Sunday, July 31, 2011

(ဗိုလ်ရာဇာ) မျိုးချစ်သူရဲကောင်းကြီးတယောက်အကြာင်း

Saturday, March 27, 2010
မျိုးချစ်သူရဲကောင်းကြီးတယောက်အကြာင်း

ရခိုင်ပြည်တပ်မတော်စစ်ဦးစီချုပ် ဗိုလ်ရာဇာကို အိန္ဒိယ စစ်တပ်က အန်တမန်ကျွန်းမှာ ၁၉၉၈ ခုနှစ် ဖေဖေါ်ဝါရီ လ ၁၁ ရက်နိ့က လုပ်ကြံသတ်ဖြတ်လိုက်တေအတွက် အခုနှစ် ဖေဖေါ်ဝါရီလ ၁၁ ရက်နိ့ဆိုကေ ဗိုလ်ရာဇာ ကျဆုံးလားစွာ နှစ်ပေါင်း ၁၂ နှစ်ပြည့်မြောက်ရေနိ့ဖြစ်ပါရေ။ ဗိုလ်ရာဇာစွာ တိုင်းပြည်နန့် လူမျိုး လွတ် မြောက်ရေးအတွက်
ကိုယ်ကျိုးစွန့် ကြိုးပမ်းလုပ်ဆောင်နိန်ချိန်မှာ အဂုပိုင် အိန္ဒိယစစ်တပ်၏ လုပ်ကြံသတ်ဖြတ်မှုကို ခံလိုက်ရစွာဖြစ်ပါရေ။ ယင်းပိုင် ခေါင်းဆောင်တဦးကျဆုံးလားရခြင်းက ရခိုင် တော်လှန်ရေး လမ်းကြောင်းမှာ ကြီးမားရေ ဆုံးယှုံးးမှုကြီးတစ်ရပ်ဖြစ်ရေပိုင် ရခိုင်တမျိုးသားလုံးအတွက် အစားထိုးမရနိုင်ရေဆုံးယှုံးမှုကြီးတရပ် လည်း ဖြစ်ပါရေ။ ယင်းကြောင့် ဗိုလ်ရာဇာစွာ ဇာပိုင်ဂေါင်းဆောင်မျိုးလဲ။ သူ၏စိတ်နီသဘောထားတိက ဇာပိုင်ဟိရေလဲဆိုစွာကို သိဟိနိုင်အောင် ဗိုလ်ရာဇာနန့် ညီအစ်ကိုတော်စပ်သူ တော်လှန်ရေးလုပ်ဖေါ်ကိုင်ဖက် တစ်ဦးလည်းဖြစ်ရေ ကိုလင်းခိုင်ကို ကိုမောင်အေးက တွိ့ဆုံပြီး အဂုပိုင် မိန်းမြန်းထားပါရေ။

မိန်း။ ကိုလင်းခိုင်အနီနန့် ဗိုလ်ရာဇာ၏ ကိုယ်ရေးရာဇ၀င်အကြောင်းကို ပထမ ပြောပြပီးပါလား။

ဖြေ။ ဗိုလ်ရာဇာစွာ မင်းပြားမြို့နယ်ရွှေချောင်းကျေးရွာဇာတိ ဖြစ်ပါရေ။ သူ၏ဖခင်က ဦးသာမြအောင်၊ မိခင်က ဒေါ်ကြာစိန်မေ (သို့) ဒေါ်ကြာစိန်ဖြူ ဖြစ်ပါရေ။ သားသမီး ၇ ယောက်အနက် တတိယမြောက် သားဖြစ်ပါရေ။ ငယ်နာမည်က လှထွန်းအောင်ဖြစ်ပါရေ။ သူ့ကို အသက် ၁၃နှစ်မှာ သျှင်ပြုပြီး စစ်တွေမြို့ ပုသိမ်ကျောင်းတိုက်နန့် စစ်တွေမြို့က
ကြက်ကိုင်းတန်ကျောင်းမှာလည်း ပရိယတ္တိစာပီတိကို သင်ကြားခပါရေ။

မိန်း။ ဗိုလ်ရာဇာစွာ တော်လှန်ရေးနန့် ဇာပိုင်ဆက်စပ်ခပါသလဲ။ ဇာပါတီနန့်ဆက်စပ်ပြီး သူ တော် လှန်ရေး စလုပ်ခစွာပါလဲ။

ဖြေ။ ယင်းပိုင် စစ်တွေမှာ စာသင်နေတုန်း အသက် ၁၆နှစ်အရွယ်ကတည်းက သူက နိုင်ငံရေး၊ တော်လှန်ရေး အသိုင်းအ၀ိုင်းတနန့် ထိတွိ့ ဆက်ဆံခပါရေ။ အထူးသဖြင့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP
နန့် ဆက်စပ်ပြီး လျှို့ဝှက်ယူဂျီလုပ်ခပါရေ။ ရန်ကုန်နန့် စစ်တွေကိုအလားအလာလုပ်ပြီးကေ လျှို့ဝှက်ယူဂျီ လုပ်နိန်ရေအချိန်မှာ အသက် ၂၀ပြည့်ရေအခါ သူရို့ရွာမှာ မိဘတိက ရဟန်းခံပီးပါရေ။ နောက်ပိုင်းမှာ ရန်ကုန်ကို ပြန်လားပြီး
လျှို့ဝှက်ယူဂျီအလုပ်တိကို ဆက်လက်လုပ်ကိုင်ခပါရေ။ ယင်းပိုင် လိုလုပ်ယင်းနန့် လူသိများ
လာရေအခါ ရန်ကုန်မှာ နီလို့မရရေအတွက် ဘိတ် (မြိတ်)၊ ကော့သောင်းဘက်ကို ထွက်လားခရပါရေ။

မိန်း။ ဗိုလ်ရာဇာ၏ ငယ်စဉ်က စိတ်သဘောထား ဇာပိုင်ဟိရေလည်းဆိုတာကို ပြောပီးပါ။

ဖြေ။ သူ့ စိတ်နီသဘောထားကို သိရသလောက်ပြောရကေသူ ဇာနိန်ရာကို ရောက်ရောက်၊ ဇာအလုပ်ကိုပင်လုပ်လုပ်၊ ဇာပညာကိုပင် သင်သင်သူစွာ ရခိုင်အမျိုးသားရေးကိုသာ ပိုပြီးကေ အလီးထားရေစိတဟိရေလို့ သိရပါရေ။ ငယ်စဉ်ကတည်းက သူစွာ အမျိုးသားရေးအကြောင်းတိကိုသာပြောလေ့ဟိပါရေ။ နောက်ပြီးကေ သူ့အဖကလည်း ရခိုင်တော်လှန်ရေးသမား
ပြောက်ကျားတစ်ဦးဖြစ်တေ အတွက် သူစွာ အမျိုးသားရေးစိတ်ဓါတ် ငယ်စဉ်ကတည်းက ပြင်းထန်ခသူတစ်ဦးဖြစ်ပါရေ။ ရခိုင်တမျိုး သားလုံး လွတ်မြောက်ရေးအတွက်ငယ်စဉ်ကပင် စိတ်ဓါတ်ပြင်းထန်သူ တစ်ဦးဖြစ်ရေအတွက် အရွယ်ရောက် လာရေအခါမည်သူတဦးတယောက်ကမှ တိုက်တွန်းစရာမလိုဘဲ တော်လှန်ရေးနယ်ပယ်ထဲကို အရောက် လားပြီး လက်နက်ကိုင်တော်လှန်ရေးကို လုပ်ကိုင်ခစွာဖြစ်ပါရေ။

မိန်း။ ဗိုလ်ရာဇာစွာ လုပ်ဖေါ်ကိုင်ဖက်တိနန့်သူ့လက်အောက်မှာဟိရေ ရဲဘော်ရဲဘက်တိကို သူကဇာပိုင် သဘောထား ဆက်ဆံတတ်ပါလဲ။

ဖြေ။ သူစွာ အမျိုးသားရေးသမားပီပီရခိုင်ပြည်နန့် ရခိုင်လူမျိုးလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရေ ဇာသူ့
ကိုမဆို ချစ်မြတ်နိုးရေ စိတ်ဟိပါရေ။ သူနန့်အတူ တော်လှန်တိုက်ပွဲဝင်ခရေ ရဲဘော်ရဲဘက်တိအပေါ်မှာလည်း မိမိရင်ဝယ်သားကဲ့သို့ သဘောထားပြီးစောင့်ယှောက်ပါရေ။ တိုက်ပွဲမှာကျဆုံးလားရေ သူ၏ ရဲဘော်တိ အတွက်လည်း
သူစွာ အချိန်အကြာကြီး စိတ်ထိခိုက်တတ်ပြီး သူ့အတွက် ပိုပြီးအလုပ် လုပ်ဖို့စိတ်ပြင်းပြသူ တစ်ဦးလည်း ဖြစ်ပါရေ။

မိန်း။ ဗိုလ်ရာဇာ ဇာကြောင့် ကျဆုံးရသလဲလို့အစ်ကိုယ့် အနီနန့် ယူဆပါသလဲ။

ဖြေ။ ဗိုလ်ရာဇာ ကျဆုံးရစွာကစေတနာလွန်ကဲအားကြီးလို့ ကျဆုံးရရေလို့ ပြောချင်ပါရေ။ ဇာကြောင့် လဲဆိုကေ
ခုကိစ္စမှာ သူက အကြီးဆုံးတာဝန်ဟိသူဖြစ်ပြီး သူ့အောက်က တာဝန်ဟိသူတိ လားရောက်ဆောင်ရွက်ကေ ရနိုင်ရေကိစ္စဖြစ်ကေလေ့ ကိုယ်ကိုယ်တိုင် လားရောက်လုပ်ကိုင်ရေအတွက် အခုလိုဖြစ်ခရစွာဖြစ်ပါရေ။ ဗိုလ်ရာဇာစွာ ဇာအလုပ်မဆို မိမိကိုယ်တိုင် လားရောက်လုပ်ကိုင်ရမှကြေနပ်တေလူစားမျိုးဖြစ်ပါရေ။ သူ့ လက်အောက်က အဆင့်ဆင့်လုပ်နိန်ကတ်တေသူတိကို အားမလိုအားမရဖြစ်ရာကနီ သူကိုယ်တိုင်ပါဝင်ပြီး အိန္ဒိယကို လားရောက်ခစွာဖြစ်ပါရေ။ ဇာနိန်ရာမဆို သူလုပ်မှ ရရေဆိုရေသဘောထားတိဟိပါရေ။ အမျိုးသားအတွက် ဖြစ်စီချင်ရေဆန္ဒတိစွာ လွန်ကဲရေအတွက်
အခုပိုင်အဖြစ်ဆိုးနန့် ကြုံတွိ့ခရစွာ ဖြစ်ပါရေ။

မိန်း။ နိုင်ငံရေးအသိုင်းအ၀ိုင်းနန့် တော်လှန်ရေးအသိုင်းအ၀ိုင်းက ခေါင်းဆောင်တချို့က ပြောကတ်ပါရေ။ ဗိုလ်ရာဇာက
နိုင်ငံရေးမဟိ၊ မိုက်ရူးရဲဆန်ရေ။ စစ်ဘုရင်ဝါဒကျင့်သုံးရေ။ စသဖြင့်အမျိုးမျိုး ဝေဖန်ပြောဆိုမှု တွိရပါရေ။ ယင်းအပေါ် အစ်ကိုဇာပိုင် ထင်ပါသလဲ။

ဖြေ။ ယင်းကိစ္စနန့် ပတ်သက်လို့ပြောရဖို့ဆိုကေသူစွာ စစ်သားတစ်ယောက်ဖြစ်တေအတွက် အပြောကြမ်း ပါရေ။ ယကေလေ့
သူ့နှလုံးသားစွာ အလွန်တရာမှ နုညံ့ပါရေ။ ရခိုင်ပြည်နန့် ရခိုင်လူမျိုးအပေါ်မှာသူ ထားရေသဘောထားစွာ အလွန်တရာ နုညံ့အားကြီးပါရေ။ ဇာလောက်ပင် သူ့ပါးစပ်က ကြမ်းကြမ်းတမ်းတမ်း ပြောကေလေ့ သူပြောရေစကားတိထဲမှာ စေတနာပါရေအတွက်ကြားရရေသူတိက စကားကြမ်းကြမ်း ပြောကေလေ့ ခွင့်လွှတ်သည်းခံကြပါရေ။
ဗိုလ်ရာဇာ၏ နိုင်ငံရေး၊ စည်းရုံးရေး၊ တိုက်ခိုက်ရေးကအစ ကျွန်တော်အနီးကပ်မြင်လိုက်ရစွာက တခုလေ့ပြောစရာမဟိပါ။ နောက်တခုက သူ့ကိုဝိုင်းရံပီးကတ်တေ တချို့ခေါင်းဆောင် တိက သူ့အမှားတိကိုတွိ့ကေလည်းမှားစွာကို မှားရေလို့မပြောဘဲ မှန်ရေဆြိုပီး မြှောက်ပင့်လို့ ပီးကြစွာတိလည်း ဟိခပါရေ။ ယင်းအတွက်ကြောင့်လည်း ဗိုလ်ရာဇာကို
ထိခိုက်မှုတချို့ဟိခပါရေ။ ယကေလေ့ ဗိုလ်ရာဇာစွာ တိုင်းပြည်အတွက်အများကြီး အလုပ်လုပ်ခသူတစ်ဦးဖြစ်ရေ အတွက် မှားစွာတိ ဟိနိုင်ခကေလေ့ သူမှားခစွာတိက သာမန်အမှားမျိုးတိသာ ဖြစ်ရေလို့ ပြောချင်ပါရေ။

မိန်း။ ဗိုလ်ရာဇာစွာ ရခိုင်ပြည်တပ်မတော်ကို စတင်တည်ထောင်လာရေ ခေါင်းဆောင်တစ်ယောက်ဖြစ်ပါရေ။ ယင်း စတင်လာရေအခါ သူ ဇာပိုင်ဖြတ်သန်းကျော်လွှားလာသလဲဆိုစွာကို အစ်ကိုသိသလောက် ပြောပြပီးပါလား။

ဖြေ။ ဗိုလ်ရာဇာ ပထမဆုံး ALP ကိုဝင်ပါရေ။ သိရသလောက်ဗိုလ်ရာဇာစွာ ALP က
ခေါင်းဆောင်တချို့နန့် ဆက်ဆံရေး အဆင်မပြေလို့ သိရပါရေ။ ယင်းကြောင့် သူ့ကို သီဒဏ်ပီးခစွာတိ ဟိရေလို့လည်း သိရပါရေ။ ယင်းပိုင် သီဒဏ်ပီးခံရရေအတွက်သူစွာ ကရင်နယ်မြီ တပ်မဟာ ၄ ကို တိတ်တဆိတ် ထွက်ခွါလားပြီး ယင်းမှာ
တော်လှန်ရေးစလုပ်ပြီး လက်နက်နိ စုဆောင်းပါရေ။ လူတိ စုဆောင်းခပါရေ။ လက်နက်နန့် ငွေအင်အား တောင့်တင်းလာရေအခါ ပင်လယ်ပြင်ကို မော်တော်ဘုတ်တိနန့်ဖြတ်ပြီး ဘင်္ဂလာ-ရခိုင်နယ်စပ်မှာ ရခိုင်ပြည် တပ်မတော်
AA ကိုလာရောက်ထူထောင်ခပါရေ။ ဗိုလ်ရာဇာစွာ ခေတ်သစ် ရခိုင်တော်လှန်ရေးသမိုင်းမှာ ရခိုင်တော်လှန်ရေးအတွက် လက်နက်ခဲယမ်းမီးကျောက် အများဆုံးရှာဖွီစုဆောင်းပီးနိုင်ခရေ ခေါင်းဆောင်တစ်ဦးဖြစ်ပါရေ။

မိန်း။ ဗိုလ်ရာဇာစွာ ရခိုင်တော်လှန်ရေးမှာ အလွန်နာမည်ကြီးခရေ ခေါင်းဆောင်တစ်ဦးဖြစ်ပါရေ။ ယင်းချင့်က ဇာကြောင့်ပါလဲ။

ဖြေ။ ဗိုလ်ရာဇာစွာ သူရ သတ္တိနန့် ပြည့်စုံသူတစ်ဦးဖြစ်ပြီး တိုက်ခိုက်ရေးမှာ အလွန်ကောင်းရေသူ တစ်ဦး
ဖြစ်ပါရေ။ နောက်ပြီး ဇွဲ၊ ၀ိရိယ၊ သက်လုံကောင်းပါရေ။ နီစွာထိုင်စွာ လားစွာလာစွာအစ သတိ ဟိပါရေ။ စစ်သားကောင်းတစ်ယောက်အနိနန့် ဇာနိန်ရာမှ သူ့ကိုပြောဖွယ်ရာမဟိပါ။ ဆက်ဆံရေး မှာ၎င်း၊ စည်းရုံးရေးမှာ၎င်း၊ လူထုနန့်
ဆက်ဆံရေနိန်ရာမှာလည်း ပျော့ပျောင်းပါရေ။ ပီးကမ်းချီးမြှင့်ရေနိန်ရာမှာလည်း မငှဲ့ကွက်တတ်ပါ။ ငယ်သားတိအပေါ်မှာ စိတ်ထိခိုက်အောင် မပြောပါ။ နောက်ပြီးကေ မဟာမိတ်တိနန့် လည်း ပြေလည်ပါရေ။ ဗုဒ္ဓဘာသာနန့်ဆိုင်ရေ
လှူဒါန်းစွန့်ကြဲပေးကမ်းမှုတိကို ရောက်ရေနိန်ရာမှာ လုပ်ပါရေ။ ပြီးကေ ဗိုလ်ရာဇာစွာ တော်လှန်ရေး သက်တမ်းတလျှောက်လုံးမှာ သူ့ကိုယ်ကျိုးအတွက် တခုလည်းလုပ်ကိုင်ခစွာ မဟိဘဲ အမြင့်မြတ်ဆုံး ပီးဆပ်လားသူတစ်ဦးဖြစ်ပါရေ။
ဗိုလ်ရာဇာစွာ ရခိုင့် နိုင်ငံရေး တော်လှန်ရေးမှာ စံတင်ထားလောက်တေ ကိုယ်ကျိုးစွန့်အနစ်နာခံသူတစ်ဦး ဖြစ်ပါရေ။ ယင်းကြောင့်
ရခိုင်တော်လှန်ရေးနယ်ပယ်မှာ အချိန်တို အတောအတွင်း ဗိုလ်ရာဇာစွာအထူးထင်ရှားသူတစ်ဦးဖြစ်ခစွာ ဖြစ်ပါရေ။

မိန်း။ ဗိုလ်ရာဇာ ကျဆုံးလားရခြင်းအတွက် ရခိုင်လူမျိုးတိအတွက် နစ်နာဆုံးယှုံးမှုတိ ဟိရေလို့ ထင်ပါသလား။

ဖြေ။ ဗိုလ်ရာဇာ ကျဆုံးလားရေအတွက်ကျွန်တော်ရို့ ရခိုင်သားတိအတွက် အလွန့်အလွန် ဆုံးယှုံးမှုတစ်ခု ဖြစ်တေလို့
ကျွန်တော်အနီနန့် ခံစားရပါရေ။ ဇာဖြစ်လို့လဲဆိုကေ ဗိုလ်ရာဇာကျဆုံးလားရေနောက်ပိုင်းမှာ သူ့ပိုင်လူမျိုး နောက်ထပ်ပေါ်ပေါက်မလာရေအတွက်ဖြစ်ပါရေ။ ဗိုလ်ရာဇာ လုပ်ခရေလမ်းကြောင်းကို ဆက်လက် လုပ်နိုင်ရေသူ
မဟိရေပိုင် ဗိုလ်ရာဇာ အသက်၊ သွီး၊ ချွေးနဲက ရင်းနှီးပြီးရှာဖွီထားခရေလက်နက် ခဲယမ်း မီးကျောက်တိကိုလည်း ထိန်းသိမ်းနိုင်ခရေ သူတိ မဟိခပါ။ ရခိုင်တော်လှန်ရေးမှာ ကိုယ်ကျိုး စွန့်သူတိနည်းပါးပြီးကေ ဗိုလ်ရာဇာပိုင် ရွတ်ရွတ်ချွန်ချွန် ထမ်းဆောင်နိုင်ရေ ခေါင်းဆောင်တိကို လက်ဆင့်ကမ်း မမွီးထုတ်နိုင်ရေအတွက် သူကျဆုံးလားခြင်းက
ရခိုင်တော်လှန်ရေးအတွက် အစားထိုး မရနိုင်ရေ ဆုံးယှုံးမှုကြီးတစ်ရပ် ဖြစ်ပါရေ။ ဗိုလ်ရာဇာ ကျဆုံးသလားရေအတွက် ရခိုင်အမျိုးသားတိ လွတ်မြောက်ဖို့ နောက်ထပ် နှစ်ပေါင်း ၂၀ လောက် နောက်ကျလားပါရေ။
အားနည်းလားရေလို့ ကျွန်တော့် အနီနန့် သတ်မှတ်ပါရေ။

မိန်း။ တချို့ကပြောပါရေ။ ဗိုလ်ရာဇာအသက်ရှင်ဟိသိမ့်ရေ။ တချို့က အိန္ဒိယအစိုးရ သတ်ပစ် လိုက်တတလို့
အမျိုးမျိုးပြောနိန်ကြပါရေ။ ယင်းအပေါ် ညီတော်စပ်တဲ့ မိသားစုဝင်တစ်ယောက်အနီနန့် ဇာပိုင်ထင်ပါသလဲ။

ဖြေ။ ကျွန်တော်က ဗိုလ်ရာဇာ သီဆုံးလာခဗျာယ်ဖြစ်တေလို့ ယူဆပါရေ။ ဇာဖြစ်လို့လည်းဆိုကေ ပြဿနာဖြစ်ရေနိန့်ကစပြီး ခုအချိန်ထိ တခုအစတနလည်း ပေါ်မလာဗျာယ်ဖြဟ်လို့ ဗိုလ်ရာဇာနန့်တကွခေါင်းဆောင် ၆ ယောက် ကို အိန္ဒိယစစ်တပ်က သတ်ပစ်စွာမှန်ရေလို့ကျွန်တော့်အနီနန့် ယုံကြည်ပါရေ။ အဂု အဖမ်းခံနီရရေ ရဲဘော်တိလည်းဗိုလ်ရာဇာနန့် ပစ်သတ်ခံရစွာကို မမြင်ခရကေလေ့ သေနတ်သံတိကိုကြားခရသူတိလည်း ဖြစ်ကြပါရေ။ ယင်းကြောင့် ကျွန်တော်က အိန္ဒိယအစိုးရ
လုပ်ကြံသတ်ဖြတ်ပစ်တေဆိုစွာကို ဧကန်မုချ ယုံကြည်ပါရေ။ နောက်တချက်ကအိန္ဒိယနိုင်ငံမှာ ဒေကိစ္စနန့်ပတ်သက်လို့ ရေတပ်ဗိုလ်ချုပ်ကြီးကိုတောင်မှ ဖြုတ်ပစ်ရရေအဆင့်ထိဟိခရေအတွက် အမှန်တကယ် သတ်ပစ်စွာဟုတ်တေလို့ယုံကြည်ပါရေ။

ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးအတွက် မြန်မာစစ်အစိုးရကို လက်နက်ကိုင်တိုက်ပွဲဆင်နွဲဖို့ဆိုပြီးကေ ရခိုင်ပြည် တပ်မတော်AA ကို
ထူထောင်ခရေ စစ်ဦးစီးချုပ် ဗိုလ်ရာဇာအပါအ၀င် ခေါင်းဆောင် ၆ ယောက်ကို ၁၉၉၈ ခုနှစ် ဖေဖေါ်ဝါရီလမှာ အိန္ဒိယထောက်လှမ်းရေးက အန်တမန်ကျွန်းမှာရေတပ်အခြီစိုက်စခန်းတစ်ခု ဖွင့်ပီးမေ ဆိုပြီး ခေါ်ယူလားကာ
လုပ်ကြံသတ်ဖြတ်လိုက်ပါရေ။ ဗိုလ်ရာဇာ လုပ်ကြံခံလိုက်ရပြီးနောက် သူနန့် အတူပါလာသော ရခိုင်ကရင် ရဲဘော် ၃၄ ယောက်ကိုလည်း ဂနိန့်တိုင် အိန္ဒိယအစိုးရကချုပ်နှောင်ထားပါရေ။ ဘင်္ဂလာနယ်စပ်မှာဟိနိန်ရေ ရာနန့်ချီရေ ရဲဘောတိနန့်
ခေတ်မှီလက်နက်မျိုးစုံမှာလည်း သူနန့်အတူ ပျောက်ဆုံးလားခရပါရေ။
http://www.arakanarmy.blogspot.com

အောင်ပွဲခံRNDP

အောင်ပွဲခံRNDP

၂၀၁၀နိုဝင်ဘာ ၇ရက်
မြန်မာနိုင်ငံ ရွေးကောက်ပွဲ
ရခိုင်သားတိ စည်းလုံးခြင်းကိုပြ။

ရခိုင်သားတိ ထည့်လိုက်တေမဲ
ရတပ မဲ
တံဆိပ်ကိုရာ ကြည့်လီကတ်
သီ၇ိဝစ္ဆ ဒင်္ဂါးလတ်။

ယင်းဘေးနားမှာ အမှန်ခြစ်လို့
ရခိုင်သားတိ မဲပီးကတ်တေ
၄၄နေ၇ာ ပြိုင်စွာမှာ
၃၅နေ၇ာ နိုင်ခေ၇
ရခိုင်ပါတီ RNDP။

အောင်ပွဲခံလီ RNDP
ငါ၇ို့နိုင်ေ၇လို့ စိတ်နေမမြင်ကေ့
မကျေနပ်ရေ လူတိကြည့်နေရေ
စံ၇ဖွေလူမျိုး ဟိသိမ့်ေ၇
ရခိုင်သားတိ သတိထားမယ်။ ။

မောင်ဟာလူ(ARAKAN)

ရခိုင်ပြည်နယ် မိုးရေလွှမ်းမိုးမှု လယ်ဧကများ ဆုံးရှုံးခဲ့ရ၊ ဒေသခံများ ယခုတိုင် ငတ်ဘေးနှင့် ဆိုင်ရင်နေရ

ဂစ္ဆပသတင်းဌာန
သြဂုတ်လ (၁) ရက်၊ ၂၀၁၁၊ နံနက် (၈း ၃၀)နာရီ။
http://gissapa.blogspot.com

ရခိုင်ပြည်နယ် မိုးရေလွှမ်းမိုးမှု လယ်ဧကများ ဆုံးရှုံးခဲ့ရ၊ ဒေသခံများ ယခုတိုင် ငတ်ဘေးနှင့် ဆိုင်ရင်နေရ

ရခိုင်ပြည်နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းခဲ့မူကြောင့် ဒေသအများအပြားတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ရာ စပါးစိုက်ပျိုးထားသည့် လယ်မြေဧက သောင်းချီပျက်စီးဆုံးရှုံးသွားခဲ့၍ လူထုများ အငတ်ဘေး အခက်အခဲဖြင့် ကြုံကြိုက်နေကြရဆဲဖြစ်ကြောင်း ပြည်တွင်း ဂစ္ဆပ သတင်းထောက် က ပြောသည်။


ဇူလိုင်လ ဒုတိယအပတ်အတွင်း ရွာသွန်းခဲ့သည့်မိုးမှာ နှစ်ပေါင်း (၃၀)အတွင်း ရွာခဲ့သည့်မိုးများထက် ပိုမိုရွာသွန်းနှုန်းကြီးခဲ့ပြီး ပင်လယ်ရေပြင် မျက်နှာမှာလည်း ယခင်နှစ်များကထက် ပိုမိုမြင့်တက်ခဲ့ကြောင်း သူက သုံးသပ်ရှင်းပြသည်။

“မြောက်ဦးမြို့နယ်မှာက ရေလျှံတာကတော့ လုံးဝမလျော့ဘဲ မြို့ပေါ်ရပ်ကွက်တွေမှာ လေးရက်လောက်နေခဲ့ပါတယ်၊ ဆိုးတာက လေနဲ့ဒီရေကြီးတာကြောင့် ရွံ့နွံတွေရေနဲ့အတူ ရောပါလာလို့ စပါးခင်းတွေက ရေကျသွားတာနဲ့ ရွံ့ဖိခံသွားရတယ်၊ ရေနစ်ပြီး ရွံ့ဖိသွားခဲ့တဲ့ စပါးခင်းတွေ အကုန်လုံး ပျက်စီးသွားခဲ့ပါတယ်၊ ဧကအတိအကျတော့ ပြောဖို့ခက်ပေမဲ့ အများအပြား ပျက်စီးဆုံးရှုံး ခဲ့ပါတယ်၊ မိုးတအားရွာတော့ ခရီးသွားတွေလည်း ဆိုင်းငံ့ခဲ့ရပါတယ်၊ အဲဒီကြား ကုန်ဈေးနှုန်းတွေလည်း မသိမသာ တက်ခဲ့ပါတယ်၊ ဒါက အနည်းဆုံး မြို့နယ် ၈ မြို့လောက်မှာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်၊ သဘာဝဒဏ်ခတ်မှုကြီးတော့ အငတ်ဘေးတွေက ရှိမှာသေချာ ပါတယ်။”ဟု ပြောသည်။

အဆိုပါ မိုးကျရေကြီးပြီး လေပြင်းပါတိုက်ခတ်သွားသောကြောင့် မြောက်ဦးမြို့နယ်တွင် ဇူလိုင်လ (၁၈)ရက်နေ့ ကတည်းက စပါးစိုက်ခင်း များအပြင် လူနေရပ်ကွက်များပါ ရေဖုံးလွှမ်းခံခဲ့ရကြောင်း သိရှိရသည်။

၎င်းက ဆက်လက်၍ “အစိုင်အလာအရ ဒေသခံတွေက ရေကြီးကြီး၊ ဘာဘဲဖြစ်ဖြစ် ကုန်းမြင့်တွေမှာ ဆောက်လုပ်ထားတဲ့ ဘုန်းတော်ကြီး ကျောင်းတွေ၊ ဘုရားကျောင်းကန်ဇရပ်တွေဆီသွားပြီး ခိုအောင်းလေ့ ရှိကြပါတယ်၊ ဒါပေမဲ့ ဒီနှစ်ရွာသွန်းတဲ့မိုးမှာ ဘုန်းကြီးကျောင်း၊ ဇရပ်တွေအပြင် ဘုရားတည်ထားကိုးကွယ်တဲ့ ကုန်းမြင့်တွေကိုပါ ရေလွှမ်းမိုးခံရတာကြောင့် တော်တော့ကို အခက်အခဲနဲ့ ရင်ဆိုင်နေရ ပါတယ်၊ လူနေဖို့မရမှတော့ နွား၊ ကျွဲ၊ ဆိတ်တွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေ အနည်းအများ သေကုန်ပါတယ်၊ အခုထိ ထမင်းမတွေ့တဲ့ မိသားစုတွေ ရှိနေတယ်လို့ သိရပါတယ်။”ဟု ရှင်းပြသည်။

