ကေအင်ယူနဲ့နအဖငြိမ်းချမ်းရေးယြူ ပီးနောက်…နိုင်ငံရေးအကျဉ်းသားေ တွလွှတ်ပြီးနောက်..?
အင်း…….ကမ္ဘာ့အကြာဆုံးပြည်တွင်း စစ်တခုတော့ချုပ်ငြိမ်းသွားလေရဲ့ လို့မီဒီယာကဖွလိုက်တယ်၊ ကျုပ်ကတော့မထင်ပေါင်၊ ဘာကြောင့်လဲဆိုတော့ တိုင်းရင်းသား ရပိုင်ခွင့် ၊ ကိုယ်ပိုင်အုပ်ချုပ် ရေး နဲ့နိုင်ငံရေးအရ အဖြေရှာတာမျိုးမဟုတ်ဘဲ ဗိုလ်ခင်ညွန့်တုံးကလိုအပြစ်အခတ် ရပ်စဲ ရေးလုပ်ထား တာသက်သက်ဖြစ်လို့ ဘဲ။ ပင်လုံညီလာခံလိုပြည်သူတွေကရွေး လိုက်တဲ့ကိုယ်စားလှယ်တွေ၊တိုင်း ရင်းသားခေါင်းဆောင်တွေပါ ဝင်တဲ့ညီလာခံလိုမျိုးမဟုတ်ဘဲ၊ အရင်ကလိုဘဲအပြစ်အခတ်ရပ်စဲတာမျိုးဟာရေရှည်တည်တန့်တဲ့ငြိမ်း ချမ်းရေးကိုမဆောင်ကျဉ်းနိုင်ပါ ဘူး၊ ဒါပေမဲ့အနှစ်သာရရှိတဲ့အထက်ပါလို အပ်ချက်တွေ ကိုအကောင် အထည်ဖေါ်ဖို့ ခိုင်မြဲတဲ့ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ဖယ်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး အတွက်ပထမ ခြေလှမ်းကိုလှမ်းတာဆိုရင်တော့လှိုက်လှိုက်လှဲလှဲ ကြို ဆိုရမှာပါ။ တကယ်စေတနာမှန်မမှန်စောင့်ကြည့် ရမှာဖြစ်တယ်။
အခုအချိန် မှာ၊ ကချင်ကိုတိုက်နေတုန်း ၊ကရင်နဲ့ငြိမ်းချမ်းရေးယူတယ်ဆို ပြီးအပြစ်ရပ်လိုက်ပြီ၊ သမိုင်းကိုပြန်ကြည့်ရင်သမိုင်း တပတ်လည်တယ်လို့ပြောရမလားဘဲ၊ ဟိုး ၁၉၉၂ လောက်ကချင်နဲ့မွန်က DAB မှာဂတိပြုထားတာကိုဖေါက်ဖျက်ပြီး ငြိမ်းချမ်းရေးယူပြစ်လိုက်တော့ ကရင်ကိုနအဖကဖိဆော် တော့ တာပေါ့၊ မယ်နယ်ပလောကျပြီးနောက်ကေအင်ယူတေ ဖြးဖြေးအားလျော့လာခဲ့တာအခုထိဘဲ၊ ဟော… အခုကချင်ကိုဖိဆော်ဘို့ကရင်ကို အချိုသတ်လိုက်ပြန်ပြီ၊ မွန်ကငြိမ်းချမ်းရေးမယူဘဲနေရင် ၊ ကချင်လို အဖိခံရ ဘို့မြင် တယ်။ မွန်အနေနဲ့ငြိမ်းချမ်းရေးကို ကရင်လိုယူသင့်တယ်၊ UNFC ဟာကရင် ဝင်သွားတဲ့အတွက် တင်းခံထားလို့မရတော့ဘူးလို့သုံး သပ်တယ်။
