မြန်မာ မိန်းခလေးများနှင့် တရုတ်နိုင်ငံ၏ လိုအပ်ချက်http://www.freerakhaing.blogspot.com
စက်တင်ဘာလ ၅ ရက်နေ့ထုတ် ယူကေမှ Telegraph (တယ်လီဂရပ်) အွန်လိုင်းသတင်းစာက “မြန်မာမိန်းခလေးများအား တရုတ်သတို့သမီးများအဖြစ် အတင်းအကြပ်စေခိုင်းခံရခြင်း” (Burma’s women forced to be Chinese Brides) အမည်နှင့် သတင်းဆောင်းပါးတပုဒ်ကို ရွှေလီမြို့မှနေ၍ ဒေးဗစ်အီမာ (David Eimer) ဆိုသူ ရေးသားလိုက်သည့် သတင်းကို ဖတ်ရှုလိုက်ရပါသည်။
သူ့ဆောင်းပါး အတိုချုပ်ကို ကောက်ရလျှင် တရုတ်ပြည်ကြီး၏ “ခလေးတယောက်” ပေါ်လစီအရ တရုတ်မိသားစုများ ခလေးတယောက် ရပြီးလျှင် သားကြောကို ဆရာဝန်မှ အလိုအလျှောက် ဖြတ်ပြီး ဖြစ်သဖြင့် တရုတ်မိသားစုများ မိန်းခလေးထက် ယောက်ျားလေးကိုသာ ရအောင် ကြိုးစားယူကြသဖြင့် ယောက်ျားဦးရေနှင့် မိန်းမဦးရေ အချိုးအစားကွာဟမှု ဖြစ်လာခဲ့သည်။ ခန့်မှန်းချေအရ ယောက်ျားလေး ၁၂၀ ဖွားမြင်တိုင်း မိန်းခလေး ၁၀၀ ခန့်သာ ဖွားမြင်သည့်အတွက် တရုတ်လူမှုရေးသိပ္ပံ အကယ်ဒမီမှ ထုတ်ပြန်သည့် ခန့်မှန်းချက်အရ ၂၀၂၀ ခုနှစ်တွင် တရုတ်ယောက်ျား ၂၄ သန်းတို့အတွက် လက်ထပ်ယူနိုင်မည့် မယားမရှိဟူ၍ ဖြစ်သည်။
တရုတ်၏ ထို “ခလေးတယောက်ပေါ်လစီ” အရ ယောက်ျားမိန်းမ အချိုးအစားမညီမျှမှုကြောင့် မိန်းမရှားပါး မှုဒါဏ်ကို တရုတ်နိုင်ငံသည် ခံစားနေ့သည်။ ထိုလိုအပ်ချက်ကို တရားဝင် စေ့စပ်ကြောင်း လမ်းခြင်းဖြင့် လက်ထပ်ယူ နိုင်သော သူများရှိသော်လည်း၊ ထိုနည်းလမ်းဖြင့် မရနိုင်သူများက တရားဥပဒေ ဘောင် အပြင်မှ နည်းလမ်းများကို အသုံးချလာကြသည်ဟု ယူနက်စကို၊ ဘန်ကောက်ရုံးမှ HIV/ AIDS နှင့် လူကုန်ကူးမှု ပပျောက်ရေး တာဝန်ခံ ဒေးဗစ်ဖင်းဂိုးလ် ( David Feingold) က ဆိုသည်။
သူသည် ၂၀၀၃ ခုနှစ်က ထုတ်လုပ်ခဲ့သော မိန်းမရောင်းဝယ်ရေးအကြောင်း ရိုက်ကူးခဲ့သည့် ဒါရိုက်တာဖြစ် သည်။
တရုတ်နိုင်ငံတွင် သတို့သမီး (မယား) အဖြစ် အတင်းအကြပ် လုပ်ခိုင်းခြင်းခံရသူ မိန်းခလေးအများစုလာရာ နိုင်ငံသည် မြန်မာနိုင်ငံဖြစ်သည်ဟု သူကဆိုသည်။