အဆိုပါ မိုးကြီးခဲ့မှုကြောင့် ရခိုင်ပြည်နယ်တွင် ကျောက်ဖြူမြို့နယ်၊ မင်းပြား၊ ကျောက်တော်၊ ဂွ၊ သံတွဲ၊ မြေပုံနှင့် တချို့မြို့နယ်များတွင် ရေလွှမ်းမိုးမှု အများအပြားရှိခဲ့၍ ဒေသခံများ အခက်အခဲနှင့် ယခုအချိန်ထိ ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ရခိုင်ပြည်နယ်တွင် လွန်ခဲ့သောနှစ်က ဖြစ်ပေါ်ခဲ့သည့် ဂီရိမုန်တိုင်းဒဏ်သင့် ဒေသခံများနှင့် လယ်မြေဧကများကို ယနေ့အထိ သက်ဆိုင်ရာမှ ပြန်လည်ထူထောင်ရေး စနစ်တကျ မပြုလုပ်နိုင်သေးကြောင်း သိရှိရသည်။ ထို့ပြင် ယခုနှစ် မိုးရေလွှမ်းမိုးမှုကြောင့် စပါးစိုက်ခင်းများ တခြားဒေသများတွင်ပါ သေကြေပျက်စီးမှုများ ခံခဲ့ရမှုများကြောင်း ဒေသအသီးသီးမှ ဒေသခံများမှာ စပါးဝမ်းစာအတွက် ရင်မို့ နေကြရကြောင်း စုံစမ်းသိရှိ ရသည်။

ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု

ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု

ထွန်းထွန်း | သောကြာနေ့၊ ဇူလိုင်လ ၂၉ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၂၆ မိနစ်


(UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာနှင့် အင်တာဗျူး)

နယူးဒေလီ (မဇ္ဈိမ) ။ ။ အရပ်သားအစိုးရသစ်တွင် သမ္မတနှင့် စစ်တပ်အကြား အားပြိုင်နေသည့် အတွက်
အစိုးရ အဖွဲ့တွင်း ဦးစွာ ညှိနှိုင်းမှသာလျှင် အများလိုချင်သည့် ငြိမ်းချမ်းရေးအတွက် ပြုလုပ်နိုင်မည်ဟု ညီညွတ်သော တိုင်းရင်သားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

UNFC တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ မွန်ပြည်သစ်ပါတီ NMSP၊ ရှမ်းပြည် တိုးတက်ရေးပါတီ-ရှမ်းပြည်တပ်မတော် SSPP/SSA၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် ချင်းအမျိုးသား တပ်ဦး CNF တို့မှာ အခြေခံအဖွဲ့ဝင်များအဖြစ် ပါဝင်သည်။

UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာကို မဇ္ဈိမသတင်းထောက် ထွန်းထွန်းက ဆက်သွယ် မေးမြန်းထားသည်။


UNFC အဖွဲ့ဝင်တွေရဲ့ အဓိက တောင်းဆိုချက်ကကော ဘာများလဲဗျ။

“ကျနော်တို့ရဲ့ အဓိကတောင်းဆိုချက်ကတော့ ကျနော်တို့နိုင်ငံက လူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်တဲ့ အပေါ်မှာ
စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့။ လူမျိုးတိုင်း၊ လူမျိုးတိုင်းမှာ အမျိုးသား ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေးတွေ ရှိဖို့။ အဲဒီလို စစ်မှန်တဲ့ ပြည်ထောင်စုမျိုးကို ပြန်လည်ဖွဲ့စည်းနိုင်ဖို့ ပေါ့ဗျာ။ နောက် လွယ်လွယ်နဲ့ ပြောရမယ်ဆိုရင် တချိန်က ၁၉၄၇ ခုမှာ စတင်ပြီးတော့ အခြေ တည်လာခဲ့တဲ့ ပင်လုံစာချုပ်အပေါ်မှာ ပြန်လည်ပြီးတော့မှ အကောင်အထည် ဖော်နိုင်ဖို့ပေါ့လေ။ အဲဒီ အပေါ်မှာ”

အခုအစိုးရက ပြည်ထောင်စုစနစ်ကို လုပ်ဆောင်နေတယ် ဆိုတော့ အန်ကယ်တို့ကလည်း ပင်လုံစာချုပ် ပါ ပြည်ထောင်စု စနစ်ကို လိုလားတယ်ဆိုတော့ ဘယ်လိုများကွာဟနေသလဲ။

“ကျနော်တို့ မြင်တာကတော့ ပင်လုံစာချုပ် အခြေခံအရ ပေါ့နော်။ စစ်မှန်တဲ့ ပြည်ထောင်စုကို တည်ဆောက်ဖို့ လမ်းကြောင်းက သွားပြီးတော့မှ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်ချင်တာ။ ဒါပေမဲ့ အာဏာရထားတဲ့ အစိုးရအသစ်က အဲဒီလို မမြင်ဘူး။ ကျနော်တို့ဘက်က ခံယူချက်ကတော့ သူတို့ကတော့ ဗမာ မဟုတ်တဲ့ တိုင်းရင်းသား တွေကို လက်အောက်ခံ လူမျိုးတွေ အနေနဲ့ပေါ့ဗျာ။ အဲဒီလိုထားပြီးတော့မှ ကျနော်တို့ကို နှိမ့်ချ ထားပြီးတော့မှ သူတို့ရဲ့ ဦးဆောင်မှုအပေါ်မှာ လိုက်နာစေချင်တဲ့ ပုံစံမျိုးနဲ့ ချုပ်ကိုင်ပြီးတော့မှ တပြည်ထောင် စနစ်ပုံစံ ပေါ့ဗျာ။ အဲဒီလိုပုံစံနဲ့ သွားချင်နေတဲ့ပုံစံ ရတယ်။ အဲဒါကို ကျနော်တို့ ခံစားမိတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ လက်မခံနိုင်ဘူးဗျ။ အဲဒါကြောင့် ကွာခြားနေတာပါ”

“ကနေ့ လက်ရှိအစိုးရသည်ပင်လျှင် ပြည်နယ်တွေ ဖွဲ့စည်းထားတယ်။ ဒါပေမဲ့ ပြည်နယ်တွေမှာ ပြည်နယ် အခွင့်အရေးတွေ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရှိဘူး။ အနိမ့်ဆုံးပေါ့ဗျာ။ ပြည်နယ်ထဲမှာ သက်ဆိုင်ရာ လူမျိုးရဲ့ ဘာသာစကား၊ စာပေကိုတောင် တရားဝင်သင်ကြားခွင့် မရှိဘူးဗျာ။ အဲဒီလို ဘာမှ အခွင့်အရေး မရှိတဲ့ ပြည်နယ်မျိုး ကိုလည်း ကျနော်တို့က လက်ခံလို့ မဖြစ်နိုင်ဘူး။ ကျနော်တို့က မခံယူနိုင်ဘူး”
အခု မြန်မာအစိုးရသစ်က ငြိမ်းချမ်းရေးအတွက် ပါလီမန်ထဲကနေ လုပ်ဆောင်ဖို့ ပြောထားတာ ရှိတယ်။ ဒီတော့ UNFC ကကော လုပ်ကိုင်ဖို့ အစီအစဉ် ရှိသလား။

“သူတို့ရဲ့ လွှတ်တော်ထဲမှာ ပြောဖို့ဆိုတာ ကျနော်တို့မှာ အစီအစဉ်လည်း မရှိဘူး။ ပြောလို့ရနိုင်မယ်လို့လည်း မထင်ဘူး။ ကျနော်တို့က လွှတ်တော် ကိုယ်စားလှယ်တွေလည်း မဟုတ်ဘူးလေ။ ကျနော်တို့ ပါဝင်နိုင်ခြင်းလည်း မရှိဘူး။ နောက် သူတို့ထဲမှာ ကန့်သတ်နေတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအရပေါ့ဗျာ။ အဲဒီထဲကို ကျနော်တို့က ဝင်ပြီးတော့မှ လှုပ်ရှားရမယ်ဆိုရင် ကျနော်တို့ လွတ်လပ်ခွင့်မရှိဘူးလေ”

အခု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်ပွဲကြောင့် လူတွေ နစ်နာတဲ့ အတွက် အစိုးရ အပါအဝင် အားလုံးကို အပစ်ရပ်ဖို့နဲ့ ကြားဝင်စေ့စပ်ဖို့ ကမ်းလှမ်းမှုကကော အကောင်အထည် ဖော်နိုင်မယ်လို့ မျှော်လင့်ထားလား။

“ကျနော်တို့ဘက်ကတော့ အဲဒါကို ကြိုဆိုတယ်၊ ထောက်ခံတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လုပ်သင့် လုပ်ထိုက်လို့ လုပ်တဲ့လုပ်ငန်းဖြစ်တယ်။ ဒါက အလုပ်ဖြစ်မယ်၊ မလုပ်ဖြစ်ဘူးဆိုတာကတော့ အာဏာရထားတဲ့ အစိုးရအပေါ်မှာ အဓိက မူတည်တယ်လို့ မြင်တယ်လေ”

သမ္မတက ငြိမ်းချမ်းရေးအတွက် ပြောနေပေမယ့် စစ်တပ်က တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်တာဟာ သမ္မတနဲ့ စစ်တပ်ကြား အာဏာခွဲဝေမှု ပြဿနာလို့ သုံးသပ်မှုတွေ ရှိနေတယ်။ ဒီတော့ UNFC ကကော ဘယ်လိုမြင်ပါသလဲ။

“ကျနော်တို့လည်း အဲဒီကိစ္စမှာ ခန့်မှန်းမိတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အစိုးရမှာ တဖက်က အစိုးရက အာဏာအားလုံး သူ့လက်ထဲမှာ မရှိဘူးဗျ။ စစ်တပ်က သီးခြားလို ဖြစ်နေတယ်။ လွှတ်တော်ကလည်း သီးခြားလို ဖြစ်နေတယ်။ ဒါက ဗိုလ်ချုပ်သန်းရွှေက နေပြီးတော့မှ အစီအစဉ် ချထားတဲ့အပေါ်မှာ အာဏာတွေခွဲပြီးတော့ လုပ်ထားတဲ့ ပုံစံ ဖြစ်နေတယ်”

“အဲဒီတော့ သူတို့က တခုခုလုပ်မယ်ဆိုရင်တော့ ကျနော်တို့ အများကြီး စဉ်းစားရတယ်ဗျ။ သူတို့မှာ လုပ်ပိုင် ခွင့်ရှိရဲ့လား၊ အားလုံးရဲ့ သဘောတူညီမှုရှိရဲ့လားဆိုတာ အဲဒါ ခက်နေတယ်။ အဲဒီအနေအထားမျိုး ရှိနေတော့ ကျနော်တို့လည်း အစစအရာရာ ချင့်ချိန်နေရတယ်”

ဒါဆိုရင် ပြည်တွင်းငြိမ်းချမ်းရေး တကယ်လိုချင်ရင် သမ္မတနဲ့ စစ်တပ်ကြား အရင်ညှိနှိုင်းရမယ့် သဘောလားဗျ။

“ဟုတ်တယ်။ ဒါလည်း လိုအပ်တယ်။ သူတို့ဘက်မှာ အဓိက ပိုလိုအပ်တယ်လို့ မြင်တယ်။ ဘယ်လိုမျိုး ညှိနှိုင်း သင့်သလဲဆိုတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းဖို့ ဆန္ဒရှိဖို့ လိုတယ်။ တချို့ကတော့ အဲဒီလိုဆန္ဒ
မရှိဘူး။ စစ်ရေးနည်းနဲ့ပဲ ဖြေရှင်းချင်တယ်။ အဲဒီလို ညှိနှိုင်းတဲ့နေရာမှာလည်း တိုင်းရင်းသားတွေ အပေါ်မှာ မှန်ကန်တဲ့ သဘောထား သူတို့အတွင်းမှာ ညီဖို့လိုတယ်ဗျ။ ဥပမာ တချို့က ဘယ်လို အခွင့်အရေးမျိုး ပေးချင်တယ်၊ တချို့က ဘယ်လိုအခွင့်အရေးမျိုးပဲ …ဥပမာ မပေးချင်ဘူးဆိုတဲ့ အနေအထား မျိုးပေါ့ဗျာ။ သူတို့ထဲမှာ အမြင်မတူရင် အဲဒီကိစ္စက ပုံစံချဖို့က တော်တော်လေး ခဲယဉ်းမယ်လို့ ကျနော် ထင်တယ်”

UNFC ရဲ့တောင်းဆိုခွင့်ရမယ်ဆိုရင် အစိုးရဘက်က ဦးဆုံး လိုက်လျောရမှာက ဘာဖြစ်မလဲ။

“သဘောကတော့ ကနေ့ ထိုးစစ်ကို မလုပ်ဖို့။ တဖက်က ထိုးစစ်မလုပ်ဘူး။ ကျနော်တို့ဘက်ကလည်း ထိုးစစ်
မလုပ်ဘူး။ အဲဒီလို နားလည်မှုယူပြီးတော့မှ ယာယီအပစ်အခတ် ရပ်စဲရေးလုပ်ကြမယ်။ အဲဒီကာလမှာ ကျနော်တို့
ဟာ နိုင်ငံရေးအရ ဘယ်လို တွေ့ဆုံ ညှိနှိုင်းဖြေရှင်းနိုင်မလဲဆိုတာကိုလည်း တဖက်က နည်းလမ်း ရှာသွားမယ်။ အဲဒီလိုပုံစံနဲ့ဆိုရင် ညှိနှိုင်းလို့ရပါတယ်”

“ကျနော်တို့အနေနဲ့က စစ်အစိုးရက ထိုးစစ်ဆင်နေတဲ့ အဓိကအားဖြင့် ကချင်တို့၊ ရှမ်းတို့၊ ကရင်တို့ ဧရိယာ မှာ
ပေါ့ဗျာ။ အဲဒါအားလုံးကို ရပ်ဆိုင်းပြီးတော့ တပြည်လုံး အပစ်အခတ်ရပ်စဲရေးကို ကြေညာစေချင်တယ်။ ကျနော်
တို့ဘက်ကလည်း ကျနော်တို့ လိုက်နာမယ်”

စစ်တပ်က အပစ်မရပ်ဘူးဆိုရင်ကော။

“ကျနော်တို့က ကိုယ့်ကိုကိုယ် ခုခံကာကွယ်တဲ့အနေနဲ့ အားလုံးစုပေါင်းပြီး ခုခံသွားရမှာပေါ့။ ဒါက မလွဲမရှောင်သာ လုပ်ရတဲ့ လုပ်ငန်းဖြစ်တယ်လို့ ခံယူထားတယ်”

ဖြည့်စွက်ပြောချင်တာများ ရှိသေးလား။

“ကျနော်တို့နိုင်ငံမှာက ပြည်တွင်းစစ်ဖြစ်နေတာ နှစ်ပေါင်း ၆ဝ ကျော်ပြီ။ ကျနော်တို့ နိုင်ငံက တဖက်က ကြည့်မယ်
ဆိုရင် သဘာဝသယံဇာတတွေက တော်တော်လေးကို ကြွယ်ဝတယ်၊ ပြည့်စုံကောင်းမွန်တယ်။ ဒါပေမဲ့ ပြည်တွင်း စစ်ဖြစ်နေလို့ ကျနော်တို့နိုင်ငံဟာ အဲဒီသဘာဝသယံဇာတတွေရဲ့ အကျိုးကျေးဇူးတွေကို လည်း မခံစားနိုင်ဘူး။ တဖြည်းဖြည်းချင်းနဲ့ ခေတ်နောက်ကျပြီး ဆင်းရဲမွဲတေနေတယ်။ ပြည်သူလူထုတွေ လည်း ဒုက္ခ ဖြစ်နေတယ်”

“ပြည်တွင်းစစ်ကြောင့် တိုင်းရင်းသားတွေ အမျိုးမျိုးနစ်နာနေရသလို ဗမာလူမျိုးတွေလည်း လွတ်လပ်ရေးရဲ့ အခွင့်အရေးကို ခံစားခွင့်မရှိကြဘူးလို့ မြင်တယ်။ ပြည်တွင်းစစ်ဖြစ်နေတဲ့အတွက် ဘယ်လူမျိုးမှာမှ အကျိုးမရှိဘူး။ နိုင်ငံအတွက်လည်း အကျိုးမရှိဘူး။ အဲဒါကို ကျနော်တို့က စစ်ရေးနည်းနဲ့ ထပ်ပြီး ရှင်းနေရင်လည်း ပြေလည်နိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် နိုင်ငံရေးအရ ဖြေရှင်းနိုင်တဲ့နည်းကို ရှာပြီးတော့မှ အမြန် ဖြေရှင်းနိုင်တာက အကောင်းဆုံးပဲ”

Friday, July 29, 2011

သမ္မတဦးသိန်းစိန်မှ လောကမဉ္စူ ရှေ့ဟောင်းဘုရားကို မြောက်ဦးတွင် ကိုးကွယ်ခွင့်ပြုလိုက်ပြီ

News Date:7/29/2011
သမ္မတဦးသိန်းစိန်မှ လောကမဉ္စူ ရှေ့ဟောင်းဘုရားကို မြောက်ဦးတွင် ကိုးကွယ်ခွင့်ပြုလိုက်ပြီ
မောင်အေး

မြောက်ဦးမြို့တွင် ရောက်ရှိနေသော နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်မှ ရခိုင် ရှေးဟောင်း မြို့တော် မြောက်ဦးမှ တူးဖေါ်ရရှိသော လောကမဉ္စူ ရွှေဆင်းထု ဘုရားအပါအ၀င် တခြား ရှေးဟောင်း ဘုရားများကို မြောက်ဦးမြို့တွင် ဆက်လက်ထားရှိ ကိုးကွယ်ရန် ယနေ့ခွင့်ပြုလိုက်ကြောင်း သတင်း ရရှိသည်။

ယနေ့နံနက် ၁၀ နာရီခွဲတွင် မြောက်ဦးဟိုတယ်တွင် ဒေသခံ မြို့မိ မြို့ဖ များနှင့်တွေ့ဆုံစဉ် သမ္မတ ဦးသိန်းစိန်က ထိုသို့ ခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း မြောက်ဦးမြို့ခံ လူကြီး တဦးက ပြောသည်။


Lawkamazu-golden-Buddha
�ဟုတ်ပါတယ်။ ကျွန်တော်တို့ ဒီလောကမဉ္စူဘုရားကို စလို့တွေ့ပြီးနောက် သက်ဆိုင်ရာက မြောက်ဦး ပြတိုက်မှာထားမယ် ဆိုပြီး ရှေ့ဟောင်းသုတေသန ဌာနကတောင်းနေပါတယ်။ ကျွန်တော်တို့ မြို့သူမြို့သားတွေနဲ့ ဂေါပကတွေက ပြည်နယ် ၀န်ကြီးချုပ်ထံကို စာရေးပြီး ရတနာ့ မာန်အောင် ကျောင်းမှာဘဲထားဖို့ ခွင့်ပြုချက် တောင်းခံခဲ့ပါတယ်။ ဒီနေ့ နိုင်ငံတော် သမ္မတကြီး ရောက်လာတဲ့အခါ ရတနာမာန်အောင်ကျောင်းမှာဘဲ ဗိမာန်ဆောက်ပြီး အများ ပြည်သူဆန္ဒအရ ပူဇော်ပါ ဆိုပြီး ခွင့်ပြုလိုက် ပါတယ်။�

ယခုကဲ့သို့ သမ္မတက ခွင့်ပြုချက် ပေးလိုက်သဖြင့် ယခုအခါ မြောက်ဦးမြို့သူ မြို့သားများ အထူး ၀မ်းသာနေကြကြောင်းလည်း သိရသည်။

အဆိုပါ ဆင်းထုတော်အား ရတနာမာန်အောင် ဆရာတော်ကြီး ကမ္မဌာန စရိယ ဘဒ္ဒန္တ ၀ါယာမိန္ဒနှင့်တကွ မြို့သူမြို့သားများပူးပေါင်းပြီး ဆက်လက်ထိမ်းသိမ်းသွားမည့် အစီစဉ်ကိုလည်း သူကဆက်ပြောသည်။

�ဆရာတော် ဘုရားကြီးက ငွေကျပ် သိန်းတရာ မတည်ထားပါတယ်။ ကျွန်တော်တို့ တခြား အလှူငွေတွေ လည်း သိန်း ၄၀ နီးပါး ရထားပါတယ်။ နောက်ထည့်ဝင်ပေးဖို့ အလှူရှင်တွေလည်း ရှိတယ်။ ရတနာမာန်အောင် ကျောင်းထဲမှာဘဲ ဘုရားကိန်းဝပ်ဖို့ ဗိမာန်တခုကို တင့်တင့်တယ်တယ် ဆောက်ပြီး ကျွန်တော်တို့ ဂေါပကအဖွဲ့ သာမက မြို့မိမြို့ဖတွေပါ အားလုံးပေါင်းပြီး အဖွဲ့တဖွဲ့ ဖွဲ့ပြီးတော့ စနစ်တကျ ထိမ်းသိမ်းသွားဖို့ စီစဉ်ထားပါ တယ်။�

မြောက်ဦးမြို့ခံဘုန်းတော်ကြီးတပါးကလည်း အဆိုပါဘုရားကို မြောက်ဦးမြို့တွင် ထားရှိမည့် အစီစဉ်မှာ သင့်တော် ကောင်းမွန်သော အစီအစဉ် ဖြစ်ကြောင်းပြောသည်။

�မြောက်ဦးမှာ အဆောင်တခုဆောက်ပြီး ထားမယ့် အစီအစဉ် သင့်တော် ကောင်းမွန်ပါတယ် ။ အယင် စကြာမုနိ ဘုရားကို ရရှိတုန်းကလည်း သီးခြား အဆောင်တခုဆောက်ပြီး စစ်တွေမှာ အပူဇော်ခံ ကိုးကွယ် ထားသလို အခုလည်း လောကမဉ္စူဘုရားကို သီးခြားအဆောင်တခု ဆောက်ပြီး မြောက်ဦးမှာ ကိုးကွယ် ထားတာဟာ အာလုံးအတွက် ကောင်းပါတယ်။�

အဆိုပါဘုရားရရှိပြီးနောက် ဇွန်လ ၄ ရက်နေ့တကြိမ် ဇူလိုင် လ ၁၇ ရက်နေ့ကတကြိမ် နှစ်ကြိမ်တိုင်တိုင် အာဏာပိုင်များမှ နေပြည်တော်သို့ယူဆောင်ရန် ကြိုးစားသော်ခဲ့သော်လည်း မြောက်ဦးမြို့ခံများက ကန့်ကွက်ခဲ့သည့်အတွက် ယခုကဲ့သို့ သမ္မတသိန်းစိန်က သူ၏ မြောက်ဦး ခရီးစဉ်တွင် ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

အဆိုပါဘုရားကို မြောက်ဦးမြို့ လောကမဉ္စူ စေတီတော်ပြန်လည်ပြုပြင်ရန် မေလ ၃၀ ရက်နေ့က ရှင်းလင်းစဉ် တူးဖော် ရရှိခဲ့ခြင်းဖြစ်ပြီး အများက ရွှေဟု ယူဆထားပြီး အလေးချိန် ၄ ပိဿာ ၆၄ ကျပ်သားရှိပြီး အေဒီ ၈ ရာစုခန့်ကသွန်းလုပ်ခဲ့သည့် ဈာနမုဒြာအမျိုးစားဖြစ်သည်။

အဆိုပါဘုရားနှင့်အတူ လောကမဉ္စူစေတီတော်မှ တခြားဗုဒ္ဓရုပ်ပွားတော်အပါအ၀င် ဌာပနာ ၃၇ ခုကို ရရှိခဲ့ သည်။
http://www.narinjara.com/detailsbur.asp?id=3354

Thursday, July 28, 2011

မြန်မာနဲ့ အိုမန် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပြဿနာတက်

ကြာသပတေး, 28 ဇူလိုင် 2011
မြန်မာနဲ့ အိုမန် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပြဿနာတက်

By ကိုရန်နိုင်


မြန်မာနှင့် အိုမန် ဘောလုံးအသင်းတို့ ပွဲမကစားမီ နှစ်ဘက် အသင်းခေါင်းဆောင်များ နှုတ်ဆက်နေစဉ်။
ဓာတ်ပုံ ASSOCIATED PRESS
မြန်မာနှင့် အိုမန် ဘောလုံးအသင်းတို့ ပွဲမကစားမီ နှစ်ဘက် အသင်းခေါင်းဆောင်များ နှုတ်ဆက်နေစဉ်။ ဇူလိုင် ၂၈၊ ၂၀၁၁။

ရန်ကုန်မြို့မှာ ဒီကနေ့ ကြာသပတေးနေ့မှာ ကစားခဲ့တဲ့ မြန်မာနဲ့ အိုမန်အသင်းတို့ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲအကြို အာရှဇုန် ဒုတိယအဆင့် ခြေစစ်ပွဲမှာ ပရိသတ်တွေ ပြဿနာဖြစ်ခဲ့တာကြောင့် ပျက်သွားခဲ့ပါတယ်။ ပွဲကို ဆက်ကစားဖို့ ကြိုးစားခဲ့ပေမဲ့လည်း ဆက်မကစားနိုင်တော့တဲ့အတွက် မြန်မာအသင်းဟာ ဒီပွဲကို အရှုံးပေးလိုက်ရပြီး အိုမန်အသင်းက ကမ္ဘာ့ဖလား ခြေစစ်ပွဲ တတိယအဆင့်ကို တက်သွားပါတယ်။ ဒီအကြောင်း အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

သုဝဏ္ဏကွင်းမှာ ဒီကနေ့ ကစားတဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲကတော့ ပရိသတ်တွေ ပြဿနာဖြစ်တာကြောင့် ပွဲကို ဆက်မကစားနိုင်ဘဲ ရပ်ပစ်လိုက်ရတာပါ။ ဘောလုံးပွဲကို လာကြည့်တဲ့ ပရိသတ်က သုဝဏ္ဏကွင်း ပွဲကြည့်စင်အားလုံး ပြည့်ရုံတင် မဟုတ်ဘဲ လျှံထွက်တဲ့ အထိပါ အားပေးကြပြီးတော့ အားပေးတဲ့ အထဲမှာ လူငယ်တွေ အတော်များများ ကြည့်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါပေမဲ့ မြန်မာအသင်းဟာ ပထမပိုင်းမှာကတည်းက ၂ ဂိုး ပေးလိုက်ရပြီး အဲဒါကို ပရိသတ်တွေက မကျေမနပ် ဖြစ်ပြီးတော့ ပထမဂိုး ၀င်ပြီးတဲ့ အချိန်ကတည်းက ပြဿနာတွေ စဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် အိုမန်အသင်းက ပယ်နယ်တီကတဆင့် ဒုတိယဂိုး ရသွားတဲ့အချိန်မှာ အခြေအနေတွေက ပိုဆိုးလာခဲ့ပြီး ပရိသတ်တွေက ကွင်းထဲကို ရေဘူးတွေအပြင် ခဲတွေ၊ ပုလင်းတွေ၊ ထီးတွေ၊ ဖိနပ်တွေနဲ့ပါ ပစ်ပေါက်ခဲ့တဲ့အထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အထူးသဖြင့် လုံခြုံရေးတွေကို ကွင်းအတွင်းမှာ ပိုပြီး တိုးချလိုက်တဲ့အချိန်မှာ ပရိသတ်တွေက ပိုပြီးတော့ အကြီးအကျယ် ဒေါသထွက်ခဲ့ပြီး ကွင်းထဲမှာ သတင်းယူနေကြတဲ့ သတင်းထောက်တွေကိုရော၊ ဆေးရုံကားတွေကိုပါ ပစ်ပေါက်ခဲ့တာ ရှိခဲ့တယ်လို့ သိရပါတယ်။ ကွင်း လေးဘက်လေးတန်မှာရှိတဲ့ ပရိသတ်တွေ အဲဒီလို ပစ်ခဲ့တဲ့အထဲမှာ အနောက်ဘက် အထူးတန်းက ပရိသတ်တွေ ပစ်လိုက်တဲ့ ခဲဟာ အိုမန်အသင်း နည်းပြနဲ့ ကစားသမားတွေ ထိုင်တဲ့နေရာကိုပါ ထိသွားတယ်လို့ မြန်မာလက်ရွေးစင် နည်းပြဟောင်း ဦးမျိုးဝင်းညွန့်က ပြောပါတယ်။

“ဆိုးတာက အထူးတန်းဘက်ကနေပြီးတော့ ရေဘူးလား၊ ခဲလား မသိဘူး ပေါက်ထည့်လိုက်တာ အိုမန် အရန်နဲ့ Official တွေထိုင်တဲ့ Bench Cover ပေါက်ထွက်သွားပြီးတော့ အဲဒီက တယောက်ကို ထိသွားတယ်။ ကျနော်မြင်ရတာတော့ ထိသွားတဲ့ပုံစံ ဖြစ်သွားတော့၊ ဘယ်လောက်အထိ ဆိုးတယ်ဆိုတာကတော့ အဲဒီလို ပေါက်ထွက်သွားတယ် ဆိုတာက ပလတ်စတစ်ကာဗာ ပေါက်သွားပြီး လူကို သွားထိတာပေါ့။ အဲဒီပုံစံမျိုး ဖြစ်သွားတဲ့အတွက် သူတို့လည်း ကွင်းထဲကို ပြေးသွားပြီး Treatment ယူနေရတဲ့ပုံစံ ကျနော်တို့က မြင်နေရတာပေါ့။”

နောက်ပိုင်း ကြားသိရသလောက် အိုမန်အသင်း နည်းပြတယောက်လည်း ဒီပစ်ခတ်မှုကြောင့် ထိခိုက်သွားတယ်လို့ သိရပါတယ်။ အဲဒီလို အခြေအနေတွေကြောင့် အိုမန်ကစားသမားတွေနဲ့ ဒီပွဲကို ကြီးကြပ်တဲ့ ဒိုင်တွေဟာ ကွင်းလယ်မှာ ရပ်နေခဲ့ပြီး မြန်မာ ဘောလုံးတာဝန်ရှိသူတွေနဲ့ အာဏာပိုင်တွေက ပရိသတ်တွေကို တောင်းပန်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူးလို့ ဘောလုံးပွဲကြည့် ပရိသတ်တဦးက အခုလို ပြောပါတယ်။

“ရန်ကုန်တိုင်း ရဲမှူးကြီး အောင်သန်းရယ်၊ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ရယ်က ကွင်းထဲကို လှည့်ပြီးတော့ ပရိသတ်ကို လိုက်တောင်းပန်တယ်။ သူတို့နောက်မှာ ရဲလုံခြုံရေးတချို့ ပါတာပေါ့ဗျာ။ သူတို့ကိုပါ ပရိသတ်က ပစ်တယ်။ တောင်းပန်လို့ မရတော့ဘူး။ နောက်တော့ ပရိသတ်က ဘယ်လိုဖြစ်လာလဲဆို ဖိနပ်တွေနဲ့ပစ်တယ်၊ နောက် ထီးတွေဘာတွေ ပါတယ်၊ ပစ်တာ။ ရှိတာနဲ့ အကုန်ပစ်သလို ဖြစ်တာပေါ့။ လေးဘက်လေးတန် ပရိသတ်ကြီးက ပစ်နေတော့ ပွဲက ၅ နာရီအတိမှာ ပွဲဖျက်လိုက်ရတယ်။”

