Wednesday, September 7, 2011

ရက္ခိုင်လူမျိုးရို့၏ ကျင့်ဝတ်တရား (၄၈)ပါး (ဗဟုသုတ အနီနန့်  ဖတ်ရှုပါရန်)


ရက္ခိုင်လူမျိုးရို့၏ ကျင့်ဝတ်တရား (၄၈)ပါး (ဗဟုသုတ အနီနန့်  ဖတ်ရှုပါရန်)

သာစွာဋ္ဌာနီ ရက္ခိုင်ပြည်သည် ရှိလွန်ခရေနှစ်ပေါင်း(၅၀၀၀)ကျော်ပင်ထီးနန့်နန်းနန့် ကြာဋ္ဌါန်းနန့် မြို့ပြနိုင်ငံတည်ထောင်ဗျာလ် ဘုရင် စနစ်ဖြင့် အုပ်ချုပ်ခကတ်ပါသည်။ ၎င်းကို ရက္ခိုင်သမိုင်းသုတေသီရို့ ကခေတ်ကာလများ ပိုင်းခြား၍ အောက်ပါအတိုင်း သုတေသနပြု သတ်မှတ်ခကတ်ပါသည်။ ယင်းတိကိုဖော်ပြရကေ …

၁။ ပထမဓညဝတီခေတ် (BC ၃၃၂၅-၁၅၀၈) = ၁၈၁၇ နှစ်။
၂။ဒုတိယဓညဝတီခေတ် (BC ၁၅၀၈-၅၈၀) = ၉၂၅ နှစ်။
၃။တတိယဓညဝတီခေတ် (BC ၅၈၀-AD ၃၂၆) = ၉၀၆ နှစ်။
၎။ဝေသာလီခေတ် (AD ၃၂၇-၈၁၈) = ၄၉၁ နှစ်။
၅။လေးမြို့ခေတ် (AD ၈၁၈-၁၄၃၀) = ၆၁၂ နှစ်။
၆။မြောက်ဦးခေတ် (AD ၁၄၃၀-၁၇၈၄) = ၃၅၄ နှစ်။
စုစုပေါင်း = ၅၁၀၈ နှစ်။

ရက္ခိုင်ဘုရင်ရို့သည် တိုင်းပြည်အုပ်ချုပ် မင်းလုပ်ရာတွင် မင်းကျင့်တရားဆယ်ပါးနန့်အညီ တိုင်းပြည်ကို အုပ်ချုပ်ရပြီး ရဟန်းပညာဟိ၊
လူပညာဟိရို့၏ အကြံအဥာဏ်ကို ရယူလက်ခံကာ တိုင်းပြည်စည်ပင်သာယာဝဖြိုးအောင် အုပ်ချုပ်ခကတ်သည်။ ရက္ခိုင်ဘုရင်သည် ဘိသိက်သွန်းမင်္ဂလာ ကျင်းပပြီးနောက် မဟာမြတ်မုနိဘုရားတွင် ဦးခိုက်ပူဇော်ပြီး အဓိဋ္ဌါန်ဥပုသ်ရည်ရှည်စောင့်သောအစိုင် အလာတိ ဟိခကတ်ပါသည်။ ရဟန်းတော်တိးက သာသနာတော်ကို စောင့်ရှောက်၍ သုခမိန်ပညာဟိအမတ်တိးက တိုင်းပြည်ကို ထိန်းသိမ်း ကတ်သည်။ ရက္ခိုင်မင်းတိလက်ထက်ရဟန်း၊ သံဃာတော်တိသည် တိုင်းပြည်၏အကြီးအမှူး၊ သြဝါဒစရိယတိဖြစ်ကြောင်း  တွိရသည်။

