Friday, July 27, 2012

မိန်းခွန်း(၅)... ဒီမိုကရေစီတွင် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍများကို ဖေါ်ပြခြင်း

မိန်းခွန်း (၅)
ဒီမိုကရေစီတွင် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍများကို ဖေါ်ပြခြင်း
      ကြီးမားကျယ်ပြန့်သည့် မည့်သည့်လူ့အဖွဲ့အစည်းတွင်မဆို လူတစ်ဦးတစ်ယောက်သည် အများပြည်သူ လူထု၏ဘဝကို သြဇာမညောင်းနိုင်ပါ။ သို့သော်ထိုသူသည် အခြားလူတစ်ချို့နန့် ပေါင်းစည်း၍ လူအများ၏ဘဝ အပေါ်သြဇာသက်ရောက်မှုကိုပြုလုပ်နိုင်ပါသည်။ နိုင်ငံရေးပါတီများသည် နိုင်ငံရေးရာထူးဌာနသန္တရနန့် မိမိ၏ သြဇာသက်ရောက်မှုတိကို ရဟိန့်ရန် မိမိနန့်အမြင်တူသည့် လူပုဂ္ဂိုလ်များအား အများအကျိုးဆောင်ရွတ်နိုင်ရန် စည်းရုံးသိမ်းသွင်း၍ လှုပ်ရှားမှုတစ်စုံတစ်ရာကို ပြုလုပ်ကြပါသည်။ ဤအစုအရုံးပါတီများသည် အမှုကိစ္စအဝဝတိ ကို ပြုလုပ်ဆောင်ရွတ်ကြပါသည်။ ရွီးကောက်ပွဲများတွင် ၄င်းတိသည် မဲဆန္ဒသျှင်တိအား စည်းရုံးကြသည်။ လက်ခံကျင့်သုံးမည့် ဗျူးဟာများကို အများသဖောပေါက်နားလည်လာရန် သျှင်းပြပီးပြီး ရွီးချယ်မှုများမှန်ကန် လာအောင် အထောက်အကူပြုကြပါသည်။ အာဏာရနိုင်ငံရေးပါတီများသည် နိုင်ငံရေးအာဏာရဟိန့်ပြီးနောက် မိမိပါတီကလက်ခံထားသည့် နည်းဗျူဟာများကို အောင်မြင်စွာအကောင်အထည်ဖေါ်ရာတွင် ပြည်သူလူထု အများ၏ ထောက်ခံအားပီးမှုများ ရဟိန့်နိုင်အောင်လည်း စည်းရုံးသိမ်းသွင်းပီးကြပါသည်။
တရားမျှတသည့် ယှဉ်ပြိုင်မှု
     လွတ်လပ်ပြီးတရားမျှတသော ရွီးကောက်ပွဲတရပ်တွင် မဲဆန္ဒသျှင်တိ၏ မဲပီးထောက်ခံမှုများ အပေါ်မူတည်၍ နိုင်ငံရေးပါတီတိ၏ အောင်မြင်မှု၊ မအောင်မြင်မှုနန့် ရဟိန့်လာသည့် ထောက်ခံမှုကိုဆက်လက်ထိန်းသိမ်းနိုင်ခြင်း တိအပေါ် သတ်မှတ်တည်ဟိန့်ပါသည်။ ထို့ကြောင့် နိုင်ငံရေးပါတီတိသည် မိမိရို့ပါတီ၏ လုပ်ငန်းအစီအစဉ်များ နန့် ရွီးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီကိုယ်စလှယ်များ ရွီးချယ်ရာတွင် လူအများ၏စိတ်ဆန္ဒနန့် မဆန့်ကျင်လားအောင် အထူးဂရုစိုက်ရပါသည်။ ဤအချက်အလက်များကို လျစ်လျှူရှု ဥပက္ခာပြုပါက အများ၏ ထောက်ခံမှုမှာ ဖက်ပြောင်းလားနိုင်ကြောင်းကို စိုးရိမ်ကြရပါသည်။ မဲဆန္ဒသျှင်များ ဖက်ပြောင်းရာတွင် ၄င်းတိ၏ စိတ်ဆန္ဒကို အကောင်အထည်ဖေါ်ပီးနိုင်စွမ်းဟိန့်သည့် အတိုက်အခံပါတီတစ်ခု မဟိန့်နိုင်သည့်အခြီအနိန် မျိုးတွင် ပါတီသစ်များပေါ်ပေါက်လာတက်ပါသည်။ ထို့ကြောင့် နိုင်ငံရေးပါတီများသည် အစိုးများအပေါ် ပြည်သူ လူထု၏ ယုံကြည်မှုနန့် သြဇာညောင်းမှုတိကို အစဉ်ကြပ်မက်လားရ၏။ ရွီးကောက်ပွဲတွင် ယှဉ်ပြိုင်မှုများအတွက် လိုအပ်အခွင့်အလမ်းတူညီမှုဟိန့်နိန်မှသာ နိုင်ငံရေးပါတီများသည် မိမိ၏အထက်ဖေါ်ပြပါ တာဝန်ဝတ္တရားများကို တိကျမှန်ကန်စွာ ထမ်းဆောင်ကျေပွန်နိုင်ပါသည်။ နိုင်ငံရေးပါတီများသည် အစိုးရပိုင်အခွင့်အလမ်းများကို ရွီးကောက်ပွဲတွင် မတရားသုံးစွဲလားလျှင် မှန်ကန်၍တရားမျှတသည့် ရွီးကောက်ပွဲမျိုး ဖြစ်မလာနိုင်ပါ။ ထို့ကြောင့် ရွီးကောက်ပွဲဝင်လာသည့် နိုင်ငံရေးပါတီများအတွက် စည်းရုံးရေးကို အထောက်အကူပြုသည့် အခွင့်အလမ်းများ တူညီမှုဟိန့်နိုင်ရန် အထူးဂရုစိုက်ပီးရမည့် အမှန်တရားများဖြစ်ကြပါသည်။ သို့ဖြစ်ပါ၍ ရွီးကောက်ပွဲများ ကျင့်ပသည့် အချိန်ကာလာများ၌ အာဏာရပါတီသည် အစိုးရပိုင်ရုပ်ဝတ္ထုပစ္စည်းနန့် ယန္တရားများကို အထူးအခွင့် အရေးတရပ်များအနိန်ဖြင့် သုံးစွဲမှုပြုလားခြင်းကို အထူးသတိထားသျှောင်ရကြည်ရပါသည်။ ပါတီစည်းရုံးရေး ကိစ္စရပ်များကို အစိုးရကိစ္စရပ်များနန့် မရောနှောဘဲခြားထားသင့်သည်။
      နိုင်ငံရေးပါတီများ၏ ရွီးချယ်မှုဆိုင်ရာ ပွင့်လန်းသည့် ယှဉ်ပြိုင်မှုများမှာ ဒီမိုကရေစီ၏ မဟိန့်မဖြစ်သော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ သို့သော် ထိုအရာသည်ပင် ဤစနစ်၏ အားနည်းချက်တစရပ်လည်းဖြစ်သည်။ အစိုးရအဖွဲ့တွင် ရာထူးဌာနသန္တရများကို လက်ကိုင်ရဟိန့်နိုင်ရန်ယှဉ်ပြိုင်မှုတိက လူ့အဖွဲ့အစည်းတွင် အုပ်စုဖွဲ့ခြင်း ၊ကွဲပြားမှုပေါ်ပေါက်ခြင်း စသည်တိကိုပေါ်ပေါက်စီပါသည်။ ယှဉ်ပြိုင်မှုတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ကိုယ်စလှယ် များတိက အောင်မြင်မှုရစီခြင်းငှါ မိမိရို့၏ စွမ်းရည်အမျိုးမျိုးတိကို ထုတ်သုံးရပါသည်။ သို့ဖြစ်သောကြောင့် ယှဉ်ပြိုင်မှုများ၌ သျှုံးကြသည့် ကိုယ်စလှယ်များ၊ နိုင်ငံရေးပါတီများနန့် ၄င်းတိအားထောက်ခံအားပီးကြသည့် မဲဆန္ဒသျှင်များရို့က ၄င်းရို့တိအရေးနိမ့်လားရခြင်း၏ တန်ဖိုးကို ၄င်းရို့တိ ပီးဆပ်နိုင်သည်ထက်မကြီးစီရန် အမြဲ တမ်းသတိထားရမည့်အချက်ပင်ဖြစ်သည်။ ရွီးကောက်ပွဲ၌ အရေးသျှုံးနိမ့်လားသူများသည် လုံးဝစိတ်ဓါတ်ကျ ဆင်းပြီး နောက်ထပ်ရွီးကောက်ပွဲများကို ဥပက္ခပြုလားမည့်အခြီအနိန်မျိုး မပေါ်ပေါက်လာမှသာ ဒီမိုကရေစီကို ရှင်သန်နိုင်စီမည်။ ရွီးကောက်ပွဲတစ်ခုတွင် သျှုံးလားသော်လည်း နောက်ထပ်လာမည့်ရွီးကောက်ပွဲတွင် ၄င်းရို့တိ အောင်မြင်မှုလုံးဝရဟိန့်နိုင်လိ့မည်ဟူသောစိတ်ဓါတ်မျိုးက ဆက်လပ်ရှင်သန်နိန်ရန် အရေးကြီးလှပါသည်။ ရွီးကောက်ပွဲတွင်သျှုံးသော်လည်း ယင်းအတိုက်ခံတိမှာ မိမိရို့စည်းရုံးပိုင်ခွင့်၊ အစိုးရအားဝေဖန်ပိုင်ခွင့်နန့် ၄င်းရို့တိလှုပ်ရှားပိုင်ခွင့်များသည် ၄င်းရို့တိလက်ထက်၌ အမြဲတမ်းဟိန့်နိုင်စီရမည်။
မိန်းခွန်း (၆)
ဒီမိုကရေစီတွင်သတင်းဌာနများ(မီဒီယာ)က အဇာတွက်ဖြစ်လို့ အရေးကြီးပါသလဲ
     မည့်သည့်အုပ်ချုပ်မှုစနစ်ပင်ဖြစ်စီ အစိုးရတိက မိမိရို့လက်ခံကျင့်သုံးသည့်မူဝါဒသဖောထားများကို ပြည်သူ လူထုကလက်ခံထောက်ခံလာအောင် လုပ်စမြဲပင်ဖြစ်သည်။ များပြားသော တိုင်းသူပြည်သားများအထိ မိမိရို့၏ လုပ်ငန်းကိုင်ခန်း သို့မဟုတ် မူဝါဒသဖောများကိုရောက်စေရန်၊ အစိုးရတိသည် သတင်းဌာနများကို မဖြစ်အနိန် အသုံးပြုအပ်ပါသည်။ သို့ဖြစ်ပါ၍ ဒေနိန့်ကမ္ဘာတွင် သတင်းဌာနများ(မီဒီယာ)မှာ အလွန်အရေးပါပါသည်။ ဒီမိုက ရေစီနိုင်ငံများတွင် မီဒီယာက အစိုးရ၏မူဝါဒသဖောနန့် လုပ်ငန်းကိုင်ခန်းများကိုသာ ဝါဒဖြန့်ပီးခြင်းသက်သက် မဟုတ်ဘဲနန့် အစိုးရ၏လုပ်ရည်ကိုင်ရည်အားနည်းချက်များကိုလည်း သတင်းထုတ်ပြန်အသံလွှင့်သွားကြပါ သည်။ အစိုးရ၏လုပ်ငန်းအစီအစဉ်များကို စုံစမ်းစိစစ်ကြသည့်အပြင် သတင်းမီဒီယာတိက ပြည်သူလူထုအား အမျိုးမျိုးသောအရေးကြီးသတင်းများ နိန့်စဉ်နန့်အမျှသိဟိန့်လာအောင် လုပ်ပီးကြပါသည်။ ထို့အပြင် နိုင်ငံရေး၊ အကြံဖလှယ်ရေးတိများကိုလည်း အချိန်အခါအားလျှော်စွာ စီမံဆောင်ရွတ်ပီးကြပါသည်။ ထို့အပြင် ပြည့်သူဆန္ဒ ကိုလည်း အုပ်ချုပ်သူများထံရောက်အောင် သယ်ဆောင်ရာတွင်လည်း များစွာအသုံးဝင်ကြပါသည်။

သတင်းထောက်များသည် လောကစောင့်ဖြစ်၏