ဒေးဗစ်က ဗုဒ္ဓဘာသာဝင်များလည်းဖြစ် စစ်အာဏာရှင် စံနစ်ဖြင့် အုပ်ချုပ်နေသူများလည်းဖြစ်သော ဂေါက်သီးရိုက်ရာတွင်လည်း အလွန်ထုံ ဝါသနာပါသော ခပ်ကြောင်ကြောင် မြန်မာစစ်ဗိုလ်ချုပ်များသည် မြန်မာနိုင်ငံရှိ အမျိုးသမီးများ တရုတ်နိုင်ငံသို့ အရောင်းစားခံရခြင်း၏ အဓိကတရားခံများအ ဖြစ် ထောက် ပြခဲ့ သည်။
လွန်မင်းစွာ ဖိနှိပ်အုပ်ချုပ်မှုကြောင့် ပြည်သူများငတ်မွတ်ခေါင်းပါးလြာ ပီးစီးပွါးရေးလွန်မင်းစွာနိမ့် ကျလာမှုကြောင့် မြန်မာမိန်းခလေးများ လူအရောင်း အဝယ်ပွဲစားများ၏ ဈေးကွက်တွင်း သို့ ကျရောက်လာရသည်ဟု ထောက်ပြခဲ့သည်။ စီးပွါးရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အစစအရာရာ နိမ့်ကျမှုကြောင့် ကုန်ထုတ် လုပ်မှုကျဆင်းလာပြီး အစာရေစာရှားပါး ပြတ်လတ်မှုကိုပါကြုံတွေ့လာရသည့် အတွက် မြန်မာနိုင်ငံမှ အမျိုးသမီးများ အစာရေစာရှာရန်အတွက်လည်းကောင်း၊ မိသားစု ထောက်ပံ့ရန်အတွက်လည်းကောင်း တရုတ်နိုင်ငံသို့ ထွက်ကြသည့်အခါ လူပွဲစားများ၊ ပြန်ပေးသမားများ လက်တွင်းသို့ သက်ဆင်းကြ ရကြောင်း ဆိုသည်။ မြန်မာပြည်မှ အမျိုးသမီးအများစုမှာ တရုတ်နိုင်ငံသို့လူကုန်ကူးသူများ၏ ပို့ခြင်းခံရပြီးနောက် အတင်းအကြပ် မယားအဖြစ် ပေါင်းသင်းခံရခြင်းနှင့် အဆုံးသတ်သွားကြရသည်ဟု သူကဆိုသည်။့
တရုတ်ပြည်တွင်ခိုးသွင်းလာသောအမျိုးသမီးတယောက်၏ တန်ဘိုးသည် ယွမ် ၆၀၀၀ နှင့် ၄၀,၀၀၀ အထိ ရှိပြီး သူမ၏ အချိုးအစား၊ အသက်၊ အသားအရည်၊ မျက်နှာသွင်ပြင်ကောင်းလျှင် ကောင်းသလောက် ဈေးပေးခံရသည်။ စတာလင်ပေါင်နှင့် ၅၆၀ မှ ပေါင် ၃၇၅၀ အထိ ဈေးပေါက်သည်။
ယိုးဒယားအခြေစိုက် ကချင် အမျိုးသမီးအဖွဲ့မှ ထုတ်ပြန်ချက်တွင် ရောင်းစားခံရသော မြန်မာမိန်းခလေးများ၏ ၂၅% သည် အသက် ၁၈ နှစ်အောက်ဖြစ်သည်ဟု ဆိုသည်။ “ယောက်ျားတွေက သူတို့အတွက် ခလေးမွေးပေးနိုင်မဲ့ ကျန်းမာသန်စွမ်းပြီး အသက်အရွယ်ငယ်တဲ့ မိန်းခလေးတွေ လိုလားသည်” ဟု ယူနန်ပြည်နယ်ရှိ ကဝပ်လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့(Kwat’s anti-trafficking programme in Yunan Province) ခေါင်းဆောင် ဂျူလီယာမရစ် (Julia Marip)ကဆိုသည်။
“မိန်းခလေးတွေကို ခလေးမွေးပေးဘို့ စက်တခုလိုဘဲ သဘောထားကြတယ်” ဟု သူမကမှတ် ချက်ပေးခဲ့ ပါသည်။
