Wednesday, September 7, 2011

ဘင်္ဂလာမှ မြန်မာဟုစွပ်စွဲပြီး ရခိုင်ပြည်နယ်သို့ ဘင်္ဂလီ(၁၂)ဦးကို ပြန်ပို့ပြန်ပြီ


ဂစ္ဆပသတင်းဋ္ဌာန
စက်တင်္ဘာလ (၈)ရက်၊ ၂၀၁၁၊ နံက် (၁၂)နာရီ။
http://www.gissapa.blogspot.comhttp://www.freerakhaing.blogspot.com

ဘင်္ဂလာမှ မြန်မာဟုစွပ်စွဲပြီး ရခိုင်ပြည်နယ်သို့ ဘင်္ဂလီ(၁၂)ဦးကို ပြန်ပို့ပြန်ပြီ

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BGB)မှ မြန်မာနိုင်ငံမှ ကျူးကျော်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများဟု စွပ်စွဲခံရသူ ဘင်္ဂလီ(၁၂)ဦးကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ၎င်းတို့အား မြန်မာသို့ အတင်းအဓမ္မ ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ BGB မှ ဖမ်းဆီးရမိသူများမှာ မြန်မာ -ဘင်္ဂလာနယ်ခြားမှတ်တိုင် အမှတ်(၃) နယ် မြေမှ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု နယ်စပ် မျက်မြင်များက အတည်ပြု ပြောသည်။

ဘင်္ဂလာမှ မြန်မာသို့ အတင်းအဓမ္မ ပို့ ဆောင်ခံရသူများမှာ ဇာဟိဒ်(၁၈)နှစ်၊ နရု ဟိုဆေန်(၁၈)၊ နရု အူဒိန် (၁၆)၊ အာမိ ဟိုဆေန်(၁၇)၊ အာနိုယာရ်(၂၀)၊ ချောဖိ အူလ် (၂၀)၊ နရု အာလာမ် (၁၈)၊ နုရ် မိုဟာမတ်ဒ်(၁၇)၊ ကော်ရိမ် အူလ္လာ(၂၄)၊ ရော်ဟိမ် အူလ္လာဟ်(၃၀)၊ ဟာဆေမ် (၂၂)နှင့် မိုဟာမတ်ဒ် ဇိုဟာရ် (၁၉)နှစ် တို့ဖြစ်ကြောင်း သက်ဆိုင်ရာ BGB မှ ထုတ်ဖေါ်ပြောဆိုလိုက်သည်။

အဆိုပါ မူဆလင်များအား ဖမ်းဆီးပြီး မြန်မာသို့ ပို့ဆောင်သူမှာ တာခ်နာအခြေစိုက် BGB အမှတ်(၄၂) တပ်ရင်းမှ နီလာဒေသ တာဝန်ကျ အကြီးအကဲ မိုဟာမတ် နုရုလ် အာမိ(န်) ဖြစ်ကြောင်းနှင့် ၎င်းက ပြန်ပို့ခံရသူများမှာ မောင်တောမြို့နယ် ဘော်လီဈေးနယ်မြေ ဆိန်ဒူလ် ဒေသမှဖြစ်ကြောင်း ဘင်္ဂလာဒေသသတင်းထောက်များသို့ ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက်သည်။

မြန်မာ-ဘင်္ဂလာ နယ်ခြားမှတ်တိုင် အမှတ်(၃)မှာ ကော့စ်ဘဇားခရိုင်မှ ကီလိုမီတာ (၆၀)ခန့်ဝေးကွာသည့် နီလာမြို့နယ်ဒေသတွင် ရှိသည်။ အဆိုပါ နယ်ခြားမှတ်တိုင် အမှတ်(၃)အနီးတွင် ဘင်္ဂလာဖက်မှ ကာစ္စတင်အကောက်ဂိတ် ရှိကြောင်း စုံစမ်းသိရှိရသည်။

ယခုကဲ့သို့ ဘင်္ဂလာသက်ဆိုင်ရာမှ အိမ်နီးချင်း နှစ်နိုင်ငံ တရားဝင်လုပ်ထုံးလုပ်နည်းအတိုင်းမဟုတ်ဘဲ တရားမ၀င်သည့် ပုံစံဖြင့် နယ်စပ် ဖြတ်ကျော်ပြီး ဖမ်းဆီးရမိသူများကို ပို့ဆောင်နေခြင်းမှာ နှစ်ပေါင်း ၃၀ နီးပါးမျှ ကြာနေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ သို့သော်လည်း ရခိုင်ပြည်နယ် အခြေစိုက် လူဝင်မှုကြီးကြပ်ရေးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် မိမိနိုင်ငံ ဥပဒေအပြင် နိုင်ငံတကာ တရားဝင် ဥပဒေများအတိုင်း တခါတရံမျှ ဖြစ်ရပ်အကြောင်းစုံကို မှန်မမှန် စုံစမ်းစစ်ဆေး အရေးယူမှုများ တစုံတရာ မရှိသေးကြောင်း သိရှိရသည်။

No comments:

Post a Comment