ဒီလိုရယူထားတဲ့ငြိမ်ချမ်းရေးဆို တာတွေဟာအပြစ်ရပ်အဆင့်သာဖြစ်ပြီး မစစ်မှန်တဲ့အတွက်ရေရှည်ငြိမ်းချ မ်းရေးကိုမရနိုင်ဘူး၊ကရင်အနေနဲ့ ငြိမ်းချမ်းရေးကာလမှာကိုယ့်ပြည် နယ်ပြည်သူလူထုကြီးကိုစည်းရုံး နိုင်ဘို့အရမ်းအရေးကြီး တယ်၊ အခု ဝ တွေဟာမကြေငြာဘဲနဲ့ကိုယ်ပိုင်အု ပ်ချုပ်ခွင့်ရပြည်နယ်ဖြစ်နေပြီ ၊ ကေအင်ယူဟာအမြင် ကျယ်ဘို့လိုတယ်၊ အထူးသဖြင့်ခေါင်းဆောင်တွေကိုယ် ကျိုးမငဲ့ဘဲကေအင်ယူကို ဝတွေလိုအချိန်ရခိုက်မှာ အင်အားဖြည့်စည်းရမဲ့အချိန်လိြု့ မင်တယ်၊ တပ်ကိုအင်အားတောင့်တင်းအောင် မ လုပ်ဘဲ၊ ကိုယ်ကျိုးရှာ ပြီးမိမိချမ်းသာရေးကိုအာဏာအလွဲ သုံးစားလုပ်ပြီး နအဖနဲ့ပေါင်းလုပ်ကြ မယ် ဆိုရင်တော့ရည်မှန်းချက်ပန်းတို င်မရောက်ဘဲကျဆုံးပြီးကရင့်တော် လှန်ရေးပျောက်ကွယ်သွားနိုင်တယ်။ ဒီကေဘီအေဗိုလ်စောချစ်သူကိုကြည့် ရင်ငြိမ်းချမ်းရေးယူပြီးနောက်သူ့ မိသားစုမတရားချမ်းသာသွားပေမဲ့ ကရင် ပြည်သူတွေကတော့ဘဝပျက် နေတုံးဘဲရှိသေးတယ်။ သူကတော့ကရင့်တော်လှန်ရေးကိုမေ့ သွားပြီ။ ကေအင်ယူခေါင်းဆောင်တွေ အဲဒီ လိုမဖေါက်ပြန် ဖို့လိုတယ်။
ကွယ်လွန်သွားတဲ့ ကေအင်ယူ ဗိုလ်ချုပ်မောင်မောင်က ကျွန်တော့်ကို “ခင်ဗျားတို့ကျောင်းသားတွေ၊ ဒီမိုကရေစီပေးရင်ပြန်သွားကြမှာ ပါ၊ ကျွန်တော်တို့ကတော့ဒီတောထဲမှာဘဲ ကျန်ခဲ့မှာဘဲဗျ” လို့ပြောခဲ့ တာကိုသတိရလို့ပြုံးမိသေးတယ်၊ အခုတော့အခြေအနေကသူပြောတာနဲ့ဗြော င်းပြန်ဖြစ်လာ တယ်။ ကေအင်ယူကဝင်သွားပြီး အေဘီအက်ဒီအက် ကတောထဲမှာကျန်ခဲ့ပြီ။ ကချင်ငြိမ်းချမ်းရေးယူတုံး က အေဘီအက်ဒီအက် ကချင်နယ်မြေကထွက်ပေးရတယ်၊ အခုကရင်ဘက်မှာလာနေပြီ၊ ABSDF ဘယ် လိုလမ်းကိုရွေးမလဲ၊ ကျောင်းသားတပ်မတော်ကိုတန်ဖိုးထားသူတွေဝိုင်းဆွေးအဖြေရှာကြဖို့ လိုပြီ။
