Monday, September 5, 2011

မြန်မာ့ကုန်ကြမ်းမှ ရရှိနေသည့် ဘင်္ဂလာနိုင်ငံတော်ဝင်ငွေ မူဆလင်ပွဲတော်ကြောင့် လျော့ဆင်းခဲ့


ဂစ္ဆပသတင်းဋ္ဌာန
စက်တင်္ဘာလ (၆)ရက်၊ ၂၀၁၁၊ နံက် (၁၂)နာရီ။
 
မြန်မာမှ တင်ပို့လာသော ကုန်ကြမ်းပစ္စည်းများဖြင့် ရရှိနေသည့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံတော်ဝင်ငွေမှာ မူဆလင်ပွဲတော်ကြောင့် သြဂုတ်လက သတ်မှတ်ထားသည့် နိုင်ငံတော်ဝင်ငွေထက် လျော့ဆင်းသွားခဲ့သည်ဟု သတင်းရရှိသည်။

သြဂုတ်လအတွင်း ကျရောက်ခဲ့သည့် မူဆhttp://www.freerakhaing.blogspot.comလင်ဘာသာရေး ပွဲတော်အတွင်း မြန်မာ-ဘင်္ဂလာနယ်စပ်ဒေသ ကုန်သွယ်ရေး လုပ်ငန်းများကို ရက်အနည်းငယ် ပိတ်ထားခဲ့ရာမှ ယခုကဲ့သို့ လျော့ဆင်းသွားခြင်းဖြစ်သည်ဟု တာခ်နာဆိပ်ကမ်းမှ အကောက်အခွန် အကြီးအကဲ ကာစ်တင် အာနိုယာရ် မာဆူမ် က  ထုတ်ဖေါ် ပြောဆိုလိုက်သည်။

သြဂုတ်လအတွင်း တင်ပို့လာသည့် မြန်မာကုန်ပစ္စည်းများကြောင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံတော် ၀င်ငွေမှာ တာကာ ၅၉၇၅၁၁၈၅ ရရှိခဲ့သည့်။ သို့သော်လည်း သတ်မှတ်ထားသည့် လစဉ်နိုင်ငံတော်ဝင်ငွေမှာ တာကာ ၇၂၀၀၀၀၀၀ ဖြစ်ကြောင်း ဆိုသည်။

အဆိုပါ သြဂုတ်လအတွင်း တာခ်နာဆိပ်ကမ်းမှ အကောက်အခွန်ရရှိခဲ့သည့် နိုင်ငံတော်ဝင်ငွေတွင် ဘင်္ဂလာမှ မြန်မာသို့ တင်ပို့ကုန်များမှ အခွန်ရရှိခဲ့သည့် တာကာ ၈၇၅၈၄၆၈ ပါဝင်ကြောင်း ရှင်းပြသည်။ လွန်ခဲ့သည့် ဇူလိုင်လတွင် တာကာ ၇၄၈၀၀၀၀၀ ဘင်္ဂလာဒေ့ခ်ျ နိုင်ငံတော်ဝင်ငွေ ရရှိခဲ့ကြောင်း အတည်ပြုပြောကြားသည်။

မြန်မာ-ဘင်္ဂလာဒေ့ခ်ျ နှစ်နိုင်ငံအကြား အဓိက အပြန်အလှန် တင်ပို့ကြသည့် ကုန်စည်များမှာ မြန်မာမှ ဘင်္ဂလာသို့ ငါးစိမ်း/ငါးခြောက် မျိုးစုံ၊ သစ်မျိုးစုံ၊ ဈေးယိုမျိုးစုံ၊ ဈေးသီးခြောက်၊ ကွမ်းသီး၊ နနွင်း၊ ငရုပ်သီး၊ မကျဉ်းသီး၊ ဘေထရီ၊ ၀ါး၊ မူဆာလာ၊ ဇီယာမျိုးစုံ၊ အိမ်မွေး တိရစ္ဆာများအပြင် တခြားပစ္စည်းများပါဝင်ပြီး ဘင်္ဂလာမှ မြန်မာသို့ ဘိလပ်မြေ၊ အယ်လူမီနီယံ၊ ဆေးဝါးများ၊ ဆံပင်အပြင် တခြား တချို့ ကုန်များ ပါဝင်သည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အနေဖြင့် မြန်မာ့ကုန်ကြမ်းပစ္စည်းများကို များသောအားဖြင့် ၀ယ်လိုအားကောင်းနေသည်။ မြန်မာ့ကုန်ကြမ်းများကို ကုန်ချောဖန်တီးပြုလုပ်ပြီး အနောက်နိုင်ငံများသို့ တဖန်လွတ်လပ်စွာ တင်ပို့နိုင်ခြင်းဖြင့် အမြတ်ကြီးများ ရရှိနေကြောင်း သိရှိရသည်။

မြန်မာမှ ဘင်္ဂလာသို့ တရားဝင်တင်ပို့နေသည့် ကုန်ကြမ်းများထက် တရားမ၀င် ကုန်ကြမ်းအများအပြားမှာလည်း မြန်မာ့စီးပွားရေး လွတ်လပ်မှုမရှိ၍ မှောင်ခိုလမ်းများမှ စီးပွားရေးအရ တင်ပို့နေကြကြောင်း စုံစမ်းသိရှိရသည်။

မြန်မာ့စစ်အုပ်စုသည် အိမ်နီးချင်းနိုင်ငံများနှင့် စီးပွားရေးဆက်သွယ်မှုတွင် နိုင်ငံတကာအဆင့်မီ ပညာဥာဏ်အမြင်အမြော် မရှိသည့်အပြင် စီးပွားရေးလွတ်လပ်မှုကိုလည်း ပိတ်ပင်ထားသောကြောင့် မိမိနိုင်ငံ၏ နိုင်ငံတော်ဝင်ငွေမှာ တန်ဖိုးမရှိဖြစ်နေသည့်အပြင် အာဏာပိုင် များ၏ တဦးချင်း ၀င်ငွေသာ ဖြစ်နေမှုများကြောင့် နိုင်ငံတော် ဆင်းရဲပြီး ပြည်သူလူထုများ ဒုက္ခဖြင့် ရင်ဆိုင်ကြုံကြိုက်လျှက် ရှိနေသည်။

စစ်အုပ်စုသည် နိုင်ငံတော်ကို အုပ်ချုပ်နေသူများ အနေဖြင့် ကမ္ဘာ့ဈေးကွက်တွင် ကုန်ကြမ်းတန်ဖိုးနှင့် ကုန်ချောတန်ဖိုးကိုပင် ခွဲခြားမသိ သကဲ့သို့ မြေပေါ်မြေအောက် သဘာဝအရင်းအမြစ်များ၏ နိုင်ငံတော်အတွက် အရေးပါတန်ဖိုးရှိသည်ကိုပင် ခွဲခြမ်းသိရှိမည်မဟုတ်ပေ။

No comments:

Post a Comment