် Arakan National Coast Guard unit (ရခိုင်ကမ်းခြေစောင့်အဖွဲ့) ကို ပင်လယ်၊ မြစ်ချောင်း ကမ်းခြေဒေသများတွင် နေထိုင်သော ရခိုင်ဒေသခံများနှင့် ရေတပ်ပူးပေါင်းဖွဲ့စည်းရမည်။ သတင်းပေး သတင်းယူစနစ်ထားရှိကာ ရေတပ်နှင့် စစ်တပ်က rapid action (အရေးပေါ် တုန့်ပြန်ခြင်း) များလုပ်ဆောင်ရမည်။
(၇) ပြည်သူများ နေ့ကင်း၊ ညကင်းထားပြီး သတင်းယူ၊ သတင်းပေး စနစ်များ ထားရှိရန် (neighbor watch and inform program)၊ ပြည်နယ်အစိုး၊ ရပ်ကွက် ကျေးရွာ အစိုးရ၊ ရဲ၊ လ.၀.က နှင့် နယ်ခြားစောင့်တပ်များ ပူးပေါင်းလုပ်ဆောင်ရမည်။
နိဂုံး
ရိုဟင်ဂျာဘင်္ဂလီပြဿနာသည် လ.၀.က ပြဿနာ တခုတည်း ဖြစ်သည်။ တရားမ၀င်ဝင်ရောက်လာသည့် illegal immigrant issue ဖြစ်သည်။ ထိုပြဿနာကို လ.၀.က ဥပဒေဖြင့်ဖြေရှင်း ရမည်။ ပြည်ထောင်စုအစိုးရ၊ လွှတ်တော်၊ ပြည်နယ်အစိုးရနှင့် ပြည်သူများအားလုံး ကဏ္ဍအလိုက် ထိရောက်စွာဆောင်ရွက်မှသာ အကျိုးဖြစ်ထွန်းမည်။ ဤစီမံကိန်းကို ၃ နှစ် မှ ၁၀ နှစ်အထိ လုပ်ဆောင်ရမည်။ သို့မဟုတ်ပါက ရိုဟင်ဂျာ သီးခြားအုပ်ချုပ်ဒေသ ရခိုင်ပြည်နယ်တွင် လုံးဝ ဖြစ်ပေါ်လာမည်။ ရခိုင်ပြည်နယ်ကို လူ့အခွင့်အရေး အရေခြုံ ရိုဟင်ဂျာ သိမ်းပိုက်ရေး စီမံကိန်း အောင်မြင်သွားပါလိမ့်မည်။ အစိုးရနှင့် ပြည်သူများအနေဖြင့် ဤပြဿနာကို ခေါင်းရှောင်ထွက်ပြေးနေခြင်းဖြင့် ပြဿနာကို ကြီးထွားလာစေရန် ဖိတ်ခေါ်နေလို့ ဖြစ်နေပါလိမ့်မည်။ နည်းလမ်းကောင်းများ၊ တိကျခိုင်မာသည့်မူဝါဒနှင့် လုပ်ငန်းစဉ်များချမှတ်ကာ တိုက်ခိုက်ရင်ဆိုင် ဖြေရှင်းခြင်းဖြင့်သာ ဤပြဿနာကို ကျော်လွှားကြရမည်။ အကောင်းဆုံးဖြေရှင်းသည့်နည်း မဟုတ်စေကာမူ တရားမ၀င် ၀င်ရောက် ပြီးလူ့အခွင့်အရေး အရည်ခြုံ ကျူးကျော်သိမ်းပိုက်ခြင်းကို အနည်းဆုံး တားဆီးနိုင်ပါသည်။
http://www.arakantimes.net/burmese/index.php/2012-02-21-02-29-15/297-2012-07-21-01-19-47

No comments:

Post a Comment