Thursday, September 1, 2011

စစ်တွေမြို့မှာလုယက်မှုနန့် ဖောက်ထွင်းမှုတိပိုများလာနိန်











ရခိုင်ရိုးမ။ ။ August 29, 2011


အဂုရက်ပိုင်းအတွင်း စစ်တွေမြို့နေရာ အနှံ့မှာ လုယက်မှု အိမ်ဖောက်ထွင်းမှုတိ ပိုများလာနိန်ကြောင်း စုံစမ်းသိရှိရသည်။

လူသူ ပြတ်လပ်တေ နိန်ရာတိမှာ နိခင်းကြောင်တောင်မှာပင် လုယက်မှုတိ ရှိလာကြောင်းကို မြို့ခံတစ်ဦးက အဂုပိုင် ပြောပြသည်။


“ဟိုတလောကယေ အကို အကျဉ်းထောင်လမ်းကြားမှာ ကျောင်းဆရာမ တစ်ယောက် နိခင်းမှာ ရွှေ အလုခံရရေ။ ကျောင်းဆရာမ တစ်ယောက်တည်း ခြီကျင်လားနိန်ခါ နောက်က ဆိုင်ကယ်နန့် လူငယ်တစ်ယောက် ကရေ လိုင်ဖင်းက ရွှေကို လိုက်လုရေ၊ ဆိုင်ကယ် နံပတ်ကိုလည်း ဝှက်ထားရေ၊ ကံကောင်းလို့ ကျောင်းဆရာမက လက်ကို တုတ်ပလိုက်စွာမှာ မရလီ”လို့ သူက ပြောသည်။

စစ်တွေမြို့မှာ ယင်းပိုင် လုယက်မှုတိုးလာမှုရေ ဆင်းရဲမှု အလုပ်အကိုင် အခွင့် အလမ်း မရှိရေ အတွက် ယင်းသို့တိုလားခြင်းဖြိုက်တေလို့လဲ သိရသည်။

လွန်ခရေ ၃ ရက်လောက်ကလဲ ဝေသာလီအားကစားကွင်း အနီးမှာ ကျောင်းသူမ တယောက် အလုယက်ခံခရကြောင်း သိရသည်။
“ညနိန်၈နာရီလောက်ပါ၊ မြို့ထဲက မင်းဂံကိုက်ဘီးနန့်အလာ ဝေသာလီ အားကစကားကွင်း အနီးမှာ လူတစ်စုက ဝင်လုစွာဖြိုက်တေ၊ ရွှေပုတီးတပင်ပါလားရေလို့တော့ပြောရေ၊ ဖဲသာလဲ ပါလားရေလတ်၊ လုရေလူတိမှာလဲ ဆိုင်ကယ်နန့်ပါ”လို့ မင်းဂံရပ်ကွက်သား တစ်ဦးက ပြောသည်။

အဂုအခါ စစ်တွေမြို့မှာဆိုင်ကယ် အငှားတိ ပေါ်ပေါက်လာပြီး ဒုစရိုက်သားတိလည်း ယင်းသို့ အခွင့်အရေးယူပနာ လုပ်လာခြင်းဖြိုက်တေလို့ သိရသည်။

ယင်းအပြင် မင်းဂံရပ်ကွက်ရှိ စခန်းမှူး နေအိမ်လည်း သုံးခါးတိတိ ခိုးဖောက်ခံရကြောင်း ယေဒါလည်း ခိုးသူကို ဂနိထိ မဖမ်းမိသိမ့်ကြောင်း သိရသည်။

စစ်တွေမြို့ရှိ လမ်းမတိုင်းမာ လမ်းမီး မရှိရေအတွက် လြူုပတ်လပ်တေအခါ လုယက်မှုအတွက် အခွင့်ကောင်းပြီး ဒေဂုပိုင် တိုလားခြင်း ဖြိုက်သည်။

အစိုးရသစ် တက်ကေလဲ ရခိုင်ပြည်အတွင်း အောက်ခြေသိမ်းလူတန်းစားအတွက် အလုပ် အကိုင် အခွင့်မရှိရေပိုင် တဦးတစ်ယောက် လုပ်ပိုင်ခွင့်လဲ မရှိကြောင်း သိရသည်။
Posted by ခိုင်မင်းထွန်း at 9:23 PM

No comments:

Post a Comment