Thursday, September 1, 2011

(၁၂၈)ကြိမ်မြောက် အလိုတော်ပြည့် ဆရာတော် ဘူးသီတောင်အကျဉ်းသားများအား အခြေခံဝိပဿနာ ပို့ချနေ


ဂစ္ဆပသတင်းဋ္ဌာနhttp://www.freerakhaing.blogspot.com
စက်တင်္ဘာလ(၂)ရက်၊ ၂၀၁၁၊ နံက် (၃း ၃၀)အချိန်။

(၁၂၈)ကြိမ်မြောက် အလိုတော်ပြည့် ဆရာတော် ဘူးသီတောင်အကျဉ်းသားများအား အခြေခံဝိပဿနာ ပို့ချနေ

ရခိုင်ပြည် ဘူးသီးတောင်ထောင်အတွင်း ပြည်တွင်း/ပြည်ပ နယ်စပ်ဒေသ သာသနာပြု ကျေးဇူးတော်ရှင် အလိုတော်ပြည့် ဆရာတော်ကြီး ဆုံးမသြ၀ါဒနှင့်အညီ (၁၂၈)ကြိမ်မြောက် အခြေခံဝိပဿနာအလုပ်ပေး တရားစခန်းတခုကို သြဂုတ်လ (၂၉)ရက်မှ စတင်ပြုလုပ် နေကြောင်း အလိုတော်ပြည် http://www.alodawpyei.org တွင် ဖေါ်ပြချက်အရ သိရှိရသည်။

ထောင်အတွင်း တရားစခန်းပွဲ ဖြစ်မြောက်ရေးအတွက် ဘူးသီးတောင်ထောင် လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ဋ္ဌေး (ထောင်ပိုင်)က ဦးစီး၍ ကျင်းပနေခြင်းဖြစ်ကြောင်းနှင့် နေ့လည်၊ မနက်ဆွမ်းကိစ္စများကို တာဝန်ယူ ဆောင်ရွက်နေကြောင်း ၀ပ်ဆိုင်းတွင် ဖေါ်ပြထားသည်။

တရားစခန်းပွဲတော်ကို ဘူးသီးတောင် အကျဉ်းဦးစီးဋ္ဌာနမှ (၁၀)ရက်တိုင်တိုင် ကြီးကြပ်ကျင်းမည်ဖြစ်ကြောင်း၊ သြဂုတ်လ(၂၃)ရက် နေ့က ဆရာတော်ကြီးကိုယ်တိုင် အဆိုပါ တရားစခန်းကို ဖွင့်လှစ်ခဲ့ကြောင်း ဆိုသည်။

ဘူးသီးတောင်မြို့ အကျဉ်းဦးစီးဋ္ဌာနမှ အကျဉ်းထောင်အတွင်း တရားစခန်း၌ ယောဂီဦးရေများကို ကန့်သတ်ထားကြောင်း၊ အချိန်ပြည့် တရားစခန်းဝင် ယောဂီမှာ(၈၀)ဦးနှင့် အချိန်ပိုင်း တရားစခန်းဝင်ဦးရေမှာ (၁၁၀)ဦးရေတို့အတွက် နေရာထိုင်ခင်းများ စီစဉ်ထားလျှက် ရှိကြောင်း ဖေါ်ပြထားသည်။

ဆရာတော်ကြီးသည် ဘူးသီးတောင်မြို့ ထောင်အတွင်း ယခုကဲ့သို့ သာသနာပြု တရားစခန်းဖွင့်လှစ်ပြီး ဆောင်ရွက်နေခြင်းမှာ လွန်ခဲ့သော ၁၉၉၇ ခုနှစ်မှစတင်၍ ဖွင့်လှစ်ပို့ချနေခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်အုပ်စု အကျဉ်းဦးစီးဋ္ဌာနမှ ကြီးကြပ်ဖွင့်လှစ်နေသော ထောင်အတွင်းတရားစခန်း ရည်ရွယ်ချက် အသေးစိပ်ကို ဂစ္ဆပမှ စုံစမ်းလျှက် ရှိနေသည်။  