နောက်ပိုင်းမှာ မြန်မာ ဘောလုံးတာဝန်ရှိသူတွေက ပွဲကို ဆက်ကစားနိုင်ဖို့အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေ အပါအ၀င် အိုမန်အသင်း တာဝန်ရှိသူတွေ ဆက်လက်ညှိနှိုင်းခဲ့ကြပြီး ပရိသတ်တွေ မရှိတော့တဲ့ အချိန်မှာ ဆက်ကစားဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ ဖီဖာက သတ်မှတ်ထားတဲ့ ကစားချိန်ထက် ၂ နာရီ ကျော်သွားခဲ့တာကြောင့် ဆက်မကစားလို့ မရဘဲ ပွဲကို ဖျက်ပြီးတော့ အရှုံးပေးလိုက်ရတာ ဖြစ်ပါတယ်။

မြန်မာအသင်းဟာ ဒီပွဲမှာ ၂ ဂိုးနဲ့ ရှုံးနေပေမဲ့လည်း ပွဲကို ဆက်မကစားနိုင်ဘဲ ရပ်လိုက်ရတဲ့အတွက် ဖီဖာစည်းမျဉ်းအရ မြန်မာအသင်းဟာ ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးတယ်လို့ သတ်မှတ်ခဲ့ပြီး ၂ ပွဲပေါင်း ရလဒ် ၅ ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲကစားတဲ့ ခြေအရ အိုမန်အသင်းက သာတယ်လို့ မြန်မာ့လက်ရွေးစင် နည်းပြဟောင်း ဦးမျိုးဝင်းညွန့်က သုံးသပ်ပါတယ်။ ဒီပွဲမှာ အိုမန်ကစားသမားတွေဘက်က ကွင်းထဲကို ကျလာတဲ့ ခဲတွေကို ပြိုင်ပွဲ တာဝန်ရှိသူတွေကို ပြသပြီး တိုင်တန်းခဲ့တဲ့အတွက် မြန်မာအသင်းဟာ နောက်ပိုင်းမှာ အရေးယူခံရနိုင်ဖွယ် ရှိတယ်လို့လည်း သိရပါတယ်။

SSA တောင်ပိုင်းတပ် SSA မြောက်ပိုင်းတပ်ကို စစ်ကူပေးပြီ

ကြာသပတေး, 28 ဇူလိုင် 2011
SSA တောင်ပိုင်းတပ် SSA မြောက်ပိုင်းတပ်ကို စစ်ကူပေးပြီ

By နိုင်ကွန်းအိန်

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ရဲ့ ၀မ့်ဟိုင်း ဌာနချုပ်ကို မြန်မာအစိုးရ တပ်တွေက ၀ိုင်းထားဆဲဖြစ်ပြီး တဘက်မှာလည်း ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် သံဃာတော်တွေကို စေလွှတ်ခဲ့ပါတယ်။ အဲဒီလို စေလွှတ်ပြီးတဲ့ နောက်ပိုင်းမှာပဲ ဒေသခံ ရွာသားတွေ ပိုင်တဲ့ မော်တော်ယာဉ်တွေကို ချောဆွဲခဲ့တဲ့ မြန်မာစစ်တပ်တွေနဲ့ SSPP တပ်ဖွဲ့တွေအကြား ၂ ကြိမ်တိုင်တိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ ဒီရက်ပိုင်းအတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေရဲ့ ထူးခြားချက်ကတော့ ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်းအဖွဲ့က SSA မြောက်ပိုင်း တပ်တွေဆီ လာနေတဲ့ အစိုးရတပ်ဖွဲ့ ယာဉ်တန်းကို လမ်းခုလတ်က ဖြတ်တောက် တိုက်ခိုက်ခဲ့ပြီး စစ်ရေး အကူအညီတွေ ပေးနေတယ်လို့ ဆိုပါတယ်။ မြန်မာအစိုးရတပ်တွေ အနေနဲ့ ၀မ့်ဟိုင်း ဌာနချုပ်ကို ထိုးစစ်ဆင်ဖို့ ရပ်တန့်နေတာဟာ နည်းဗျူဟာ အပြောင်းအလဲ လုပ်ဆောင်နေတာလို့ SSPP ခေါင်းဆောင်တွေက ယူဆနေတဲ့အကြောင်း စုံစမ်းထားတဲ့ နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

မြန်မာစစ်တပ်အနေနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ ၀မ့်ဟိုင်း ဌာနချုပ် ဒေသကို ၀ိုင်းထားတဲ့ အခြေအနေမှာပဲ ရှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ်ထဲက ဒေသခံ ရွာသားတွေ ပိုင်ဆိုင်တဲ့ မော်တော်ယာဉ်တွေကို လာရောက် ချောဆွဲတဲ့ မြန်မာစစ်တပ်တွေနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ တပ်ဖွဲ့ဟာ ဇူလိုင် ၂၇ ရက်နေ့မှာ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ရှမ်းတပ်ဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။ မြန်မာစစ်တပ်တွေကနေ စားနပ်ရိက္ခာ၊ စစ်ပစ္စည်းတွေ သယ်ဆောင်ဖို့ ကားချောဆွဲတဲ့ အချိန်မှာ စောင့်ကြို တိုက်ခိုက်ခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက အခုလို ပြောပါတယ်။

“မနေ့က အဲဒီ မိုင်းယန်တပ် ခလရ ၃၂၅ က သီပေါမြို့နယ်ထဲက ပုံလျမ်းဆိုတဲ့ ရွာထဲကို ထော်လာဂျီကား ၅ စီး ပေါ်တာဆွဲတယ်၊ ချောဆွဲတာပေါ့။ သူတို့ လိုအပ်မှုရှိရင် အဲဒီ ပါစင်ဂျာကားဖြစ်ဖြစ် ရွာထဲက တွေ့သမျှ အဲဒီ ထော်လာဂျီ အကြီးအငယ်ဖြစ်ဖြစ် သူတို့ ရိက္ခာ၊ လက်နက်ခဲယမ်းတို့ တင်ဖို့ပေါ့။ အဲဒီမှာ သူတို့အသွားမှာ ကျနော်တို့တပ်က စောင့်ပြီးတော့ တိုက်တယ်လေ။ တနာရီဝန်းကျင်လောက်ပေါ့။ အဲဒီတိုက်ပွဲမှာ ခလရ ၃၂၅ က တယောက်ကျတယ်။ ၅ ယောက် ဒဏ်ရာရတယ်။ နောက် အဲဒီအဖွဲ့ပဲ ၅ နာရီလောက်မှာ အဲဒီရွာအ၀င်မှာ ကျနော်တို့လူ စောင့်ပြီးတော့ ပြန်တိုက်တယ်။ ထိခိုက်မှုတော့ များတယ်။ အတိအကျတော့ ကျနော်တို့လည်း စုံစမ်း စိစစ်ဆဲပဲ။”

မြန်မာစစ်တပ်ဟာ ဒေသခံ သံဃာတော် ၂ ပါးကို စေလွှတ်ပြီး ငြိမ်းချမ်းရေး ကမ်းလှမ်းလာတဲ့ အနေအထားမှာပဲ အခုလို တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

မြောက်ပိုင်း ရှမ်းပြည်တပ်မတော်ဘက်ကို သွားမယ့် မြန်မာစစ်ယာဉ်တန်းတွေကို တောင်ပိုင်း SSA တပ်ဖွဲ့တွေကနေ လမ်းခရီးမှာ ဖြတ်တိုက်ခဲ့တယ်လို့လည်း ပြောပါတယ်။ ဒီအခြေအနေတွေကို တောင်ပိုင်း SSA တပ်ဖွဲ့ကို ဆက်သွယ် မေးမြန်းခဲ့ရာမှာတော့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်က အခုလို ပြောပါတယ်။

“မြောက်ပိုင်းတပ်တွေကို စစ်အစိုးရက လာပြီး တိုက်ခိုက်တဲ့ အချိန်မှာ ကျနော်တို့ တောင်ပိုင်း ရှမ်းပြည်တပ်မတော်တွေကလည်း မြောက်ပိုင်းတပ်တွေကို ကူညီဖို့ စစ်ရေးအရ အကူအညီပေးပြီး တိုက်ခိုက်တဲ့ နည်းလမ်းလည်း ရှိပါတယ်။ အခုလည်း ကျနော်တို့ လုပ်ဆောင်နေပါတယ်။ ကျနော်တို့က သတင်းရရှိလို့ မိုင်းနောင်ကနေ ၀မ်ကျင်း ကားလမ်းပေါ်မှာ ကျနော်တို့ SSA ပြောက်ကျားတပ်ဖွဲ့တဖွဲ့ ခြုံခို တိုက်ခိုက်တာပေါ့။ နေ့လယ် ၁၂ နာရီကနေ ၁၂ ခွဲအထိပေါ့။ ခမရ ၅၇၇၊ စကခ ၂၊ မိုင်းနောင်အခြေစိုက် ကား ၅ စီးပေါ့နော်၊ သူတို့လာတာ။ မြောက်ပိုင်းတပ်ဖွဲ့တွေကို သွားမယ့် Convoy ဖြစ်ပါတယ်။ အဲဒီမှာ ကျနော်တို့ ၀င်တိုက်တော့ ၃ ဦး ဒဏ်ရာရရှိကြတယ်။ ဗျူဟာမှူး ဗိုလ်မှူးကြီး ၀င်းညွန့်လို့ ပြောတယ်။ အဲဒီမှာ ဒဏ်ရာရရှိသွားတယ်။”

တောင်ပိုင်း SSA တပ်ဖွဲ့တွေ အနေနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီကို တတ်နိုင်တဲ့ နည်းလမ်းတွေနဲ့ အကူအညီ ဆက်ပေးသွားမယ်လို့လည်း ဗိုလ်မှူး စိုင်းလောင်ဆိုင်က ပြောပါတယ်။

မြန်မာစစ်တပ်အနေနဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံတဲ့ မြောက်ပိုင်း SSA ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ ၀မ့်ဟိုင်း ဌာနချုပ်ကို ၀ိုင်းပတ် ပိတ်ဆို့ထားပေမဲ့ စခန်းသိမ်း ထိုးစစ်ဆင်မှုတွေ မပြုလုပ်ရသေးပါဘူး။ အခုလို ရပ်ဆိုင်းထားတဲ့ အခြေအနေဟာ မြန်မာစစ်တပ်ဘက်ကနေ နည်းဗျူဟာပြောင်းတာ ဖြစ်နိုင်တယ်ဆိုပြီး ပါတီခေါင်းဆောင်တွေ ပြောဆိုနေတယ်လို့ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

“ကျနော်တို့ ခေါင်းဆောင်ပိုင်းတွေတော့ ပြောခဲ့တယ်။ သူတို့ အလုံးအရင်းနဲ့ ကျနော်တို့ ၀မ့်ဟိုင်း ဌာနချုပ်ကို အဲဒီ ၁၈ ရက်နေ့ကနေ အခုထက်ထိ ပိတ်ဆို့ထားဆဲပဲ။ အခုဟာ သူတို့ နည်းဗျူဟာပြောင်းတဲ့ သဘောမျိုး ရှိတယ်။ အခု သူတို့ထဲက ပြဿနာ တခုခုလား ဒါမှမဟုတ် သူတို့မှာ ပြင်ဆင်မှု နောက်ထပ် Plan ချဖို့တော့ မပြီးမြောက်သေးလို့လား မသိဘူးလေ။ လက်ရှိနေရာမှာပဲ သူတို့ တပ်စွဲထားတယ်ဆိုတော့ တခုခုတော့ တခုခုပဲ။”

၂၀၁၀ ခုနှစ် မတ်လကစပြီး မြန်မာစစ်တပ်ဟာ ရှမ်းပြည်တိုးတက်ရေးပါတီ တပ်ဖွဲ့ကို စတင် တိုက်ခိုက်ခဲ့ပါတယ်။ ရှမ်းပြည်တိုးတက်ရေးပါတီ တပ်ရဲ့ အခြေခံစခန်းတွေဖြစ်တဲ့ နမ်းမစခန်း၊ နမ့်လောင်စခန်း၊ စိန်ကျော့စခန်း၊ နောင်ချိုစခန်း၊ နမ့်ကိုင်ဖိတ် စခန်းတွေကိုလည်း သိမ်းပိုက်ခဲ့ပါတယ်။ ဇူလိုင်လ ၁၁ ရက်နေ့ကစပြီး ရှမ်းပြည်တိုးတက်ရေးပါတီ ဌာနချုပ်ကို အပြီးသိမ်းယူဖို့ အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့တဲ့ မြန်မာစစ်တပ်ဟာ အခုလို စစ်ဆင်မှု ရပ်တန့်နေတာဟာ မြန်မာစစ်တပ်ဘက်ကနေ လိုအပ်တဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ အချိန်ယူနေတယ်လို့ နယ်စပ် စစ်ရေးအကဲခတ်သူတွေက ပြောဆိုသုံးသပ်မှုတွေလည်း ရှိနေပါတယ်။

Civic Education အကြောင်း တစေ့တစောင်း

Civic Education အကြောင်း တစေ့တစောင်း

Saturday, June 5, 2010
၂၀ ရာစုနှောင်းပိုင်း ကာလမှာ နိုင်ငံရေးသီအိုရီတခုဖြစ်တဲ့ Civic Education အကြောင်းကို ပညာရှင်တွေရဲ့ စိတ်ဝင်စားတစား လေ့လာမှုတွေ တစတစ ကျယ်ပြန့်လာခဲ့ပါတယ်။ နိုင်ငံသားကောင်းဖြစ်ဖို့ဆိုတာ လုပ်ယူရတာ ဖြစ်တယ်။ မွေးကတည်းက ဖြစ်လာတာ မဟုတ်ဘူး ဆိုတာကို လူအများက ပိုပြီး လက်ခံလာခဲ့ကြပါတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံရေးအဆောက်အအုံ တခု ဖြစ်ထွန်းလာဖို့အတွက် သင့်လျော်တဲ့ အသိပညာ၊ အတတ်ပညာနဲ့ စာရိတ္တမြင့်မားတဲ့ နိုင်ငံသားတွေ လိုအပ်တယ်ဆိုတဲ့ အချက်ကို နိုင်ငံခေါင်းဆောင်များက တညီတညွတ်တည်း လက်ခံလာကြပါတယ်။ ဒါပေမယ့် အသိပညာ၊ အတတ်ပညာနဲ့ စာရိတ္တမြင့်မားတဲ့ နိုင်ငံသားတွေ များပြားလာအောင် ဘယ်လို လုပ်မလဲ ဆိုတာက မေးစရာ ဖြစ်လာပါတော့တယ်။ စာသင်ကျောင်းတွေ၊ တက္ကသိုလ် ပညာရေးတွေနဲ့တင် မလုံလောက်ဘူးဆိုတာကိုလဲ သိမြင်လာကြပါတယ်။



Civic Education ဆိုရာဝယ်Civics ဆိုတာ နိုင်ငံသားအခွင့်အလမ်းနဲ့ တာဝန်တွေကို လေ့လာခြင်း ဖြစ်ပါတယ်။ Civic Education ဆိုတာကတော့ ဒီလိုနိုင်ငံသားအခွင့်အလမ်းနဲ့ တာဝန်တွေ၊ နိုင်ငံရေးအင်စတီကျူးရှင်းတွေနဲ့ ပြည်သူ့ရေးရာ မူဝါဒတွေကို လူအများသိရှိလာအောင် ပညာပေးခြင်းပဲ ဖြစ်ပါတယ်။ အဓိပ္ပာယ်ဖွင့်ဆိုချက် မူကွဲတွေ အမျိုးမျိုးရှိပေမယ့် " ဘုံအကျိုးစီးပွားရရှိရေးအတွက် ဆောင်ရွက်ရန်၊ အများပြည်သူအား အစိုးရနှင့် အခြားအဖွဲ့အစည်းများမှ abuse လုပ်ခြင်းနှင့် တိုက်ခိုက်ခြင်းကို ကာကွယ်ပေးရန်၊ ပြည်သူ့ရေးရာကိစ္စရပ်များကို ဝေဖန်ဆန်းစစ်နိုင်သော အသိဥာဏ်ပညာများကို ဖြန့်ဖြူးပေးရန်၊ အသိပညာဗဟုသုတများကို ကိုယ်ပိုင်အကျိုးစီးပွားနှင့် အများပြည်သူအကျိုးစီးပွားအတွက် အသုံးပြုရန် ဟူသော ရည်မှန်းချက် မရှိပါက မည်သည့် civic potential မှ ပြည့်စုံမည် မဟုတ်ပေ။ နိုင်ငံသားအခွင့်အလမ်းနှင့် တာဝန်များဆိုင်ရာ အသိပညာ၊ အရည်အချင်း၊ အမြင်နှင့် တန်ဖိုးထားမှုများသည် နိုင်ငံရေးရာကိစ္စရပ်များတွင် နိုင်ငံသားများအားလုံး တာဝန်သိစွာဖြင့် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ခြင်းကို ဖြစ်တည်လာစေသည်။ သို့ဖြစ်ရာ အဆိုပါ အရည်အသွေးများ မြင့်မားလာစေရန် ဆောင်ရွက်ရေးသည် civic education ၏ mission ဖြစ်သည်" ဆိုတဲ့ mission အပေါ်မှာပဲ အခြေခံထားတာတွေ ဖြစ်ပါတယ်။

နိုင်ငံသားတယောက်ဟာ နိုင်ငံရဲ့ vision ကို သိမြင်နားလည်ရမှာဖြစ်ပါတယ်။ အမျိုးသားအကျိုးစီးပွားကို နားလည်ပြီး ကာကွယ်စောင့်ရှောက်တတ်ရပါမယ်။ နိုင်ငံတော်အစိုးရ အုပ်ချုပ်သူများရဲ့ မူဝါဒတွေကို ဆန်းစစ်ဝေဖန်နိုင်စွမ်း ရှိရပါမယ်။ အများပြည်သူရဲ့ အကျိုးစီးပွားနဲ့ ကိုယ်ပိုင်အကျိုးစီးပွား ယှဉ်တွဲလာတဲ့အခါမှာ အများပြည်သူအကျိုးစီးပွားကို ဦးစားပေးလိုတဲ့ civic virtue ရှိရပါမယ်။ ဥပမာ- ဖွံ့ဖြိုးဆဲနိုင်ငံအများစုရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်နှေးစေတဲ့ လာဘ်စားမှု ပြဿနာဟာ civic virtue မရှိတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ရဲ့ civic virtue ဆိုတာမှာ Civic dispositions ( ဒီမိုကရေစီစနစ် ထွန်းကားရှင်သန်ရေးကို ဆောင်ရွက်လိုသော နိုင်ငံသားအမြင်၊ အလေ့အထနှင့် စိတ်ထားများ ရှိခြင်း) နဲ့ Civic commitments (ဒီမိုကရေစီစနစ်၏ အခြေခံ တန်ဖိုးများနှင့် စည်းမျဉ်းများအပေါ်တွင် အလေးပေးအာရုံစိုက်မှု) ဆိုတာတွေ ပါဝင်ပါတယ်။

Civic Education ဆိုတာက ဒီလို civic virtue ကို မြှင့်တင်ပေးပြီး ထိရောက်တဲ့ civic participation ဖြစ်လာအောင် ပညာပေးခြင်း ဖြစ်ပါတယ်။ civic participation ဆိုတာက ပြည်သူ့ရေးရာ မူဝါဒတွေကို ဆန်းစစ်ဝေဖန်မှုတွေတင် မဟုတ်ပါဘူး။ ပြည်သူ့ရေးရာ၊ အများပြည်သူအကျိုးစီးပွားစတာတွေနဲ့ ပတ်သက်ပြီး အသိပညာ ဗဟုသုတရှိခြင်း၊ ခံယူချက်ရှိခြင်း၊ နိုင်ငံရေးသမားများနဲ့ အစိုးရအဖွဲ့အစည်းအပေါ် reflective enquiry ပြုလုပ်မှု စတာတွေ ပါဝင်ပါတယ်။ နိုင်ငံသားတယောက်ဟာ စည်းကမ်းမဲ့ လမ်းပေါ်မှာ အမှိုက်လွှင့်ပစ်တာဟာ civic virtue မရှိလို့ပဲ ဖြစ်ပါတယ်။ ဌာနဆိုင်ရာဝန်ထမ်းတယောက်ကို လာဘ်ပေးတာကလဲ civic participation မှာ အားနည်းနေခြင်း ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံသားတွေရဲ့ civic virtue ကို မြှင့်တင်ပေးပြီး၊ နိုင်ငံတော်အနာဂတ်လမ်းခရီးမှာ ပူးပေါင်းပါဝင်လာဖို့အတွက် civic education ကို စနစ်တကျ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ civic education ကို ဘယ်လိုအကောင်အထည်ဖော်မလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး အမြင်ကွဲလွဲမှုလေးတွေ ရှိပါတယ်။

Civic Education ဆိုင်ရာ အမြင်ကွဲပြားမှုများ

ဒီနေရာမှာလဲ ပလေတိုနဲ့ အရစ်တိုတယ်တို့တွေ Civic Education ဆိုတာနဲ့ ပတ်သက်ပြီး ပြောခဲ့စဉ်ကာလ ကတည်းက အစပြု ဖြစ်ပေါ်လာခဲ့တဲ့ အငြင်းပွားမှုတွေ၊ အမြင်မတူညီမှုတွေက ရှိပါသေးတယ်။ ပြည်သူလူထုကို နိုင်ငံသားနဲ့ ပတ်သက်တဲ့ ပညာပေးမှုတွေဟာ ဘယ်လိုနိုင်ငံရေး အဆောက်အအုံဆိုတာပေါ်မှာ မူတည်ပါတယ်။ ဥပမာ- ဒီမိုကရေစီ စနစ်ထွန်းကားတဲ့ နိုင်ငံတနိုင်ငံမှာ ဒီမိုကရေစီ မဆန်တဲ့ နိုင်ငံရေးအတွေးအခေါ်တွေ၊ ပြုမူလုပ်ဆောင်ချက်တွေကို လက်ခံခြင်း မရှိတဲ့ ဒီမိုကရေစီ နိုင်ငံသားတွေ ရှိဖို့ လိုအပ်ပါတယ်။ နိုင်ငံသားတွေဟာ ဒီမိုကရေစီနဲ့ လိုက်လျောညီထွေရှိတဲ့ အသိပညာ၊ အရည်အချင်းနဲ့ စာရိတ္တတွေ ရှိလာဖို့ ကြိုးပမ်းနိုင်မှသာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကနေ ဒီမိုကရေစီ အမြစ်တွယ်ရှင်သန်ခိုင်မာမှု ရှိလာအောင် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီနိုင်ငံသားတွေ ပေါ်ထွန်းလာစေရေး ဆိုတာမှာကလဲ ဘယ်လို ဒီမိုကရေစီ သဘောတရားတွေနဲ့ တိုင်းပြည်ကို တည်ဆောက်မှာလဲ ဆိုတာကို မူတည်လာပြန်ပါတယ်။

နိုင်ငံရေးပညာရှင် March နဲ့ Olsen ဆိုခဲ့ဖူးသလိုပဲ ဒီမိုကရေစီ သဘောတရားရေးရာ ငြင်းခုန်မှုတွေ ဖြစ်တဲ့ ကိုယ်စားပြုမှုနဲ့ တိုက်ရိုက်ပါဝင်ပတ်သက်မှုအကြားက ချိန်ခွင်လျှာ၊ ကိုယ်ပိုင်အကျိုးစီးပွားနဲ့ အများပြည်သူ အကျိုးစီးပွားအကြားက ချိန်ခွင်လျှာ၊ အခွင့်အရေးနဲ့ တာဝန်ယူမှုအကြားက ချိန်ခွင်လျှာ၊ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှုအကြားက ချိန်ခွင်လျှာ၊ ညီညွတ်မှုနဲ့ ကွဲပြားခြားနားမှုအကြားက ချိန်ခွင်လျှာ စတဲ့ ချိန်ခွင်လျှာတွေကို နိုင်ငံတော်အစိုးရတွေအနေနဲ့၊ မူဝါဒချမှတ်သူတွေအနေနဲ့ ဘယ်လိုထိန်းညှိမလဲ ဆိုတဲ့ အချက်ပေါ်မှာ မူတည်သွားတတ်ပြန်ပါတယ်။ ဒီလို သဘောတရားရေးရာ ကွဲပြားခြားနားမှုတွေဟာ democratic civic education ကို ဘယ်လို အကောင်အထည်ဖော်သလဲ ဆိုတဲ့အပေါ်မှာ ရိုက်ခတ်လာပါတယ်။ စာသင်ခန်းအခြေပြု ပညာရေးနဲ့ လူ့အဖွဲ့အစည်းအခြေပြု လူထုပညာပေး လုပ်ငန်းတွေကို အကောင်အထည်ဖော်တဲ့ ပုံသဏ္ဍာန်တွေဟာ ဒီလိုသဘောတရားရေးရာ ကွဲပြားခြားနားမှုပေါ်မူတည်ပြီး အမျိုးမျိုး ကွဲပြားလာပါတယ်။

ဒါပေမယ့် စာသင်ခန်းအခြေပြုနည်းလမ်းဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်းအခြေပြု လူထုပညာပေး နည်းလမ်းဖြစ်ဖြစ်၊ ဘယ်လိုသဏ္ဍာန်တွေပဲသုံးသုံး အဓိကတော့ နိုင်ငံသားတွေအနေနဲ့ ခေတ်၊ စနစ်နဲ့ လျော်ညီတဲ့ နိုင်ငံသားတွေမှာ ရှိရမယ့် အရည်အချင်းတွေ၊ အတွေးအခေါ်တွေ၊ ပြုမူဆောင်ရွက်မှုတွေ၊ ကျွမ်းကျင်မှုတွေ ရှိလာဖို့ကသာ အရေးကြီးဆုံးဖြစ်ပါတယ်။ ဒီနေရာမှာလဲ အရည်အသွေးပြည့်ဝတဲ့ နိုင်ငံသားကောင်းတယောက်ဖြစ်လာဖို့အတွက် ဘယ်အတိုင်းအတာအထိ နိုင်ငံရေးသုတနဲ့ civic knowledge တွေ လိုအပ်သလဲ ဆိုတာက မေးစရာ ဖြစ်လာပြန်ပါတယ်။

ပညာရှင်တချို့ကတော့ ဒီမိုကရေစီ နိုင်ငံသားကောင်းဖြစ်ဖို့အတွက် ဒီမိုကရေစီ အုပ်ချုပ်မှုစနစ် (democratic governance) ကို နားလည်ရမယ်၊ ပြည်သူ့ရေးရာ မူဝါဒတွေကို သေသေချာချာ သိနားလည်ရမယ်လို့ သတ်မှတ်ကြပါတယ်။ ပညာရှင်တချို့ကတော့ နိုင်ငံသားတွေဟာ ပြည်သူ့ရေးရာ မူဝါဒတွေကို အသေးစိတ်သိကျွမ်းနားလည်စရာ မလိုအပ်ပေမယ့် အခြေခံနားလည်မှုနဲ့ ဆန်းစစ်ဝေဖန် နိုင်မှုတော့ ရှိဖို့ လိုအပ်တယ်လို့ ယူဆကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတနိုင်ငံမှာ တည်ငြိမ်တဲ့ နိုင်ငံရေး အုပ်ချုပ်မှုစနစ်တခု ပေါ်ထွက်လာဖို့မှာ လူထုရဲ့ နိုင်ငံရေးအမြင်ဟာ အဓိကကျတာကြောင့် reasonable judgement ကို ပြုလုပ်နိုင်တဲ့ နိုင်ငံသားတွေ အများအပြား ပေါ်ထွက်လာဖို့ အရေးကြီးကြောင်း ပညာရှင် အများစုက လက်ခံထားကြပါတယ်။

နိုင်ငံရေး ပညာရှင်တဦးဖြစ်တဲ့ Samuel Popkin ကတော့ နိုင်ငံရေးအသိပညာဗဟုသုတ အားနည်းတဲ့ နိုင်ငံသားတွေဟာ ဒီမိုကရေစီမူဝါဒတွေရဲ့ အပေးအယူ debates တွေ၊ ပြည်သူ့ရေးရာ မူဝါဒအားနည်းချက်တွေကို သေသေချာချာ ခွဲခြား ဆန်းစစ်မှုတွေ မပြုလုပ်နိုင်ပဲ ဖြစ်စဉ်တွေ၊ အကြောင်းအရာတွေ၊ မူဝါဒတွေထက် လူပုဂ္ဂိုလ်ပေါ်မှာ မူတည်ပြီး ရွေးချယ်မှုတွေ လုပ်လေ့ရှိကြတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့်လဲ နိုင်ငံရေးအသိပညာ သင်းကွပ်ခံထားရတဲ့ အာဏာရှင်စနစ် နိုင်ငံတွေနဲ့ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲ နိုင်ငံတွေမှာ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုပေါ် အခြေပြုတဲ့ ခေါင်းဆောင်ရွေးချယ်မှုတွေ၊ နိုင်ငံရေးအကြောင်းအရာထက် နိုင်ငံရေးဇာတ်ကောင်ကို အသားပေးမှုတွေ၊ မင်းလောင်းမျှော်မှုတွေ၊ တကိုယ်တော် ဟီးရိုးဝါဒကို ထောက်ခံအားပေးမှုတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ဒါတွေဟာ ဒီမိုကရေစီစနစ် အမြစ်တွယ်ခိုင်မာရှင်သန်ရေးအတွက် အတားအဆီး၊ အနှောင့်အယှက်တွေပါပဲ။

Civic Education, Political Education တွေ နဲ့ ပတ်သက်ပြီး ဘယ်လောက်အတိုင်းအထိ နိုင်ငံသားတိုင်း သိထားသင့်သလဲ ဆိုတာကို အငြင်းပွားနေကြဆဲ ဖြစ်ပေမယ့် နိုင်ငံသားတွေဟာ မူဝါဒရေးရာတွေမှာ ကျွမ်းကျင်ပညာရှင်ဖြစ်စရာ မလိုဘူး ဆိုတာကိုတော့ လူအများက လက်ခံထားကြပါတယ်။ ဒါပေမယ့် နိုင်ငံရေးရာနဲ့ပတ်သက်ပြီး reasonable civic judgement ကို လုပ်နိုင်မယ့် အခြေခံ ဗဟုသုတနဲ့ အရည်အချင်းကိုတော့ နိုင်ငံသားတိုင်း ပိုင်ဆိုင်ထားသင့်တယ် ဆိုတာကိုလဲ လက်ခံလာကြပြီး၊ သင့်လျော်မယ့် civic education နဲ့ civics assessment စတာတွေကို နိုင်ငံတော်အစိုးရတွေက အကောင်အထည်ဖော်လာကြပါတယ်။

