Sunday, July 15, 2012

ရာဘားမူးယစ်ဆေးဝါးထုတ်လုပ်သူ ၂ ဦးအား ဘင်္ဂလာ ၇၉ နှစ် စုပေါင်းထောင်ဒဏ်ချမှတ်

Written by သဇင်ဥ    Monday, 16 July 2012 11:43   PDFPrintE-mail
88888888888888ဘင်္ဂလာဒေ့ရှ်နိုင်ငံ သက်ဆိုင်ရာ အာဏာပိုင်များက ရာဘားမူးယစ် ဆေးဝါး ကိုယ်တိုင်ထုတ်လုပ်သူ ၂ ဦးအား စုစုပေါင်း ထောင်ဒဏ် (၇၉) နှစ် မြို့တော်ဒက္ကား တရားရုံးတော်မှ စနေနေ့ကချမှတ် လိုက်ကြောင်း သတင်းရရှိသည်။
ထို့ပြင် ၎င်းတို့အား ထောင်ဒဏ်နှင့်အတူ တဦးစီအား တာကာ (၇၅၀၀၀၀၀၀) ဒဏ်ငွေအသီးသီး ချက်မှတ်လိုက်ကြောင်း ယမန်နေ့ကထုတ် ဘင်္ဂလာ ဘီဘီစီ ၀ပ်စာမျက်နှာတွင် ဖေါ်ပြချက်အရ သိရှိရသည်။   
ယင်းတို့အား လွန်ခဲ့သော အောက်တိုဘာ ၂၅ ရက်၊ ၂၀၀၇ ခုနှစ်က မြို့တော်ဒက္ကား ဂိုလ်ချမ်းရပ်ကွက်အတွင်း ၎င်းနေအိမ် တိုက် နှစ်လုံးအား သတင်းများအရ စစ်ဆေးရှာဖွေရာ ရာဘားမူးယစ်ဆေးဝါး ၅ ကေဇီနှင့် ၎င်းမူးယစ်ထုတ်လုပ်သည့် ပစ္စည်းမျိုးစုံတို့ကို ဖမ်းဆီး ရမိခဲ့ကြောင်း ဘင်္ဂလာမူးယစ်ဆေးဝါးနှိမ်နှင်းရေးအဖွဲ့ ပြောခွင့်ရက ထုတ်ဖေါ်ပြောဆို လိုက်သည်။  
ယင်းမူးယစ်ဆေးဝါး စစ်ဆင်ရေးတွင် Multi-care Technology Limited မှ ထိပ်တန်းခေါင်းဆောင် တဦးဖြစ်သော အာမီန်ဟူဒါနှင့် သာမန် အလုပ်သမား ဟာဟ်ဆာနုလ် ဟု(က်)တို့အား ဖမ်းဆီးခဲ့ပြီး မူးယစ်ဆေးဝါးဥပဒေဖြင့် ၆ နှစ်ကြာ စစ်ဆေးခဲ့ရာမှ ယမန်နေ့က တရားဆုံးဖြတ် ပေးခဲ့ခြင်းဖြစ်သည်။                                                            
၎င်းတို့အား တရားဆုံးဖြတ်ချိန်တွင် ရုံးတော်အတွင်းသို့ လာရောက်လေ့လာ စောင့်ကြည့်သူများက “ နှစ်ဦးလုံးရဲ့ ထောင်ဒဏ်ကိုပေါင်း၍ စုစုပေါင်း ၇၉နှစ် ထောင်ဒဏ် ချမှတ်တာဖြစ်ပါတယ်၊ တဦးကို နှစ် (၄၀) မပြည့်ဘူး၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖေါက်ကားမှုနဲ့ တခြားအမှုတွေ ပါဝင်ပါတယ်၊ သူတို့ကို ထောင်ဒဏ်လျော့ဖို့ အသနားခံ မပေးခဲ့ပါဘူး၊ လျော့မယ်ဆိုရင် တဦးစီကို ၂၈ နှစ်သာ ချမှတ် နိုင်ပါတယ်။ ” ဟု ဆိုသည်။
၎င်းတို့အား လွန်ခဲ့သော ၂၀၀၈ ခုနှစ် ဇွန္န၀ါရီ ၁၆ နှင့် ၃၀ ရက်နေ့တို့တွင်တကြိမ် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ အပေါင်းအပါ (၃၈) ဦးပါဝင်သည်ဟု ထွက်ဆိုထားကြောင်းနှင့် ယင်းတို့အား ဇူလိုင် ၁ ရက်နေ့က ထောင်သို့ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ဒေသထုတ် သတင်းများက ဖေါ်ပြသည်။ 4444444444
မြန်မာနိုင်ငံမှာ ဘင်္ဂလာသို့ ပထမဦးဆုံး ရာဘားမြင်းဆေး တင်ပို့သောနိုင်ငံဖြစ်ပြီး နိုင်ငံအတွင်း ဖမ်းဆီးရမိသည့် ရာဘားများကို မြန်မာမှတင်ပို့ကြောင်း ဘင်္ဂလာသတင်းများက မကြာခဏဖေါ်ပြသည်။ နိုင်ငံအတွင်း ရာဘားမြင်းဆေးလုံး သုံးစွဲသည့် အမျိုးအစားမှာ လေးမျိုးရှိပြီး ကော့စ်ဘဇားမြို့တွင် အနိမ်ဆုံးပေါက်ဈေးမှာ တာကာ (၂၂၀)နှင့် အမြင်ဆုံးမှာ (၃၅၀) အထိရှိကြောင်း၊ စစ်တကောင်းမြို့တွင် (၃၅၀) မှ (၇၀၀) အထိရှိကြောင်းနှင့် ဒက္ကားမြို့တွင် (၇၀၀) ရာမှ ၁၁၀၀ အထိပေါက်ဈေးရှိကြောင်း မူးယစ်သတင်းများက ဆိုသည်။
မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ရာဘားမြင်းဆေးထုတ်လုပ်သည့် နေရာ သုံးခုခန့်တည်ရှိကြောင်း၊ ၎င်းနေရာမှ ဘင်္ဂလာသို့ တင်ပို့နေကြောင်းနှင့် ဒေသအာဏာပိုင်များ ပါဝင်ပတ်သက်မှုများ ရှိနေကြောင်း ကောလဟာလ သတင်းများ ထွက်ပေါ်နေသည်။

No comments:

Post a Comment