Thursday, September 15, 2011

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံကြား ရေပြင်ပိုင်နက်အငြင်းပွားမှု ဖြေရှင်းနေစဉ် နယ်စပ်မူးယစ်ဆေးဝါးနှင့် ကျူးကျော်မှု ပြဿနာများထွက်ပေါ်လာ


    ဂစ္ဆပသတင်းဋ္ဌာန -                                     စက်တင်္ဘာလ (၁၆)ရက်၊ ၂၀၁၁၊ နံက် (၁၁)နာရီ။                         http://www.gissapa.blogspot.com




မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံကြား ရေပြင်ပိုက်နက် အငြင်းပွားမှု ဆွေးနွေးနေချိန် အတိုးအတွင်း မြန်မာမှ ဘင်္ဂလာသို့ မူးယစ်ဆေးဝါးများနှင့် ဘင်္ဂလီများ သောင်းသောင်းဖျဖျ ၀င်ရောက်သဖြင့် ဒေသခံအာဏာပိုင်များက ဖမ်းဆီးမှုများ အမြောက်အများရှိခဲ့သည်ဟု ယခုအပတ် အတွင်း သတင်းများ ထွက်ပေါ်လျှက် ရှိနေသည်။

မြန်မာ့ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးခံရသည့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖေါက်ကားသူများ အားလုံးမှာ မူဆလင် ဘာသာဝင် ဘင်္ဂလီများ ဖြစ်ကြကြောင်း သိရှိရသည်။  

လွန်ခဲ့သော စက်တင်္ဘာ(၁၀)ရက်နေ့က မြန်မာ့ရာဘား(၃၀၀)လုံး၊ (၁၂)ရက်နေ့က (၁၀၀၀၀)လုံး၊ လှေ(၂)စီးနှင့် (၆)ဦး၊ (၁၃)ရက်နေ့က ရာဘား(၁၅၀၀၀)လုံးနှင့်အတူ ရောင်းဝယ်ဖေါက်ကားသူ (၄)ဦးနှင့် (၁၄)ရက်နေ့က မြန်မာ့ရာဘားဆေးပြား (၈၉၅)လုံးနှင့် ရောင်းဝယ် ဖေါက်ကားသူ (၁)ဦး စုစုပေါင်း (၂၆၁၉၅)လုံးနှင့် (၁၁)ဦးကို ဖမ်းဆီးရမိကြောင်း တာခ်နာမြို့နယ်  အခြေစိုက် အမှတ်(၄၂) BGB နယ်စပ်လုံခြုံရေးတပ်ဖွဲ့မှ ထုတ်ဖေါ်ပြောကြားချက်အရ သိရှိရသည်။ ထို့ပြင် ဖမ်းဆီးရမိသည် မူးယစ် ဆေးဝါးများနှင့် ဖမ်းဆီးမမိသည့် မူးယစ်ဆေးဝါး အမြောက်အများလည်း နှစ်နိုင်ငံ နယ်စပ်ဒေသတလျှောက် ရှိခဲ့ကြောင်း နယ်စပ်သတင်းများက ဆိုသည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများကို ဘင်္ဂလာဥပဒေအရ အရေးယူအပြစ်ပေးပြီးနောက် မြန်မာနိုင်ငံသို့ မဖြစ်မနေ ပို့ဆောင်မည်ဖြစ်ကြောင်း လွန်ခဲ့သောနှစ်များက ဆောင်ရွက်ခဲ့သည့် သတင်းများအရ သိရှိရသည်။

ထို့ပြင်ဘင်္ဂလာအနေဖြင့် ကျူးကျော်ဝင်ရောက်လာသူများဟု စွပ်စွဲကာ အင်္ဂါနေ့က ဘင်္ဂလီ(၁၂)ဦးကို မောင်တောမြို့နယ်သို့ အတင်းအဓမ္မ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။ အပို့ခံရသူများထဲတွင် ကလေး၊ အမျိုးသမီး များနှင့် အမျိုးသားများ ပါဝင်ကြောင်း စုံစမ်းသိရှိရသည်။  

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား ရေပြင်ပိုင်နက် ပြဿနာမှာ ဒီဇင်္ဘာလ၊ ၂၀၀၈ ခုနှစ်မှစတင်၍ ဖြစ်ပွားလာခဲ့ပြီး ၂၀၁၁ ခုနှစ် ဇူလိုင်လမှ စတင်၍ နိုင်ငံတကာအကူအညီနှင့် ဗီယက်နန်နိုင်ငံတွင် နိုင်ငံတကာ ရေပြင်စည်း မျှဉ်းများအရ ဖြေရှင်းရန် ဆောင်ရွက်နေကြကာ ၂၀၁၁ ခုနှစ် ဒီဇင်္ဘာလတွင် အဆုံးသတ် ဖြေရှင်းမည် ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ အနောက်ဘက်ရှိ ရခိုင်ပြည်နယ်မှာ အင်္ဂလိပ်-ဗြိတိသျှတို့၏ စစ်ဒဏ်ကို အဓိက ခံခဲ့ရသော ပြည်နယ်တခုဖြစ်ပြီး ယခုကာလအထိ စစ်အာဏာရှင်နှင့် အပေါင်းအပါ မသာမာသူများ၏ စီမံကိန်းအောက်တွင် ပြည်နယ်ဂုဏ်၊ လူ့အရင်းအမြစ်နှင့် မြေပေါ်မြေအောက် သံယံဇာတများမှာ လုယူစားသောက် ဂုတ်သွေးစုတ်မှု အောက်တွင်ခံနေရသော ပြည်နယ်တခုဖြစ်သည်။ http://www.freerakhaing.blogspot.com

No comments:

Post a Comment