Wednesday, January 4, 2012

ခွေးမြီးကောက်သမ္မတ

ခွေးမြီးကောက်သမ္မတ

နဖူးကခပ်ပြောင်ပြောင်
အဆံခြောင်မပြည့်ဝတဲ့
သမတဦးသိန်းစိန် ဆိုတဲ့မောင်။

လိုချင်တာများရှိနေသေးရင်
မျက်နှာပေးက
ထန်းလျှက်ခဲ ခွေးလျှက်ထားသလိုပြောင်။

အာဆီယံဥက္ကဌ
အလှည့်ကျလိုချင်တော့
ရာဇဝင်မှာဝှက်ထားလိုတဲ့
ဗိုလ်ချုပ်ရဲ့ပုံကို
ရုတ်တရက်ဖုံခါပြ။

ဘုရားပြီးငြမ်းဖျက်
ပျက်ကွက်ခဲ့တဲ့ဂတိတွေအကြိမ်ကြိမ်မို့
ဦးကလိန်ကတောင်ဦးနှိမ်လို့ချလောက်တဲ့
ခွေးမြီးကောက်သမတလို့
အာဆီယံသမ္မတအချင်းချင်း
လက်တို့ပြီးအတင်းပြောကြရင်
ရှက်ဖို့ကောင်းလွန်းလို့
နိုင်/ကျဉ်းသားများကတောင်
ပြန်သနားကြရ။

မောင်မြင့်သိန်း
ဒီဇင်္ဘာ၃၊ ၂၀၁၂

No comments:

Post a Comment