နိုင်ငံသားကောင်းဆိုတာ မွေးကတည်းက ဖြစ်လာတာမဟုတ်ပဲ လုပ်ယူရတာဖြစ်တယ် ဆိုတဲ့ အဆိုကို လက်ခံလာကြတာနဲ့အမျှ နိုင်ငံတနိုင်ငံရဲ့ အနာဂတ်ခေါင်းဆောင် လူငယ်တွေကို political socialization လုပ်ရာမှာ လိုအပ်မယ့် civic education ရဲ့ အခန်းကဏ္ဍကိုလဲ ထည့်သွင်းစဉ်းစားလာကြပါတယ်။ ဒီနေရာမှာ အခြေခံပညာရေးအဆင့်အတန်း မြင့်မားမှုဟာ လူတွေရဲ့ နိုင်ငံရေးဗဟုသုတ ရယူနိုင်မှုနဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှု သဏ္ဍာန်ကို အကျိုးသက်ရောက်မှု ရှိတာကြောင့် အခြေခံပညာရေး အဆင့်အတန်းမြင့်မားရေးကလဲ ကဏ္ဍတခုအနေနဲ့ ပါဝင်လာပါတော့တယ်။ ပညာရေး အင်စတီကျူးရှင်းတွေ မဟုတ်တဲ့ မိသားစု၊ လူမျိုးစု၊ နိုင်ငံရေးအဖွဲ့အစည်း၊ လူမှုရေးအဖွဲ့အစည်း၊ နိုင်ငံရေးဖြစ်ရပ်တွေကနေ civic formation ပေါ်ကို သက်ရောက်မှုတွေကိုလဲ ထည့်သွင်း စဉ်းစားလာကြပါတယ်။ Mass Media တွေကတဆင့် လူငယ်တွေကို civic knowledge, political knowledge တွေ ဖြန့်ဖြူးပေးနိုင်မယ့် နည်းလမ်းတွေကိုလဲ တီထွင်အကောင်အထည် ဖော်လာကြပါတယ်။ စာသင်ခန်းတွေ၊ သင်တန်းတွေနဲ့ class-room based education ကို ပိုပြီးဦးစားပေးသင့်သလား၊ community-based experiences တွေကို ဦးစားပေး အကောင်အထည်ဖော်သင့်သလား ဆိုတာကိုတော့ ပညာရှင်တွေ၊ မူဝါဒချမှတ်သူတွေကြားမှာ အမြင်ကွဲလွဲမှုတွေ ရှိနေဆဲပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် civic education ကို စနစ်တကျအကောင်အထည်ဖော်နိုင်ပြီး civic knowledge တွေ လူငယ်တွေအကြား၊ နိုင်ငံသားတွေအကြားမှာ ပျံ့နှံ့သွားဖို့က အရေးကြီးဆုံးပဲ ဖြစ်ပါတယ်။

civic knowledge ၏ အရေးပါမှု

civic knowledge ရဲ့ အရေးပါပုံနဲ့ ပတ်သက်ပြီး နိုင်ငံရေးပညာရှင်တွေက သုတေသနပြု လေ့လာဆန်းစစ်ချက်တွေ လုပ်ခဲ့ကြပါတယ်။ လေ့လာဆန်းစစ်ချက်တွေအရ civic knowledge ရှိခြင်းအားဖြင့် နိုင်ငံသားတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားကို သိမြင်လာကြပါတယ်။ နိုင်ငံသားအခွင့်အလမ်းတွေကို ပိုပြီး သိမြင်လာကြပါတယ်။ အခွင့်အလမ်းတွေကို သိမြင်လာတာနဲ့အမျှ နိုင်ငံတော်က ချမှတ်ထားတဲ့ မူဝါဒတွေရဲ့ ကိုယ်ပိုင်အကျိုးစီးပွားတွေအပေါ် သက်ရောက်မှုတွေကို တွေ့မြင်လာကြပါတယ်။ Delli နဲ့ Keeter တို့ရဲ့ လေ့လာဆန်းစစ်ချက်များအရ နိုင်ငံရေးဗဟုသုတဟာ ကိုယ်ပိုင်အကျိုးစီးပွားကို သိမြင်နားလည်ခွင့်ကို ပေးစွမ်းနိုင်ပါတယ်။ အဲဒီကနေတဆင့် ကိုယ်ပိုင်အကျိုးစီးပွားနဲ့ ပြည်သူ့ရေးရာကိစ္စရပ်တွေကို ဆက်စပ်ပေးပါတယ်။ ဒီလို ဆက်စပ်ပေးရာကနေတဆင့် နိုင်ငံရေးကို သိမြင်နားလည်တဲ့ ပြည်သူလူထုဟာ အစိုးရတရပ်ရဲ့ လုပ်ငန်းဆောင်တာတွေ၊ မူဝါဒတွေကို အကဲဖြတ်ဆန်းစစ်နိုင်လာပါတယ်။ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ပွဲတွေမှာဆိုရင် ဘယ်လိုပါတီနဲ့ ဘယ်လိုအမတ်လောင်းဟာ သူတို့ရဲ့ အကျိုးစီးပွားကို အကောင်းဆုံးအကောင်အထည်ဖော်ပေးနိုင်မလဲ ဆိုတာကို တွက်ချက်ရွေးချယ်နိုင်လာပါတယ်။ ဒါကြောင့် civic knowledge ဟာ စနစ်တခု ထွန်းကားရေးကို ဖော်ဆောင်ပေးနိုင်ပါတယ်။

civic knowledge နဲ့ ပတ်သက်တဲ့ နောက်ထပ်အကျိုးကျေးဇူးတခုကတော့ ပြည်သူ့ရေးရာနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ၊ နိုင်ငံရေးရာတွေမှာ အချိန်ကာလနဲ့ အညီ လိုက်လျောညီထွေရှိတဲ့ နိုင်ငံရေးအမြင်တွေ ရှိနေစေတာပဲ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ နိုင်ငံရေးအတွေးအခေါ်၊ အသိပညာတွေကို လေ့လာတဲ့ ပညာရှင်တွေက နိုင်ငံရေးဗဟုသုတနဲ့ နိုင်ငံရေးအမြင် တည်ငြိမ်မှု အကြားမှာ သိသာထင်ရှားတဲ့ ဆက်နွယ်မှုတွေ ခိုင်ခိုင်မာမာရှိကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။

civic knowledge နဲ့ ပတ်သက်တဲ့ နောက်ထပ်အကျိုးကျေးဇူးတခုကတော့ နိုင်ငံသားတွေဟာ နိုင်ငံတော်မှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ပြောင်းလဲမှုအခြေအနေတွေကို သေသေချာချာ ခွဲခြားသိမြင်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲမှုကို မသိမြင်တဲ့ နိုင်ငံသားတယောက်ဟာ အချိန်အခါ၊ အခြေအနေနဲ့ အညီ ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေထဲမှာ ဘယ်လို တုန့်ပြန်ဆောင်ရွက်ရမယ်ဆိုတာကို နားမလည်နိုင်ပါဘူး။ နိုင်ငံရေးဖြစ်စဉ် ပြောင်းလဲမှုတွေနဲ့အတူ ထွက်ပေါ်လာတတ်တဲ့ အတွေးအခေါ် ရှုပ်ထွေးမှုတွေအကြားမှာ နဝေတိမ်တောင်နဲ့ မျက်စိလည်နေတတ်ပါတယ်။ အမှန်နဲ့အမှား၊ အနိုင်နဲ့အရှုံးတွေကို မခွဲခြားတတ်တော့ဘူး ဖြစ်နေတတ်ပါတယ်။ အားကစားပွဲတခုကို ကစားနည်း (rule of game) နားမလည်ပဲ ဘေးကနေ ထိုင်ကြည့်နေရသလိုပါပဲ။ ဥပမာ- ဘောလုံးကစားနည်းကို နားမလည်ပဲ ဘောလုံးပွဲထိုင်ကြည့်တဲ့အခါ အနီဝတ်ထဲ ဘောလုံးရောက်လိုက်၊ အဖြူဝတ်ထဲ ဘောလုံးရောက်လိုက် ဖြစ်နေတာတွေ လိုက်ကြည့်ရင်း အနီဝတ်က ကန်တဲ့ ဂိုးလဲ အားပေး၊ အဖြူဝတ်က ကန်တဲ့ ဂိုးလဲ လက်ခုပ်ထတီးနဲ့ ဘောလုံးဆိုတာ ဂိုးတိုင်ထဲ ရောက်သွားရင် ပြီးတာပဲဆိုတာမျိုးတွေ ဖြစ်နေတတ်တာပါ။

civic knowledge မရှိသူတွေဟာ နိုင်ငံရေးခေါင်းဆောင်ရွေးချယ်တဲ့အခါမှာ အများပြည်သူအကျိုးစီးပွား၊ ကိုယ်ပိုင်အကျိုးစီးပွားကို ဆောင်ကျဉ်းပေးနိုင်မယ့် မူဝါဒရေးရာ ချမှတ်ပေးနိုင်မှုနဲ့ ရွေးချယ်ဆုံးဖြတ်နိုင်မှု မရှိပဲ လူတွေရဲ့ ရုပ်လက္ခဏာ၊ လူအများကြား ရေပန်းစားမှု အစရှိတဲ့ ဥပဒေပြုရေး၊ မူဝါဒရေးဆွဲချမှတ် အကောင်အထည်ဖော်ရေး အရည်အချင်းတွေနဲ့ မဆိုင်တဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားလေ့ရှိ ကြကြောင်း ပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ကြပါတယ်။ အာရှ၊ အာဖရိက နိုင်ငံတွေက ပြည်သူလူထုတွေဟာ နိုင်ငံရေးအသိပညာ ဗဟုသုတတွေ အားနည်းတာကြောင့် တိုင်းပြည်ကို အမှန်တကယ် အကျိုးပြုနိုင်မယ့် နိုင်ငံရေးသမားတွေကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်မှုမှာ အားပျော့ပြီး ဒီမိုကရေစီ နောက်ပြန်ဆွဲမှုပြဿနာတွေ၊ စစ်အာဏာသိမ်းမှု ပြဿနာတွေ၊ ဒီမိုကရေစီ ရှင်သန်ထွန်းကားရေး နှောင့်နှေးမှု ပြဿနာတွေကို ရင်ဆိုင်ကြရတာဖြစ်ကြောင့် လေ့လာသုံးသပ်သူတွေက ဆိုခဲ့ကြပါတယ်။

civic knowledge နဲ့ ပတ်သက်တဲ့ နောက်ထပ်အကျိုးကျေးဇူးတခုကတော့ နိုင်ငံသားတွေဟာ ပြည်သူ့ရေးရာ ကိစ္စရပ်တွေမှာ တက်တက်ကြွကြွ စိတ်ဝင်စားလာပြီး နိုင်ငံတော်ရဲ့ ချမှတ်ထားတဲ့ vision နဲ့ objectives တွေကို ပူးပေါင်းပါဝင် အကောင်အထည်ဖော်လာကြတာဖြစ်ပါတယ်။ နိုင်ငံတော်အုပ်ချုပ်သူတွေနဲ့ နိုင်ငံသားတွေအကြားမှာ အပြန်အလှန်လေးစားမှုနဲ့ ယုံကြည်မှုတွေ တိုးပွားလာတာ ဖြစ်ပါတယ်။ အစိုးရနဲ့ ပြည်သူအကြားမှာ ညီညွတ်မှု ရှိလာစေပြီး၊ ပြည်သူလူထုရဲ့ အစိုးရလုပ်ငန်းဆောင်တာတွေအပေါ် လျစ်လျူရှုမှုတွေ လျော့နည်းလာစေနိုင်ပါတယ်။ လျစ်လျူရှုမှုဟာ ကြောက်ရွံ့စိုးထိတ်မှုရဲ့ ဖခင်ဖြစ်ပြီး၊ အသိဥာဏ်ဗဟုသုတဟာ ယုံကြည်မှုရဲ့ မိခင်ဖြစ်တယ်လို့ ပညာရှင်တွေက ဆိုထားခဲ့ကြပါတယ်။ အထူးသဖြင့် political debates တွေ ပြင်းထန်နေတဲ့အချိန်တွေ၊ တော်လှန်ရေးကာလတွေမှာ နိုင်ငံရေး ဗဟုသုတ အားနည်းသူတွေဟာ political issues တွေရဲ့ အမှားနဲ့ အမှန်ကိစ္စတွေကို ခွဲခြားသုံးသပ်မှု မပြုလုပ်နိုင်တော့ပဲ ဘက်နှစ်ဘက်က characters တွေရဲ့ အားနည်းချက်တွေကိုပဲ ကြည့်လာတတ်ကြပါတယ်။ အဲဒီကနေတဆင့် `ဘယ်သူမှ အဖြူထည်မဟုတ်ပါဘူး။ ဖြူစင်တဲ့ သူရဲကောင်း (white knights) တွေ ဆိုတာ မရှိပါဘူး ဆိုတဲ့ အမြင်တွေ ၀င်လာပြီး plague on both your houses ဆိုတဲ့ ရပ်တည်ချက်တွေကို ကိုင်စွဲလာတတ်ကြပါတယ်။ နိုင်ငံရေးနားလည်သူတွေအတွက်က နိုင်ငံရေး တိုက်ပွဲတွေ၊ debates တွေကို ကြက်တောင်ကစားပွဲလို မြင်ပေမယ့် နားမလည်သူတွေအတွက်ကတော့ ဒါဟာ မုန့်လုပွဲပါပဲ။ ဒါကြောင့် civic knowledge တွေ လူထုအကြားမှာ ပျံ့နှံ့လာဖို့က အလွန်အရေးကြီးပါတယ်။

civic knowledge ရဲ့ နောက်ထပ်အကျိုးကျေးဇူးတခုကတော့ လွတ်လပ်စွာ ကွဲပြားခြင်းကို နားလည်လက်ခံလာစေမှုပဲ ဖြစ်ပါတယ်။ နိုင်ငံသားအခွင့်အလမ်းနဲ့ နိုင်ငံသားလွတ်လပ်ခွင့်ကို နားလည်သူတွေဟာ ကွဲပြားခြားနားတဲ့ လူမျိုးစုတွေအကြား အပြန်အလှန်ယုံကြည်မှုနဲ့ နားလည်မှုကို တည်ဆောက်နိုင်ပါတယ်။ နိုင်ငံသားအခွင့်အလမ်းနဲ့ လူမျိုးရေးအခွင့်အလမ်းတွေကို ကွဲကွဲပြားပြား သိမြင်နားလည်ပြီး အငြင်းပွားမှုတွေကို ကွင်းကွင်းကွက်ကွက် ဖြေရှင်းနိုင်ပါတယ်။ နိုင်ငံသားအားလုံးရဲ့ ပညာရေးအဆင့်အတန်း တိုးတက်မြင့်မားလာတာနဲ့အမျှ အသိပညာနဲ့ နားလည်နိုင်စွမ်း တိုးမြင့်လာမှုတွေဟာ social centrality အဆင့်အတန်းတွေအတွက် နေရာလုမှုတွေကနေ ထွက်ပေါ်လာတဲ့ ဆိုးကျိုးတွေကို ကျော်လွှားပေးစေနိုင်ပါတယ်။ civic knowledge ဟာ နိုင်ငံရေးဖြစ်စဉ်တွေကို သေသေချာချာ သိမြင်နားလည်ပြီး rational manner နဲ့ ပြုမူဆောင်ရွက်တတ်လာအောင် တွန်းအားပေးပါတယ်။ ဒါကြောင့် civic knowledge ဟာ နိုင်ငံတနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်တဲ့ ပြည်သူလူထုရဲ့ နိုင်ငံရေးအမြင်၊ အတွေးအခေါ်၊ အယူအဆ၊ ပြုမူဆောင်ရွက်မှုတွေကို အကျိုးသက်ရောက်မှုရှိစေတယ်ဆိုတာ ထင်ရှားလှပါတယ်။

နိဂုံး

နိဂုံးချုပ်ဆိုရရင် civic education ဆိုတာ တိုင်းပြည်တခုရဲ့ လူအဖွဲ့အစည်း အဆင့်အတန်းမြင့်မားရေး၊ နိုင်ငံရေး တည်ငြိမ်မှုရှိရေး၊ နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် မရှိမဖြစ် လိုအပ်ချက် တခုပဲ ဖြစ်ပါတယ်။ ကျွန်မတို့မြန်မာနိုင်ငံ အပါအ၀င် အာဏာရှင်စနစ် ထွန်းကားတဲ့ နိုင်ငံတွေနဲ့ ဒီမိုကရေစီ စနစ်အသွင်ကူးပြောင်းဆဲ နိုင်ငံအများစုတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်နှေးနေစေတဲ့ အကြောင်းရင်းတွေထဲမှာ နိုင်ငံသားတွေရဲ့ နိုင်ငံရေးအသိပညာနဲ့ အတွေးအမြင် အားနည်းမှုတွေကလဲ အကြောင်းရင်းတခုအနေနဲ့ ပါဝင်ပါတယ်။ နိုင်ငံသားတယောက်ဟာ ကိုယ်ပိုင်အကျိုးစီးပွားအတွက် မိမိတို့ရဲ့ ရပိုင်ခွင့် အခွင့်အလမ်းတွေနဲ့ တိုင်းပြည်တခုလုံးရဲ့ အမျိုးသားအကျိုးစီးပွားကို သိမြင်ခြင်း မရှိတဲ့အခါ ကိုယ်ပိုင်အကျိုးစီးပွားနဲ့ အမျိုးသားအကျိုးစီးပွားအကြားက ချိန်ခွင်လျှာကိုလဲ ဘယ်လိုမှ ထိန်းညှိနိုင်မှာ မဟုတ်ပါဘူး။ ဒါတွေဟာ လူတဦးချင်းရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တွေ ဆုံးရှုံးခြင်း ဖြစ်စေသလို နိုင်ငံတနိုင်ငံရဲ့ အနာဂတ်ကိုပါ ဆုတ်ယုတ်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့်လဲ နိုင်ငံအများစုမှာ သက်ဆိုင်ရာအစိုးရတွေက ဦးဆောင်ပြီး civic education ဆိုင်ရာ မူဝါဒတွေကို ချမှတ်အကောင်အထည်ဖော်နေကြပါတယ်။ အစိုးရတွေက အကောင်အထည်ဖော်ခြင်း မရှိတဲ့ နိုင်ငံတွေမှာလဲ ပြည်သူမှ ပြည်သူသို့ အသိပညာပြန်လည်ဖြန့်ဖြူးပေးခြင်း နည်းလမ်းကို အသုံးပြုပြီး သက်ဆိုင်ရာ လူ့အဖွဲ့အစည်းတွေအတွင်းမှာ လူထုပညာပေးခြင်းတွေ ပြုလုပ်နေကြပါကြောင်း တင်ပြလိုက်ရပါတယ်။

ပြည်ထဲရေးဝန်ကြီးဟောင်း မောင်ဦး ရခိုင်လူထုကို ဘာတွေ ပြောခဲ့သလဲ

ပြည်ထဲရေးဝန်ကြီးဟောင်း မောင်ဦး ရခိုင်လူထုကို ဘာတွေ ပြောခဲ့သလဲ


ပြည်ထောင်စုကြံ့ခိုင်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရခိုင်ပြည်နယ် တာဝန်ခံ ယခင် ပြည်ထဲရေး ၀န်ကြီးဟောင်း နှင့် ရခိုင်တိုင်းမှူးဟောင်း ဦးမောင်ဦးသည် ၁၄. ၅. ၂၀၁၁ နေ့တွင် ပေါက်တောမြို့သို့ ရောက်ရှိလာပြီး မြို့မိ မြို့ဖများ လွှတ်တော်ကိုယ်စားလှယ်များကို ဖိတ်ကြားပြီး ယခုကဲ့သို့ ပြောကြားခဲ့သည်။

(ဦးမောင်ဦး၏ ပြောကြားချက်များကို ပေါက်တောမြို့နယ် ကြံ့ခိုင်ရေးရုံး အစည်းအဝေးမှတ်တမ်းတွင်လည်း တွေ့ရှိနိုင်ပါသည်။)


တွေ့ဆုံးပွဲအခမ်းအနားတွင် ဦးမောင်ဦး ပြောကြားချက်

၁။ ဒီနေ့ လွှတ်တော်တွေ ပေါ်ပေါက်လာတယ်။ လွှတ်တော်တွေကို အာဏာအပ်နှင်းတယ်ဆိုတာကို ခင်ဗျားတို့ သိကြမှာပဲ။ ဒါပေမယ့် အမှန်တကယ်တော့ လွှတ်တော်ကို အာဏာလွဲတာမဟုတ်ဘူး။ ကြံ့ခိုင်ရေး ပါတီကိုပဲ အာဏာ လွဲအပ်တာ ဖြစ်တယ်ဆိုတာ တက်ရောက်လာတဲ့ လူကြီးမိဘတို့ သိထားရမှာပဲ။ ယခုလက်ရှိသမ္မတဟာ ကြံ့ခိုင်ရေးပါတီကပဲဖြစ်တယ်။ သမ္မတဖြစ်သွားရင်တောင်မှ ကြံ့ခိုင်ရေး ပါတီမှ နှုတ်ထွက်စရာမလိုဘူး ဆိုတာ လူကြီးမင်းတို့ သိထားကြရမယ်။

၂။ နိုင်ငံတော်ရဲ့အာဏာကို ပြည်ခိုင်ဖြိုးပါတီမှ ဘယ်တော့မှ မစွန့်လွှတ်ဘူး။ ရာသက်ပန် အုပ်ချုပ်မှာပဲ။ တပ်မတော်မှ အာဏာလွဲပြောင်းပေးတာဟာလည်း လွှတ်တော်ကို လွဲတာမဟုတ်ဘူး။ ကြံ့ခိုင်ရေး ပါတီကို လွဲအပ်တယ်ဆိုတာကို နားလည်ထားရမယ်။ ကြံ့ခိုင်ရေးပါတီဟာ တစ်ခုတည်းသော တိုင်းပြည်ကိုအုပ်ချုပ်မယ့် ပါတီ ဖြစ်တယ်။

၃။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ RNDP က အနိုင်ရသော်လည်း တောင်ပိုင်းမှာတော့ ကြံ့ခိုင်ရေး ပါတီဘဲ နိုင်တယ်။ တောင်ပိုင်းသားတွေဟာ ရခိုင်အစစ်တွေ မဟုတ်ဘူးလား။ ခင်ဗျားတို့ ရခိုင်တွေဟာ ၂၀၀၈ အခြေခံ ဥပဒေကို ထောက်ခံကြတယ်။ စာတွေ မဖတ်ကြဘူးလား၊ ဘယ်တော့မှမရဘူး ခင်ဗျားတို့ ရခိုင်တွေဟာ လူမျိုးစွဲ ဒေသစွဲတွေ ရှိနေကြတယ်။ သီးခြား သမ္မတနိုင်ငံ ထူထောင်လို့တော့ မရဘူး၊ ရခိုင်တွေ ၂ သန်းခွဲလောက်ရှိတယ်၊ ကျန်တဲ့ သန်း ၆၀ ကိုတော့ ဆန့်ကျင်လို့ မရဘူး။ ရန်ကုန်ရောက်ရခိုင်တွေကလည်း လူမျိုးစု အင်အားတစ်ရပ်အဖြစ် ထူထောင်ချင်ကြတယ်။ ဒါပေမယ့် RNDP ပါတီဟာ ပြည်ထောင်စု အစိုးရအဖွဲ့မှာ တစ်ယောက်မှ မပါဘူး။ ပြည်နယ် အစိုးရ အဖွဲ့မှာလည်း ကြံ့ခိုင်ရေး ပါတီကဘဲ ဦးဆောင်နေပါတယ်။ ယခု ကျွန်တော်နှင့် အတူပါလာတဲ့ ချင်းရေးရာဝန်ကြီး ဦးကိုကိုနိုင်၊ ပညာရေးနဲ့ ကျန်းမာရေး ဝန်ကြီး ဒေါက်တာအောင်ကျော်မင်း ဆိုတာလည်း ကြံ့ခိုင်ရေးပါတီကပဲ ဖြစ်တယ်။

၎။ ရခိုင်တွေမကဘူး ချင်းတွေကလည်း ပြည်ထောင်စု ဝန်ကြီးအဖြစ်တောင်းကြတယ်။ ချင်းတွေဟာ ဘာစာမှ မတတ်ဘူး။ ဘာဘွဲ့မှလည်း မရဘူး။ ဘာနိုင်ငံရေးမှ မသိဘဲနှင့် ဝန်ကြီးပေးလို့ ရမှာလား။ ဘွဲ့ကြီးတွေ တသီတတန်းနှင့် လူတွေကိုဘဲ ပေးတာပါ။ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းကို ဒုသမ္မတပေးတာဟာလည်း ကျွန်တော်တို့ ကြံ့ခိုင်ရေးနဲ့ နှစ် ၁၀ လောက် ရှမ်းပြည်နယ် ဖွံ့ဖြိုးရေးကို ပူးပေါင်းလုပ်ခဲ့လို့ ပေးတာဖြစ်တယ်။

၅။ ကျွန်တော်ဟာ ကြံ့ခိုင်ရေးပါတီရဲ့ ဗဟိုကော်မတီဝင်တဦးဖြစ်တယ်။ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ကိုလည်း ကြံ့ခိုင်ရေးပါတီကို ထောက်ခံတဲ့ လူတွေကိုပဲ ခန့်အပ်ပါလို့ ပြောတာကို ယခု မြို့နယ် အုပ်ချုပ်ရေးမှူးတွေဟာ ငွေယူပြီး ပြည်ခိုင်ဖြိုး ပါတီကို အားမပေးတဲ့သူတွေ ဆန့်ကျင်တဲ့ သူတွေကို ခန့်အပ် ထားတယ်။ "မိမိတို့ကို ထောက်မခံတဲ့သူကို ခင်ဗျားတို့အနေဖြင့် ခန့်မှာလား" ။ ဥပဒေနဲ့ လက်တွေ့ အခြေအနေကို ကြည့်ပြီး လုပ်ရတယ်။ အရာရာကို ဥပဒေနှင့် လုပ်လို့မရဘူး။ ပါတီစုံ ဆိုပေမဲ့ အခြေအနေအရ လုပ်ထားရတာပါ။ ပြည်ခိုင်ဖြိုး ပါတီကပဲ ဦးဆောင်သွားမှာပဲ။ အစိုးရအဖွဲ့ ဝန်ကြီးတွေ လုပ်ဆောင်ချက်တွေ ကိုလည်း ပြည်ခိုင်ဖြိုးပါတီက စောင့်ကြည့်နေတယ်။

(၎င်းနေ့ မောင်ဦးသည် ကြံ့ခိုင်ရေး ပါတီဝတ်စုံကို ၀တ်ဆင်ထားပြီး အခမ်းအနား တက်ရောက် လာသူများကို လက်ညိုးထိုးပြီးမေးမြန်း ပြောဆိုခဲ့သည်။)

၆။ ၎င်းနေ့ တွေ့ဆုံပွဲတွင် အထက်ပါအပိုဒ် ၅ ထိ ပြောပြီးချိန်တွင် ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူး တက်ရောက်နေသည်ကို တွေ့မြင်သွား၍ ဦးမောင်ဦးက မင်းအုပ်ချုပ်ရေးမှူး မဟုတ်ဘူးလား ဆိုပြီး မေးမြန်းကာ ယခုချက်ချင်း တွေ့ဆုံပွဲက ထွက်သွားဆိုပြီး နှင်ထုတ်လိုက်သည်။

၎င်းနောက်ပိုင်း မောင်ဦးက --- ဒီဘက်မှာ ကြံ့ခိုင်ရေးပါတီ မဲရှုံးတာ အဓိက မယက၊ ရယက၊ ပြည်သူ့ဝန်ထမ်းတွေ အသုံးမကျလို့ ရှုံးရတာပဲ။ ရခိုင်တွေ မဲဆွယ်စဉ်က ရခိုင်ပြည်မှာ တပ်မတော် မရှိရဘူး။ ကိုယ်မြေမှာ ကိုယ်လူမျိုးဘဲ အုပ်ချုပ်မယ်၊ ဗမာအုပ်ချုပ်တာ မခံဘူးဆိုပြီး ကျဉ်းမြောင်းတဲ့ လူမျိုးရေးဝါဒနှင့် စည်းရုံးနေခဲ့ကြတာ ကျွန်တော်ကြားရတယ်။

၇။ ၎င်းနေ့ နံနက် (၁၁း၃၀) နာရီတွင် မြို့မိ/ဖများနှင့် တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်ပြီးနောက် ဌာနဆိုင်ရာ ဝန်ထမ်းတွေနှင့် တွေ့ဆုံပွဲ ထပ်လုပ်ပါသည်။

ဝန်ထမ်းများနှင့် တွေ့ဆုံစဉ်အတွင်း ဒီနေ့တက်ရောက်လာတဲ့ လူတွေထဲမှာ ဗမာလူမျိုး ဘယ်နှစ်ယောက် ပါသလဲ ဆိုပြီး မေးမြန်းသည်။ မြန်မာစီးပွားရေးဘဏ်မှ မန်နေဂျာ ဦးရွှေကြိုင်အား ခင်ဗျား ကုလားလူမျိုး မဟုတ်ဘူးလားလို့ မေးမြန်းသည်။ ဦးရွှေကြိုင်မှ မိမိ ရခိုင်ဖြစ်ကြောင်း ပြောကြားခဲ့ရသည်။

(ပြီး)

အမျိုးချစ်ကြသည်ဆိုရာဝယ်...

အမျိုးချစ်ကြသည်ဆိုရာဝယ်...