      အစိုးရတိုင်းသည် မိမိရို့လုပ်ကိုင်ဆောင်ရွတ်မှုအချို့ကို လျှို့ဝှက်ထားတက်သည်။ အုပ်ချုပ်မှုယန္တရား၏ ပြည့်သူ့ဆက်ဆံရေး အလွန်အားသန်လေ့ဟိန့်ကြ၏။ ထိုအခြီအနိန်မျိုးအောက်တွင် သတင်းပြန်ကြားရေးဌာန၏ အလုပ်မှာ အရေးကြီးလှပါသည်။ အုပ်ချုပ်သည့် အစိုးရတိသည် မိမိရို့လုပ်ကိုင်ဆောင်ရွတ်မှုများအတွက် ပြည့်သူ့ရှိမှောက်တွင် တာဝန်ခံရမည်။ အုပ်ချုပ်သည့် ယန္တရားက ပြုလုပ်ဆောင်ရွတ်သည့် ဆောင်ရွတ်ချက်များ ကို ပြည်သူရို့တိက သိပြီးထားခြင်းမဟိန့်ပါက သက်ဆိုင်ရာအစိုးရမှ ပြည်သူထံတာဝန်ခံမှု ဟိန့်၊မဟိန့်ကို အဇာပိုင်သိကြရမည်နည်း။ ပြည်သူများလည်း အစိုးရတိ လုပ်ကိုင်ဆောင်ရွတ်သည့် ဆောင်ရွတ်မှုများကို သိဟိန့်နိုင်ရန် အခွင့်အရေးဟိန့်မှလည်းဖြစ်နိုင်သည်။ သတင်းမီဒီယာတိက တစ်ဦးတစ်ယောက်၏ ပုဂ္ဂိုလ်ရေး တွင်ဝင်ရောက်ကြည့်ရှုရန်မသင့်၊ သို့သော်အများအကျိုးနန့် သက်ဆိုင်နိန်သည့် ကိစ္စများကို သိထားရအောင် လုပ်ပီးခြင်းသည် သတင်းထောက်များ၏ တာဝန်ဖြစ်ပါသည်။ အများအကျိုးပြု အကျိုးပျက်စီသည့် သတင်းမျိုး များကို သိထားရမည့်အခွင့်အရေးအာဏာသည် ပြည်သူထံမှာအပြည့်အဝဟိန့်ပါသည်။ ဤသို့သော အခြီအနိန် နန့်အခွင့်အရေးဟိန့်မှသာ သတင်းထောက်များသည် ၄င်းတိ၏လောကစောင့် တာဝန်ကို အဓိပ္ပါယ်ဟိန့်အောင် ကျေပွန်လိ့မည်။
ပွင့်လင်းးသည့် အခြီအတင်ဆွေးနွေးမှု
    သတင်းနန့်ပြန်ကြားရေးဌာနတိက ပြည်သူလူထုအား လွတ်လပ်စွာသတင်းရဟိန့်ရေးကို ဆောင်ရွတ်ပီးသည့် အပြင် နိုင်ငံသားများအား တာဝန်ဟိန့်နိုင်ငံရေးဂေါင်းဆောင်ရို့တိအား နိုင်ငံသားများက အများရှိမှောက်တွင် ပွင့်လင်းစွာ မိန်းမြန်းခွင့်ဟိန့်အောင်လည်း ဖန်တီးပီးကြပါသည်။ ထို့အပြင် ပြည်သူတိ၏ စိတ်ဆန္ဒကို အစိုးထံ ပေါက်ရောင်အောင် ဆောင်ရွတ်ပီးကြသည်။ သတင်းနန့်ပြန်ကြားရေးလုပ်ငန်းဌာနများက အထက်ဖေါ်ပြပါနည်း နာများကို သုံးစွဲ၍ ပြည်သူလူထုနန့် ပြည်သူ့လွတ်တော်ဆောင်ရွတ်မှုများကို စုံစမ်းစိစစ်ရာ၌ အထောက်အကူပြု နိုင်ပါသည်။
သတင်းနန့် မီဒီယာ၏ လွတ်လပ်မှု
