Tuesday, September 20, 2011

UNHCR ဒက္ကားနှင့် မြန်မာဒုက္ခသည်များ တင်းမာမှုမှ ပြန်လည်၍ ပုံမှန်ဆွေးနွေးပွဲစတင်


ဂစ္ဆပသတင်းဋ္ဌာန
စက်တင်္ဘာလ(၂၀)ရက်၊ ၂၀၁၁၊ ညနေ (၉)နာရီ။

 
ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဒက္ကားမြို့တော် အခြေစိုက် UNHCR ရုံးနှင့် မြန်မာနိုင်ငံသား ဒုက္ခသည်များအကြား အတန်ကြာတင်းမာမှုမှ ယနေ့ UNHCRမှ ဒုက္ခသည်များကို ခေါ်ယူ၍ ကော့စ်ဘဇားမြို့ရှိ Shweiba ဟိုတယ်တခုတွင် ဆွေးနွေးပွဲ ပြုလုပ်လျှက် ရှိနေသည်။

ယခုလို Age Gender and Diversity Mainstreaming (AGDM Consultation) ခေါ်ဆွေးနွေးပွဲမှာ ယခင် UNHCRမှ နှစ်စဉ်ပြုလုပ်ရန် စီစဉ်ကျင်းပခဲ့သော်လည်း UNHCR၏ မြန်မာဒုက္ခသည်များအပေါ် ဆက်ဆံမှုတင်းမာလာရမှ လွန်ခဲ့သောနှစ်များက ဆွေးနွေးပွဲများ ပျက်ကွက်ခဲ့ပြီး ယခုနှစ်ပြန်လည်၍ ခေါ်ယူဆွေးနွေးခြင်း ဖြစ်သည်။

ယခုခေါ်ယူဆွေးနွေးခြင်းမှာ UNHCR ဒက္ကားမြို့တော်ရုံးတွင် Protection Officerနှင့် Assistance Protection Officer Miss Fahmida တို့အနေဖြင့် ဒုက္ခသည်များနှင့် မိတ်ဆက်ရန် သီးသန့်တွေ့ဆုံခွင့် ရရှိရန်သာ ခေါ်ယူခြင်းဖြစ်ပြီး လာမည့်အစီအစဉ်များကို ချမှတ်နိုင်ရန် ဖြစ်သည်။ သို့သော်လည်း ဆွေးနွေးပွဲသို့ Protection Officer မှာ တက်ရောက်လာခြင်းကိုမူ မတွေ့ရှိရပေ။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံရောက် ရခိုင်နိုင်ငံရေးဒုက္ခသည်များ အနေဖြင့် UNHCR-Dhakaနှင့် ဆက်ဆံရာတွင် တစုံတရာ အတိုင်းအတာအထိ ပြေလည်မှု မရှိကြသည့်အပြင် UNHCR-Dhaka ရုံးတွင် အလုပ်လုပ်နေကြသူများထံတွင် ခွဲခြားဆက်ဆံမှုများကို နည်းမျိုးစုံ ခံနေကြရ  ကြောင်း UNHCR-Dhaka အသိအမှတ်ပြု ခံထားရသူ ရခိုင်ဒုက္ခသည်များက ဆွေးနွေးပွဲတွင် အကြိမ်ကြိမ် ဖွင့်ဟ ပြောဆိုခဲ့ကြသည်။

UNHCR-Dhakaမှ Miss Fahmidaနှင့် Miss Fahmina တို့အနေဖြင့် AGDM ရည်ရွယ်ချက်၊ Health care, Skill Training / Self-Reliance, Education, Livelihood, Protection, SGBV information sharing, Group presentation, တဦးစီဆွေးနွေးမှုများနှင့် တက်ရောက်လာသူများကို မနက်ဖြန် လက်ဆောင်များပေးအပ်ခြင်းဖြင့် ပြုလုပ်သွားမည်သည်။

AGDM ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူ ရခိုင်ဒုက္ခသည်များ အနေဖြင့် ကလေးငယ်များ ပညာရေး၊ ၎င်းတို့၏ အရည်အသွေး မြင့်တင်ရေး၊ ဘ၀လုံခြုံမှု အခြေအနေရပ်များ၊ လုံခြုံရေးစနစ်များ၊ လွတ်လပ်စွာ ကျန်းမာရေးစောင့်ရှောက်ခံယူ ရရှိရေး၊ တင်ပြထားကြ သည့် သင်တန်း-ကျန်းမာရေးစာရိတ်နှင့် စသည့်ကိစ္စ အရပ်ရပ်များကို အရေးတယူ ဆောင်ရွက်ပေးဖို့ တင်ပြဆွေးနွေးခဲ့ကြသည်။

AGDMကို နှစ်စဉ်ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးပွဲသို့ စစ်တကောင်း တောင်တန်းဒေသအတွင်း နေထိုင်ကြသော ရခိုင်-ချင်း ဒုက္ခသည် စုစုပေါင်း ၅၀ ခန့်ဦးရေနှင့် ကလေးငယ်များ တက်ရောက်ခဲ့ကြသည်။

ဒုက္ခသည်များနှင့် UNHCRတို့အကြား အပြန်အလှန် နားလည်မှုနှင့် ရသင့်ရထိုက်သည့် အခွင့်အရေးများကို ရရှိလာရန် ပူးပေါင်းလုပ် ဆောင်ရွက်ကြဖို့ စိတ်ရှည်လက်ရှည်စွာဖြင့် ဆွေးနွေးခဲ့ကြသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ဒုက္ခသည်ကပ် ကိုင်ဆောင်ထားကြသော မြန်မာဒုက္ခသည်ပေါင်း ၄၀၀ ခန့်ရှိကြောင်းနှင့် မိသားစုဦးရေ အပါအ၀င် စုစုပေါင်း ၇၀၀ ၀န်းကျင်ခန့်မျှရှိကြောင်း စုံစမ်းသိရှိရသည်။

No comments:

Post a Comment