ဝံသာနုရက္ခိတ ဟူသည့် မျိုးချစ်တရားသည် လူတိုင်း၊ လူမျိုးတိုင်း၌ ရှိသင့်ပေသည်။ အမျိုးကိုချစ်ခြင်း၊ အမျိုးကိုစောင့်ရှောက်ခြင်းသည် လောကပါလတရားနှင့်လည်း ညီ၏။ ဘုရားဟောဒေသနာတော်များ၌လည်း အမျိုးကိုချစ်ရန်၊ အမျိုးကိုစောင့်ရှောက်ကြရန် ညွှန်ပြဟောကြားထားသည်။ အမျိုးချစ်သူကို နတ်၊ လူ ချစ်ခင်၏။ သို့သော် မိမိလူမျိုးအား မှန်ကန်သောစိတ်ထားဖြင့် ချစ်တတ်ရန်ကား အလွန်တရာ အရေးကြီးလှပေသည်။

လူမျိုးရေးနှင့် ဘာသာရေးသည် အသွင်သဏ္ဍာန်အားဖြင့် တူညီပေ၏။ သိမ့်မွေနက်နဲသည်။ ကျယ်ပြောသည်။ ရှုပ်ထွေးသည်။ ကိုင်တွယ်ဖြေရှင်းရ ခက်ခဲသည်။ ဘာသာရေး၌ အကြင်သူသည် မိမိကိုးကွယ်သည့်ဘာသာကို အမွှန်းတင်ပြောဆိုပြီး တခြားဘာသာများကို ပုတ်ခတ်ထိပါးမည်ဆိုပါက ထိုသူကိုးကွယ်သည့်ဘာသာ၏ ထိန်းကွပ်ပဲ့ပြင်မှုညံ့ဖျင်းခြင်းကိုသာ ဖော်ပြရာရောက်ပြီး ထိုသူကိုးကွယ်သည့် ဘုရားသခင်ကိုလည်း တခြားသူများ အရိုအသေပေါ့တန်စေရာ ရောက်၏။ အလားတူပင် လူမျိုးရေး၌လည်း တစုံတယောက်သည် မိမိလူမျိုးသာကောင်း၏ တပါးလူမျိုးသည် ဤသို့ ဤပုံ ဆိုးသွမ်းကြ၏ ဟု စော်ကားပြောဆိုပါမူ ထိုလူနှင့်သက်ဆိုင်သည့်လူမျိုး၏ ယဉ်ကျေးမှု၊ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာနိမ့်ကျမှုတို့ကို ထုတ်ဖော်ပြောဆိုရာသာ သက်ရောက်ပြီး ထိုလူမျိုးစုခေါင်းဆောင်များ၏ သွန်သင်ဆုံးမပြောဆိုမှု နည်းပါးခြင်းကို ဖော်ပြရာသာ ဖြစ်ချေ၏။

ထို့ကြောင့် ငါ့လူမျိုးငါချစ်သည် ဟုဆိုတာ ငါတကောကောပြီး ထင်တိုင်းလုပ်၍မရ။ ထိုသို့ပြုမူ၍ မိမိအတွေးအခေါ် တိမ်းစောင်းခဲ့သည်ရှိသော် မိမိလူမျိုး ထိခိုက်မည့်အရေးကိုသာ ဖြစ်စေ၏။ လူမျိုးများနှင့်သက်ဆိုင်သည့် မိမိအယူအဆ မှန်၏/ မှား၏ ကို မိမိတဦးတည်း ဆုံးဖြတ်၍မရ။ လူမျိုးတူမိတ်ဆွေများနှင့် အယူအဆချင်း ဖလှယ်သင့်သည်။ မိမိလူမျိုးစုခေါင်းဆောင်များအား မိမိအယူအဆကိုတင်ပြကာ မှန်၏/ မှား၏ကို ဆုံးဖြတ်စေသင့်သည်။ အကြံဥာဏ်တောင်းသင့်သည်။ မိမိကိုယ်တိုင်လည်း မိမိလူမျိုးများ၏ ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်မှုနှင့် အကျိုးစီးပွား ဖြစ်ထွန်းရာ ဖြစ်ထွန်းကြောင်းကို အမြဲမပြတ် တွေးတောကြံဆ ပြုမူလုပ်ဆောင်နေရမည် ဖြစ်သည်။

အမျိုးချစ်ပါသည်ဟု ပါးစပ်မှထုတ်ဖော်အော်ပြနေရုံနှင့် မျိုးချစ်စိတ်ရှိပါသည်ဟု မမှတ်ယူသင့်။ အကြင်သူသည် မိမိလူမျိုးများ လှေမှောက်၍ မြစ်လယ်တွင် ဒုက္ခရောက်နေသည့်အချိန်တွင် သွားရောက်ကူညီရန် ကြိုးစားအားထုတ်ခြင်းမရှိဘဲ ကမ်းစပ်မှနေ၍ “ငါမင်းတို့ကို ချစ်ပါသည်။ ငါ့မှာ မျိုးချစ်စိတ်ရှိပါသည်” ဟု အော်ဟစ်နေရုံမျှဖြင့် ထိုသူအား မျိုးချစ်စိတ်ရှိသူဟု ဆိုနိုင်ပါအံ့လော။ ထိုမှတဖန် မြစ်နှင့်ဝေးရာ ကုန်းတွင်းပိုင်းသို့ ပြေးဝင်ပျောက်ကွယ်သွားပြီး ကြားသာရုံ အသံသဲ့သဲ့ဖြင့် မျိုးချစ်စိတ်ရှိပါသည် ဟု ပြေးအော်အော်သွားသူများအား အသို့ဆိုနိုင်ပါအံ့နည်း။

စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ရှိသူသည် အနီးအနားရှိ ရရာ လှေ၊ ဖောင်၊ အကူအညီ ဟူသမျှတို့ကို အလျှင်အမြန်ရုံးစုကာ မိမိအသက်ကို မငဲ့ကွပ်ဘဲ မိမိလူမျိုးများအား သွားရောက်ကယ်တင်မည်သာ ဖြစ်သည်။ တကိုယ်ကောင်းဆန်ကာ ပစ်ပြေးရိုးထုံးစံမရှိ။ လှေမှောက်၍ ဒုက္ခရောက်နေသည့် မိမိလူမျိုးများအား “မင်းတို့ခဏနေကြအုံး။ မင်းတို့ကိုလာကယ်ဖို့ ငါလှေထွင်းလိုက်အုံးမယ်” ဟုဆိုကာ ကုန်းပေါ်တက်၊ သစ်ပင်ခုတ်၊ လှေထွင်းနေမည်လည်း မဟုတ်။ မှန်ကန်သည့်စိတ်ထားဖြင့် အမျိုးချစ်သူသည် ဒုက္ခအတိပြည့်နေသော မိမိလူမျိုးများနှင့် အတူတကွ ကြံ့ကြံ့ခံရပ်တည်နေပြီး မိမိလူမျိုးများ ဒုက္ခမှကင်းလွတ်စေရန်သာ အမြဲကြံဆပြုလုပ်နေမည်သာ ဖြစ်၏။ အဝေး၌ရှိနေလျှင်ပင် မိမိလူမျိုးများနှင့် ဝေးသည်ထက်ဝေးအောင်မပြေးဘဲ နီးသည်ထက်နီးအောင်ကပ်ကာ မိမိလူမျိုးများနှင့် အတူတကွ သာလည်းစံ၊ နာလည်းခံမည်သာ ဖြစ်သည်။

မိမိလူမျိုးအား ချစ်သည့်စိတ်သာ ရှေ့တန်းတင်လျက် တခြားလူမျိုးများအား မကောင်းမြင်တတ်သည့် မျက်ကန်းမျိုးချစ်စိတ်သည်လည်း မိမိလူမျိုး တိုးတက်ရာ တိုးတက်ကြောင်းကိုဖြစ်စေမည့် စစ်မှန်သော အမျိုးချစ်စိတ် မဟုတ်ပေ။ ဂျာမဏီပြည်မှ နာဇီပါတီခေါင်းဆောင် အဒေါ့ဖ်ဟစ်တလာသည် ထင်ရှားသည့် သာဓက ဖြစ်သည်။ ဂျာမဏီသည် ပထမကမ္ဘာစစ်တွင် စစ်ရှုံးပြီး စစ်လျော်ကြေးပေးလိုက်ရသည့်အတွက် ချွတ်ခြုံကျကာ ဆင်းရဲငတ်ပြတ်လျက်ရှိသည်။ ထိုကဲ့သို့ ဆင်းရဲမွဲတေမှုသည် ဂျူးလူမျိုးများ စီးပွားရေးနယ်ချဲ့မှုများကြောင့် ဖြစ်ရသည်ဟု ဟစ်တလာက ယူဆသည်။ ဂျူးလူမျိုး မကောင်းကြောင်းပြောသည်။ ဂျူးမုန်းတီးရေးတရား တွင်တွင်ဟောသည်။ ဂျာမဏီတွင် ဟစ်တလာအာဏာရလာသည့်အချိန်တွင် မဟာဂျာမာန် လူမျိုးကြီးဝါဒကို စွဲကိုင်ကာ ဂျူးများကို အစုလိုက် အပြုံလိုက် သတ်ပစ်ခဲ့သည်။

ထို့ကြောင့် မဟာလူမျိုးကြီးဝါဒ လက်ကိုင်ထားပါသည်ဟု တပါးလူမျိုးခြားကို လက်ညှိုးထိုး ယိုးစွပ်၍မရ။ မိမိ၏ အတွင်းအဇ္ဇတ္တ၌ ကိန်းဝပ်တည်ရှိနေသော မျက်ကန်းမျိုးချစ်စိတ်မှသာလျှင် လူမျိုးကြီးဝါဒ တဖြည်းဖြည်း ပြောင်းလဲအမြစ်တွယ်လာခြင်း ဖြစ်သည်။ ထိုကဲ့သို့ ဖြစ်တည်လာသည်နှင့်အမျှ မိမိလူမျိုး၏ ဂုဏ်သိက္ခာသည်လည်း အများတကာအလယ်တွင် ထိခိုက်ကျဆင်းကာ နောက်ဆုံးတွင် မလှမပ နိဂုံးချုပ်သွားရစမြဲသာ ဖြစ်ပေတော့သည်။

မှန်ကန်သည့်စိတ်ထားများဖြင့် အမျိုးချစ်တတ်ကြပါစေ......။

မောင်ပါလ
၂၈.၇.၂၀၁၁

ပြည်တွင်းက ရခိုင်သမိုင်းဆရာကြီးတိကို ညှိနိုင်းဖို့  လိုနီရေ ရခိုင်စာ ကိစ္စ အမေရိကန် အစီးအ၀ီးမှာ မဟာပညာကျော်မူကို ရခိုင်လူမျိုးတိ သုံးဖို့  မသုံးဖို့  ဆွေးနွေးကတ်

Monday, July 25, 2011
ပြည်တွင်းက ရခိုင်သမိုင်းဆရာကြီးတိကို ညှိနိုင်းဖို့  လိုနီရေ ရခိုင်စာ ကိစ္စ အမေရိကန် အစီးအ၀ီးမှာ မဟာပညာကျော်မူကို ရခိုင်လူမျိုးတိ သုံးဖို့  မသုံးဖို့  ဆွေးနွေးကတ်

ရခိုင်သမိုင်းဆရာကြီးတိ စာရီးနီကတ်စွာထဲမှာ ကွယ်လွန်လားခရေ ဆရာကြီးမောင်စံဖေါ်က ဥက္ကာပျံမူကိုရာ သုံးစွာဖြစ်တေလို့  ထုတ်ဖေါ်ပြောခပါရေ။ ယင်းပိုင်ဆရာကြီးမောင်စံဖေါ် သုံးခစွာကိုလဲ ဆရာမောင်ဗသိန်းက မောင်စံဖေါ်မူ ဆိုပနာ ရခိုင်စာ မူ အဖြစ် လုပ်ခွင့် တောင်းရေအခါ ဆရာကြီးမောင်စံဖေါ်က လက်မခံဘဲ ပါယ်ချခပါရေ ။ ဆရာကြီးမောင်စံဖေါ်မှာ ကွယ်လွန်လားခကေလဲ ရခိုင်စာ-မူကို မမြင်တွိခရပါဒေ။

အခုအချိန်မှာ အမေရိကန်နိုင်ငံ နယူးယောက်မြို့ မှာ သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာအေးကျော်အိမ်မှာ ရခိုင်စာကို ခေတ်မှီစာပီ တခုအဖြစ် အသိအမှတ်ပြုပနာ လုပ်ကတ်ဖို့  လို့  ဆွေးနွေးပွဲ တခုကို ဒေနိ ( ၂၄-၇-၂၀၁၁ ) -တနင်းဂနွီနိ - နိခင်း-၁-ချက်တီးမှာ ပြုလုပ်ခပါရေ ။ ယင်းအစီးအ၀ီးကို စာရီးဆရာ ခိုင်အောင်ကျော် ( နယူးယောက်) က တက်ရောက်ပနာ အမှာစကား ပြောခပါရေလို့  သိရပါရေ ။
ဆရာကြီးဒေါက်တာအေးကျော်မှာ ပြည်တွင်းက သမိုင်းဆရာကြီးတိက ရခိုင်စာ စံတခုအဖြစ် မလုပ်နိုင်ကတ်တေအတွက်နင့် အခုပိုင် ရခိုင်စာကို မူတခုအဖြစ် လုပ်ဖို့  ကြိုးစားစွာလို့  သိရပါရေ ။ ယင်းအစီးအ၀ီးမှာ စိတ်ပါဝင်စားရေ ရခိုင်လူငယ်ချေတိလဲ တက်ရောက်ကတ်စွာကို သိရပါရေ ။ ဆရာကြီး ဒေါက်တာအေးကျော်က အဖွင့်အမှာစကား ပြောစွာမှာ အခုပိုင် ရခိုင်စာကို မူတခုအဖြစ် လုပ်လိုက်ကေ ကျောက်တော်က လူလဲ ဖတ်နိုင်ရေပိုင် ဂွမြို့  လူတိလဲ ဖတ်နိုင်ရေ မူဖြစ်လားဖို့  လို့  ပြောခပါရေ ။

ဒေချင့်ကို ပုံစံရီးပနာ ယင်းမူကို မဟာပညာကျော်မူလို့  ခေါ်တွင်ဗြီးကေ အသုံးပြုဖို့  အတွက်အင်တာနတ် မှာ ကြေညာပီးလားဖို့ လို့  ပြောလားပါရေ။ အစီးအ၀ီး တက်ရောက်သူ ခိုင်အောင်ကျော်( နယူးယောက်)က အခုပိုင် အသက်အရွယ်ကြီးမြင့်ပနာ ရခိုင်စာမူ တခုကို ကြိုးပမ်းစွာကို အထူး ကျေးဇူးတင်ကြောင်း ပြောကြားခရေလို့  သိရပါရေ ။ နောက်ဗြီးကေ အခုပိုင် ဆရာကြီး တင်ပြရေ မဟာပညာကျော်မူမှာ ပြည်တွင်းမှာ ရီးသားနီကတ်တေ ဥက္ကာပျံမူနင့်လဲ ကွဲပြားနီရေအတွက် ဒေပိုင် မူကွဲနီကတ်စွာတိကို သတိထားဖို့ လိုကြောင်း။ အထူးသဖြင့် ပြည်တွင်းမှာ ရခိုင်သမိုင်း ဆရာ ကြီးတိ ဖြစ်တေ အရှင်စက္ကိန္ဒ၊ အရှင် ဇေယျန္တဗောဓိ ၊ ဆရာမောင်ဗသိန်း။ ဆရာအောင်ဇံ။ ဆရာ ဦးအောင်လှသိန်း။ ငပြူး-သံတွဲ အစဟိရေ သမိုင်းစာရီးဆရာကြီးရို့  နင့် ညှိနိုင်းရဖို့  လိုကြောင်း။ ယေမှရာ ပြည်တွင်းက သမိုင်းဆရာကြီးရို့  နင့်ပါ မျိုးဆက်သစ် ရခိုင်သမိုင်းသုတေသီ စာရီးဆရာချေတိနင့်ပါ တိုင်ပင် ညှိနိုင်းဗြီးမှ ရခိုင်လူမျိုးတိအတွက် ရခိုင်စာ -မူတခုအဖြစ် လုပ်နိုင်ဖို့  ဖြစ်ကြောင်း ပြောကြားလားရေလို့  သိရပါရေ။

မဟာပညာကျော်မူမှာ ဝေသာလီခေတ်က ရီးခရေ ဗျည်းတိ ၊ လေးမြို့  ခေတ်သုံး ဗျည်း တိနင့် မြောက်ဦးခေတ်သုံး ဗျည်းတိကို ကောင်းနိုးရာရာ ရွီးပနာ ပေါင်းစပ် လုပ်ထားရေ ရခိုင်သင်ပုန်းကြီး ဖြစ်တေလို့  သိရပါရေ ။ အရှင်စက္ကိန္ဒ သုတေသန ပြုလုပ်ထားရေ ရခိုင်သင်ပုန်းကြီးမှာ ဗျည်း-၃၃- လုံးရာ ဟိကေလဲ အခု လုပ်ထားရေ နယူးယောက် မဟာပညာကျော် မူမှာ ဗျည်း -၃၆- လုံး တောင် ဟိနီရေလို့  သိရပါရေ ။ ပြည်တွင်းက သမိုင်းစာရီးဆရာကြီးတိ ရခိုင်စာပီကို မူတခုအဖြစ် မလုပ်နိုင်ကတ်စွာမှာ အခုပိုင် ရခိုင်ရှေးဟောင်းစာပီတိထဲက ကောင်းနိုးရာရာ အလှပချေ စာလုံးတိကို -၂၁-ရာစု ရခိုင်စာလို့  သတ်မှတ်ချင်နီကတ်စွာလဲ ဖြစ်ပါရေ ။

နောက်ဆုံးမှာ ခိုင်အောင်ကျော် ( နယူးယောက် ) က ရခိုင်စာ မူ တခု ပေါ်ထွက်လာဖို့  စွာကို လက်ခံ ကြိုဆိုကေလဲ သမိုင်းဆရာကြီးတိနင့်မှ ညှိနိုင်းပနာ လုပ်ရဖို့  စွာကို ပြောခရေလို့  သိရပါရေ။ ယေဗြီးကေ ဒေပိုင်မူ လုပ်ထားစွာကို သမိုင်းဆရာကြီးတိ ၊ မျိုးဆက်သစ် သမိုင်းသုတေသီချေတိ နင့် ရခိုင်လူမျိုးတိ သိအောင် အင်တာနတ်က တင်ပီးပနာ ဆွေးနွေး လက်ခံမှရာ မူကို စာလုံးဖေါ်ဆောင် လုပ်ဖို့  လိုစွာကို ပြောခရေလို့  သိရပါရေ။ အတည်မပြုရခင်မှာ စာလုံးကို ဖေါ်နီခကေ ဖေ့သာလဲ ကုန်ပနာ အသိအမှတ် မပြုခကေ အဓိပ္ပါယ် မဟိဖြစ်နီဖို့  အတွက် အယင်ဆုံး ရခိုင်လူမျိုးတိက ဒေပိုင် မဟာပညာကျော် မူ ကို လက်ခံကတ်ယင့်လား ဆိုစွာကို အချိန်ယူ စောင့်ကြည့်ဖို့  လိုရေလို့  ပြောခကြောင်း သိရပါရေ။ ပြသနာတခုမှာ ဒေပိုင်ရာ မဟာပညာကျော်မူ ဆိုပနာ လုပ်ခကေ ပြည်တွင်းက သမိုင်းဆရာကြီးတိက ရီးသားနီရေ မူတိနင့် လုံးဝကွဲပြားလားဖို့  ပိုင် ဇါသူတယောက်လဲ လက်တွိမှာ ဖတ်တတ်ဖို့  မဟုတ်စွာကတော့ သီချာနီပါရေ ။ ဇါဖြစ်လို့ ဆိုကေ ဗျည်း-၃၆-လုံးကို ရခိုင်သင်ပုန်းကြီးပါလို့  ပြောနိုင်ကေလဲ ယင်းဗျည်း -၃၆-လုံးပါဝင်ရေ စာပီမျိုးကို ဇါသူက ဦးဆောင်ပနာ ပြုစုရီးသားကတ်ဖို့ လဲ ဆိုစွာကလဲ ပြသနာဖြစ်နီပါရေ ။

မူလတန်းကျောင်းသားချေတိ ဖတ်နိုင်ဖို့  အတွက် သင်ရိုးးညွှန်းတန်းမှာ ထည့်ဖို့  အတွက် ဇါသူက ဦးဆောင် ရီးဆွဲဖို့ လဲ ဆိုစွာက ပြသနာ ဟိလာနိုင်ရေပိုင် ယင်းဗျည်း-၃၆- လုံးပါရေ စာပီမျိုးကို ဇါသမိုင်းဆရာကြီးတိ၊ ဇါမျိုးဆက်သစ် သမိုင်းသုတေသီတိက ရီးသားလက်ခံဖို့  ဆိုစွာကလဲ ကောင်းကောင်းကြီး ပြသနာတခုဖြစ်နီပါရေလို့  ပြောသံတိကြားနီ ရပါရေ။ ဇါဖြစ်လို့ ဆိုကေ မြောက်ဦးခေတ် သုံး ရခိုင်စာကို မူတခုအဖြစ် သုံးနီကတ်တေ ရခိုင်သမိုင်းရာကြီးတိမှာ အခုပိုင် -၂၁- ရာစု မဟာပညာကျော်မူကို ဇါပိုင်လက်ခံနိုင်ဖို့ လဲလို့  တချို့ က ၀ီဖန်နီသံတိလဲ ကြားနီရလာပါဗျယ်။ ယင်းနိက အစီးအ၀ီးမှာ ဘင်္ဂလားဒေ့ရှ်မှ လေးဝတီအာရကန် အကြီးတန်း သတင်းထောက် ခိုင်ဥက္ကာပျံက သမိုင်းဆရာကြီးတိနင့် ညှိနိုင်းဖို့  လိုစွာကိုပါ အွန်လိုင်းက နီပနာ ၀င်ဗြီးကေ အကြံပီး ဆွေးနွေးခရေလို့ သိရပါရေ။ သမိုင်းဆရာကြီးတိနင့် ညှိနိုင်းဖို့  လိုရေလို့  ပြောစွာမှာ ဒေပိုင် နယူးယောက်က ရခိုင်မူကို အတည်ပြုရေ ပုံစံမျိုးကို မသက်ရောက် စီချင်ရေအတွက် စာရီးဆရာကြီးတိနင့် ညှိနိုင်းဖို့  လိုစွာကို ပြောခစွာဖြစ်ကြောင်း သိရပါရေဒေ။။။။

စောပြည့်ညို(စစ်တွေ)

ရခိုင်စာကို စံတခုအဖြစ် ထားပနာ ပြုလုပ်လားဖို့ စာကို ပြည်တွင်းဖွဲ့ တိက ၀ီဖန်

ရခိုင်စာကို စံတခုအဖြစ် ထားပနာ ပြုလုပ်လားဖို့ စာကို ပြည်တွင်းဖွဲ့ တိက ၀ီဖန်

အမေရိကန်နိုင်ငံ နယူးယောက်မြို့ မှာ အစီးအ၀ီးတခု လုပ်လားစွာကို ပြည်တွင်းက ရခိုင်သမိုင်းဆရာကြီးတိ နင့် ရခိုင်ယိုင်ကျေးမူနင့် စာပီယိုင်ကျေးမူ အဖွဲ့ ရို့ က လက်မခံကြောင်း သတင်းကြားသိရပါရေ ။


အမေရိကန်နိုင်ငံ နယူးယောက်မြို့ မှာ အစီးအ၀ီးတခု လုပ်လားစွာကို ပြည်တွင်းက ရခိုင်သမိုင်းဆရာကြီးတိ နင့် ရခိုင်ယိုင်ကျေးမူနင့် စာပီယိုင်ကျေးမူ အဖွဲ့ ရို့ က လက်မခံကြောင်း သတင်းကြားသိရပါရေ ။

ရခိုင်သမိုင်းဆရာကြီး ဦးဦးသာထွန်း၏ သားကြီးဖြစ်သူ ဦးကျော်ထွန်းအောင် ( အငြိမ်းစား ရှေးဟောင်းသုတေသန ယိုင်ကျေးမူ ဦးစီးဌါန- ညွှန်ကြားရီးမှူး) အပါအ၀င် ရန်ကုန် - လေးဝတီတီးဝိုင်း အဖွဲ့ နင့် ရခိုင်စာပီယိုင်ကျေးမူ အဖွဲ့ ရို့ ကလည်း ကောင်းကောင်းစိတ်ထိခိုက်ကတ်ကြောင်း ပြောကတ်ပါရေ။

သမိုင်းဆရာကြီးရို့ မှာ ရခိုင်စာပီနင့် ပါတ်သက်၍ နှစ်ပေါင်များစွာ ရခိုင်လီသံ အက္ခရာတိနင့် ရခိုင်မဂ္ဂဇိန်း ရို့ ကို ထုတ်ဝီရီးသားနီကတ်တေ ဆရာ့ဆရာကြီးတိ ဖြစ် နီသူတိပါရာ။ အခုပိုင် သမိုင်းခေတ်နင့် ချီပနာ ဟိခရေ ရခိုင်စာပီရို့ ကို ထိမ်းသိမ်းနီရေအချိန်မှာ သူ့ ခေတ် သူ့ အက္ခရာ လက်ရာတိကို ထိမ်းသိမ်းဖို့  အစား မဆလာရောရေပိုင် ခေတ်ကိုဖျက်ဆီးပနာ ရခိုင်အက္ခရာပိုင် လုပ်ဖို့ ဆိုစွာကို ပြည်တွင်းက သမိုင်းဆရာကြီးတိက စိုင်းစားမရကတ်လို့  ပြောသံကြားရပါရေ။

ရခိုင်စံတခုကို လုပ်ဖို့  စွာမှာ သမိုင်းဆရာကြီးတိက ဒေကိစ္စကို အချိန် ယူပနာ စိုင်းစာဗြီးကေ ညှိနိုင်းလုပ်ယူရဖို့  ဟိရေလို့  တချို့  ရခိုင်စာရီးဆရာကြီးက မှတ်ချက်ပီးကတ်ပါရေ။ ယေကေလဲ သမိုင်းခေတ် တခေတ်ပျောက်လားအောင် ရခိုင်အက္ခရာကို ဖျက်တေပိုင် စာပီမျိုးကို မလုပ်သင့်လို့  ပြောဆိုကတ်ဗြီးကေ တိတိကျကျ ဝေသာလီခေတ်က စာပီကို မူ ဆိုကေ မူ- လေးမြို့ ခေတ်က မူ ဆိုကေ မူ- မြောက်ဦးခေတ်က မူဆိုကေ မူ ဆိုပနာ ရှေးစောင်းထုံးစံကို မပါယ်သင့်ပါလို့ လဲ ပြောနီကတ်တေလို့  သတင်းကြားရပါရေ။

ရခိုင်သူရခိုင်သား တိအနေ နန် ရခိုင်စာဖေါ်ထုပ်ရေး အတွက်အထူးစိတ်ပါ ၀င်စားနိန်ကတ်ပါရေ။ ရခိုင်စာပီးနန်ဘာသာဗေဒ ပညာရှင်ရို့ ပူးပေါင်းကာ စံတစ်ခု ဖြစ်အောင် လုပ်ဆောင်လားခပါက မကြာခင် ရခိုင်သူ၊ရခိုင်သားတိ ရခိုင်စာစံအတိုင်း ရွီး
လာဖို့ ဟိန်ပါရေအကြောင်းသိဟိန်ရပါရေ။

ဂေါက်ရ( ရန်ကုန်)

ရခိုင်ပြည်နယ် သတင်းဂျာနယ် ရှိလမှာ ထုတ်ဝီဖို့လို့သိရ

ရခိုင်ပြည်နယ် သတင်းဂျာနယ် ရှိလမှာ ထုတ်ဝီဖို့လို့သိရ
ရခိုင်ရိုးမ။ ။22,July,2011

ရခိုင်ပြည်နယ်အစိုးရ ကိုယ်စားပြု ရခိုင်ပြည်နယ် သတင်းဂျာနယ်ကို ရှိလမှာ ထုတ်ဝီလားဖို့ဖြိုက်တေလို့ သိရပါရေ။
အဆိုပါဂျာနယ်မှာ ရခိုင်ပြည်နယ် အစိုးရ၏ လုပ်ဆောင်မှုတိကို ကိုယ်းစားပြုဖို့ ဂျာနယ်ဖြိုက်ပြီး အဓိက ကြံ့ခိုင်ရေး ပါတီဝင်တိက တာဝန်ယူ ဆောင်ရွက်ဖို့စွာ ဖြိုက်တေလို့ သိရပါရေ။


“ရခိုင်ပြည်နယ် ၁၈ မြို့နယ်က သတင်းတိကို ထုတ်ဝီဖို့စွာပါ၊ အဓိကရခိုင်ပြည် နယ် အစိုးရ၏ လုပ်ဆောင်ချက်တိကို အသာပီး ဖော်ပြဖို့စွာပါ “လို့ အဆိုပါ ဂျာနယ်က တာဝန်ရှိသူ တဦးက ဆိုပါရေ။

ကနဦး ကရခိုင်ပြည်နယ် သတင်းဂျာနယ်ကို ရခိုင်မြင်ကွင်းဂျာနယ်အဖြိုက် သတ်မှတ်ခကေလဲ နောက်ပိုင်း ရခိုင်ပြည်နယ် သတင်းဂျာနယ် နာမည်ပြောင်းလိုက်ပြီး တလ တကြိမ်ထုတ်ဝီဖို့လို့ သိရပါရေ။

အဆိုပါ ဂျာနယ် အတွက် ရုံးခန်းကို ရခိုင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးရုံးမှာ အခန်းထားပြီးကေ ယင်း ရခိုင်ပြည်နယ် သတင်းဂျာနယ်မှာ ပါဝင်ရေ ၀န်ထမ်းတိကို လစာအဖြိုက်နန့် ပီးလားဖို့ ဖြိုက်တေလို့ သိရပါရေ။

ရခိုင်ပြည်နယ် သတင်းဂျာနယ် အတွက် အယ်ဒီတာကို ကြံ့ခိုင်ရေးပါတီင်္ဝင် ဥိးကောင်းစံရွှိက တာဝန်ယူခကေလဲ ဒေသခံတိက ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြူဂျာနယ် ဖြိုက်တေလို့ သတင်းထွက်ပေါ်လာရေ အတွက် စာရေးဆရာ ဗဂျီးကျော်ကို အယ်ဒီတာအဖြိုက် ထားကြောင်း သိရပါရေ။

ထို့အပြင် ရခိုင်ပြည်နယ် သတင်းဂျာနယ်မှာ ပါဝင်ရေလူတိရေ ကြံ့ခိုင်ရေးပါတီကို ၀င်ရဖို့လို့ အယ်ဒီတာ ဖြိုက်တေ ဦးကောင်းစံရွီ ဖိအားကြောင်း အယ်ဒီတာတဦး နှတ်ထွက်လားကြောင်းလည်း သိရပါရေ။

ရခိုင်ပြည်သူတိက အဆိုပါ ဂျာနယ်ရေ ကြံခိုင်ရေးပါတီ၏ လုပ်ဆောင်ချက် ဖြိုက်တေလို့ ဆိုပါရေ။ သတင်းတိကို ဗမာဘာသာနန့် ဖော်ပြဖို့ ဖြိုက်ပြီးကေ ရခိုင်လူထု သတင်းအစား ရခိုင်ပြည်နယ် အစိုးရ၏ သတင်းတိကိုရာ ဦးစားပီး ဖော်ပြလားဖိုလို့ သိရပါရေ။

အဂုအခါ ဂျာနယ်ကို စစ်တွေမြို့မှာ ရိုက်နှိပ်န်ီပြီင်္းကေ ရှိလမှာ ထုတ်ဝီဖို့လို့ သိရပါရေ။ ရခိုင်ပြည်နယ်မှာ သတင်းဂျာနယ် ဖြိုက်လာဖို့ (၂၀၁၀)ခုနှစ်က ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက ကြိုးစားခကေလဲ သက်ဆိုင်ရာက ခွင်ပြုချက် မရခကြောင်း သိရပါရေ။