     အခြီခံဒီမိုကရေစီကျသည့် လုပ်ငန်းဆောင်ရွတ်မှုများကို ဆောင်ရွတ်ရာ၌ သတင်းနန့်မီဒီယာ၏ လွတ်လပ်မှု သည်အရေးကြီးဆုံးဖြစ်သည်။ အစိုးရကသော်လည်းကောင်း၊ ပုဂ္ဂလိကသော်လည်းကောင်း၊ မည်သည့်ဖိအားပီး မှုမျိုးမှ သတင်းနန့်မီဒီယာဌာနတိက လွတ်ကင်းနိန်မှသာလျှင် မိမိရို့တာဝန်ကို မှန်ကန်စွာ ထမ်းဆောင်နိုင်မည် ဖြစ်သည်။ အုပ်ချုပ်မှု၏ ဖိအားကို ကန့်သတ်နိုင်ရန် နည်းလမ်းနှစ်သွယ်ဟိန့်ပါသည်။ နည်းလမ်းတစ်ခုမှာ အစိုးပိုင် သတင်းနန့်မီဒီယာအား လွတ်လပ်သည့် ဘုတ်အဖွဲ့ သို့မဟုတ် ကော်မချင်အဖွဲ့လက်အောက်တွင် ထားဟိန့်ရန်နန့် ပုဂ္ဂလိကပိုင်သတင်းနန့် မီဒီယာဌာနအကြား ယှဉ်ပြိုင်မှုစနစ်ထည်ထောင်ပီးရန်တိဖြစ်သည်။
     သြဇာကြီးမားသူများ၏ကိုယ်ကျိုးအတ္တမှ မီဒီယာကို ကာကွယ်နိုင်ရန် မီဒီယာဆိုင်ရာ ထိန်းချုပ်မှုကို ကန့်သတ်နိုင်ပါသည်။ ထို့အပြင် အခြားနည်းလမ်းအချို့ကိုလည်း အသုံးပြုနိုင်ကြပါသည်။သို့သော် ဤနည်းလမ်း အမျိုးမျိုးကို အသုံးပြုဆောင်ရွတ်ကြသော်လည်း သတင်းနန့်မီဒီယာဌာနတိမှာ မိမိရို့၏ တာဝန်ကိုတိကျစွာ ဒီမိုကရေစီကျကျဆောင်ရွတ်နိုင်ပါကြောင်းကို အာမ မခံနိုင်ပါ။ ဤအရာသည် သတင်းစာဆရာများ၊ စာတည်းများ၊ ထုတ်လုပ်တင်ဆက်သူများရို့တိက မိမိရို့၏အလုပ်အကိုင်အပေါ်တွင် ဇာအဆင့်အထိသစ္စာခံမှု ဟိန့်၊မဟိန့်အပေါ် များစွာမူတည်နိုင်ပါသည်။ ထို့အပြင် မီဒီယာသမားများက ၄င်းရို့၏လုပ်ငန်းနယ်ပယ်တွင် ဒီမိုကရေစီ၏ အရေးကြီးပုံအသိစိတ်ဓါတ်လည်း လိုအပ်ပေလိ့မည်။
မိန်းခွန်း(၇)
ကိုယ်စားပြုဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကိုလစ်ဘရယ်ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဟု အဇာအတွက်ကြောင့်ခေါ်ရပါသနည်း
       ဤသို့ခေါ်ရခြင်း၏ ပဌမဆုံးအကြောင်းအရင်းမှာ ဒီမိုကရေစီနိုင်ငံများဖြစ်ကြသည့် အနောက်နိုင်ငံ အများအပြားတိသည် ဒီမိုကရေစီများမဖြစ်ခင် လစ်ဘရယ်အုပ်ချုပ်မှုမျိုးစနစ်ဖြင့် ဖြတ်သန်းခရသည်။ တစ်မျိုးဆို ပါလျှင် ယင်းနိုင်ငံများတွင် အရွယ်ရောက်သူများ မဲဆန္ဒပီးပိုင်ခွင့်ဟိန့်စီရမည် သို့မဟုတ် အများပြည်သူလူထု ကိုယ်စားပြုသည့် နိုင်ငံရေးပါတီများပေါ်တွန်းမလာခင် ယင်းနိုင်ငံများတွင် လစ်ဘရယ်ကျသော အခြီခံဥပဒေများ နန့်အညီ အုပ်ချုပ်ရေးအစီအစဉ်များပေါ်ပေါက်ရခပါသည်။ ယင်းအခြီခံအစီအစဉ်များ၏ အဓိကအချက်အလက် များမှာအောက်ပါအတိုင်းဖြစ်ပါသည်