အမေရိကန်နိုင်ငံရောက် နိုင်ငံရေးဝါရင့် ဦးခိုင်အောင်ကျော် အနေဖြင့် မကြာသေးမီက စစ်အုပ်စု နိုင်ငံတော် ၀န်ကြီးချုပ် ပြည်တော်ပြန် ခေါ်ခြင်းနှင့် တရားစခန်းထောင်အတွင်း ပြုလုပ်နေခြင်းတို့အပေါ် “အကျဉ်းထောင်အတွင်း ဗုဒ္ဒဘာသာ တရားတော်များအား နာယူရန် တရားစခန်း ဖွင့်လှစ်ပေးခြင်းမှာ ဘာသာတရား၏ ဆုံးမသြ၀ါဒများကို နာယူခံနိုင်ရန် ကောင်းမွန်သည့် ဆောင်ရွက်ချက်များဖြစ်သည်၊  ပြည်တော်ပြန်လည် ခေါ်ယူခြင်းမှာ အမှန်တကယ် နိုင်ငံငြိမ်းချမ်းရေးကို လိုလားပါက နိုင်ငံလုံးဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်ကို ထုတ်ပြန်ပေးရမည်၊ အခုက လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ကြောင်း၊ နိုင်ငံရေးအကျဉ်းသားများမှာ နိုင်ငံရေးယုံကြည့်ချက်များကြောင့် ယင်းယုံကြည့်ချက်ကို မစွန့်လွှတ်ဘဲ အနစ်နာခံ ထောင်ကျခံနေကြရကြောင်း၊ ယင်းနိုင်ငံရေးအကျဉ်းသားများမှာ နိုင်ငံတော် ငြိမ်းချမ်းရေး အတွက် အရေးကြီးပုဂ္ဂိုလ်များဖြစ်ကြောင်း၊ သူတို့အား ချွင်းချက်မရှိ လွှတ်ပေးရန်လိုကြောင်း၊ ညီဖြစ်သူ ဦးမောင်သာထွန်းနှင့် ရခိုင်နိုင်ငံရေးအကျဉ်းသားများ အပါအ၀င်  တနိုင်ငံလုံး နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန် တောင်းဆိုခြင်းမှာ သမတ ဦးသိန်းစိန်၏ လွပ်ငြိမ်းသာခွင့် ပေးမည်ဆိုခြင်းပေါ် ရခိုင်လူမျိုး တယောက်အနေနှင့် တောင်းဆိုခြင်းဖြစ်ကြောင်း၊ ရခိုင်ကျောင်းသား လူငယ်အဖွဲ့မှ ကိုကျော်ဇော်ထွန်း၊ ကိုကျော်ဆန်းလှိုင်၊ ကိုဇော်ထွန်းဦး၊ ကိုကျော်မိုး၊ ကိုကျော်ဝင်း၊ ကိုထွန်းလင်းကျော်၊ ကိုနိုင်စိုးခေါ် မဲလုံး၊ မောင်နိုင်စိုး၊ ကိုကျော်စံသိန်း၊ ကိုအောင်မိုးဇော်တို့ကို ဒီဇင်ဘာလ-၂၉-ရက်နိန့်က နှစ်ရှည်ထောင်ဒဏ်ချလိုက်ပြီးကေ မိသားစုတိနှင့် မတွိရအောင် ၀ီးကွာရေ ထောင်တိကို ပို့ထားလိုက်တေအတွက် သူရို့လွတ်မြောက်ရေးကို တောင်းဆိုစွာဖြစ်ကြောင်း။” ဆိုသည်။


ရခိုင်ပြည်လူ့အခွင့်အရီးစောင့်ကြည့်ရီးအဖွဲ့(အမေရိကန်) ဒါရိုက်တာ ဦးခိုင်အောင်ကျော် အနေဖြင့် ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော် ညီလာခံ တက်ရောက်နေကြသူများအား မေတ္တာရပ်ခံလိုက်ခြင်း ဖြစ်သည်။

ထို့ပြင် ဘူးသီးတောင်ထောင်အတွင်း ၀ိပဿနာ(၁၀)ရက် တရားစခန်းတခုကို လွန်ခဲ့သောနှစ် စက်တင်္ဘာလ(၂၁)ရက်နေ့ ပြုလုပ် ခဲ့ကြောင်း သတိရှိရသည်။

ယခုကဲ့သို့ ထောင်အတွင်း ၀ိပဿနာတရားစခန်းမှာ စစ်တွေမြို့ထောင်နှင့် အင်းစိန်ထောင်များတွင်လည်း ပြုလုပ်ခဲ့ကြောင်း၊ ပြုလုပ်နိုင် ခြင်းမှာ ထောင်သားများအတွက် ကုသိုလ်ကံကြောင့်ဖြစ်ကြောင်း၊ အခွင့်ရမှသာ ပြုလုပ်နိုင်ခြင်းဖြစ်ကြောင်း၊ ယခုတရားစခန်း အချိန်ပြည့် ၀င်နေကြသူများမှာ (၁၀၀)ကျော်ရှိကြောင်းနှင့် အချိန်ပိုင်းဝင်ရောက်နေကြသူများမှာ ပိုမိုများပြားကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ တရားစခန်းပိတ်ပွဲမှာ စက်တင်္ဘာလ (၈)ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်ကြောင်း ၀ပ်ဆိုင်းတွင် ဖေါ်ပြချက်အရ သိရှိရသည်။ ဆရာတော်မှာ အခြေခံဝိပဿနာ တရားစခန်းများကို အနယ်နယ်အရပ်ရပ်သို့ သွားရောက်ပြီး ပြုလုပ်နေသည်မှာ ကြာနေပြီးဖြစ်သည်။

No comments:

Post a Comment