ရခိုင်ပြည်နယ် သတင်းဂျာနယ်နန့် ပတ်သက်လို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က သတင်းဂျာနယ်အတိုင်း ထုတ်ဝီရန် တိုက်တွန်းခကေလဲ အယ်ဒီတာအဖွဲ့က အမှန်တကယ် ဖြိုက်ပေါ်နိန်ရေ သတင်းထက် အစိုးရ သတင်းတိကိုရာ တင်ပြဖို့ အလားအလာရှိကြောင်း သိရပါရေ။ အဆိုပါ ဂျာနယ်နန့် ပတ်သက်လို့ ပြည်သူတိက စိတ်ဝင်စားမှု မရှိကြောင်းလည်း သိရပါရေ။

Wednesday, July 27, 2011

KIO အပစ်အခတ်ရပ်ဆိုင်းရန် အဓမ္မနည်းဖြင့် မြန်မာအစိုးရ ကြိုးပမ်း

KIO အပစ်အခတ်ရပ်ဆိုင်းရန် အဓမ္မနည်းဖြင့် မြန်မာအစိုးရ ကြိုးပမ်း
အင်္ဂါနေ့၊ ဂျူလိုင်လ 26 ရက် 2011 ခုနှစ် ကချင်သတင်းဌာန သတင်း - ကချင်သတင်းဌာန

မြန်မာအစိုးရ သမ္မတ သိန်းစိန် (ဘယ်) နှင့် KIO ဥက္ကဌ ဇောင်းဟရား အဓ္ဓမနည်းဖြင့် ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) အပစ်အခတ်ရပ် ဆိုင်းရန် စစ်တပ်ကျောထောက်နောက်ခံ မြန်မာ အစိုးရ ကြိုးပမ်းနေသည်ဟု သိရသည်။
TheinSein-ZawngHra

မြန်မာအစိုးရ သမ္မတ သိန်းစိန် (ဘယ်) နှင့် KIO ဥက္ကဌ ဇောင်းဟရား


စစ်ဗို်လ်ဟောင်း ကြံ့ဖွံ့အမတ် ဦးသိန်းဇော်က ဇူလိုင် ၂၄ ရက်ညတွင်ကချင်လွှတ်တော်အမတ်များဖြစ်ကြ သည့် ဦးခက်ထိန်နန်နှင့် ဦးခမိုင်တန်တို့ကိုခေါ်ယူ၍ KIO အပစ်အခတ်ရပ်ဖို့ ကချင်ရိုးရာကောက်ညှင်း ပလိုင်းနှင့်အတူ ကချင်ရိုးရာယဉ်ကျေးမှုကော်မတီကို ဦးဆောင်စေပြီး ဇူလိုင် ၂၆ ရက်တွင် KIO ထံ သွားရောက် ပြောဆိုရန် ညွှန်ကြားလိုက်သည်ဟု ၎င်းကချင်အမတ်များနှင့် နီးစပ်သူများကဆိုသည်။

KIO က အပစ်အခတ်ရပ်ဆိုင်းရေးကို လက်ခံရန်ငြင်းဆန်နေလျှင် မြန်မာစစ်တပ်ထိန်းချုပ်သည့်ကချင်ပြည် နယ်ရှိ မြို့နေလူထုအား စစ်မလိုလားကြောင်း ချီတက်ပြသရန် တစ်အိမ် တစ်ယောက် မသွားမနေရလုပ်သွား မည်ဆိုကာ ဦးသိန်းဇော်ပြောသွားသည်ဟု ဆိုသည်။

ထို့အပြင် ဦးသိန်းဇော်မှ အပစ်အခတ်ရပ်စဲရေးကို လက်ခံရန် ငြင်းဆန်သည့် ထိပ်ပိုင်း KIO ခေါင်းဆောင်များ ကိုလည်း လုပ်ကြံ့ရန် ပြောဆိုသွားသည် ဟုဆိုသည်။

ဇူလိုင် ၂၅၊ ယနေ့ တနင်္လာနေ့ ကချင်ပြည်နယ် အရှေ့ပိုင်း ချီဖွေမြို့နယ်တွင် မြန်မာစစ်တပ် ခလရ ၁၂၁ နှင့် KIA တပ်ရင်း (၁၀) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) လက်အောက်ခံ အင်မောင်ခ(ရွှေလီ) မြစ်ကမ်းပေါ်မှ ငါးဦး အခြေစိုက် ခလရ (၁၂၁)မှ မြန်မာစစ်သားများသည် ချီဖွေမြို့နယ်၊ အင်မိုင်ခူး(မေခမြစ်ဖျား)မှ အပြန် လမ်းတွင် တြိဂံဒေသ KIA တပ်မဟာ (၁)၊ တပ်ရင်း (၁၀) မှ တပ်များနှင့် တိုက်ပွဲဖြစ်သည် ဟု KIAအရာရှိများပြော သည်။

မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်း နမ်ဆန်ယန်မှ အရှေ့ဘက် ဘန်ဒေါင်ကြားတွင် မြစ်ကြီးနားမှ ခလရ (၂၁)နှင့် ခလရ (၃၇) မှ အင်အား ၅၀ ခန့် ရှိ မြန်မာစစ်ကြောင်း နှင့် KIA တပ်မဟာ ၅ ဌာနချုပ်တပ်များနှင့် နံနက် ၁၁ နာရီတွင် စစ်ပွဲ ဖြစ်ပွားသည်။

ကချင်ပြည်နယ် အလယ်ပိုင်း ဆင်ဘိုဒေသတွင်လည်း ၎င်းဒေသရှိ ခလရ (၁၄၁) နှင့် ဒေါဖွမ်းယန်နယ်မြေခံ ခလရ (၁၄၂) မှ မြန်မာစစ်သားများနှင့် KIA တပ်မဟာ(၂)၊ တပ်ရင်း(၅)မှ KIA စစ်သားများတိုက်ပွဲဖြစ်ပွား သည်ဟု KIA အရာရှိများပြောသည်။

ယင်း တိုက်ပွဲ ၃ နေရာတွင် သေကျေဒဏ်ရာရမှု ရှိပြီး စာရင်း တိတိကျကျ မသိရပေ။

Tuesday, July 26, 2011

ပြည်ထဲရေးဝန်ကြီးဟောင်း မောင်ဦး ရခိုင်လူထုကို ဘာတွေ ပြောခဲ့သလဲ

News Date:7/20/2011
ပြည်ထဲရေးဝန်ကြီးဟောင်း မောင်ဦး ရခိုင်လူထုကို ဘာတွေ ပြောခဲ့သလဲ

ပြည်ထောင်စုကြံ့ခိုင်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရခိုင်ပြည်နယ် တာဝန်ခံ ယခင် ပြည်ထဲရေး ၀န်ကြီးဟောင်း နှင့် ရခိုင်တိုင်းမှူးဟောင်း ဦးမောင်ဦးသည် ၁၄. ၅. ၂၀၁၁ နေ့တွင် ပေါက်တောမြို့သို့ ရောက်ရှိလာပြီး မြို့မိ မြို့ဖများ လွှတ်တော်ကိုယ်စားလှယ်များကို ဖိတ်ကြားပြီး ယခုကဲ့သို့ ပြောကြားခဲ့သည်။

(ဦးမောင်ဦး၏ ပြောကြားချက်များကို ပေါက်တောမြို့နယ် ကြံ့ခိုင်ရေးရုံး အစည်းအဝေးမှတ်တမ်းတွင်လည်း တွေ့ရှိနိုင်ပါသည်။)


Speak-of-Maung-Oo
တွေ့ဆုံးပွဲအခမ်းအနားတွင် ဦးမောင်ဦး ပြောကြားချက်

၁။ ဒီနေ့ လွှတ်တော်တွေ ပေါ်ပေါက်လာတယ်။ လွှတ်တော်တွေကို အာဏာအပ်နှင်းတယ်ဆိုတာကို ခင်ဗျားတို့ သိကြမှာပဲ။ ဒါပေမယ့် အမှန်တကယ်တော့ လွှတ်တော်ကို အာဏာလွဲတာမဟုတ်ဘူး။ ကြံ့ခိုင်ရေး ပါတီကိုပဲ အာဏာ လွဲအပ်တာ ဖြစ်တယ်ဆိုတာ တက်ရောက်လာတဲ့ လူကြီးမိဘတို့ သိထားရမှာပဲ။ ယခုလက်ရှိသမ္မတဟာ ကြံ့ခိုင်ရေးပါတီကပဲဖြစ်တယ်။ သမ္မတဖြစ်သွားရင်တောင်မှ ကြံ့ခိုင်ရေး ပါတီမှ နှုတ်ထွက်စရာမလိုဘူး ဆိုတာ လူကြီးမင်းတို့ သိထားကြရမယ်။

၂။ နိုင်ငံတော်ရဲ့အာဏာကို ပြည်ခိုင်ဖြိုးပါတီမှ ဘယ်တော့မှ မစွန့်လွှတ်ဘူး။ ရာသက်ပန် အုပ်ချုပ်မှာပဲ။ တပ်မတော်မှ အာဏာလွဲပြောင်းပေးတာဟာလည်း လွှတ်တော်ကို လွဲတာမဟုတ်ဘူး။ ကြံ့ခိုင်ရေး ပါတီကို လွဲအပ်တယ်ဆိုတာကို နားလည်ထားရမယ်။ ကြံ့ခိုင်ရေးပါတီဟာ တစ်ခုတည်းသော တိုင်းပြည်ကိုအုပ်ချုပ်မယ့် ပါတီ ဖြစ်တယ်။

၃။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ RNDP က အနိုင်ရသော်လည်း တောင်ပိုင်းမှာတော့ ကြံ့ခိုင်ရေး ပါတီဘဲ နိုင်တယ်။ တောင်ပိုင်းသားတွေဟာ ရခိုင်အစစ်တွေ မဟုတ်ဘူးလား။ ခင်ဗျားတို့ ရခိုင်တွေဟာ ၂၀၀၈ အခြေခံ ဥပဒေကို ထောက်ခံကြတယ်။ စာတွေ မဖတ်ကြဘူးလား၊ ဘယ်တော့မှမရဘူး ခင်ဗျားတို့ ရခိုင်တွေဟာ လူမျိုးစွဲ ဒေသစွဲတွေ ရှိနေကြတယ်။ သီးခြား သမ္မတနိုင်ငံ ထူထောင်လို့တော့ မရဘူး၊ ရခိုင်တွေ ၂ သန်းခွဲလောက်ရှိတယ်၊ ကျန်တဲ့ သန်း ၆၀ ကိုတော့ ဆန့်ကျင်လို့ မရဘူး။ ရန်ကုန်ရောက်ရခိုင်တွေကလည်း လူမျိုးစု အင်အားတစ်ရပ်အဖြစ် ထူထောင်ချင်ကြတယ်။ ဒါပေမယ့် RNDP ပါတီဟာ ပြည်ထောင်စု အစိုးရအဖွဲ့မှာ တစ်ယောက်မှ မပါဘူး။ ပြည်နယ် အစိုးရ အဖွဲ့မှာလည်း ကြံ့ခိုင်ရေး ပါတီကဘဲ ဦးဆောင်နေပါတယ်။ ယခု ကျွန်တော်နှင့် အတူပါလာတဲ့ ချင်းရေးရာဝန်ကြီး ဦးကိုကိုနိုင်၊ ပညာရေးနဲ့ ကျန်းမာရေး ဝန်ကြီး ဒေါက်တာအောင်ကျော်မင်း ဆိုတာလည်း ကြံ့ခိုင်ရေးပါတီကပဲ ဖြစ်တယ်။

၎။ ရခိုင်တွေမကဘူး ချင်းတွေကလည်း ပြည်ထောင်စု ဝန်ကြီးအဖြစ်တောင်းကြတယ်။ ချင်းတွေဟာ ဘာစာမှ မတတ်ဘူး။ ဘာဘွဲ့မှလည်း မရဘူး။ ဘာနိုင်ငံရေးမှ မသိဘဲနှင့် ဝန်ကြီးပေးလို့ ရမှာလား။ ဘွဲ့ကြီးတွေ တသီတတန်းနှင့် လူတွေကိုဘဲ ပေးတာပါ။ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းကို ဒုသမ္မတပေးတာဟာလည်း ကျွန်တော်တို့ ကြံ့ခိုင်ရေးနဲ့ နှစ် ၁၀ လောက် ရှမ်းပြည်နယ် ဖွံ့ဖြိုးရေးကို ပူးပေါင်းလုပ်ခဲ့လို့ ပေးတာဖြစ်တယ်။

၅။ ကျွန်တော်ဟာ ကြံ့ခိုင်ရေးပါတီရဲ့ ဗဟိုကော်မတီဝင်တဦးဖြစ်တယ်။ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ကိုလည်း ကြံ့ခိုင်ရေးပါတီကို ထောက်ခံတဲ့ လူတွေကိုပဲ ခန့်အပ်ပါလို့ ပြောတာကို ယခု မြို့နယ် အုပ်ချုပ်ရေးမှူးတွေဟာ ငွေယူပြီး ပြည်ခိုင်ဖြိုး ပါတီကို အားမပေးတဲ့သူတွေ ဆန့်ကျင်တဲ့ သူတွေကို ခန့်အပ် ထားတယ်။ "မိမိတို့ကို ထောက်မခံတဲ့သူကို ခင်ဗျားတို့အနေဖြင့် ခန့်မှာလား" ။ ဥပဒေနဲ့ လက်တွေ့ အခြေအနေကို ကြည့်ပြီး လုပ်ရတယ်။ အရာရာကို ဥပဒေနှင့် လုပ်လို့မရဘူး။ ပါတီစုံ ဆိုပေမဲ့ အခြေအနေအရ လုပ်ထားရတာပါ။ ပြည်ခိုင်ဖြိုး ပါတီကပဲ ဦးဆောင်သွားမှာပဲ။ အစိုးရအဖွဲ့ ဝန်ကြီးတွေ လုပ်ဆောင်ချက်တွေ ကိုလည်း ပြည်ခိုင်ဖြိုးပါတီက စောင့်ကြည့်နေတယ်။

(၎င်းနေ့ မောင်ဦးသည် ကြံ့ခိုင်ရေး ပါတီဝတ်စုံကို ၀တ်ဆင်ထားပြီး အခမ်းအနား တက်ရောက် လာသူများကို လက်ညိုးထိုးပြီးမေးမြန်း ပြောဆိုခဲ့သည်။)

၆။ ၎င်းနေ့ တွေ့ဆုံပွဲတွင် အထက်ပါအပိုဒ် ၅ ထိ ပြောပြီးချိန်တွင် ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူး တက်ရောက်နေသည်ကို တွေ့မြင်သွား၍ ဦးမောင်ဦးက မင်းအုပ်ချုပ်ရေးမှူး မဟုတ်ဘူးလား ဆိုပြီး မေးမြန်းကာ ယခုချက်ချင်း တွေ့ဆုံပွဲက ထွက်သွားဆိုပြီး နှင်ထုတ်လိုက်သည်။

၎င်းနောက်ပိုင်း မောင်ဦးက --- ဒီဘက်မှာ ကြံ့ခိုင်ရေးပါတီ မဲရှုံးတာ အဓိက မယက၊ ရယက၊ ပြည်သူ့ဝန်ထမ်းတွေ အသုံးမကျလို့ ရှုံးရတာပဲ။ ရခိုင်တွေ မဲဆွယ်စဉ်က ရခိုင်ပြည်မှာ တပ်မတော် မရှိရဘူး။ ကိုယ်မြေမှာ ကိုယ်လူမျိုးဘဲ အုပ်ချုပ်မယ်၊ ဗမာအုပ်ချုပ်တာ မခံဘူးဆိုပြီး ကျဉ်းမြောင်းတဲ့ လူမျိုးရေးဝါဒနှင့် စည်းရုံးနေခဲ့ကြတာ ကျွန်တော်ကြားရတယ်။

၇။ ၎င်းနေ့ နံနက် (၁၁း၃၀) နာရီတွင် မြို့မိ/ဖများနှင့် တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်ပြီးနောက် ဌာနဆိုင်ရာ ဝန်ထမ်းတွေနှင့် တွေ့ဆုံပွဲ ထပ်လုပ်ပါသည်။

ဝန်ထမ်းများနှင့် တွေ့ဆုံစဉ်အတွင်း ဒီနေ့တက်ရောက်လာတဲ့ လူတွေထဲမှာ ဗမာလူမျိုး ဘယ်နှစ်ယောက် ပါသလဲ ဆိုပြီး မေးမြန်းသည်။ မြန်မာစီးပွားရေးဘဏ်မှ မန်နေဂျာ ဦးရွှေကြိုင်အား ခင်ဗျား ကုလားလူမျိုး မဟုတ်ဘူးလားလို့ မေးမြန်းသည်။ ဦးရွှေကြိုင်မှ မိမိ ရခိုင်ဖြစ်ကြောင်း ပြောကြားခဲ့ရသည်။

ပြည်တွင်းစစ် ရပ်စဲရေး ကြေညာချက်တစောင် ထုတ်ပြန်

မိုးယံ Monday, 25 July 2011 14:24

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော ပြည်တွင်းစစ်ပွဲများကြောင့် ပြည်သူများစွာ ထိခိုက်နစ်နာနေရသည့် အတွက် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ နှစ်ပတ်လည်နေ့တွင် ပြည်တွင်းစစ် ရပ်စဲရေး ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။

ဇူလိုင်လ ၂၃ ရက်နေ့တွင် ကျရောက်သော သခင်ကိုယ်တော်မှိုင်း ကွယ်လွန်သည့် ၄၇ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် သခင်ကိုယ်တော်မှိုင်း၏ မိသားစုဝင်များ၊ သခင်ကိုယ်တော်မှိုင်းနှင့်အတူ ယခင် ငြိမ်းချမ်းရေးလုပ်ငန်း လုပ်ကိုင်ခဲ့သော ၀ါရင့်နိုင်ငံရေးသမားများ၊ တပည့်သားမြေးများက ပြည်တွင်းစစ်ရပ်စဲရေး ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်း နှစ်ပတ်လည်အခမ်းအနားသို့ ၀ါရင့်နိုင်ငံရေးသမားများ၊ စာရေးဆရာများ၊ အနုပညာရှင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ကြသည်။

ပြည်တွင်းစစ် ရပ်စဲရေးအတွက် အစိုးရ၊ ပြည်သူလူထု၊ အနုပညာရှင်၊ လက်နက်ကိုင်အဖွဲ့အစည်း စသည်တို့ကို အကြမ်းမဖက်ဘဲ ငြိမ်းချမ်းရေးလမ်းစဉ်အတိုင်း မေတ္တာရပ်ခံပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယခင် ပြည်သူ့တိုးတက်ရေးပါတီမှ ဦးလေးမြင့်က ပြောသည်။

“ပြည်တွင်းစစ်ရပ်စဲဖို့ လုပ်သင့်လုပ်ထိုက်တာ အကုန်လုပ်သွားမယ်။ လက်မှတ်ရေးထိုးတာတို့ ကြေညာချက်ထုတ်တာတို့ ရှိမယ်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဟောပြောပွဲတွေလည်း လုပ်သွားမယ်” ဟု ဦးလေးမြင့်က ဆိုသည်။

အဆိုပါ ပြည်တွင်းစစ်များ ရပ်စဲရေး ကြေညာစာတမ်းသည် နိုင်ငံရေးနှင့် မဆက်နွှယ်ကြောင်း၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ “သူမနာကိုယ်မနာ” ငြိမ်းချမ်းရေးလမ်းစဉ်အတိုင်း ဆရာတော်သံဃာတော်များနှင့် အနုပညာရှင်များ၊ ငြိမ်းချမ်းရေး လိုလားသူ ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ ပြည်သူလူထူများနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သခင်ကိုယ်တော်မှိုင်း၏ မိသားစုဝင်တစ်ဦးက ဆိုသည်။

၁၉၅၇ ခုနှစ် ဖေဖော်ဝါရီလတွင် ဖွဲ့စည်းခဲ့သော ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဦးစီးခေါင်ဆောင်သည့် ပြည်တွင်းငြိမ်းချမ်းရေး ၈ ဦးကော်မတီ၊ ၁၉၆၀ ပြည့်နှစ်တွင် ပြည်လည်ဖွဲ့စည်းခဲ့သည့် ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ (IPC)နှင့် အဖွဲ့အစည်းများ၊ ပြည်သူလူထုနှင့် တိုင်းရင်းသားများသည် ဆရာကြီး သခင်ကိုယ်တော်မှိုင်း တင်ပြခဲ့သည့် “သူမနာ၊ ကိုယ်မနာ ပြည်တွင်းစစ်ရပ်စဲရေးမှု” ကို ထောက်ခံခဲ့ကြသည်။

ပြည်တွင်းစစ် ငြိမ်းချမ်းရေးကို ၁၉၄၈ ခုနှစ်မှ စတင်ပြီး ရရှိရန် ကြိုးပမ်းနေကြသော်လည်း ယနေ့ထက်တိုင် အကောင်အထည် မပေါ်သေးကြောင်း ၀ါရင့်နိုင်ငံရေးသမားတဦးက ဆိုသည်။

ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိမ်းမောင်က “ပြည်တွင်းစစ်နဲ့ ပတ်သတ်လို့ကတော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်အတိုင်း လုပ်နိုင်ကြဖို့ ဆော်ဆော်သြသြနဲ့ လုပ်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ လုပ်ကိုင်ဆောင်ရွက်သမျှတွေဟာ နိုင်ငံရေးလည်းမဟုတ်ဘူး၊ ငြိမ်းချမ်းရေးသက်သက်လုပ်နေတာမို့ တတိုင်းပြည်လုံး ပါဝင်သင့်တယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

လက်ရှိ ပြည်တွင်းစစ် ရပ်စဲရေးလှုပ်ရှားရာတွင် တဦးတယောက်ကောင်းများဖြင့် ဆောင်ရွက်နေရပြီး နောက်ပိုင်းတွင် ပြည်တွင်းစစ် ရပ်စဲရေး အဖွဲ့အစည်းတရပ် ထူထောင်ပြီး ငြိမ်းချမ်းရေးလမ်းစဉ်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သခင်ကိုယ်တော်မှိုင်းနှင့် ယခင် ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ခဲ့သူ တဦးက ဆိုသည်။

၎င်းက “ပြည်တွင်းစစ် ရပ်စဲရေးနဲ့ ပတ်သတ်တဲ့ကြေညာချက်အတွက် ရဟန်းသံဃာတော်တွေ၊ အနုပညာရှင်တွေ ပြည်သူတွေကိုလည်း လက်မှတ်ရေးထိုးခိုင်းဖို့လည်းရှိတယ်” ဟု ပြောသည်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ နှစ်ပတ်လည်အခမ်းအနားတွင် ဆရာကြီးရေးထားခဲ့သော ငြိမ်းချမ်းရေးနှင့် ပြည်သူလူထုကို ပန်ကြားလွှာ၊ ငြိမ်းချမ်းရေးနှင့် ရဟန်းသံဃာတော်များကို ပြန်ကြားလွှာနှင့် ငြိမ်းချမ်းရေးနှင့် အနုပညာရှင်များကို ပြန်ကြားလွှာများထဲမှ ငြိမ်းချမ်းရေးနှင့် အနုပညာရှင်များကို ပြန်ကြားလွှာကို သခင်ကိုယ်တော်မှိုင်း၏ မြေးသမက်ဖြစ်သူ စာရေးဆရာ သန်းစိုးနိုင်က ဖတ်ကြားသည်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို ၁၈၇၆ ခုနှစ် မတ်လတွင် မွေးဖွားပြီး ၁၉၆၄ ခုနှစ်တွင် ကွယ်လွန်သည်။ အလင်္ကာကျော်စွာဘွဲ့၊ ဆိုဗီယက်ပြည်ထောင်စုမှ ပေးအပ်သော စတာလင် ငြိမ်းချမ်းရေးဆု၊ အရှေ့ဂျာမနီ ဟမ်းဘတ် တက္ကသိုလ်မှ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့တို့ ချီးမြှင့်ခံရသည်။

Monday, July 25, 2011

ဖောက်ပြန်တဲ့လမ်းကို ပြန်ဖောက်ကြဦးမယ်ဆိုရင်.....( ၈.၈.၈.၈ ) ( ၂၃ )နှစ်ပြည့်အမှတ်တရ။

Sunday, July 24, 2011
ဖောက်ပြန်တဲ့လမ်းကို ပြန်ဖောက်ကြဦးမယ်ဆိုရင်.....( ၈.၈.၈.၈ ) ( ၂၃ )နှစ်ပြည့်အမှတ်တရ။


မြန်မာပြည်မှာ လွတ်လပ်မှု ၊ တရားမျှတမှု ၊ ငြိမ်းချမ်းရေးစသည့်ဒီမိုကရေစီ၏အနှစ်သာရများ နှစ်ကာလကြာရှည်စွာ ပျောက်ဆုံးပြီး လူထုကို လက်နက်အားကိုးလျက် မင်းမဲ့စရိုက်ဆံစွာ ဖိနှိပ်ကြမ်းကြုတ်အုပ်ချုပ်နေမှုများ ၊ မတရားဥပဒေများထုတ်ပြီး ဥပဒေကိုဗြောင်ချိုးဖောက်နေမှုများ ၊အမျိုးသားပြန်လည်သင့်မြတ်ရေးကို လျစ်လျှူရှုကာ ရေရှည်ပြည်တွင်းစစ်ကို ဖန်တီးနေခြင်းများ ၊ တိုင်းပြည်စီးပွားရေးချောက်ထဲကြပြီး ပြည်သူလူထုတရပ်လုံး ခြွတ်ခြုံကျ မွဲတေဆင်းရဲတွင်းနက်နေပါလျက် လက်တဆုပ်စာ လူတစုသာ ဖောက်ပြန်၍ကြီးပွားချမ်းသာနေမှုများကြောင့် မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်စနစ်ကို ပြည်သူလူထုတရပ်လုံး အော့နှလုံးနာကာ မခံမရပ်နိုင်သည့်အဆုံးမှာ ( ၈၈၈၈ ) လူထုအုံကြွမှုကြီး တတိုင်းပြည်လုံးတွင်ဖြစ်ပွားခဲ့ပြီး ပြည်သူလူထုတရပ်လုံးက ဒီမိုကရေစီရေး ၊ လူ့အခွင့်အရေးများ တောင်းဆိုခဲ့ကြပါသည်။

သို့သော်စစ်အုပ်စုသည် လွန်ခဲ့သော ( ၂၃ ) နှစ်ကျော်ကအမှားများကိုသင်ခန်းစာယူကာ တတိုင်းပြည်လုံးကောင်းစားရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရင်ကြားစေ့ပြီး အတိုက်အခံ အင်အားစုများနှင့်ညှိနှိုင်းဆွေးနွေးကာ တိုင်းပြည်ငြိမ်းချမ်းရေးကို ပုံဖော်တည်ဆောက်လျက် တိုင်းပြည်စီးပွားရေးကိုကမ္ဘာ့အဆင့်အတန်းမီ အင်တိုက်အားတိုက် တိုးတက်အောင်ဆောင်ရွက်ရမည့်အစား
ဆိုရှယ်လစ်စနစ်ကထက်ပင်ဆိုဝါးသော စစ်အာဏာရှင်စနစ်ကိုအသက်သွင်းခဲ့ကြပေသည် ။

ရေခံမြေခံကောင်းပြီး သယံဇာတ ပေါကြွယ်ဝသည့်တိုင်းပြည်သည် စစ်အာဏာရှင်စနစ်ကြောင့် ဆင်းရဲမွဲတေနေရသည်ကို ဘယ်သူမှ ငြင်းချက်ထုတ်လို့ရမည်မဟုတ်ပါ ၊ တချိန်က အာရှစားပါးကျည်ဘ၀မှ ကမ္ဘာ့အဆင်းရဲဆုံး စာရင်းကို သွတ်သွင်းခဲ့သည်မှာလည်း စစ်အုပ်စုဖန်တီးသည့် ရေရှည်ပြည်းတွင်းစစ်ကြောင့်ပင်ဖြစ်သည် ၊တိုင်းပြည်အနာဂတ်ကိုတည်ဆောက်မည့် ပညာရေးလုပ်ငန်းများ ၊ လူထုကျန်းမာရေးလုပ်ငန်းများ ၊အလုပ်အကိုင်သစ် လုပ်ငန်းသစ်များ ဖန်တီးမည့်အလုပ်သမားရေးရာ လုပ်ငန်းများတွင်အသုံးပြုမည့်ငွေကြေးများကို ကိုယ့်လူမျိုးချင်း သတ်ဖြတ်မည့်စစ်အသုံးစရိတ်အဖြစ်သုံးစွဲနေကြစဲဖြစ်သည် ။

လယ်ယာလုပ်ငန်းတွင်လည်း ခေတ်နောက်ကျနေသော စိုက်ပျိုးရေးနည်းများကို ဆက်လက်သုံးစွဲနေယုံသာမက ခေတ်မီထွန်စက် ယန္တရားများဖြင့်အစားမထိုးနိုင်သေးပဲ နွားများဖြင့် ထွန်ယက်စိုက်ပျိုးနေသည်မှာ ရှေးပဝေနသီကပင် ဖြစ်သည် ။ တောင်သူလယ်သမားများအတွက် နိုင်ငံတကာဈေးကွက်ကို ဖန်တီးမပေးပဲ နယ်ချဲ့လက်ထက်က ချစ်တီးကုလားများထက်ပင်ဆိုးကာ ခေါင်းပုံဖြတ် လက်ဝါးကြီးအုပ်လျက် လယ်ယာမြေများ သိမ်းယူနေမှုများစစ်အုပ်စု လက်ထက်တွင်နိုင်ငံအနှံဖြစ်ပွားလျက်ရှိသည် ၊ဈေးကွက်စီးပွားရေး စနစ်တွင် အားသာချက်ဖြစ်သော ကမ္ဘာ့လူဦးရေအများဆုံး ( ၂ ) နိုင်ငံဖြစ်တဲ့တရုပ်နှင့် အိန္ဒိယ နိုင်ငံများကိုပို့ကုန်များဖန်တီး၍ တိုင်းပြည်၏အကျိုးစီးပွားကိုလုပ်ဆောင်ရမည့်အစား တိုင်းပြည်၏ သဘာဝဓာတ်ငွေ့သယံဇာတများထုတ်ရောင်းခြင်း ၊ သစ်တောများ မျိုးပြုန်းသည်အထိခုတ်လှဲရောင်းချခြင်းများပြုလုပ်ပြီး လူသတ်လက်နက်များ မှာယူတင်သွင်းကာတိုင်းပြည်`၏ ပြည်သူ့ဘဏ္ဏာငွေများကို အကျိုးမဲ့ ဖြုန်းတီးလျက်ရှိသည် ။