      အစိုးရနန့် အလုပ်အမှုဆောင်အဖွဲ့တိမှာ ပြည်သူလူထုမှရွီးချယ်ခန့်ထားသည့် ပါလီမန်မှ ပြဌာန်းပီးထား သည့်ဥပဒေအတိုင်း တိုင်းနိုင်ငံကို အုပ်ချုပ်ရပါသည်။ (တစ်နည်းအားဖြင့် ဥပဒေစိုးမိုးမှု ဟိန့်သည်)။ နိုင်ငံသူ နိုင်ငံသားတိုင်းမှာ ဥပဒေ၏ကာကွယ်စောင့်သျှောက်မှုနန့် ခံစားစံစားပိုင်ခွင့်များကို အာမခံထားသည်။ ထို့အပြင် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်၊ စုစည်းပိုင်ခွင့်နန့် နိုင်ငံအတွင်းတစ်နိန်ရာမှ တစ်နိန်ရာသို့ လွတ်လပ်စွာလား လာပိုင်ခွင့်များပီးထားသည်။
       တရားစီရင်ရေးအာဏာကို တရားဥပဒေနန့် ကိုယ်ပိုင်အခွင့်အာဏာများကို စောင့်သျှောက်ပီးရန် တာဝန် ခံမှုဟိန့်နိုင်စီရန် ဥပဒေပြုလွတ်တော်နန့် ပါလီမန်လွတ်တော်နှစ်ရပ်စလုံးမှ ဟန့်တားမှုတစ်စုံတစ်ရာ မပြုလုပ် နိုင်အောင် လွတ်လပ်ခွင့်ပီးထားသည်။ အရွယ်ရောက်သူ နိုင်ငံသားတိုင်း မဲဆန္ဒပီးပိုင်ခွင့်ဟိန့်သည့် စနစ်မျိုးနန့် အများပြည်သူလူထုအား အမြစ်မတွယ်ကပ်ခသည့်နိုင်ငံများတွင် ကိုယ်စားပြုဒီမိုကရေစီစနစ်ကို ကျင့်သုံးခရာ တွင်များစွာသောအခက်အခဲတိနန့် ရင်ဆိုင်ခရကြောင်းသမိုင်းက သက်သီခံထားပါကြောင်း တွိဟိန့်နိုင်ပါသည်။


ဥပဒေ၏စိုးမိုးမှု
       ကိုယ်စားပြုဒီမိုကရေစီစနစ်ကို လစ်ဘရယ်ဒီမိုကရေစီဟုခေါ်ရခြင်း၏ ဒုတိယအကြောင်းအရင်းမှာ အခြီခံ ဥပဒေများပြဌာန်းပြီး အုပ်ချုပ်ရသည့်စနစ်နန့် ဒီမိုကရေစိစနစ်တိကို ခွဲခြား၍မရနိုင်ပါ။ ၄င်းတိမှာ အပြန်အလှန်မှီ တွယ်ထားသည့် စနစ်မျိုးဖြစ်သည်။ လက်ဟိန့်ခေတ်ကာလတွင် အစိုးရများလက်ထက်၌ အာဏာကြီးမားစွာ တည်ဟိန့်သည်။ ယင်းအစိုးရအပေါ်ဥပဒေ၏ ကွပ်ကဲမှုမှာ ယင်းအစိုးရ၏လက်အောက်တွင် အုပ်ချုပ်ခံနိန်ရသည့် ပြည်သူလူထုများကဲ့သို့ပင် ဟိန့်ရမည်။ ၄င်းတိအပေါ်တရားဥပဒေ၏ ကွပ်ကဲမှုလျှော့ယွင်းလားသည်ဖြစ်စီ၊ ကင်းမဲ့လားသည်ဖြစ်စီ၊ ကြီးမားသည့်ဆိုကျိုးများ အန္တရယ်များဖြစ်ပေါ်နိုင်ပါသည်။ အစိုးရများသည် ဥပဒေတစ်စုံ တစ်ရပ်ကို ပြဌာန်းရာတွင် ပါလီမန်၏သဖောတူညီမှု ရရန်မလိုအပ်သော်လည်းကောင်း ယင်းအစိုးရအဖွဲ့သည် အများပြည်သူလူထု၏ လွတ်လပ်ခွင့်ကို လေးစားမှုမဟိန့်လျှင် ထိုသို့သော အစိုးရများအပေါ် ပြည်သူလူထု၏ ထိန်းကွပ်မှုသည် ယိုယွင်းလားနိုင်ပြီး အစိုးရများမှာ လုပ်ချင်ရာလုပ်လားနိုင်ပါသည်။ ဒီမိုကရေစီစနစ်မှာ ပြည်သူလူထု၏တောင်းဆိုချက်အတိုင်း