Saturday, September 17, 2011

ရခိုင်ပြည်ထွက် ဆန်များကို ကုန်ချောပြုလုပ်ပြီး နိုင်ငံတကာဈေးကွက်သို့ ခြေဆန့်ရန်လိုအပ်လာ


ဂစ္ဆပသတင်းဋ္ဌာန                 စက်တင်္ဘာလ (၁၈)ရက်၊ ၂၀၁၁၊ နံနက် (၉)နာရီ။                http://www.gissapa.blogspot.comhttp://www.gissapa.blogspot.com


မြန်မာစစ်အုပ်စု နည်းမျိုးစုံနှိပ်ကွပ်မှုအောက်မှ ရခိုင်ပြည်ထွက် ဆန်များကို နိုင်ငံတကာ ဈေးကွက်ကောင်းသို့ ခြေလှမ်းဆန့်နိုင်ရန် ကုန်ကြမ်းကို ကုန်ချောပြုလုပ်ပြီး တင်ပို့နိုင်မှုမှာ ယနေ့တောင်သူလယ်သမားများအတွက် အဓိက အရေးပါလာသော ခေတ်ကာလ ရောက်ရှိလာပြီ ဖြစ်ကြောင်း မြောက်ဦး(မြို့ဟောင်း)မှ ရခိုင်တောင်သူလယ်သမား တဦးက ဂစ္ဆပသတင်းဋ္ဌာနသို့ ပြောသည်။  

ရခိုင်ပြည်ထွက် ဆန်စပါးအရေအတွက်မှာ ရာခိုင်နှုန်းအားဖြင့် မြန်မာပြည်ထောင်စုတွင် တခြားပြည်များထက် ထွက်နှုန်းအားကောင်း သော်လည်း စစ်အုပ်စု၏ မတရားသိမ်းကျူးမှုကို ခံနေကြကြောင်းနှင့် ရခိုင်ပြည်သူများသည် မိမိတို့၏ဆန်များကို လွတ်လပ်စွာ စီးပွားရေးအရ တင်ပို့ဆောင်ရွက် ပိုင်ခွင့်ကိုလည်း ပိတ်ပင်ခံထားရသော ပြည်တခုဖြစ်ကြောင်း ၎င်းက အောက်ပါအတိုင်း ရှင်းပြသည်။

“ရခိုင်ပြည်က ဆန်ကို ကုန်ချောလုပ်ဖို့၊ စက်ရုံတွေတည်ဆောက်ဖို့ အဓိကလိုအပ်ပါတယ်၊ မိမိတို့လုပ်လို့ရတဲ့ ဆန်စပါးတွေကို လွတ်လပ်စွာ စီမံရောင်းချသိမ်းဆည်းပိုင်ခွင့် ရှိဖို့လိုပါတယ်၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းနဲ့ ရခိုင်ပြည် စီးပွားရေး ကုန်သည်ကြီးများအသင်းတို့ ပူးပေါင်းဆောင်ရွက်ပြီး လုပ်ပေးရင်တော့ တောင်းတာပေါ့ဗျာ၊ လုပ်ပေးဖို့ ပန်ကြားချင်ပါတယ်၊ ကျနော်တို့ တောင်သူလယ်သမားတွေလည်း လက်ရှိထက် တိုးတက်မှုတွေဖြစ်လာအောင် အဓိကတော့ အစိုးရမှာ တာဝန်မကင်းဘူး၊ အစိုးရလုပ်ရင် ဘာမဆိုဖြစ်နိုင်ပါတယ်၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေမှာလည်း တာဝန်ရှိပါတယ်၊ ဘက်စုံအကျိုးဖြစ်မဲ့ ပူးပေါင်းဆောင်ရွက်မှု တကယ့်ကို လိုအပ်နေပါတယ်၊ ဆန်စပါး အကျိုးအမြတ်မှ နိုင်ငံတော်ဝင်ငွေကောင်းဖို့ တောင်သူလယ်သမားတွေက အရင်းခံဖြစ်ပါတယ်။”

ယခုနှစ်ဇွန်လမှစတင်ပြီး ပြည်ပဈေးကွက်သို့ အဆင့် ၅ မှတ် တန်းဝင် မြန်မာ့ပေါင်းဆန်အား ရုရှားဈေးကွက်သို့ တင်ပို့မှုမှာ နှစ်လကျော် ကာလအတွင်း တန်ချိန် ၇၅၀ အထိတင်ပို့ခဲ့ပြီး၊ တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၅၀ အထိ ပေါက်ဈေးရရှိလာကြောင်း မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး Golden Lace Co,Ltd အုပ်ချုပ်မှု ဒါရိုက်တာ ဦးသောင်းဝင်းက ပြောသည်။

