Monday, September 26, 2011

အကြောင်းကြားပီးကြဖို့ ပန်ကြားပါသည်


ဂစ္ဆပသတင်းဋ္ဌာန
စက်တင်္ဘာလ (၂၆)ရက်၊ ၂၀၁၁၊ နံက် (၂)နာရီ။

အကြောင်းကြားပီးကြဖို့ ပန်ကြားပါသည်

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားခရိုင်မှ ရခိုင်အမျိုးသား တဦးမှာ လွန်ခဲ့သော (၆)နှစ်ခန့်က ထိုင်းနိုင်ငံသို့ ထွက်သွားခဲ့ရာ ယခုအချိန် အထိ အဆက်အသွယ် မရရှိသေးဘဲ ပျောက်ဆုံးနေကြောင်း ၎င်း၏ မိဖနှစ်ပါးမှ ဂစ္ဆပသတင်းဋ္ဌာနသို့ ပြောသည်။

“ပြည်တွင်း၊ ပြည်ပရှိ မျိုးချစ်ပြည်ချစ် မိတ်ဆွေများ အနေဖြင့် တွိယှိပါက အောက်ပါဖုံးနန့် အတိုင်း ဆက်သွယ်ကာ ကျေးဇူးပြု၍ အကြောင်းကြားပီးကြဖို့ ပန်ကြားပါသည်၊ အကျွန့် သား၏ မိတ်ဆွေများဖြစ်ကတ်တေ ရခိုင်ပြည်နယ် မြောက်ဦးမြို့က သူ့ကိုထိုင်းနိုင်ငံမှာ ယှိရေလို့ ပြောကတ်ပါရေ၊ အကျွန်ဖုံးနံပါတ်က +88 01840059282 ဖြစ်ပါရေ၊ ကျေးဇူး ပြုပြီးတွိယှိသူများယှိပါကအကြောင်းကြားပီးကြဖို့ ထပ်မံပန်ကြားပါရေ။”ဟုအမိ ဖြစ်သူက ပြောသည်။  

ထိုင်းနိုင်ငံတွင် ပျောက်ဆုံးနေသောသူမှာ ကို လှသန်းသိန်း (ထိုင်းအခေါ် ချောင်ကျီ) ဖြစ်ပြီး အဖအမည်မှာ ဦး မောင်ဘစိန် ဖြစ်ကာ အမိအမည်မှာ ဒေါ်သြဘစိန် ရို့ဖြစ်သည်။

ပျောက်ဆုံးနေသော ကို လှသန်းသိန်း (ထိုင်း-အမည် ချောင်ကျီ) အသက် (၂၇)နှစ်။

ကို လှသန်းသိန်းမှာ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဖလောင်းချိပ်ခရိုင်ရှိ ဆို့နားဆိုးရီ (မရှက်ချောင်း) ဟေရ်မာန်ရွာ ဇာတိဖြစ်ကြောင်းနှင့် ၎င်း၏ မိသားစုများမှာ ရခိုင်ပြည်တော်လှန်ရေး၊ နိုင်ငံရေးအဖွဲ့အစည်းများနှင့် တလျှောက်လုံးဆက်ဆံလာသော မိသားစုတစု ဖြစ်သည်။

ကို လှသန်းသိန်း၏ မိဘများ၊ ညီအစ်ကိုမောင်နှမများနှင့် သူငယ်ချင်းများမှာ သူပျောက်ဆုံးနေခြင်းအပေါ် အထူးစိတ်မကောင်း ဖြစ်နေကြ သည်။ 

 








(အလယ်) မြောက်ဦးမြို့တွင် သူငယ်ချင်းများနှင့် တကိုယ်တော်။

No comments:

Post a Comment