ဖြည့်စွပ်ပီးနိုင်စွမ်းဟိန့်ခြင်း၊ သို့မဟုတ် အချိန်ကာလအနည်းငယ်အတွင်း ဖြည့်စွပ်ပီးနိုင်ခြင်းတိကို အစဉ်သဖြင့်ဆောင်ရွတ်ပီးသည့် စနစ်မျိုးမဟုတ်ပါ။ ဒီမိုကရေစီစနစ်မှာအစိုးရများအပေါ် ပြည်သူလူထု၏ သြဇာထိန်းကွပ်မှုကို အဆက်မပြတ်ဟိန့်နိုင်စီရန် ပရဂုဏ်နန့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပီး သည့်စနစ်ဖြစ်သည်။ ဤစနစ်တွင် တရားဥပဒေတိ၏စိုးမိုးမှု ပြည်သူ့လွတ်တော် ဥပဒေပြုလွတ်တော်နန့် လွတ်လပ်သည့်တရားစီရင်မှုအကြား၊ အခွင့်အာဏာများကို သင့်တင့်လျှောက်ပတ်စွာ ခွဲဝီခြင်းနန့် လူပုဂ္ဂိုလ်တစ် ဦးစီ၏ ပိုင်ဆိုင်ခွင့်များကို အလွဲမသွေအာမခံရပါသည်။
အခြီခံဥပဒေနန့် ဒီမိုကရေစီ
        အခြီခံဥပဒေဆိုသည်မှာ နိုင်ငံတော်၏ ပြဿနာမျိုးစုံနန့် ဒီမိုကရေစီ၏ အစိတ်အပိုင်းအားလုံးတိကို စောင့်သျှောက်မှုပီးထား၍ နိုင်ငံသားများတိ၏ အခွင့်အာဏာနန့် နိုင်ငံတော်၏အစိတ်အပိုင်းအားလုံးတိ၏ အခွင့်အာဏာနန့် တာဝန်ဝတ္တရားများကို ရီးသားဖော်ပြထားသည်။ အရေးကြီးသော ပဋိညာဉ်တစ်ခု ဖြစ်ပါသည်။ ယင်းအခြီခံဥပဒေကို အများသဖောပေါက်နားလည်လွယ်သည့် စကားလုံးဖြင့်သျှင်းလင်းပြတ်သားစွာ ရီသားရ ပါသည်။ နိုင်ငံတော်၏အခြီခံဥပဒေမှာ နိုင်ငံတော်တွင် အထွဋ်အထပ်ဖြစ်သည်။ ပြည်သူ့ကိုယ့်စလှယ်များသည် နိုင်ငံတော်၏ အခြီခံဥပဒေကို သစ္စခံလားရမည်ဖြစ်ကြောင်း ကျမ်းကျိန်ရခြင်းသည် ထိုအခြီဥပဒေ၏ အရေးကြီး ကြောင်းကိုဖေါ်ပြနိန်ပါသည်။ထို့အပြင် အခြီခံဥပဒေတွင်ပြင်ဆင်ချက်တစ်စုံတစ်ရာကိုပြုလုပ်ရာတွင်အစိုးရသည် ပြုချင်တိုင်းပြုလုပ်၍ မရနိုင်ပါ။ ကြိုတင်သဖောတူထားသည့် ပြည်သူ့လွတ်တော်ကိုယ်စလှယ်ဦးရေနန့်အညီ သဖောတူညီထောက်ခံမှုရဟိန့်မှသာ ပြည်သူလူထုများအကြားလိုအပ်သည့် အထူးဆန္ဒမဲရဟိန့်ကောက်ခံမှသာ ပြင်ဆင်၍ရနိုင်ကြောင်းကို ထောက်ရှုခြင်းဖြင့် အခြီခံဥပဒေ၏အကြောင်းကို နားလည်သိဟိန့်နိုင်ပါသည်။ ထို့အပြင် လွတ်လပ်သည့်တရားစီရင်မှုဟိန့်မှ ၄င်းအခြီခံဥပဒေကို နိုင်ငံတော်၏ ကိစ္စအဝဝ၌ တိကျစွာကျင့်သုံး လားရန် အပြည့်အဝခံယူထားပြီး စောင့်သျှောက်လားမည့်စိတ်ဓါတ်မျိုးကို အဆင်သဖြင့်နိုးနိုးကြားကြား မွီးထား မှသာ ဖြစ်နိုင်ပါသည်။

ရှိဆက်ဖို့ဟိန့်ပါသည်......

No comments:

Post a Comment