Monday, September 26, 2011

ပြည်တွင်း(၄)နှစ်ပြည့် ရွှေဝါရောင်တော်လှန်ရေးနေ့ ကျင်းပ


ဂစ္ဆပသတင်းဋ္ဌာန                 စက်တင်္ဘာလ(၂၇)ရက်၊ ၂၀၁၁၊ နံက် (၁၀)နာရီ။                 http://www.gissapa.blogspot.com
By: အောင်ခိုင်
                        ပြည်တွင်း(၄)နှစ်ပြည့် ရွှေဝါရောင်တော်လှန်ရေးနေ့ ကျင်းပ

စစ်အာဏာရှင်စနစ်ဆိုး အမြစ်ပြတ်ပြုတ်ကျရေးကို ငြိမ်းချမ်းစွာ နိုင်ငံရေးအရ တိုက်ပွဲဝင်ခဲ့သော စက်တင်္ဘာ(၂၆)ရက်၊ (၄)နှစ်ပြည့် ရွှေဝါရောင်တော်လှန်ရေး အထိမ်းအမှတ်နေ့ကို မျိုးချစ်လူငယ်များက စည်းရုံးညီညွတ်စွာ မနေ့က ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

ယင်းအမှတ်တရနေ့ကို နေ့လည်(၁)နာရီခန့်တွင် လူငယ်များ ငြိမ်းချမ်းစွာ ၀တ်ပြုဆုတောင်းခဲ့ကြောင်း၊ လေးယောက်စီတတွဲ စီတန်းလှည့်လည်ခြင်းကို ရန်ကုန်မြို့ ဆူးလေးတ၀ှိုက်၊ ရွှေဂုံတိုင်ဘက်သို့ချီတက်ခြင်းနှင့် ကမ္ဘာဘေးဘုရားလမ်းရှိ န၀ဒေးရုပ်ရှင်ရုံနားနှင့် မိုးလေ၀သရုံးနားသို့ ချီခဲ့ရာ သက်ဆိုင်ရာမှ ဟန့်တားဆီးမှုများကြောင့် အောင်မြင်စွာဖြင့် ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

(၄)နှစ်ပြည့် ရွှေဝါရောင်တော်လှန်ရေး အမှတ်တရနေ့သို့ မျိုးချစ်အင်အား (၂၀၀)ခန့်က ပူးပေါင်းပါဝင် စီတန်းလှည့်လည်ခဲ့ပြီး ရွှေဝါရောင် အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဉ်းသားများ ချွင်းချက်မရှိ အမြန်ဆုံးလွှတ် ဆိုသည့်စာတမ်းပါ ရွှေဝါရောင်တီချပ်ကို တူညီစွာ ၀တ်ဆင်ထားကြပြီး တောင်းဆိုမှုကို ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း ကိုယ်တွေ့လိုက်ပါသူတဦးက ရှင်းပြပြောဆိုသည်။   

ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ပြည်တွင်းနှင့်အတူ တပြိုင်နက် သာသနာ့ဥသျှောင်(ဘင်္ဂလာဋ္ဌာနခွဲ)နှင့် ထိုင်းနိုင်ငံတွင်လည်း ကျင်းပခဲ့ပြီး၊ ရခိုင် ပြည်အ၀ှမ်းတွင် မျိုးချစ်များ နည်းမျိုးစုံ အနေဖြင့် ရွှေဝါရောင်တော်လှန်ရေး အထိမ်းအမှတ်နေ့ကို ရတောင့်ရခဲ့သည့် အခွင့်အရေးများကို မဖြစ်မနေရယူ၍ ပုံစံမျိုးစုံဖြင့် ကျင်းပခဲ့ကြောင်း ပြည်တွင်းမှ ပေးပို့သော သတင်းများအရ သိရှိရသည်။

မနေ့က ပြည်တွင်းတွင်ကျင်းပသည့် ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမှုဓါတ်ပုံမြင်ကွင်းများ။

No comments:

Post a Comment