လူမှန်နေရာမှန် မဟုတ်ချင်းကြောင့် တိုင်းပြည်စီးပွားရေး လုပ်ငန်းများကိုကျွမ်းကျွမ်းကျင်ကျင် မလုပ်ကိုင်နိုင်ယုံမက နီးစပ်ရာဆွေးမျိုးကောင်းစားရေးကို ဦးတည်လျက် အကျင့်ပျက် ခြစားမှုများ နေရာတကာတွင်မင်းမူလျက်ရှိသည်မှာ အားလုံးအသိဖြစ်ပေသည် ၊ တိုင်းပြည်သည် ဆင်းရဲတွင်းနက်သလို လူထုတရပ်လုံးကိုလည်း အကျင့်စာရိတ္တပျက်သော လမ်းကြောင်းကို တွန်းပို့သလိုဖြစ်နေသည် ၊ ဆိုလိုသည်မှာ ကုန်ဈေးနှုန်းအဆမတန် ကြီးမားသည့်ခေတ်မှာ အစိုးရအနေဖြင့်လခကို လုံလောက်စွာမပေးသဖြင့် အစိုးရ၀န်ထမ်းများမှာလာဘ်ပေးလာဘ်ယူမှုများ ဗြောင်လုပ်ကိုင်နေကြပြီး ၊ လာဘ်မစားတတ်ပါက တော်တော် နုံအတဲ့လူဟုပင် ထင်မြင်နေကြသောကာလဖြစ်နေသည်မှာ ကြာမြင့်နေပေပြီ။

တချိန်ကစစ်ယူနီဖောင်းဝတ်စစ်အစိုးရသည်တိုင်းပြည်၏်စီးပွားရေးကျဆင်းနေရခြင်းမှာ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုကြောင့်ဟုနိုင်ငံတကာနှင့်အတိုက်အခံအင်အားစုများကို စွပ်စွဲပြောဆိုနေမည့်အစား အခုအရပ်သားဝတ် အစိုးရ အနေဖြင့်လူ့အခွင့်အရေးချိုးဖောက်နေမှုများကို ရပ်တန့်ကရပ်ပြီး နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ နေထိုင်ကျင့်ကြံဖို့အချိန်ရောက်ပြီဟု အကြံပြုချင်ပါသည် ။
ကမ္ဘာပေါ်တွင် တိုးတက်ကြီးပွား ချမ်းသာလျက်ရှိသောနိုင်ငံများကို လေ့လာကြည့်လျှင် ယေဘုယျအနေဖြင့် ပြည်တွင်းစစ် မဖြစ်သောနိုင်ငံများ ၊ လူထုက ယုံကြည်ကိုးစားလျက် လွတ်လပ်ပြီးတရားမျှတသောဒီမိုကရေစီရွေးကောက်ပွဲတွင် မဲမလိမ်ပဲတက်လာသည့် အစိုးရများအုပ်ချုပ်သောတိုင်းပြည်များ ၊ထောင်နှစ်ရှည်ချထားသောနိုင်ငံရေး အကျဉ်းသားမရှိသောတိုင်းပြည်များ ၊အဖြစ်တွေ့ရှိရပါသည်။

တိုင်းပြည်သည်ငြိမ်းချမ်းပြီး နိုင်ငံရေးတည်ငြိမ်လျှင် စီးပွားရေး ရင်းနှီးမြုပ်နှံသူများကို ဆွဲဆောင်ရာရောက်ပါသည် ၊ ရေရှည် ပြည်တွင်းစစ်ဖြစ်နေသော နိုင်ငံတွင် ဘယ်သူမှရင်းနှီးမြုပ်နှံမှု မလုပ်လိုသလို လာရောက်မလည်ပတ်လိုသည်မှာ သဘာဝကျပါသည် ။ ရန်ဖြစ်နေသော အိမ်သို့သင်ကိုယ်တိုင်ကော လည်ပတ်ချင်မည်လား ကိုယ့်ကိုကိုယ် မေးခွန်းအရင် ထုတ်ကြည့်ပါ ။

ထို့ကြောင့်အိမ်နီးချင်း ထိုင်းနိုင်ငံတွင် စစ်အာဏာသိမ်းမှုများ ဖြစ်ပွားခဲ့သော်လည်း နိုင်ငံတကာမှစီးပွားရေးရင်းနှီးမြုပ်နှံမှုကို လိုလားသည့်အလျောက် ရွေးကောက်ပွဲမှတက်လာသော အရပ်သား အစိုးရကို အနှေးနှင့်အမြန် တိုင်းပြည်၏်အာဏာကို လွှဲပြောင်းပေးမြဲဖြစ်သည် ၊ တနည်းဆိုရသော် မိမိကောင်းစားရေးထက် တိုင်းပြည်နှင့်လူထုကောင်းစားရေးကို ဦးစားပေးခဲ့ကြသည် ။ ကျနော်တို့မြန်မာနိုင်ငံတွင် ယခုအချိန်ထိ လူတစုကောင်းစားရေးကို ဦးတည်နေသည်လား၊ လူထုကောင်းစားရေးကို ဦးတည်နေသည်လား စစ်အာဏာရှင်စနစ်ကို ဆုပ်ကိုင်ထားစဲအရပ်သားအစိုးရသာအသိဆုံးဖြစ်ပေမည် ၊လွှတ်တော်ထဲတွင်အတိုက်အခံမရှိတိတ်ဆိတ်ငြိမ်သက်ပြီး လာဘ်ပေးလာဘ်ယူများကို ကိုယ်ကိုတိုင်လည်းလုပ်ပြီး သူများလုပ်တာကိုလည်းထိုင်ကြည့်နေလျှင် လူထု၏ယုံကြည်ကိုးစားမှုကို ဘယ်သောအခါမျှရမည်မဟုတ်ဟု စေတနာထား အသိပေးပြောကြားလိုပါသည်။

အမေရိကန်နိုင်ငံလို စီးပွားရေးထိပ်သီးနိုင်ငံပင်လျှင် စစ်အသုံးစားရိတ်ဒဏ်ကြောင့် စီးပွားရေးကျဆင်းပြီး အလုပ်လက်မဲ့ ပြဿနာများပေါ်ပေါက်လျက်ရှိသည် ၊ အာဖကန်နစ္စတန်ကို တည်ဆောက်မည့်အစား အမေရိကန်နိုင်ငံကို ပထမဆုံးတည်ဆောက်ပါဟု လွှတ်တော်အစည်းအဝေးတွင် အမေရိကန်လွှတ်တော်အမတ်တစ်ဦးက ပြောကြားသွားခဲ့သည်။ စစ်ရဲ့ဆိုးကျိုးများကိုနိုင်ငံတကာတွင် မျက်ဝါးထင်ထင် တွေ့မြင်နေရပေမည် ။

တခြားတဖက်တွင်လည်း ပြည်တွင်းစစ်ကြောင့် စစ်ပြေးဒုက္ခသည်များထွက်ပြေးတိမ်းရှောင်နေပြီး တိုင်းပြည်၏လူသားအရင်းအမြစ်များ ဆုံးရှုံးလျက်ရှိပေသည် ။ အမေရိကန် ၊ ကနေဒါ ၊ ဂျပန်နှင့် တခြား ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများတွင် အနာဂတ် စစ်တမ်းကောက်ခံချက်များအရ ဒီပုံစံအတိုင်း လူဦးရေမွေးဖွားနှုန်းအတိုင်းသွားပါက နောင်အနှစ် ( ၂၀ ) တွင်ပင်စင်ယူကြမည့်အလုပ်သမားများနေရာတွင် လူစားထိုးဝင်ရောက်လုပ်ကိုင်မည့်သူများ လုပ်ငန်းတော်တော်များများမှာအရေးတကြီး လိုအပ်ပေလိမ့်မည် ။ထို့ကြောင့် လူသားအရင်းအမြစ်ရှာဖွေစုဆောင်းမှုများကို စီမံကိန်းများချပြီး အပူတပြင်းလုပ်ကိုင်လျက်ရှိသည်ကိုတွေ့မြင်ကြရသည် ။ထို့ကြောင့် ဒီမိုကရေစီ နိုင်ငံများက လူ့အခွင့်အရေးများ အပြည့်အ၀ပေးပြီး လူသားများကို သူ့ထက်သူသာအောင်ဆွဲဆောင်ပြီး လူသားအရင်းအမြစ်များအား စုဆောင်းနေကြချိန် ကျနော်တို့မြန်မာပြည်ကတော့ လူသားအရင်းအမြစ်များသာမက သဘာဝအရင်းအမြစ်များပါ ဖြုန်းတီးနေလျက်ရှိသည်ကို စိတ်မကောင်းဖွယ်မြင်တွေ့နေရသည် ။ အနောက်နိုင်ငံတိုင်းပြည်များတွင် အလုပ်လုပ်ပါက ၀င်ငွေအနည်းအများပေါ်မူတည်ပြီး ၀င်ငွေ၏အနည်းဆုံး ၁၀% မှ ၁၅% အထိ အစိုးရကို အခွန်ဆောင်ရသည်။ ဒီမိုကရေစီအစိုးရများက ပြည်သူလူထုကို အခွန်ပေးဆောင်မည့်သူများဟုမြင်ပြီး လူထုကိုကောင်းကောင်းမွန်မွန်ဆက်ဆံသည် ၊ စစ်အစိုးရကတော့ သူတို့၏ဖောက်ပြန် မှုများကိုတော်လှန်မည့်သူများဟု လူထုကိုသဘောထားကာ ဖိနှိပ်အုပ်ချုပ်သည် ။

ကနေဒါနိုင်ငံအပါအ၀င်တိုးတက်သောနိုင်ငံတော်တော်များများတွင် လူငယ်အများစုသည် ခေတ်မီတိုးတက်မှုနဲ့အညီ ရုပ်ဝတ္တုများနောက်လိုက်ကာ အလုပ်ခွင် ၊စာသင်ခန်များတွင် အချိန်ကုန်သူများရှိသလို တခြားတဖက်တွင်လည်းအရာရာကိုပေါ့ပေါ့တန်တန်သဘောထားကာ မူးယစ်သောက်စားပျက်စီးလျက်ရှိသည် ၊ ကျောင်းသားသမဂ္ဂလို နေရာတွင် လူနည်းသလောက် အရက်ဘားမှာ လူစည်ကားလျက်ရှိသည် ၊ ကနေဒါ အစိုးရအနေဖြင့် လူငယ်ထုအတွက်နွေရာသီနှီးနှောဆွေးနွေးပွဲ များ ၊ အလုပ်အကိုင်သစ်ရှာဖွေဖန်တီးခြင်းများ ကိုကွန်မြူနတီ အဖွဲ့အစည်းများမှတဆင့်ငွေကုန်ကြေးကျခံကာ လုပ်ဆောင်လျက်ရှိသည် ၊
မြန်မာစစ်အစိုးရကတော့ ကျောင်းသားသမဂ္ဂဖွဲ့စည်းမှာကို မလိုလားယုံမက တိုင်းချစ်၊ပြည်ချစ်မျိုးချစ်စိတ်ရှိသူများအားအခုချိန်ထိမတရားဖမ်းဆီးထားရာမှလွှတ်မပေးပဲ ထောင်နှစ်ရှည်ချကာ၊ လူငယ်များနိုင်ငံရေးစိတ်မ၀င်စားပဲ မူးယစ်သောက်စားပျက်စီးမှာလိုလားပုံရသည် ။

လက်ရှိအစိုးရအနေဖြင့် တိုင်းပြည်၏တိုးတက်ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားပါက အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ လွှတ်ပေးပြီး နိုင်ငံတကာသို့ရောက်နေသော အဝေးရောက်မြန်မာများကိုဖိတ်ခေါ်၍ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ကိုင်ရပေမည် ။ သို့သော် ယခုအခြေအနေကို လက်တွေ့ကျကျ သုံးသပ်ရလျှင်နိုင်ငံရေးအကျဉ်းသားများကို ဆက်လက်ဖမ်းဆီးထားခြင်း ၊ တိုင်းရင်းသားနယ်စပ်ဒေသများသို့ထိုးစစ်ဆင်နေခြင်းများမှာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် အစွမ်းကုန် ကြိုးစားတည်ဆောက်နေခြင်းသာဖြစ်နေပေသည် ။ ဦးသိန်းစိန် အစိုးရသည် အဝေးရောက် တိုင်းချစ် ပြည်ချစ်မြန်မာများကို ပြန်ခေါ်ဖို့ဝေးစွ ၊ မျိုးဆက်သစ်လူငယ်များ လူမျိုးခြားနဲ့ညားတဲ့အချိန်ထိစောင့်ကာ လက်ညှိုးငေါက်ငေါက်ထိုးပြီး ရန်တွေ့ဖို့များ ကြိုတင်ပြင်ဆင်နေပုံရသည် ။ဒါပေမဲ့ စစ်အုပ်စုသည် တိုင်းရင်းသားများခြားတွင် နယ်ခြားစောင့်တပ်လုပ်ရေး မလုပ်ရေးဆိုကာ တိုင်းရင်းသားအချင်းချင်း သပ်ရှိုဖြိုခွဲသလို အဝေးရောက်မြန်မာများကြားတွင်လည်း အောက်လမ်းနည်းမျိုးစုံသုံး၍ ဖြိုခွဲလျက်ရှိသည်။

ကျနော်တို့မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပေါင်းစုံက အပင်ပမ်းဆင်းရဲခံလျက် ဘာကြောင့်တောခိုပြီး လက်နက်ကိုင်တော်လှန်ရေးလုပ်နေသလဲဆိုတာကို ကိုယ်ကိုတိုင်နယ်စပ်ဒေသကိုဖြတ်သန်းတောခိုမှပိုမိုသိလာရသည် ၊စစ်အစိုးရ အဆက်ဆက်က တိုင်းရင်းသားဒေသဖွံ့ဖြိုးတိုးတက်မှုကို လျစ်လျှူရှုယုံမက နယ်စပ်ဒေသရှိတိုင်းရင်းသားတို့မှာ ပြည်တွင်းစစ်ရဲ့သားကောင်များဖြစ်ခဲ့ရသည် ။

စစ်အာဏာရှင်စနစ်အောက်မှာ ရိုးရိုးသားသားလုပ်ကိုင်စားသောက်ဖို့ပင် အခွင့်အရေးမရခဲ့ပဲ ပေါ်တာဆွဲ ၊ မုဒိန်းကျင့် ၊ ရွာမီးရှို့၊ ကြက်စွဲ ၊၀က်စွဲ၊ နွားစွဲ မယားစွဲဒဏ်တွေကြောင့်နောက်ဆုံးမှာဖိနှိပ်မှုကို ပုန်ကန်ဖို့တော်လှန်ရေးလုပ်နေကြခြင်းဖြစ်သည် ။တိုင်းရင်းသားများအနေဖြင့် ဒီလောက် မတရားအနိုင်ကျင့် ဗိုလ်ကျဖိနှိပ်ကြမ်းကြုတ်သည့်စစ်အစိုးရကိုလက်ကိုင်တော်လှန်သော်လည်း ပါလက်စ္စတိုင်းလို စူဆိုက်ဗုံးသမားများအဖြစ် လက်နက်ကိုင်တော်လှန်ရေးသမားများကိုအသွင်မပြောင်းခဲ့ပေ။
ကျနော်ဆိုလိုသည်မှာ ကျနော်တို့ ၈၈၈၈ အရေးအခင်းမှထွက်ခွာပြီးနယ်စပ်သို့ရောက်ရှိပြီးတောခိုတုန်းအချိန်က ကျနော်တို့ရင်ထဲအသွေးအသားထဲတွင် စစ်အစိုးရကိုမုန်းတီးစိတ်များ ပြင်းပြင်းထန်ထန်ကိန်းအောင်းလျက်ရှိသည် ။လမ်းမပေါ်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသည့် ကျောင်းစိမ်းဝတ်ကျောင်းသားလူငယ်များအပါအ၀င် လက်နက်မဲ့ပြည်သူလူထုကို စစ်အုပ်စုက လမ်းမပေါ်တွင် ရက်ရက်စက်စက်ဖမ်းဆီးသတ်ဖြတ်သွေးချောင်းစီးခဲ့မှုများကို ဘယ်လိုမှမေ့ပျောက်လို့မရအောင် ရင်ထဲအသည်းထဲမှာနာကျင်နေခဲ့သည် ။

အဲဒီအချိန်တုန်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကသာ ကျနော်တို့သွေးဆူနေတဲ့ကျောင်းသားများကို ဆူစိုက်ဗုံးသမားများအဖြစ် သင်တန်းပေးလျှင်ကျနော်တို့လုပ်ဖြစ်ကောင်းလုပ်ဖြစ်ပေလိမ့်မည်။တိုင်းရင်းသားခေါင်းဆောင်တို့သည် အနာဂတ်ရေရှည်ကိုကြည့်ပြီး ပြည်တွင်းငြိမ်းချမ်းရေး ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအားမျှော်ကိုးပြီး ကျနော်အထက်ကတင်ပြခဲ့သလို ဆူစိုက်ဗုံးသမားများအဖြစ်မလုပ်ခဲ့ခြင်းဖြစ်မည်ဟုကျနော်ထင်သည် ။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တိုင်းရင်းသားခေါင်းဆောင်းများကို ဒီတချက်ထဲနှင့်ပင် ကြည်ညိုလေးစားနေမိသည်၊ ဒါကြောင့်တိုင်းရင်းသားခေါင်းဆောင်များသည် ဒေါ်အောင်ဆန်းစုကြည်အမြဲပြောဆိုတင်ပြနေသော အမျိုးသားပြန်လည်သင့်မြတ်ရေးအဆိုကို စိတ်ဝင်စား ထောက်ခံပြောဆိုကြသော်လည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟု ကြွေးကြော်နေသောစစ်အစိုးရသည်စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးကို စိတ်ဝင်စားကြောင်းမပြပေ၊ စစ်အစိုးရ အနေဖြင့် တိုင်းရင်းသားအချင်းချင်းက်ု သွေးခွဲပြီးအိမ်ကြက်ချင်း အိုးမဲသုတ်ခွပ်ခိုင်းခဲ့ပေါင်းလည်း များပြီကို သမိုင်းကသက်သေခံလျက်ရှိသည် ။ ဒါပေမဲ့ စစ်အုပ်စုကသာ ဒီလို မတရားအကြမ်းဖက်မှုတွေ ဆက်တိုက်လုပ်နေပါက တချိန်ချိန်တွင် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများနှင့် ဘုန်းတော်ကြီးများအပါအ၀င် ငြိမ်းချမ်းရေးလိုလားသော လူထုများကြားမှာ စူဆိုက်ဗုံးသမားများ မပေါ်လာနိုင်ဘူးဟု ဘယ်သူအတတ်ပြောနိုင်မှာလဲ...။

အချုပ်ဆိုရသော် ဦးသိန်းစိန်အစိုးရအနေဖြင့် ကလင်တန်တင်ပြပြောဆိုသလို ဒီမိုကရေစီအရေခြုံအစိုးရလုပ်မည်လား ၊ ဒါမှမဟုတ် လူထုကို ကိုယ်စားပြုသည့်အစိုးရကို အသွင်ကူးပြောင်းဖို့ လူထုခေါင်းဆောင်ဒေါ်အောင်စုကြည်အပါအ၀င် အတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေးမည်လား ရွေးချယ်ရမည့်အချိန်ရောက်ပါပြီ.....။

ဒါမှမဟုတ်ရင် တရားနည်းလမ်းမကျတဲ့ စစ်အာဏာရှင်စနစ်အောက်မှာ ကြပ်တည်းတဲ့စီးပွားရေးကြောင့်ဖိနှိပ်ခံလူထုဟာနောက်တကြိမ် (၈​၈၈၈)လိုအုံကြွမှုမျိုးဆီဦးတည်နေသည်လို့ထင်ပါသည်၊ IT ခေတ်ဟာ လွန်ခဲ့တဲ့အနှစ် ( ၂၀ )ကလိုမဟုတ်ပဲ အားကောင်းမောင်းသန်နဲ့လူထုကိုတိုက်ရိုက်ထိတွေ့ပြီးအာရပ်ကမ္ဘာလိုလူထုအုံကြွမှုနဲ့ပြည်သူ့တော်လှန်ရေးစီသို့ အင်တာနက် ရေဒီယို ၊ သတင်းမီစီဒီယာများမှတဆင့် အရှိန်အဟုန်ပြင်းစွာရောက်ရှိေ​နပါသည် ။ပြည်တွင်းပြည်ပလူထု​ကွန်ယက်တွေကိုတည်ဆောက်ပြီးအာဏာရှင်စနစ်ပြုတ်ကျရေးကိုလူထုအုံကြွမှုဖြင့်အရေးဆို တောင်းဆိုလှုပ်ရှားခဲ့မှုကြောင့် အာရပ်နိုင်ငံတော်တော်များများမှာ လူထု၏အရေးဆိုမှုများကို အာဏာရှင်များမှလိုက်လျောနေရသည်၊ တခြားတဖက်တွင်လည်းလစ်ဗျားနိုင်ငံလို လူထုအပေါ် မတရားဗိုလ်ကျ ဖိနှိပ်သော အာဏာရှင် ကဒါဖီအစိုးရကို နိုင်ငံတကာမှ စစ်ရေးအရတိုက်ခိုက်ယုံမက လက်နက်ကို​င်တော်လှန်ရေးသူပုန်များကို ပေါ်ပေါ်ထင်ထင်ကူညီလျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့်လူထုအုံကြွ​မှုအတွေ့အကြုံလည်းရှိထားပြီးဖြစ်သလို၊ လက်နက်ကိုင်တော်လှန်ရေး အတွေ့အကြုံလည်းရှိထားပြီးဖြစ်၍ အကယ်၍သာငြိမ်းချမ်းရေးလမ်းစဉ်ကိုဆုပ်ကိုင်သော အဖွဲ့အစည်းများ`၏ ငြိမ်းချမ်းစွာ လူထုစည်းရုံးရေးမှလူထုအုံကြွမှုသို့အသွင်ကူးပြောင်းမှုနှင့် အတူလက်နက်ကိုင်အင်အားစုများ၏စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး တော်လှန်ရေးကိုဟန်ချက်ညီ​ညီတပြိုင်တည်းပေါင်းစပ်လုပ်ကိုင်နိုင်တဲ့နေ့ဟာဒီမိုကရေစီအောင်​ပွဲနေ့လို့ရိုးသားစွာယုံကြည်ပါသည်...။

ကျနော်တို့တတွေဟာ စူဆိုက်ဗုံးသမားတွေမဖြစ်သေး​ဘူး ၊စနိုက်ပါတွေနဲ့စစ်အုပ်စုခေါင်းဆောင်တွေကို မလုပ်ကြံသေးဘူး ၊နိုင်ငံတကာရောက်နေတဲ့စစ်အု​ပ်စုရဲ့မိသားစုတွေကိုဖမ်းဆီးသတ်ဖြတ်တာတွေမလုပ်သေးဘူး၊ စစ်အုပ်စုစီးပွားရေးကို ကြားကန်ထားသော ရေနံသဘာဝပိုက်လိုင်းများကို မဖျက်ဆီးသေးဘူး ၊ မိုက်တယ်ဆိုတာ လွယ်ပါတယ် ဆိုတဲ့စကားလို မလုပ်တတ်လို့တော့မဟုတ်ဘူး..​အမျိုးသားပြန်လည်သင့်မြတ်ရေးများဖြစ်လာမလားဆိုတဲ့မျှော်လင့်ချက်တွေနဲ့နှစ်ကာလကြာေ​စာင့်ခဲ့ကြသည်။

သို့သော်နောင်အနာဂတ် ​မှာစစ်အုပ်စုရဲ့တိုင်းရင်းသားတွေအပေါ်လူ့အခွင့်ရေးချိုးေ​ဖာက်မှုများ ၊လူထုကိုပြင်းထန်တဲ့ဖိနှိပ်​ကြမ်းကြုတ်မှုတွေ၊လွန်ခဲ့တဲ့​ ၈၈ကာလကလိုဖောက်ပြန်တဲ့လမ်းကို ပြန်ဖောက်ကြဦးမယ်ဆိုရင် ငြိမ်းချမ်းရေးရဲ့ဆ​န့်ကျင်ဖက် အကြမ်းဖက်မှုတွေ ၊လူထုအုံကြွမှုတွေတိုင်းပြည်​မှာထပ်မံဖြစ်ပွားလိမ့်ဦးမယ်လို့ယုံကြည်လျက်ရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

အောင်ခိုင်မြင့်

ကျနော် ဖြတ်သန်းလာခဲ့သော ဘ၀ခရီးတလျောက် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များပေါ်အခြေခံလျက် တိုင်းချစ်ပြည်ချစ် ၊အမျိုးသားရေးစိတ်ဓာတ်ဖြင့် အခုဆောင်းပါးကို ရေးသားခြင်းဖြစ်ပါသည် ၊

( ၈.၈.၈.၈ ) ( ၂၃ )နှစ်ပြည့်အမှတ်တရ ။

သေဒဏ်ချမှတ်ခံထား​သည့် က​လေး​စစ်သား​ကို ပြန်လွှတ်ရန် ​တောင်း​ဆို

သေဒဏ်ချမှတ်ခံထား​သည့် က​လေး​စစ်သား​ကို ပြန်လွှတ်ရန် ​တောင်း​ဆို
Published on July 22, 2011 by မင်းလွင်

တပ်မ​တော်အရာရှိတဦး​ကို ပစ်သတ်ခဲ့​တဲ့​အတွက် က​လေး​မြို့​ အကျဉ်း​ထောင်မှာ ​သေဒဏ်ကျခံ​နေရတဲ့​ က​လေး​စစ်သား​ ​မောင်ဖြိုး​စည်သူကို ​သေဒဏ်ပြစ်ဒဏ်မှတဆင့်​ ကလေး​ဥပ​ဒေပုဒ်မ ၄၆ အရ ပြစ်ဒဏ် ​လျှော့​ပေါ့​ပေး​ဖို့​ မိသား​စုဝင်​တွေက ​တောင်း​ဆိုလိုက်ပါတယ်။

မောင်ဖြိုး​စည်သူဟာ အသက် ၁၄ နှစ်အရွယ်မှာ စစ်တပ်ထဲကို အဓမ္မ စု​ဆောင်း​ခံရပြီး​နောက် စစ်ကိုင်း​တိုင်း​ဒေသကြီး​ အရာ​တော်မြို့​နယ်မှာရှိတဲ့​ အမှတ် ၁၀ တပ်မ​တော်​လေ့​ကျင့်​ရေး​ကျောင်း​မှာ အ​ခြေခံစစ်သင်တန်း​ တက်​ရောက်ခဲ့​ပြီး​တဲ့​နောက်မှာ ချင်း​ပြည်နယ်အတွင်း​ စစ်ဆင်​ရေး​မှာ မိမိအထက်အရာရှိကို ပစ်ခဲ့​တဲ့​အတွက် က​လေး​မြို့​မှာရှိတဲ့​ အမှတ် ၉၄၃ ​ထောက်ပံ့​ရေး​တပ် စစ်တရား​ရုံး​က​နေ ​သေဒဏ်ချမှတ်ခဲ့​တာလို့​ မိခင်ဖြစ်သူ ​ဒေါ်သန်း​သန်း​ရီက ​ပြောပြပါတယ်။

မောင်ဖြိုး​စည်သူ ​သေဒဏ်ချမှတ်ခံခဲ့​ရတဲ့​ အချိန်တုန်း​က အသက် ၁၅ နှစ်ပဲရှိ​သေး​ပါတယ်။

ဒါ​ကြောင့်​ ၁၉၉၃ က​လေး​ သူငယ်ဥပ​ဒေပုဒ်မ ၄၆ အရ ​သေဒဏ် (သို့​မဟုတ်) တသက်တကျွန်း​ချမှတ်နိုင်တဲ့​ ပြစ်မှုကို ကျူး​လွန်ရင်​တောင်မှ အများ​ဆုံး​ ​ထောင်ဒဏ် ၇ နှစ်အထိပဲ ချမှတ်နိုင်တယ်လို့​ ပါရှိတဲ့​အတွက် က​လေး​စစ်သား​ ​မောင်ဖြိုး​စည်သူကို ပြစ်ဒဏ်​လျော့​ပေါ့​ပေး​ဖို့​ မိခင်ဖြစ်သူက ​ပြောပါတယ်။

“ကျမတို့​မှာလည်း​ က​လေး​အ​ဖေကလည်း​ ကျန်း​မာ​ရေး​က မ​ကောင်း​၊​ ကျမကလည်း​ ကျန်း​မာ​ရေး​က ချို့​တဲ့​နေ​တော့​ ဒီသား​လေး​ကို အသက် ၁၆ နှစ် မပြည့်​သေး​တုန်း​က သူတို့​အ​နေနဲ့​ က​လေး​သူငယ် ​စောင့်​ရှောက်​ရေး​က ပြဋ္ဌာန်း​ထား​တဲ့​ ဥပ​ဒေနဲ့​ ကျမတို့​ကို ညှိနှိုင်း​ပေး​ပါလို့​ ကျမက အနူး​အညွတ် ​တောင်ပန်ချင်ပါတယ်ရှင့်​။ နိုင်ငံ​တော် သမ္မတကြီး​ကိုလည်း​ ကျမ ဦး​ညွှတ်ပြီး​တော့​ ​တောင်း​ပန်ပါရ​စေဆိုပြီး​တော့​၊​ ကျမသား​လေး​ကို ကျမတို့​ ရင်ခွင်ထဲကို ပြန်ပြီး​တော့​ ပြန်​ရောက်​စေချင်တဲ့​ ဆန္ဒနဲ့​ ကျမ ​တောင်း​ပန်ပါတယ်ရှင်။”

မောင်ဖြိုး​စည်သူဟာ က​လေး​အကျဉ်း​ထောင်မှာ ၇ နှစ်​ကျော် အကျဉ်း​ကျခံ​နေရတဲ့​အတွက် ကျန်း​မာ​ရေး​ ဆိုး​ရွား​စွာခံစား​နေရတယ်လို့​လည်း​ ​မောင်ဖြိုး​စည်သူနဲ့​ အကျဉ်း​ထောင်ထဲမှာ အတူ​နေခဲ့​ဖူး​တဲ့​ အကျဉ်း​သား​ဟောင်း​တဦး​က ​ပြောပါတယ်။

“သူ့​မှာ မိဘ​တွေကလည်း​ ဆင်း​ရဲတယ်၊​ ​ထောင်ဝင်စာလည်း​ မလာနိုင်ဘူး​။ ​ထောင်က​ပေး​တဲ့​ ရိက္ခာ​လေး​နဲ့​ပဲ ဖြစ်သလို စား​နေရတဲ့​အခါကျ​တော့​ ကျန်း​မာ​ရေး​လည်း​ ချို့​တဲ့​လာတယ်။ မျက်လုံး​မှာလည်း​ပဲ အတွင်း​တိမ်ဖြစ်​နေ​တော့​ မျက်လုံး​လည်း​ ​ကောင်း​ကောင်း​ မမြင်​တော့​ဘူး​။ ဒါ​ပေမယ့်​ သူ့​ကို ​သေဒဏ်ချထား​တယ် ဆိုပြီး​တော့​ ပြင်ပကိုလည်း​ ထုတ်ပြီး​ မျက်စိ ခွဲစိတ်ကု​ပေး​မှုလည်း​ မရှိဘူး​။”