ဒေဂု မြောက်ဦးခေတ် တောင်ညိုကျောင်းတိုက်ဆရာတော် အဂ္ဂမုနိမထေရ်မြတ်၏ တိုင်းပြည်နန့်လူမျိုးအတွက် ချမှတ်ပီးခသော ကျင့်ဝတ်တရားတိကို လောကဓမ္မ နှစ်ဌာနအတွက် အသုံးပြုကြစီရန် ဖော်ထုတ်တင်ပြလိုသည်။ ဖော်ပြလတ္တံ့ သောကျင့်ဝတ်တိကို မြောက်ဦးခေတ်၊ မင်းစောမွန်(ကောဇာ ၈၈ရ-၈၉၃)လက်ထက်တွင်လည်းကောင်း၊ မင်းဗာကြီး(ကောဇာ ၈၉၃-၉၁၅) လက်ထက်တွင် လည်းကောင်း၊ လိုက်နာကျင့်သုံးခကြောင်း တွိရသည်။ ထိုရက္ခိုင်မဟာရာဇဝင်ကြီးလာ (၄၈)ပါးသော ရက္ခိုင်လူမျိုးရို့၏ ကျင့်ဝတ်ကို ဖော်ပြရသော် …

၁။ ရှီးဦးစွာ ရတနာသုံးပါးအား မမိန့်မလျော့ဘဲ ကျင့်သုံးဆောက်တည် ဆည်းကပ်ကိုးကွယ်ကြရန်တစ်ပါး။
၂။ မိဘဆရာသမားရို့၏ ဆုံးမသြဝါဒကို မြီဝယ်မကျ မှတ်သားနာယူ ကျင့်သုံးစောင့်ရှောက်ကြရန်တစ်ပါး။
၃။ မိမိရို့၌ မငြိမ်သက်ဘဲ သော့သွမ်းရမ်းကြွခြင်း၊ မကောင်းသောအကျင့်တိကို ပယ်ရှားစောင့်ရှောက်ကြရန် တစ်ပါး။
၎။ ပညာသိပ္ပ တတ်မြောက်စီရန် ကြိုးစားအားထုတ်လျက် သင်အံလေ့လာကြစီရန် တစ်ပါး။
၅။ အသက်သိက္ခာကြီးရင့်သောသူရို့ နန့် မိဘ၊ ဆရာ၊ ရီမြီအရှင်ဘုရင်မင်းမြတ်ရို့အားလည်း မရိုမသေ မလေးမစား အဂါရဝပြုလုပ်ခြင်းကို
အထူးရှောင်ကြည်ကြရန် ပညတ်ခြင်းလည်းတစ်ပါး။
၆။ မိမိကိုယ်ကို ပညာနန့်ပေါင်းယှဉ်လျက် လောဘ၊ ဒေါသ၊ မောဟ စသောမကောင်းသောဆန္ဒတိကို ပယ်ရှားခြင်းလည်းတစ်ပါး။
ရ။ ငါးပါးသီလကို စောင့်ရှောက်ပြီးလျှင် မိမိရို့ အားလျော်စွာအလှူဒါနကုသိုလ်တိကို နိညမပြတ် စိုက်ပျိုးရခြင်းတစ်ပါး။
၈။ လောက၌ သူတစ်ပါးရို့ အား နှုတ်ဖြင့်ကျူးလွန်ခြင်း၊ ကိုယ်ဖြင့်ကျူးလွန်ခြင်းတည်းဟူသော မကောင်းသောတရားနှစ်ပါးကို ဖယ်ရှားပြီး
စိတ်ကြည်လင်စွာဖြင့် မေတ္တာတရားကို ရှိထားလျက် သဘောဖြောင့်မတ်စွာဖြင့် နီရခြင်းတစ်ပါး။
၉။ ထို့ အပြင် လောကဓမ္မ နှစ်ဌာနတည်းဟူသော ကျင့်ဝတ်တရားနှစ်ပါးကိုပစ္စုပ္ပန်သံသရာ၌ ချမ်းသာခြင်းဖြင့် သိစွမ်းဆောင်ရွက်နိုင်သော
ပညာဟိပုဂ္ဂိုလ်ရို့အား အလေးအမြတ်ပြုပြီးလျှင် မိတ်ကျွမ်းဝင်ရခြင်းတစ်ပါး။
၁၀။ ၎င်းမိတ်ကျွမ်းဝင်သော ပုဂ္ဂိုလ်ရို့ ၌ ပညာဖြင့်ပေါင်းပြီးလျှင်တရားလက်လွတ်လျက် ကျင့်ဝတ်တရား မှောက်မှားသောသူရို့သည် လောကတွင် သတ္တဝါရို့၌လည်း အကျိုးစီးပွါးမဟိ၊ သံသရာ၌လည်း အကျိုးမဟိသောသူများကိုဝီးစွာရန်သူကဲ့သို့  မိမိစိတ်၌ထားပြီး ရှောင်ကြည်ရခြင်းတစ်ပါး။