ဤဆောင်းပါးအစကို မြန်မာပြည်မှ ၁၂ နှစ်သမီးအရွယ်တွင် ပြန်ပေးဆွဲခံရသည့် ခလေးမ “အပ” (တိုင်းရင်းသူဖြစ်ပုံရသည်) နှင့်စပြီး ၎င်းကို တရုတ်မိသားစုတစုထံတွင် ပြန်ပေးဆွဲသူများက ရောင်းစားခဲ့ပြီး ၎င်းတို့၏ အသက် ၂၀ အရွယ် သားနှင့် ပေးစားရန် ကြံစည်ခဲ့သော်လည်း နောက်ဆုံး ၃ နှစ်အကြာ တရုတ်ပုလိပ်များက မှတ်ပုံတင်စစ်ဆေး သည့်အခါတွင် သူမသည် နိုင်ငံခြားသူဖြစ်ကြောင်း ပေါ်လွင်သွားပြီး မြန်မာပြည်သို့ ပြန်ခွင့်ရခဲ့ခြင်းဖြစ်သည်ဟု အဆုံးသတ်ထားသည်။ မြန်မာ မိန်းခလေးများကို ဈေးလယ်တွင် ဝတ်ကောင်းစားလှများကို ဝတ်ဆင်စေပြီး မိတ်ကပ်ခြယ်သလျက် ဗြောင်လေလံတင် ရောင်းချသည့် နေရာများလည်းရှိကြောင်း ထိုဆောင်းပါးတွင် ရေးသားထားသဖြင့် တုန်လှုပ်ချောက်ခြားစရာ သူတို့ဘဝကို ကိုယ်ချင်းစာမိခဲ့ပါသည်။ ၂၁ ရာစု ခေတ်မီတိုးတက်နေသော လူ့သမိုင်းသည် တပတ်လည်၍ ကျွန်ရောင်းကျွန်ဝယ်စံနစ်ဆီသို့ ပြန်ရောက်နေပြီလားးဟု မေးခွန်းထုတ်ရတော့မလို ဖြစ်နေပါသည်။
နိဂုံးအားဖြင့် ချုပ်၍ ပြောရလျှင် မြန်မာနိုင်ငံသည် အာရှနိုင်ငံများကြားတွင် လွတ်လပ်ရေး ရခါစမှ ၁၉၆၂ ခုနှစ် မတိုင်မီအထိ အရှေ့တောင်အာရှ၏ ကြယ်တပွင့်၊ အာရှတိုက်၏ စပါးကျည် ဝမ်းပိုက်ဟု တင်စားခေါ်ခံရသည့် ဆန်စပါးအထွက်ဆုံးနိုင်ငံဘဝ။ အိမ်နီးးချင်းနိုင်ငံများ၏ အားကျလေးစားလောက်သော အဆင့်မြင့် တက္ကသိုလ်ပညာတတ်များ မွေးထုတ်ရာ ရန်ကုန်ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်ကြီး ရှိသည့်အရှိန်အဟုန်ကြီးခဲ့သော နိုင်ငံဘဝမှ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဘဝသို့ ၁၉၈၇ ခုနှစ်တွင် ကျရောက်သွားခဲ့ရခြင်းသည်လည်းကော င်း၊ ယနေ့အထိ ကမ္ဘာက ဖိနှိပ်မှု အပြင်းထန်ဆုံး၊ လူ့အခွင့်အရေး အချိုးဖောက်ဆုံးနိုင်ငံအဖြစ် အပြစ်တင်ခံနေရသည်မှာ စစ်အာဏာရှင်စံနစ်ကြောင့် ဖြစ်သည်။ ယ္ခင်က ယိုဒယားနိုင်ငံကို မြန်မာပြည်သားများက “ဖါနိုင်ငံကြီး” ဟူ၍ အထင်သေးအမြင်သေး ရှုံ့ချကြသည်။ ယနေ့ အိမ်နီးခြင်း ယိုးဒယားနိုင်ငံ၊ တရုတ်နိုင်ငံ၊ ကုလားပြည်တို့တွင်ရှိသော ဖါများသည် မြန်မာအမျိုးသမီး အများစုဖြစ်သလို၊ မြန်မာပြည်တွင်း၌လည်း တရားမဝင် ဖါများသောင်းနှင့်ချီ၍ မြို့နယ်တိုင်းအလိုက် အနှိပ်ခန်းများ၊ ကာယာအိုကေနိုက်ကလပ်များတွင်ရှိေ နကြပြီ ဖြစ်သည်။ အာဏာရူး စစ်ဗိုလ်များ၏ အတ္တစွဲကြီးမားလွန်း မှုကြောင့် ဖါနိုင်ငံဘဝသို့ ရောက်နေခြင်းကို မြန်မာပြည်ရှိ မည်သူ က မျှ မတားဆီးနိုင်ပါ။