အသက်မပြည့်​သေး​ဘဲ စစ်တပ်ထဲကို အတင်း​အဓမ္မ အသွင်း​ခံလိုက်ပြီး​ အသက် ၁၅ နှစ်မှာ ​သေဒဏ်ချခံထား​ရတဲ့​ ​မောင်ဖြိုး​စည်သူဟာ တရား​ဥပ​ဒေအရ နစ်နာမှုရှိ​နေတဲ့​အတွက် အမြန်ပြန်လွှတ်သင့်​တယ်လို့​ အဆိုပါ အကျဉ်း​သား​ဟောင်း​က အခုလို ​ပြောပါတယ်။

“က​လေး​သူငယ် ဥပ​ဒေပုဒ်မ ၄၆ အရဆိုရင် ​ထောင်က ၇ နှစ်ပဲ ချရမယ်။ အဲဒီ​တော့​ ၇ နှစ်ချရမယ့်​ဟာကို ​သေဒဏ်ချထား​တယ်။ အဲဒီ​တော့​ ​သေဒဏ်ကို မဖျက်တဲ့​အတွက် ၇ နှစ်က မ​ရောက်ဘူး​။ မ​ရောက်ပဲနဲ့​ အခု​တော့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​ အမိန့်​ထွက်လိုက်တဲ့​အခါကျ​တော့​ သူက အနှစ် ၂၀ ကို ​ပြောင်း​သွား​တယ်။ အမှန်မှာက ၇ နှစ်ကို ​ပြောင်း​ပြီး​တော့​ လွှတ်ရမယ့်​အစား​ မလွှတ်ဘဲနဲ့​ ​နောက်ထပ် ၁၃ နှစ်ပိုချလိုက်သလို ဖြစ်သွား​တယ်။ အ​တော်​လေး​ကို တရား​ဥပ​ဒေအရ နစ်နာမှု ရှိတယ်ဗျ။ အခု ပြည်သူ​တွေ အစိုး​ရပါလို့​ အမည်ခံထား​တဲ့​ နိုင်ငံ​တော် သမ္မတကြီး​ ဦး​သိန်း​စိန်အ​နေနဲ့​ ဒါကို ထိထိမိမိ ကာကွယ်ပြီး​တော့​ က​လေး​ကို ပြန်လွှတ်​ပေး​သင့်​တယ်။”

Saturday, July 23, 2011

အတွေ့အကြုံမရှိလို့လား၊ သဘောထား မမှန်ကန်လို့လား (By ဦးကျော်ဇံသာ)

ဗုဒ္ဓဟူး, 20 ဇူလိုင် 2011
အတွေ့အကြုံမရှိလို့လား၊ သဘောထား မမှန်ကန်လို့လား

By ဦးကျော်ဇံသာ


သမ္မတဦးသိန်းစိန်အစိုးရရဲ့  ပထမရက် (၁၀၀) လုပ်ဆောင်ချက်တွေဟာ မျှော်လင့်ထားသလောက် ဖြစ်မလာဘူး။ နားမလည်နိုင်ဘူး စသဖြင့် လက်ရှိ လွှတ်တော်မှာအရွေးခံခဲ့ရတဲ့ ပါတီခေါင်းဆောင်များ၊ လွှတ်တော်အမတ်များက ပြောဆိုလာကြပါတယ်။ ဒါဟာ ဒီမိုကရေစီအတွေ့အကြုံနည်းပါးမှု သက်သက် ကြောင့်ပဲလား။

တခြားဘာအကြောင်းတွေကြောင့်လဲဆိုတာကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ပါတီဝင် သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းနဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးလှစောတို့ကို ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်း ဆွေးနွေး သုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး ဦးရဲထွန်းကို မေးချင်ပါတယ်။ အခု လွှတ်တော်ခေါ်ယူကျင်းပခဲ့တာ ရက်ပေါင်း (၁၀၀) ကျော်ခဲ့ပြီ။ ဒီကာလအတွင်း အာဏာပိုင်းအစိုးရရဲ့ လုပ်ငန်းအပေါ်မှာ ဘယ်လိုသဘောရပါသလဲ။ အပြည့်အဝ ကျေနပ်မှုရှိပါသလား။ မျှော်လင့်ထားသလို အစိုးရက ဆောင်ရွက်နိုင်ခဲ့ပါသလား။

ဦးရဲထွန်း ။ ။ အခု ရက် (၁၀၀) ပြည့်သွားတဲ့ကာလမှာတော့ အစိုးရရဲ့ လုပ်ဆောင်ချက်မှာတော့ သမ္မတအနေနဲ့လည်း အစိုးရရဲ့ ပေါ်လစီ၊ ရှေ့ သွားမယ့် ပေါ်လစီနဲ့ ပတ်သက်လို့ သူမိန့်ခွန်းပြောတာ၊ ချပြတာတွေတော့ အားလုံးသိတဲ့အတိုင်းပဲ အားလုံးကျေနပ်ကြတယ်။ မထောက်ခံတဲ့လူဆိုတာတော့ မရှိသလောက်ပါပဲ။ အဲဒီနောက်ပိုင်းမှာတော့ သူတို့လုပ်တဲ့ အရေးကြီးတဲ့ခြေလှမ်းကတော့ ဆင်းရဲမှု လျှော့ချရေးလုပ်ငန်းပါ။ အဲဒါနဲ့ ပတ်သက်လို့လည်း လက်တွေ့လုပ်ငန်းတွေ လုပ်ဖို့အတွက် ကော်မတီတွေ ဖွဲ့တာ။ Seminar တွေ ဆွေးနွေးပွဲတွေလုပ်တာ။ ဒါတွေကတော့ ဘာပဲဖြစ်ဖြစ် ကောင်းတဲ့ တိုးတက်တဲ့ သဘော ဆောင်ပါတယ်။ အသေးစိတ်တွေကျတော့ ကျနော်တို့လည်း သေချာမလေ့လာရသေးဘူး။

ဦးကျော်ဇံသာ ။ ။ မိန့်ခွန်းကတော့ လူတိုင်းကြိုဆိုကြပါတယ်။ ဦးရဲထွန်း ပြောတဲ့အတိုင်း အဲဒီအထဲမှာ ဆင်းရဲမှုလျှော့ချရေးကို ဆောင်ရွက်နေတယ်ဆိုတာ မှန်ပါတယ်။ နိုင်ငံရေးအားဖြင့် ပြန်လည်သင့်မြတ်ရေးတို့ ဘာတို့ ပြောခဲ့တာလည်း ကျယ်ကျယ်လောင်လောင် ဖြစ်ပါတယ်။ အဲဒီကိစ္စကို ဘယ်လောက် ဆောင်ရွက်နိုင်တယ်လို့ ထင်ပါသလဲ။

ဦးရဲထွန်း ။ ။ နိုင်ငံရေးနဲ့ ပတ်သက်လို့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကိစ္စနဲ့ ပတ်သက်လို့ ပြောတဲ့ ကိစ္စကတော့ ဦးကျော်ဇံသာနဲ့ ကျနော်တို့ တခါ အင်တာဗျူးလုပ်ခဲ့ပြီးပြီ။ အဲဒီထဲမှာ သမ္မတကြီးရဲ့ သဘောထားက လက်တွေ့ကျပြီး ဒီအတိုင်းဖြစ်စေချင်တယ်။ လက်တွေ့ဆောင်ရွက်စေချင်တယ်။ ဒါမှန်ကန်တယ်လို့ ကျနော်ထောက်ခံခဲ့တယ်။
ဆိုလိုတာက ဒီကိစ္စတွေကို ပြေလည်အောင်ဆောင်ရွက်ရမှာ စစ်ရေးကို ထိပ်တန်းမတင်ဘဲနဲ့ လမ်းတွေဖောက်၊ တံတားတွေဆောက်၊ စာသင်ခန်းတွေဆောက်၊ ကျေးလက်ဆေးပေးခန်းတွေဆောက် အဲဒီလို အပြန်အလှန် ဆက်ဆံမှုတွေရ၊ ယုံကြည်မှုတွေရတဲ့အခါကြတော့ တိုင်းရင်းသားဒေသတွေမှာ စီးပွားရေးတိုးတက်လာအောင် လုပ်မှသာ ခိုင်မြဲတဲ့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို ရမယ်လို့ ကျနော်တို့က ယုံကြည်ထားတယ်။ လက်တွေ့မှာကျတော့ အသေးစိတ်ပြဿနာတွေ ဘယ်လိုရှိကြသလဲတော့ မသိဘူး။ ကျနော်က တခွန်းတည်းနဲ့ပြောရမယ်ဆိုရင်တော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ ပေါ်လစီတွေနဲ့ အခုလက်တွေ့ ဖြစ်နေတာတွေ မကိုက်ညီဘူးဆိုတာကိုပဲ ပြောလိုပါတယ်။
ဦးကျော်ဇံသာ ။ ။ ဦးလှစော အနေနဲ့ ဘယ်လိုမြင်ပါသလဲ။ အခု နိုင်ငံတော် အစိုးရအနေနဲ့ ရက်ပေါင်း (၁၀၀) ကျော်လွန်လာတဲ့အတွင်းမှာ ဆောင်ရွက်ခဲ့တာနဲ့ ပတ်သက်ပြီး ဦးလှစောတို့ရဲ့ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီအနေနဲ့ ကျေနပ်ပါသလား။

ဦးလှစော ။ ။ သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောတော့ ကျနော်တို့ ရခိုင်တိုင်းရင်းသားပါတီအပါအဝင်၊ ရှမ်းပါတီနဲ့ ပြည်နယ်နဲ့တိုင်းပါတီ (၁၅) ပါတီက ကြေညာချက်ထုတ်ခဲ့ပါတယ်။ အဲဒီ ကြေညာချက်ထဲမှာ နံပါတ် (၁) အချက်အနေနဲ့ သမ္မတ ဦးသိန်းစိန် မိန့်ခွန်းကို ကြိုဆိုပါတယ်။ ဒါပေမဲ့ အနှစ်သာရရှိရှိ လက်တွေ့ အကောင်အထည်ဖော်ပေးပါဆိုတာကို တောင်းဆိုခဲ့တယ်။ အခုလောလောဆယ် ရက် (၁၀၀) ကာလ အတွင်းမှာတော့ သိသိသာသာ တိုးတက်မှုတွေ၊ ပြောင်းလဲမှုတွေ ဘာမှတော့ ရေရေရာရာ မတွေ့ရဘူး။

မတွေ့ရတဲ့အပြင် ဗမာပြည်ရဲ့ အဓိကပြဿနာကြီးတွေဖြစ်တဲ့ ကျနော်တို့အမြင်မှာ သုံးသပ်ထားတဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးတွေက ကျနော်တို့ မျှော်လင့်ထားတာနဲ့ ဖြစ်လာတာတွေက တခြားစီ။ ပြဿနာတွေကို ဘာမှရေရောရာရာ မကိုင်တွယ်နိုင်ဘူး။

ဒီကြားထဲမှာ anti-poverty တွေ ဘာတွေလုပ်တယ်။ ဒါပေမဲ့ ဘယ်လောက်အထိ နက်နက်ရှိုင်းရှိုင်း ကျနော်တို့ နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးတိုင်ပင်။ လူထုနဲ့ ဆွေးနွေးတိုင်ပင် ဘယ်လောက်အထိ လုပ်တယ်ဆိုတဲ့ အတိုင်းအတာဆိုတာတွေကို မသိရဘူး။ ကျနော်တို့ အခုမြင်ရတဲ့ ရလဒ်ဟာ ခိုင်ခိုင်မာမာ ကျေနပ်လောက်စရာ မရှိဘူး။ ရခိုင်ပြည်နယ် သီးခြားအနေနဲ့ ပြောမယ်ဆိုရင်လည်း ကျနော်တို့ ရခိုင်ပါတီဟာ ဒေသဖွံ့ဖြိုးရေး၊ တိုင်းရင်းသားတန်းတူရေးကို ဦးစားပေးပြီ လုပ်လာခဲ့တဲ့ပါတီ။ အဲဒီတော့ ဒီပါတီဟာ အခုဆိုရင် တော်တော်ကို ဆိုးဆိုးဝါးဝါး အတိုက်အခိုက်ကို ခံနေရတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့  အတိုက်အခိုက်ကို အကြီးအကျယ်ခံနေရတယ်။ အဲဒီတော့ သဘောထားကြီးတယ်ဆိုတာကို မတွေ့ရဘူး။
ကျနော်တို့ကတော့ အတူတူ ပူးပေါင်းပြီး ဒီမိုကရေစီလူ့အဖွဲ့အစည်းတခုမှာ ကိုယ့်အကိုတွေ ညီတွေလို ချစ်ချစ် ခင်ခင် ပူးပေါင်းသွားကြမယ်ဆိုတဲ့ဆန္ဒ ဝင်လာခဲ့တယ်။ အခုဟာက ကျနော်တို့ကို အညွှန့်ချိုးသလို ကျနော်တို့ ရိုးရိုးသားသားနိုင်တဲ့ အမတ် (၃) ယောက်ကိုလည်း ဖြုတ်ချဖို့ ကြိုးစားတယ်။ အရင် တိုင်းမှူးဖြစ်ခဲ့တဲ့ လူတယောက်က ကျနော်တို့ ရခိုင်ကိုလာပြီး ပါတီကိုခြိမ်းခြောက်တဲ့ပုံစံမျိုးတွေနဲ့ လုပ်နေတယ်ဆိုတော့ အတော်လေးကို စဉ်းစားဖို့ခက်တယ်။ စိတ်ပျက်ဖို့လည်း ကောင်းတယ်။
ဦးကျော်ဇံသာ ။ ။ တခုမေးချင်တာက အဲဒီလို ခြိမ်းခြောက်မှုတွေကို တရားဥပဒေကြောင်းအရ ကိုင်တွယ် ဖြေရှင်းဖို့ မဖြစ်နိုင်ဘူးလား။

ဦးလှစော ။ ။ ကျနော်တို့ ကြိုးစားနေပါတယ်။ အဲဒါကို ချင့်ချိန်နေတယ်ပေါ့။ သမ္မတဦးသိန်းစိန်က နိုင်ငံတော် မိန့်ခွန်းတွေ ပြောတယ်။ ဒါပေမဲ့ ပါတီက တာဝန်ရှိတဲ့လူကြီးတွေက တမျိုးပြောနေတယ်။ အဲဒီတော့ ဖြစ်ချင်သလို ဖြစ်နေသလား။ နောက်တခုက ပြည်တွင်းငြိမ်းချမ်းရေးကို ပြောနေတယ်။ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်မယ်လို့ပြောတယ်။ တိုက်မယ်ဆိုတဲ့လူက တိုက်နေတယ်ဆိုတော့ ကျနော်တို့ ဘယ်လိုနားလည်းရမှန်း မသိဘူး။

ဦးကျော်ဇံသာ ။ ။ ဦးရဲထွန်း ပြောတဲ့ ဆင်းရဲနွှမ်းပါးမှု လျှော့ချရေးလုပ်ဆောင်နေတာကို တွေ့တယ်ဆိုတော့ အဲဒီရလဒ် ဘယ်တော့မြင်ရမယ် ထင်ပါသလဲ။ အလားအလာ တွေ့ရပါသလား။ ဘယ်လောက်ဖိဖိစီးစီး ရှိပါသလဲ။
ဦးရဲထွန်း ။ ။ ကျနော်တို့ ဒေသမှာတော့ ဘာမှသက်ရောက်မှု မရှိသေးပါဘူး။ လုပ်နေတဲ့ လုပ်ငန်းစဉ်တွေ ကတော့ နည်းနည်းစုံတာပေါ့။ စုံတယ်အခါကျတော့ အရေးကြီးတဲ့ဟာမပါမှာတော့ စိုးရိမ်တယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခု မေးချင်တာက အခုန ဦးလှစောကလည်း ပြောတယ်။ ပါတီအနေနဲ့ နိုင့်ထက်စီးနင်းလုပ်ခံရတာတွေ ရှိတယ်။ အဲဒီလိုကိစ္စမျိုးကို ဦးရဲထွန်းတို့ပါတီမှာ ကြုံရတာ မရှိဘူးလား။ တကယ်လို့ ရှိခဲ့ရင် ဒီကိစ္စတွေကို ရှမ်းတိုင်းရင်းသားများပါတီအနေနဲ့ ဘယ်လိုရင်ဆိုင်နေကြသလဲ။

ဦးရဲထွန်း ။ ။ ကျနော်တို့ဆီမှာတော့ ပါတီအနေနဲ့ အဲဒီလိုမျိုး လုပ်ခံရတာတော့ မရှိပါဘူး။ ဒါပေမဲ့ ဖွဲ့စည်းပုံ ပြောင်းလဲခါစဆိုတော့ တချို့ ကိစ္စလေးတွေမှာ ကျနော်တို့က ကိုယ့်ရဲ့ တတ်သိနားလည်တဲ့ ကိုယ့် အရည်အချင်းနဲ့ပဲ လုပ်ရတာရှိတယ်။ ဥပမာဆိုရင် ဒီနှစ်နွေရာသီမှာ ရှမ်းစာပေသင်ကြားဖို့ ကျနော်တို့ လုပ်ခဲ့ကြတယ်။ လုပ်ခဲ့တဲ့အခါမှာ လွှတ်တော်ထဲမှာ ပညာရေးဝန်ကြီးကိုယ်နှိုက်က လွတ်လွတ်လပ်လပ် သင်ကြားနိုင်ပါတယ်။ လိုအပ်တဲ့အရာတွေကလည်း ပညာရေးဌာနက ထောက်ပံ့ပါမယ်လို့ ပြောထားပြီးသာ။ ပြောထားပြီးဖြစ်တဲ့အတွက် ကျနော်တို့က သင်ကြားဖို့အတွက်လုပ်တဲ့အခါမှာ သက်ဆိုင်ရာပညာရေးမှူးက ခွင့်ပြုတယ်။ ခွင့်ပြုပေမယ့် အုပ်ချုပ်ရေးပိုင်းက အဲဒါကို အရင်က လုပ်ပုံလုပ်နည်းအတိုင်း ဘယ်သူက ခွင့်ပြုလို့လုပ်တာလဲ။ ခင်များကို ခွင့်ပြုတာလဲ စသဖြင့် မြို့ နယ်ပညာရေးမှူးကို မေးတယ်။ အဲဒါမျိုးတွေဆိုရင် ကျနော်တို့က အောက်မှာတင်ပဲ ဖြေရှင်းရတာ။

ဦးကျော်ဇံသာ ။ ။ ဦးရဲထွန်း ပြောနေတာက ရှမ်းစာပေကို အစိုးရဖွင့်လှစ်ထားတဲ့ အစိုးရကျောင်းတွေမှာ သင်ဖို့လား။ ပုဂ္ဂလိကကျောင်းမှာ သင်ဖို့လား။

ဦးရဲထွန်း ။ ။ နွေရာသီမှာ ကျောင်းစာသင်ခန်းတွေကို အသုံးပြုပြီးတော့ ကျောင်းပိတ်တဲ့အချိန်မှာ သင်ဖို့ပါ။
ဦးကျော်ဇံသာ ။ ။ ကျနော်ဆက်မေးပါမယ်။ အစိုးရပိုင်း လုပ်တာကတော့ ဒီလောက်ဆို လုံလောက်ပါပြီ။ လွှတ်တော် - ဦးရဲထွန်းက လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တယ်။ အထူးသဖြင့် ဦးလှစောကတော့ လွှတ်တော်ကိုယ်စားလှယ် မဟုတ်ဘူး။ ပါတီအတွင်းရေးမှူး။ ဒါပေမဲ့ ဦးလှစော ပါတီကလည်း လွှတ်တော်ကိုယ်စားလှယ်တွေ အများကြီးတက်နေတယ်ဆိုတော့ ပြည်သူကို ကိုယ်စားပြုတယ်ဆိုတဲ့ လွှတ်တော်က ဘယ်လောက်လုပ်ပိုင်ခွင့်ရှိသလဲ။

အထူးသဖြင့် တိုင်းရင်းသားတွေနဲ့ စစ်တပ်နဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်လာတယ်။ ပိုဆိုးလာတယ်။ ဒီလိုကိစ္စမျိုး ဒီမိုကရေစီနိုင်ငံတွေမှာဆိုရင်တော့ အရေးပေါ်လွှတ်တော်ခေါ်ယူပြီး ဆွေးနွေးကြမှာပဲ။ အခု ဗြိတိန်မှာဆိုရင် သတင်းပေါက်ကြားမှု၊ သတင်းခိုးနားယူမှုကိစ္စကို ဝန်ကြီးချုပ်က ခရီးစဉ်ဖျက်ပြီး အထူး ပါလီမန် အစည်းအဝေးခေါ်ပြီး ဒီကိစ္စကို ခေါ်ယူကြတယ်။ ဒီလောက် အဆင့်မမြင့်ဘူးထားပါတော့ ဒါပေမဲ့ ပြည်တွင်းစစ် ပြင်းပြင်းထန်ထန် ဖြစ်နေတဲ့ကိစ္စကို လွှတ်တော်က ဘယ်လောက် အရေးယူဖြေရှင်းနိုင်မလဲ၊ ဖြေရှင်းနိုင်မလဲလို့ ထင်ပါသလဲ။

ဦးရဲထွန်း ။ ။ ဒီကိစ္စကတော့ ကချင်ပြည်နယ်မှာတော့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်တို့က ဝင်ရောက်ပြီး ဖျန်ဖြေပေးတဲ့အနေအထားမှာ သက်ဆိုင်ရာ စစ်တိုင်းမှူးတွေကလည်း နာခံပြီးတော့ ငြိမ်းချမ်းရေးရဖို့အတွက် ကြိုးစားနေတယ်လို့ ကြားသိရတယ်။ တကယ်ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဆောင်ရွက်ချက် ပါပဲ။ တကယ်အောင်မြင်မယ်ဆိုရင်လည်း ကျနော်တို့က ဝမ်းသာရမျာပေါ့။ ကျနော်တို့ ရှမ်းပြည်နယ်မှာလည်း ဘယ်လိုဖြစ်နေသလဲတော့ မသိဘူး။ ဒီဘက်မှာ စစ်ရေးအရ တာဝန်ယူနေတဲ့ စစ်တိုင်းမှူးတွေက လက်ခံဖို့လိုတယ်။

ဦးကျော်ဇံသာ ။ ။ အခု ဖြစ်နေတဲ့ကိစ္စက စစ်တိုင်းမှူးက အာဏာပိုရှိသလား။ ပြည်နယ်ဝန်ကြီးချုပ်က အာဏာပိုရှိသလားဆိုတာကလည်း ပြဿနာတရပ်လို့ တချို့ က ဆိုကြပါတယ်။ ဘယ်လိုတွေ့ရပါသလဲ ရခိုင်ပြည်နယ်အတွင်းမှာကော။

ဦးလှစော ။ ။ အဲဒါကတော့ generally ပြောလို့ရပါတယ်။ သူတို့မှာက centralization နဲ့ de-centralization ထဲမှာ ရေရာ တိကျတဲ့ မူ မရှိဘူး။ နောက်တခုက ရှင်းရှင်းလေးပါ။ သူတို့မှာ democratic တည်ဆောက်ရေး အတွေ့အကြုံလည်း မရှိဘူး။ တချိန်တည်းမှာ သူတို့က စစ်ဖက်က လာတဲ့လူတွေဆိုတော့ centralization နဲ့ သွားနေမှာပဲ။ ပြည်နယ်မှာ ဘာလုပ်ခွင့်ရှိသလဲ။ ပြည်နယ်မှာ ဘယ်လိုလဲ ပြည်နယ်အခြေအနေဘာလဲ ဆိုတာကို လုပ်ခွင့်ရှိသလား၊ မရှိဘူးလားဆိုတာက တော်တော်ကို မရေမရာကြီးဘဲ။ သူတို့မှာ ဗဟိုနဲ့ ပြည်နယ် အာဏာခွဲဝေမှု အတွေ့အကြုံလည်း မရှိဘူး။ နောက် ဆွေးနွေးမှုလည်း မရှိဘူးဆိုတော့ ပိုရှုပ်ထွေးတာပေါ့။

ဦးကျော်ဇံသာ ။ ။ ကျနော် မေးချင်တာက ဒီကိစ္စက အတွေ့အကြုံ ပြဿနာလား။ သဘောထား ပြဿနာလား။

ဦးလှစော ။ ။ နှစ်ခုစလုံး ဆိုင်ပါလိမ့်မယ်။ တကယ်လို့ အတွေ့အကြုံ မရှိဘူးဆိုရင် ဒါကို ရိုးရိုးသားသား ဖွင့်ပြပြီး လုပ်လို့ရတာပေါ့။

နောက်တခုက ဆင်းရဲမှု တိုက်ဖျက်ရေးကိစ္စပေါ့။ အဲဒါကို ကြားဖြတ်ဆွေးနွေးချင်တယ်။ ဆင်းရဲမှု တိုက်ဖျက်ရေး ကိစ္စဆိုတာ တိုင်းပြည်မှာ အဆင်းရဲဆုံးက တိုင်းရင်းသားတွေပါ။ အဲဒီတော့ ဆင်းရဲသား တိုက်ဖျက်ရေးကို ဘယ်လိုလုပ်မလဲဆိုတာကို တိုင်းရင်းသားဒေသမှာရှိတဲ့ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားဒေသမှာရှိတဲ့ local အခြေအနေကို အကုန်သိရမှာပေါ့။
နောက်တခုက တိုင်းရင်းသားတွေ ဆင်းရဲတယ်ဆိုတာ ဘာကြောင့်ဆင်းရဲသလဲ။ ကျနော်တို့ ရခိုင်မှာ natural gas တွေရောင်းတာ ဒီလောက် ဘီလီယံနဲ့ ပိုက်ဆံတွေရနေတယ်။ ဒါပေမဲ့ ကျနော်တို့ မီးတောင်မရဘူး။ ဘာကြောင့် ဆင်းရဲနေရသလဲ။ အဲဒီတော့ မစို့မပို့ သိန်း-သန်း မြန်မာငွေ နှစ်ရာလောက်ချေးပြီး ရခိုင်ပြည် ဆင်းရဲတွင်းထဲက လွတ်မလား။ အဲဒါတွေက သေချာစဉ်းစားရမယ့်ကိစ္စ။ အဲဒီတွေကို မစဉ်းစားဘဲနဲ့ program ကြီးတွေလုပ် လုပ်ပြီးတော့ ပိုက်ဆံ မစို့မပို့ကို ရခိုင်ပြည်ကိုပေး။ ဟိုပေးဒီပေးလုပ်နဲ့ အလွန်စိတ်ပျက်ဖို့ ကောင်းတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံး ဦးရဲထွန်းကို တချက်မေးချင်ပါတယ်။ စောစောက ဦးလှစောကို မေးတဲ့မေးခွန်းပါ။ အခု ပြည်နယ်အစိုးရနဲ့ စစ်တိုင်းမှူးတွေ အာဏာကိစ္စ။ ပြည်နယ်တိုင်းရင်းသားကိစ္စတွေကို ပြေပြေလည်လည် မဆောင်ရွက်နိုင်တာကို လုပ်ငန်းဆောင်ရွက်တဲ့နေရာမှာ အဖုအထစ်တွေ ရှိနေတဲ့ကိစ္စ။ ဒါ အတွေ့အကြုံ လိုအပ်နေတဲ့ကိစ္စလား။ သဘောထား မမှန်ကန်တဲ့ကိစ္စလား။ ဦးရဲထွန်း ဘယ်လိုထင်ပါသလဲ။

ဦးရဲထွန်း ။ ။ ကျနော်တို့က အခုမှ ဖွဲ့စည်းပုံစည်းမျဉ်းက အသစ်ဖြစ်ပြီး အခုမှ စကျင့်သုံးကြတာဆိုတော့ ဘယ်သူမဆို လွှတ်တော်ဆိုလည်း လွှတ်တော်အမတ်တွေအလျှောက်။ အုပ်ချုပ်တဲ့ ဝန်ကြီးချုပ်နဲ့၊ အစိုးရ အဖွဲ့ဝင်၊ ပြည်နယ်အဖွဲ့ဝင်တွေအလျောက် ဘာလုပ်ရမှန်း၊ ဘယ်က အမိန့်တောင်းရမှန်း ကိုယ့်ဘာသာကိုယ် အသိစိတ်ဓာတ်နဲ့ လုပ်ရမလား။ မသိကြသေးဘူး။ အတွေ့အကြုံလည်း မရှိကြသေးဘူး။ အဲဒီလိုထင်တယ်။ တချို့ ကိစ္စတွေကြတော့ ကိုယ်က လုပ်သင့်လုပ်ထိုက်တာကို ကိုယ်ဘာသာ ကိုယ်လုပ်ရမှာ။

ဦးကျော်ဇံသာ ။ ။ ကြားခဲ့ရတဲ့ ပြဿနာတွေဟာ အတွေ့အကြုံ မရှိသေးလို့ ဖြစ်ရတဲ့ ပြဿနာတွေဆိုရင်တော့ ဖြေရှင်းရ ခက်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ နှစ်ပေါင်း (၅၀) လုံးလုံး ကိုယ့်သဘောနဲ့ကိုယ် ထင်ရာလုပ်လာခဲ့တဲ့ စစ်အစိုးရတဖြစ်လဲ အရပ်သား မစို့မပို့ အာဏာပိုင်တွေဟာ လူထုဆန္ဒကို အမှန်တကယ် ဦးစားပေးလိုတဲ့ဆန္ဒ ရှိပါရဲ့လား။ သဘောထား မှန်ကန်ပါရဲ့လားဆိုတာကိုလည်း ဒီနေရာမှာ မေးစရာဖြစ်နေတယ်လို့ ထင်ပါတယ်။ အဖြေကိုတော့ သော်တရှင်များ စဉ်းစားရှာဖွေကြပါလို့ ပြောလိုပါတယ်။

မှတ်ချက်ရေးရန် (1)

o
skyblue burma ကြာသပတေး, 21 ဇူလိုင် 2011
Congratulation & highly appreciated to U Kyaw Zan Tar For his so so clever cross question.

မှတ်ချက်ပြုရန်
* ဖြည့်စွက်ရန်လိုအပ်သည်။
အမည် (ဖြည့်လိုကဖြည့်ရန်)
နိုင်ငံ (ဖြည့်လိုကဖြည့်ရန်)
အကြောင်းအရာ သတ်မှတ်စာလုံးရေ (၅၀၀)*
ပေးပို့ရန်
သတိပြုရန် - စိစစ်ပြီး မှတ်ချက်များကိုသာ ဖော်ပြပေးမည်။ ရွေးချယ်ထားသော မှတ်ချက်များကို ဗွီအိုအေနှင့်သက်ဆိုင် သည့် မည်သည့်မီဒီယာတွင်မဆို ဖော်ပြ ပိုင်ခွင့်ရှိသည်။ သတိပြု လိုက်နာရမည့် ကြိုတင် စည်းကမ်း သတ်မှတ်ချက်များ