၁၁။ သူတစ်ပါး ဥစ္စာပစ္စည်းများကို ခိုးယူခြင်းမှလည်းကောင်း၊ သူတစ်ပါးရို့၏သားမယားရို့ အားလွန်ကျူးခြင်းမှ အထူး ရှောင် ကြဉ်ရခြင်းတစ်ပါး။
၁၂။ မိမိအား သူတစ်ပါးရို့သည် လွန်ကျူးခြင်းဖြင့် ကြိမ်းမောင်းငြားသော်လည်း မျက်မာန်ဒေါသတိထိန်းချုပ်လျက် သည်းခံခြင်း
ဖြင့် ရှောင်ကြဉ်ရခြင်းတစ်ပါး။
၁၃။ လူရို့၌ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟုဆိုအပ်သော လက္ခဏာရေးသုံးပါးကိုအလေ့အလာအားဖြင့် အခါခါအောက်မိပြီး မိမိခန္ဓာကိုယ်ကို ပညာမျက်စိဖြင့်ကြည့်ရှုဆင်ခြင်ဆုံးမကာ တပြောင်းပြန်ပြန် စက်အဟန်သို့ ဖြစ်ပျက်နီခြင်းကို ဒုက္ခတရားဖြင့် သိမြင်ကာ ကြောက်ရွံ့ ထိတ်လန့် စီရန်ရှာမှီးရခြင်းလည်းတစ်ပါး။
၁၄။ ထို့ အပြင် လောဘ၊ ဒေါသ၊ မောဟ ဟုဆိုအပ်သော စိတ်ဆင်ရိုင်းကို နိညမပြတ် ယိုင်ကျေးစီခြင်းငှာ ပညာဖြင့် ထိန်းသိမ်း စောင့်ရှောက်လျက်ငြိမ်သက်တည်တံ့စွာဖြင့် နီရခြင်းလည်းတစ်ပါး။
၁၅။ ထို့ ပြင် အမင်၊ အဘာရို့ အား ချစ်ခင်မြတ်နိုးပြီးလျှင် ဘုရားတစ်ဆူ၊ ဂူတစ်လုံးကဲ့သို့  နိညမပြတ် အရိုအသေ အလေးအမြတ် ရှိခိုးဦးတင်လျက်ပြုစုလုပ်ကျွေး မွီးမြူရခြင်းလည်းတစ်ပါး။
၁၆။ ထို့ အပြင် မိမိရို့ ဆွေးမျိုးညာတိရို့ ၌ သက်ကြီးရွယ်အိုရို့အား အရိုအသေ အလေးအမြတ်ပြု လုပ်ဆောင်ရွက်ခြင်းလည်း တစ်ပါး။
၁၇။ ထိုမှတစ်ပါး အရပ်လေးမျက်နှာမှ ရောက်လာကတ်သော ရဟန်း၊ ပုဏ္ဏားစသည်ရို့တွင် အဝတ်အစားရိက္ခာ ချို့တဲ့သော ပုဂ္ဂိုလ်တိအား ကောင်းမွန်စွာ ပီးကမ်းထောက်ပံ့ခြင်းဖြင့် ကုသိုလ်ဥစ္စာထုပ်ကို သိုမှီးပြုလုပ်ရခြင်းလည်းတစ်ပါး။
၁၈။ ထို့ အပြင် လယ်လုပ်၊ ကုန်သွယ်၊ ကုန်ရောင်း၊ ကုန်ဝယ်ဖောက်ကား ပြုလုပ်ကြသောသူတိ၌ မိမိ လုပ်ကိုင်လျက်ဟိသော အလုပ်တိတွင် နိညမပြတ် အစီးအပွါးတွက်ချက်ပြီး မယုတ်မလျော့စီအောင် လုပ်ကိုင်ဆောင်ရွက်ခြင်းတစ်ပါး။
၁၉။ ထိုသို့ လုပ်ကိုင်ခြင်းမှ စောင့်ရှောက်ပြီးလျှင် အစာရိက္ခာတိကို ပြည့်ဝှမ်းစွာ ကျီကျတိဖြင့် သိုမှီး၍ ဆွေးမျိုးရို့အား ထောက်ပံ့
မစားရခြင်းတစ်ပါး။
၂၀။ ထိုသို့ ထုံးနည်းတိကို ပညာဟိတိထံ ချဉ်းကပ်ပြီး သူရို့အားထောက်ပံ့ကာ သင်ယူမှတ်သားရခြင်းလည်းတစ်ပါး။
၂၁။ ဆရာထံမှရသော ထုံးနည်းများကို စိတ်ထဲ၌ စွဲမြဲစွာ မှတ်သားနာယူပြီး သူ့ကျေးဇူးကို သိရခြင်းလည်းတစ်ပါး။
၂၂။ ၎င်းအပြင် ဖိုး၊ ဖီး၊ စိုင်ဆက် မိမိရို့ မျိုးရိုးမှ ဆင်းသက်လာသော ဓမ္မတာကျင့်ရိုးတိကို မဖောက်မပြန် ကျင့်သုံးစောင့်ရှောက်ရခြင်း လည်းတစ်ပါး။
၂၃။ အစိုင်တရားစောင့်ရှောက်ခြင်းဖြင့် အိမ်ထောင်ပြုရာတွင် ရှီးသူဟောင်း သက်ကြီးရို့၏ ထုံးနည်းနာတိကို ယူဆောင်၍ ပြုလုပ်ရခြင်း လည်းတစ်ပါး။
၂၄။ တစ်ပါးသော အမျိုးရို့က လှည့်ပတ်ဖြားယောင်သော်လည်း မိမိရို့မျိုးရိုးဇာတိများ မပျောက်ပျက်စီရန် ရဲဝံ့စွာ အဝီးမှရှောင်ကြဉ်ရခြင်း တစ်ပါး။
၂၅။ နိုင်ငံတော်ဝယ် အတတ်ပညာလုံခြုံစွာ မတတ်သူရို့ အား တစ်စုံတစ်ခုသော လူမှုအိမ်ထောင်စီးပွါးဆောင်ရန် ပေါင်းဖော်ခြင်းကို
ရှောင်ကြဉ်ရခြင်းတစ်ပါး။
၂၆။ တစ်စုံတစ်ခုသော အတတ်ပညာမဟိသောသူရို့ အား ညဥ့်မှောင်မသိ၊ ကြက်မျက်အိပ်သောသူရို့  နန့် အလားတူဘိသကဲ့သို့ 
လူမှုစီးပွါးဆောင်ခြင်းကို ရှောင်ကြဉ်ခြင်းလည်းတစ်ပါး။
၂၇။ အိမ်ထောင်သားမွီးပြုလုပ်ရာ၌ လူမှုရေးကိစ္စတိကို ကျေပွန်စွာ နားလည်လိမ္မာ သိတတ်ခြင်းနန့် ပြည့်စုံရခြင်းလည်းတစ်ပါး။
၂၈။ ထိုသို့ သိတတ်ပြီးမှ အိမ်ထောင်သားမွီးမြူရာဝယ် ကြံစည်တွက်ဆ ဇွဲလုံ့လထုတ်ကာ စီးပွါးချမ်းသာခြင်းနန့် ပြည့်စုံရခြင်း လည်းတစ်ပါး။
၂၉။ လောဘ၊ ဒေါသ၊ မောဟ၊ မာနတရားတိကို ထိန်းချုပ်လျက် သူတစ်ပါးက မကောင်းသောဆန္ဒဖြင့် ပျက်စီးစီရန် နည်းပီးသော်လည်း မိမိကရှောင်ကြဉ်ရခြင်းလည်းတစ်ပါး။
၃၀။ မိဘရို့၏ကျေးဇူးတရားတိသည် မြင့်မိုရ်တောင်နန့် နှိုင်းဆငြားသော်လည်း အတိုင်းမသိ ကြီးမားသော ကျေးဇူးတရားပင် တည်းဟု ဖန်တလဲလဲအောက်မိသတိရခြင်းလည်းတစ်ပါး။
၃၁။ အသင့်ပေါင်းဖက်ကြသော သားမယား၊ မြီး၊ မြစ်၊ ဆွေးမျိုး၊ ကျေးကျွန်စသည်များကို စောင့်ရှောက် ထောက်ပံ့ရခြင်းလည်းတစ်ပါး။
၃၂။ လူပယ်၊ လူပြက်ရို့ က ကဲ့ရဲ့ကြသော်လည်း ဝမ်းထဲ သံဝေစိတ်ဖြင့်ဖြေလျက် ထိုသူရို့အား ဝီးစွာရှောင်ကြဉ်ရခြင်းလည်းတစ်ပါး။
၃၃။ လူကောင်းရို့က ချီးမွမ်းခြင်းဖြစ်စီရန် ဆွေမျိုး၊ ခင်ပွန်း၊ အခြွီအရံသင်းပင်းရို့အား ချစ်ပန်းဖြင့် မပျက်စီခြင်းငှာ စောင့်ရှောက် ရခြင်းလည်းတစ်ပါး။
၃၄။ အိမ်ထောင်စီးပွါးသိုမှီးရာတွင် မြီအိုး၊ မြီခွက်များဖြင့် တံစက်ရီကို ခံယူဘိသကဲ့သို့ လည်းကောင်း၊ ခြကောင်းတိသည် မိမိ၏ပစဖြင့် ကိုက်ချီယူလျက်၊ တောင်ပို့ ပြုလုပ်သကဲ့သို့  လည်းကောင်း၊ စီးပွါးဥစ္စာကို စုဆောင်းရခြင်းလည်းတစ်ပါး။
၃၅။ လူရို့ ၌ ပညာ၊ ဝီရိယဖြင့် မြဲမြံခိုင်မာစွာ ကြံဆောင် လုပ်ဆောင်ရခြင်းလည်းတစ်ပါး။