မြန်မာနိုင်ငံ၏ ဆန်စပါးအထွက်ကောင်းသော တိုင်းတခုမှာ ဧရာဝတီတိုင်းဖြစ်ကြောင်းနှင့် အဆိုပါတိုင်းတွင် တိုက်ခတ်သွားသည့် နာဂိစ် မုန်တိုင်းကြောင့် စစ်အုပ်စုအနေဖြင့် လယ်ယာဧကများကို ယခုအချိန်ထိ ပြန်လည်ပြီး ထူထောင်နိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။

ယခုနှစ်မြန်မာ့ပေါင်းဆန် ပြည်ပသို့ ပြန်လည်တင်ပို့သည့်အခါ ရုရှားဈေးကွက်တွင် တစ်တန်လျှင်အမေရိကန် ဒေါ်လာ ၄၈၀ ပေါက် ဈေးရရှိခဲ့ပြီး ဒုတိယ အကြိမ်တွင် ကန်ဒေါ်လာ ၅၀၀ ရရှိခဲ့ကြောင်း ၀င်း ကပြောသည်။ ပြည်တွင်း၌ Earning-ဈေးကွက် ကျဆင်းမှုနှင့် ကြုံတွေ့ရခြင်းကြောင့် ဈေးပိုပေးရန် တောင်းဆိုသည့်အတွက် ယခုတစ်ကြိမ်တွင် ပေါက်ဈေး ၅၅၀ အထိ ရရှိလာခဲ့သည်ဟု သိရှိရသည်။  

"လက်ရှိရတဲ့ ပေါက်ဈေးက ထိုင်းကထွက်တဲ့ ဆန်ကိုမမီပေမယ့် ပါကိစ္စတန်ကိုတော့ ကောင်းကောင်းလေးမီသွားပါပြီ။ ထိုင်းကတော့ ကိုယ့်ထက်သာသေးတယ်။ ကျွန်တော်တို့က လုပ်ပြဖို့ လိုတယ်"ဟု ၀င်း က မြန်မာတိုင်း(မ်)သို့ ရှင်းပြခြင်းဖြစ်သည်။

လက်ရှိတင်ပို့သည့် ပေါင်းဆန်သည် ၅ မှတ်တန်းဝင်ဖြစ်သည့်အတွက် လွန်ခဲ့သည့်နှစ်များတွင် တင်ပို့ခဲ့သည့် ၁၀ မှတ်တန်းဝင် အရည်အသွေးထက် ပိုမိုသာလွန်ကြောင်း ၀င်း က ပြောသည်။

ယခုပြည်ပသို့ တင်ပို့နေသည့် မြန်မာ့ဆန်မှာ နိုင်ငံတကာ စံချိန်မီပုံစံဝင် ပေါင်းဆန်ဖြစ်ပြီး ကျိုက်လတ်၊ ဘိုကလေး၊ အိမ်မဲမြို့နယ်တို့မှ ထုတ်လုပ်ခြင်း ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။ ယခုနှစ် မိုးနှင့်လေးပြင်းများကြောင့် လယ်ဧကများ ပျက်စီးဆုံးရှုံးခဲ့သည်ဟု သိရှိရသည်။

ရခိုင်ပြည်တွင် နိုင်ငံတကာ ဈေးကွက်ကောင်းသို့ ခြေဆန့်တင်ပို့ပြီး နိုင်ငံတော်ဝင်ငွေကောင်းများ ရရှိလာရန် မြေပေါ်မြေအောက် သံယံဇာတများ အမြောက်အများ ရှိသည်။ ရခိုင်ပြည်ထွက် သီးသန့်ကုန်ကြမ်းအမြောက်အများကို တရုတ်၊ ဘင်္ဂလာဒေ့ခ်ျနှင့် တခြားနယ်မြေဒေသများသို့ နည်းမျိုးစုံတင်ပို့နေမှုမှာ ပြည်ဝင်ငွေတိုး၍ မရရှိသည့်အပြင် ပြည်သံယံဇာတများလည်း တဖြည်းဖြည်း ကုန်ခန်းသွားလိမ့်မည်ဖြစ်ကြောင်း ဦးကြီးက ပြောသည်။

No comments:

Post a Comment