တရုတ်ပြည်ရှိမယားလိုအပ်မှုအရရော င်းစားခံရသောမိန်းခလေးများတွင် လူချမ်းသာပညာတတ်တရုတ်များ၏မယာြး ဖစ်ဘို့ထက်တရုတ်လယ်သမားများ၏အြ ဖည့်ခံအလုပ်ကျွန်မယားဖြစ်ဘို့ ကများပါသည်။ ထိုမိန်းခလေးများသည် ထိုသူ၏သွေးသားဖြည့်ဆည်းပေးရာမယားအဖြစ်လည်းကောင်း၊ မိမိကာမကိုဝယ်ယူ ထားသူ၏မိဘဖြစ်သူ၏အစေခံအဖြစ်လည်း ကောင်းအလုပ်အကျွေးပြုရင်းအနှိပ် စက်ခံပြီးနေထိုင်ရသည်၊ မိမိဘယ် နေရာရောက်နေသည်၊ဘယ်သူ ကိုအကူအညီတောင်းရမည်ကိုမသိကြချေ ။ တရုတ်မိသားစု၏ အိမ်ကျွန် လုပ်ရင်းလွတ်လမ်းမမြင်သည့်အခါမိ မိကိုယ်ကိုယ်အဆုံးစီရင်သွားတတ်ြ ကသည်။ လယ်ယာသုံးပိုး သတ်ဆေး သောက်၍အဆုံးစီရင်ခြင်းကိုအများ ဆုံးအသုံးပြုခြင်းဖြင့်ကြေကွဲစွာ ဘဝအဆုံးသတ် သွားကြရသည်။
တရုတ်ပြည်သည် မြန်မာပြည်ကို လူမျိုးအရ ဝါးမြိုမည်ဆိုသည်မှာ စိတ်ကူးယဉ် မဟုတ်ချေ။ မြန်မာပြည်ရှိ ဝနယ်မြေ၊ ကချင်နယ်မြေ၊ ရှမ်းနယ်မြေတို့တွင် တရုတ်ပြည်မှ တရွေ့ရွေ့ ပြောင်းလာသူများ ၁၉၈၈ ခုနှစ်နောက် ပိုင်းသက်သက် အနေနှင့်ပင် သန်းချီ၍ ရှိနေပြီဖြစ်သည်။
ထို့အပြင် တရုတ်ပြည်၏ မိန်းခလေးလိုအပ်ချက်သည် တနှစ်ထက်တနှစ် တိုးပွားများပြားလာမည်မှာ မြေကြီး လက် ခတ်မလွဲ ဖြစ်သည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆီးပေးရမည့် အဓိကနိုင်ငံမှာ မြန်မာနိုင်ငံဖြစ် နေပြန်သည်။ အဘယ် ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံကို မှီခိုနေရသည့် အဆင့်သို့ တရွေ့ရွေ့ ကျရောက် လျက် ရှိသည်။
(၁) တရုတ်ကို အားကိုး၍ ကုလသမဂ္ဂမှ အရေးယူမခံရအောင် တရုတ်အလိုကျ ဧရာဝတီ မြစ်ဆုံ ရေကာတာတည်ဆောက်ရေးကို ပြည်သူများ တားနေသည့်ကြားမှ အတင်းအကြပ် လုပ်ဆောင်ရန် စိုင်းပြင်း လျက်ရှိခြင်း။
(၂) ဆင်းရဲမွဲတေနေသော နိုင်ငံဖြစ်သဖြင့် မိမိထက် ချမ်းသာသော တရုတ်နိုင်ငံက သစ်လိုလျှင်သစ်၊ ကျောက်လိုလျှင်ကျောက်၊ ဓါတ်ငွေ့လိုလျှင် ဓါတ်ငွေ့ နောက်ဆုံး မိန်းမလိုလျှင် မိန်းမပေးကို ပေးရတော့ မည် ဖြစ်သည်။