၃၆။ ထိုသို့ လုပ်ကိုင်ရာတွင် သေသပ်စွာသော ယောက်ျားမြတ်ရို့ လုပ်ကိုင်ခြင်းသည် မိမိထင်မှတ်သည့်အတိုင်း ပြည့်ဝစွာ ချမ်းသာ စီးပွါးခြင်းလည်းတစ်ပါး။
၃၇။ ထို့ပြင် ပညာချို့ တဲ့သောသူများ၌ လုံ့လမဲ့မှု၊ အများသူရို့၏ ကဲ့ရဲ့ပြစ်တင်မှုကို ခံရခြင်းလည်းတစ်ပါး။
၃၈။ ကိုယ်ကိုမချစ်၊ အကျင့်စာရိတ္တပျက်စီးခြင်းဖြင့် လူသွမ်းရို့ ကမည်ကဲ့သို့ မသိ၊ ပျင်းရိရိနန့် ကြမ္မာပိုက ငါရို့နီရာ စီးပွါးလာ အံ့ဟု
ကြမ္မာကို ယိုးစွပ်လျက်နီခြင်းကို ရှောင်ကြဉ်ရခြင်းတစ်ပါး။
၃၉။ နိုင်ငံတော်၌ သဌေး၊ သကြွယ်၊ ကုန်သွယ်လယ်လုပ်တိက သူတစ်ပါးရို့ မှီခိုရာဖြစ်သည့် လက္ခဏာသည်ကား အလွန်အရိပ် အာဝါသကောင်းသော ပြိုင်ညောင်ပင်ကြီး၏လက္ခဏာနန့် အလားတူ ဖြစ်စီရခြင်းလည်းတစ်ပါး။
၄၀။ ထိုပြိုင်ညောင်ပင်ကြီး၏သဘောသည် လမ်းခရီး၌ သွားလာသူအပေါင်းရို့ ကို အရိပ်ခိုအောင်းရာဖြစ်သကဲ့သို့၊ ထိုနည်းတူစွာ လူသုံးပါရို့၏မှီခိုချမ်းသာစွာ နီကြစီရန် ဆောင်ရွက်ခြင်းလည်းတစ်ပါး။
၄၁။ ပြိုင်ညောင်ပင်ကြီး၏ အသီးအပွင့်တိကို မှီခိုလာသော ငှက်အပေါင်းရို့သည် သာယာချမ်းမြိ့စွာ စားသောက်ရသကဲ့သို့  ငါရို့ အမျိုးလေးပါးရို့မှီခိုလျက် စားသောက်ခြင်း၌ ချမ်းသာသုခပြည့်စုံစီရန် ဆောင်ရွက်ခြင်းလည်းတစ်ပါး။
၄၂။ သူဆင်းရဲရို့သည် သဌေး၊ သကြွယ် အသီးသီး ညာတိသင်္ဂဟများအား မှီခိုလျက်လုပ်ကိုင်စားသောက်ကြရန်လည်း တစ်ပါး။
၄၃။ မှီခိုလုပ်ကိုင်သူများအား စောင့်ရှောက်သူရို့က သွန်သင်ပြောရာတွင် သူတစ်ပါးရို့ ချစ်မြတ်နိုးစိမ့်သောငှာ သာသာချိုချိုပြော၍
စောင့်ရှောက်ရခြင်းလည်း တစ်ပါး။
၄၄။ ကြမ်းတမ်းယုတ်မာစွာ ပညာမဲ့စောင့်ရှောက်ခြင်းကို ရှောင်ကြဉ်ရခြင်းလည်းတစ်ပါး။
၄၅။ မိမိ၌ မှီခိုသူရို့ အား လောကဝတ်ထိုက်သည့်အားလျော်စွာ ပြည့်ဝစီ၍ အမှုခပ်သိမ်းများကို ဆောင်ရွက်ထိန်းသိမ်းရခြင်းလည်း တစ်ပါး။
၄၆။ သူစိမ်းသူပျက်ပင်ဖြစ်သော်လည်း မှီခိုနီသူရို့ အား စောင့်ရှောက်ရာတွင် မိဘသဖွယ် သာသာကြည်ကြည် စောင့်ရှောက်ရခြင်းလည်း တစ်ပါး။
၄၇။ မိမိရို့ ၌ ဆွေရင်း၊ သားမြီး၊ ကျေးကျွန်သင်းပင်းရို့ အားပျော်ပျော်ပါးပါးဖြစ်စီရန် နှုတ်ချိုသာစွာဆုံးမလျက် အဝတ်အစား
ပီးကမ်းဆောင်ရွက်ပြီးလျှင် မညှိုးမနွမ်းစီရန် မွီးမြူရခြင်းလည်း တစ်ပါး။
၄၈။ ရက္ခိုင်မျိုးရိုးများ၌ အစိုင်ဆင်းသက်လျက် ကျင့်သုံးဆောက်တည်ကြရသော ပညတ်တရားများကို မမိမလျော့ဘဲ စောင့်ရှောက်ရခြင်း လည်းတစ်ပါး။