ဒီနေ့ကိုယ့်ရဲဘော်တွေ၊ကိုယ့်လု ပ်ဖော်ကိုင်ဖက်တွေလွတ်တယ်ကြားေ တာ့အရမ်းဝမ်းသာကြတယ်၊ အွန်လိုင်း မှာတနေ့လုံးတညလုံးအစည်းအဝေးတွေ လုပ်ပြီးငါတို့နိုင်ငံကိုပြာပုံ ဘဝက ၁၀-၁၅နှစ် အတွင်း ညီညီညာညာဝိုင်းလုပ်ပြီးအိမ်နီး ချင်းနိုင်ငံတွေထက်သာအောင်လုပ်ြ ကမယ်ဆိုပြီးတက်ကြွနေ ကြတာ ကိုနားထောင် ရင်း ဦးသိန်းစိန်အစိုးရထဲမှာတိုင်ြး ပည်ကိုတကယ်ချစ်တဲ့သူတွေ၊ တိုင်းပြည်သူတောင်း စားနိုင်ငံဘဝရောက်နေတာကိုရင်နြာ ပီးငါတို့တကယ်ပြောင်းမှဖြစ်မယ် ငါတို့လက်ထက်မှာကယ်တင်မှ ဖြစ်မယ်ဆိုတဲ့မျိုးချစ်စိတ်ရှိ တဲ့သူတွေများများပါပါစေ၊လို့ဆုေ တာင်းမိတယ်။
၁၉၉၀ ခုနှစ်တုံးကပြည်သူတွေအားတက်သရော NLD ကိုမဲပေးကြပြီးမဲအပြတ်အသတ်နိုင် ခဲ့ကြတယ်။ တောထဲမှာလည်း ကျောင်းသားတပ်မတော်ကရဲဘော်တွေေ ခါင်းဆောင်တွေဝမ်းသာအားရပြည်တွ င်း ပြန် ရတော့မယ် စာပြန်သင်မယ်ဆိုသူတွေဆိုကြပြီး မိဘရင်ခွင်ထဲကိုပြန်ဝင်ကြဖို့စိ တ်ကူးယဉ်ခဲ့ကြ တယ်၊ တချို့ဆိုရင်ခွပ်ဒေါင်းပုံတွေ၊ ခမောက်ပုံတွေ ဆေးမှင်ကြောင်အမှတ်တရထိုးကြတယ်။ ဒါပေမဲ့အရေပြား ပေါ်မှာဆေးသာတင်ကျန်ခဲ့ပြီးဘယ်သူ မှပြည်တော်မပြန်နိုင်ခဲ့ဘူး၊ ဗိုလ်စောမောင် နဲ့ ဗိုလ်သန်းရွှေတို့ ဂတိသစ္စာပျက်ခဲ့ကြတယ်၊ မိဘတွေရင်ကွဲခဲ့ရတယ်။
အခုလွှတ်တာလဲအပေါ်ယံမဟုတ်ဘဲတိုင်း ပြည်အကျိုးအတွက်လွှတ်တာဖြစ်ရမယ်၊ ဖြစ်ဖို့လိုတယ်၊ ဒီလူတွေဟာယုံကြည်ချက်ကြောင့်နှ စ်ပေါင်းများစွာအကျဉ်းကျခံပြီး မှလွတ်လာတဲ့သူတွေဖြစ်တယ်။ ဒီလူတွေဟာ အုပ်ချုပ်နေတဲ့သူတွေနဲ့အမြင်တူ ချင်မှတူမယ်ဒါပေမဲ့တိုင်းပြည် အကျိုးအတွက် ကိုယ်ကျိုး စွန့် လုပ်နေတဲ့သူတွေဖြစ်တယ်ဆိုတာ အသိအမှတ်ပြုအပြန်လှန်လေးစားပြီး ၊ အခြေခံဥပဒေပါလူ့အခွင့် အရေးအတိုင်းလုပ်ပိုင်ခွင့်ပေးဘို့သူတို့နဲ့အမြင်မတူရင်လဲသဘောထားကြီးကြီးထားပြီးခွင့်လွှတ်နိုင် ရ မယ်၊ ပြန်ဖမ်းတာတို့နိုင်ငံရေးအကျဉ်း သားမရှိပါဘူးတို့ ဟာမပြောအပ်၊ မလုပ်အပ်တဲ့အလုပ်တွေပါ။
အကောင်းကိုမျှော်သော်လည်း …..
ထွန်းအောင်ကျော်
ဂျန်နဝါရီလ ၁၂ရက် ၂၀၁၂ခုနှစ်
ညသန်းခေါင်ယံတွင်ပြီးသည်။
No comments:
Post a Comment