လာမည့် ၂၀၂၀ ခုနှစ်တွင် လူပျိုလူလွတ်တရုတ် ယောက်ျား ၂၄ သန်းသည် ၎င်းတို့၏ သွေးသား ကာမဖြေဖျောက်ရန်အတွက်လည်းကောင်း ၊ မျိုးပွားရန်အတွက်လည်းကောင်း၊ ဈေးချိုချိုနှင့် ရနိုင်သော မြန်မာပြည်မှ အမျိုးသမီးလေးများကို ဦးလှည့်လာပေလိမ့်မည်။ လူပွဲစားများအတွက် အလွန်ကြီးမားသော “သတိုးသမီးဈေးကွက်”သည် တားဆီးနေသည့်ကြားမှ မလွဲမသွေ ပိုမိုကြီးမားလာမည်မှာ မြေကြီးလက် ခတ်မလွဲပင် ဖြစ်သည်။ တရုတ်ပြည်ကြီးတွင် ပြည့်တန်ဆာများကို အစိုးရမှ တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ ရပ်ကွက်ဖွင့်၍ တိုးပွားလာသော လူလွတ်ယောက်ျားများအာသာဆန္ဒကိုမေ ပါက်ကွဲစေရန်ထိန်းချုပ်ဘို့ လုပ်ဆောင် ကောင်းလုပ်ဆောင် လာနိုင်ဘွယ်ရှိသည်။ ထိုသို့ လုပ်လာပါက ယိုးဒယားနိုင်ငံတွင်မြန်မာ တိုင်းရင်း သူများအများစု “ဖါ” ဖြစ်နေသည့်နည်းတူ၊ ၎င်းတရုတ်ဖါခန်းများတွင်လည်း မြန်မာအမျိုး သမီးများ သာ အများစုအဖြစ် တွေ့မြင်ရနိုင်ဘွယ်ရှိပေသည်။
ထိုအဖြစ်ကို ကာကွယ်ရန်မှာ မြန်မာနိုင်ငံသည် တရုတ်၏ အမှီအခိုကင်းသော နိုင်ငံဖြစ်ရန် လိုအပ်ပေသည်။ ဒီမိုကရေစီနည်းကျ လွတ်လပ်သော နိုင်ငံအဖြစ် မထူထောင်နိုင်လျှင် စစ်ကျွန်ဘဝမှနေ၍ တိုင်းတပါးအိမ်နီးချင်း တရုတ်ကျွန်ဖြစ်ရန် လက်တကမ်းသာလိုတော့ကြောင်း မျိုးချစ်မြန်မာများ၊ အထူးသဖြင့် တိုင်းချစ်ပြည်ချစ်စိတ် ရှိသော တပ်မတော် ဗိုလ်ချုပ်၊ အကြပ်တပ်သားများကို သတိပေး နှိုးဆော်လိုက်ပါသည်။ ယနေ့မြန်မာပြည်ကြီး ကိုကယ်တင်ရန် မျိုးချစ်စိတ်ရှိသော ဗိုလ်ချုပ်၊ ဗိုလ်မှူး၊ဗိုလ်ကြီး၊ အကြပ်တပ်သားများ ပူးပေါင်း ပါဝင်မှု ရှိဘို့အထူးလိုပါသည်။ ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါ သည်။
အားလုံးကိုလေးစားလျှက်
ထွန်းအောင်ကျော်
စက်တင်ဘာလ ၅ ရက်။
မှတ်ချက်။
ပြည့်တန်ဆာဟုမသုံးဘဲ“ဖါ”ဟုသုံးနှုန်းရခြင်းမှာဗိုလ်ချုပ်အောင် ဆန်း၏မိန့်ခွန်းအရ “ဖါသည်နိုင်ငံကြီးဖြစ်သွားမှာဘဲ ”ဆိုသည့်စကားကိုအမှတ်ရစေလို၍ြ ဖစ်ပါသည်။ ဖါနိုင်ငံကြီးဖြစ်အောင်ဘယ် သူတွေကလုပ်နေကြသနည်း?။
No comments:
Post a Comment