ဟိုတလောက ဒီဆိုဒ်မှာ ရင်ဖွင့်တိုင်ကြားတဲ့စာမှာ မိတ္တူပေးထားတာ တွေကမှတ်သားလောက်ပါတယ်….ကျွန်ေ တ်ာလည်းခံစားချက်လေးတွေ မအောင့်အီးနိုင်လို့ ဒီဆိုဒ်မှာခဏတာ တင်ပါရစေလို့ခွင့်တောင်းပါတယ်ဗျာ…….Special Request လုပ်ပါတယ်……..
သို့
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံေ တာ်
သို့
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံေ
ရက်စွဲ ၊၂၀၁၂ ခုနှစ်၊ဇန်န၀ါရီလ ၁၆ ရက်
လေးစားရပါသောနိုင်ငံတော်သမ္မတကြီးခင်ဗျား
နိုင်ငံတော်သမ္မတကြီးဦးသိန်းစိ န်၏တိုင်းပြည်ကိုချစ်ြ မတ်နိုးပြီးပြည်သူများအပေါ်ထားရှိသောစေတနာကိုမြန်မာပြ ည်သူလူထုတစ် ရပ်လုံးကသဘောပေါက်နားလည်လာကြပြီ ဖြစ်ပါသည်။ သို့သော်လည်းသမ္မတကြီး၏ အစိုးရအဖွဲ့သည်ကား မိမိရာ ထူး တည်မြဲ ရေးကိုသာအလေးထားပြီးဝန်ထမ်းငယ် များ၏နေထိုင်စားသောက်ရုန်းကန်ရသောဘ၀အခြေအနေကို သိသိနှင့်မျက်ကွယ် ပြုနေ ပါသည်။ကျွန်တော်သည်ပညာရေးမှတက္က သိုလ်ကျောင်းဆရာတစ်ဦး ဖြစ်ပါသည်။ မြန်မာပြည်က တက္ကသိုလ်ကျောင်း ဆရာ တစ် ဦး၏ဘ၀သည်ကား နိမ့်ကျနွမ်းပါးလှပါသည်။ကျွန်ေ တာ်၏လစာမှာ ခြောက်သောင်းကျော်သာရပါသည်။ ဒါကိုအပြစ် မဆိုလို ပါ။ ကျောင်းဆရာသည် ကြက်သားဟင်းလည်းမစားလိုပါ။ ၀က်သားဟင်းလည်းမစားရလျှင်နေနို င်ပါသည်။ ပဲပြုတ်ထမင်းနှင့် ငါးပိ ထောင်းလေးပါလျှင်အတွေးပီတိနှင့် ရောစားပြီးကျေနပ်နိုင်ပါသည်။ ကျွန်တော်တက်ရောက်သင်ကြားပေးရေ သာတက္ကသိုလ်သည် မြို့နှင့်အလွန်ဝေးသဖြင့် လိုင်းကားစီးလျှင် ၂ နာရီကြာမှကျောင်းကိုရောက်ပါသည်။ ၂ ဆင့်စီးရ၍ပိုက်ဆံ ၃၀၀/၄၀၀ ကျပ် ကုန်ပါသည်။တစ်ရက်လျှင် ၈၀၀ ကျပ်လောက်ကုန်ကျပါသည်။
ကျွန်တော်သည် ကွမ်းမစား၊ဆေးလိပ်/အရက်မသောက်ပါ ။အတတ်နိုင်ဆုံးခြိုးခြံချွေတာပါ သည်။ကျွန်တော်၏ လစာနှင့် လုံးဝ မစားလောက်ပါ။ထမင်းနပ်မှန်ရေးအတွ က် ကျူရှင်သင်မိပါသည်။ ရိုးသားစွာသင်ပါသည်။ အလွဲသုံးစားမလုပ်ပါ။ကျူရှင်သင် သည့်အ တွက်အပြစ်ရှိ၍ ၀န်ကြီးဌာနမှအရေးယူပြီးရာထူးတိုး မပေးခဲ့ပါ။လက်ရှိဝန်ကြီးသည်လည်း စာတတ်ရုံကလွဲပြီး ဆရာ ငယ် များ အပေါ်ညှာတာမှုမရှိပါ။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးအတွက်ပညာရေးသည် အဓိကဖြစ်သည်ဟုနိုင်ငံတကာက ခံယူထား ပါ သည်။ဂျပန်နိုင်ငံတွင်ကျောင်းဆရာ များကိုအမြင့်ဆုံးလစာ ပေးပြီးအမေရိကန်နိုင်ငံတွင်ဒုတိ ယအမြင့်ဆုံးလစာပေးသည် ဟုကြား မိပါသည်။ကျောင်းဆရာများ၏ဘ၀မှာေ အာက်တန်းမကျပါ။မည်သူမျှမကဲ့ရဲ့ပါ။မြန်မာနိုင်ငံတွင်ေ ကာင်းမွန်သောပညာရေးလော က ဖြစ်ထွန်းရန်လိုပါသည်။စည်းကမ်းေ ကာင်းရန်လိုအပ်သလိုအေ ခြခံလိုအပ်ချက်လေးတွေလည်းကောင်း ဖို့လိုပါသည်။ ဆရာဝန်များရုံးချိန်တွင်းမှာပင် ပြင်ပဆေးခန်းများတွင်စီးပွါးရှာ ခွင့်ရှိသော်လည်း ကျောင်းဆရာများမှာမူ ထမင်းနပ်မှန်ရေးအတွက် ကျောင်းပိတ်ရက်ကျူရှင်သင်ကြာြး ခင်းကိုတော့ ခွင့်မပြုပါ။ မိမိအတတ်ပညာနှင့်ရိုးသားစွာ သင်ကြားလျှင် ခွင့်ပြုသင့်သည်ဟု ထင် ပါသည်။ အချို့နယ်တက္ကသိုလ်များတွင်ပေးထားသောအဆောင်များမှာ မိုးမလုံပါ။မိုးရွာလျှင် ရှိသမျှခွက်တွေခံထားရပါသည်။ ပါချုပ်လည်းဘက်ဂျက်မရှိ၍မပြင်နိုင်ပါ။ ပညာရေးဝန်ကြီးသည် ပညာရေးလောကကို နလံမထူအောင်လုပ်ပြီးတိုင်းပြည် ဆင်းရဲ အောင်လုပ်နေသူဖြစ်ပါသည်။မိမိလည်းမြန်မာပြည်တွင်အမြင့် ဆုံးဒီဂရီဘွဲ့ကို မိဘများပိုက်ဆံမရှိသည့်ကြားက ရအောင်ကြိုးစား ယူခဲ့ရပါသည်။ သို့သော် ကျောင်းဆရာဘ၀ ထမင်းမ၀ပါ။ တိုင်းပြည်ဆင်းရဲ၍၀န်ထမ်းအားလုံး ဆင်းရဲလျှင် ရေသောက်ပြီး အလုပ် လုပ်ပါမည်။ သို့သော် ဆောက်လုပ်ရေး၊ဆည်မြောင်း၊ စည်ပင်…..အစရှိသည့်များစွာသော ၀န်ထမ်းများမှာ မူ နိုင်ငံတော်သမ္မတကြီး သိသည့်အတိုင်းပင် ဖြစ်ပါသည်။ဖေါင်ကြီးသင်တန်းမှေ ဆာင်ပုဒ်ကိုသတိရမိပါသည်။ “ ၀န်ထမ်းကောင်းမှ တိုင်းပြည်ကောင်းမည်” ဆိုင်းဘုတ်ပေါ်တွင်ရှိသောဆောင်ပု ဒ်သာဖြစ်ပါသည်။ ၀န်ထမ်းကို ကောင်းအောင်လုပ်ပေးမှ တိုင်းပြည်ကောင်းမည်ဖြစ်ပါသည်။ အခုတော့ လည်သူစားပုံစံဖြစ်နေပါသည်။ ပြောရလျှင်မကုန်နိုင်ပါ။ နိုင်ငံတော်သမ္မတကြီးအား အထူးလျောက်ထား တင်ပြလို သည်မှာ ၀န်ကြီးများပြောသည့်စကားကို အပြည့်အ၀မယုံကြည်ရန်ဖြစ်ပါသည်။ ဆင်ခြေတစ်သိန်းနှင့် အမှန်တရားကို ဖုံးကွယ်ပြီး မိမိစီးပွါးဥစ္စာတိုးပွါးရေးကို သာအလေးထားဆောင်ရွက်ကြမ ည်ဖြစ်ပါသည်။ကျောင်းဆရာများ၏ ဘ၀သည်ပီတိကိုစားအားဖြစ်ပါ သည်။တပည့်များနိုင်ငံ့ခေါင်းဆော င်ဖြစ်သွားလျှင်သေပျော်ပါသည်။ မည်သို့ပင်ရှိစေကမူ နိုင်ငံတော်သမ္မကြီး၏ စေတနာနှင့် ဆောင်ရွက်နေမှုများကိုပြည်သူများနှင့်ထပ်တူလေးစားလျက်ရှိပါကြောင်းရိုသေစွာတင်ပြအပ် ပါသည်။
နိုင်ငံတော်သမ္မတကြီးဦးသိန်းစိ
ကျွန်တော်သည် ကွမ်းမစား၊ဆေးလိပ်/အရက်မသောက်ပါ
လေးစားစွာဖြင့်
ပဲပြုတ်နှင့်ငါးပိထောင်းကြိုက်ေ သာ
ကျောင်းဆရာတစ်ဦး
ပညာရေးဝန်ကြီးဌာန
မိတ္တူ
- ဒုတိယသမ္မတများ
- ပြည်ထောင်စုလွှတ်တော်
- အမျိုးသားလွှတ်တော်
- ပြည်သူ့လွှတ်တော်
- အမျိုးသားဒီမိုကရေစီအဖွဲချုပ်
- ပြည်တွင်းဂျာနယ်များအားလုံး
- ဒုတိယသမ္မတများ
- ပြည်ထောင်စုလွှတ်တော်
- အမျိုးသားလွှတ်တော်
- ပြည်သူ့လွှတ်တော်
- အမျိုးသားဒီမိုကရေစီအဖွဲချုပ်
- ပြည်တွင်းဂျာနယ်များအားလုံး
No comments:
Post a Comment