အထက်ဖော်ပြပါ ရက္ခိုင်မဟာရာဇဝင်တော်လာဖြစ်သည့် ရက္ခိုင်လူမျိုးရို့၏ ကျင့်ဝတ် (၄၈)ဖြာကို စာရှုသူများ ဖတ်ရှုခြင်းဖြင့် ရက္ခိုင် လူမျိုးရို့၏ ယိုင်ကျေးမှု၊ ဓလေ့ထုံးစံ၊ ကျင့်ဝတ်များကို သိဟိကာ လောကီ၊ လောကုတ္တရာ နှစ်ဖြာသော ကောင်းကျိုးတိ တိုးတက်ကြီးပွါး နိုင်ကြပါစီလို့ လေ့လာမှတ်သားကာ ရွီးသားလိုက်ရပါသည်။ ပဉ္စဂုဏံ အဟံဝန္ဒာမိ သဗ္ဗဒါ။

သန္တာမြီ-မောင်သော်တာ(ရွီးသားသည်)

ကျမ်းကိုးစာရင်း

၁။ ကွယ်လွန်သူ ရက္ခိုင်ရာဇဝင်ဆရာကြီး ဦးဦးသာထွန်း(မြောက်ဦး)၏ ဟောပြောချက်များ။
၂။ ရက္ခိုင်ရှီးဟောင်း ဂါထာမန္တန်ထူးများ(အသျှင်ဝါသဝ)

No comments:

Post a Comment