Sunday, January 8, 2012

နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး လှုပ်ရှားမှုစတင်


ဂစ္ဆပသတင်းဋ္ဌာန
ဇွန္န၀ါရီလ (၉)ရက်၊ ၂၀၁၂၊ ရခိုင်စံတော်ချိန် နေ့လည် (၁)နာရီ။
By: Aung Khaing

နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး လှုပ်ရှားမှုစတင်

မလွတ်မြောက်နိုင်သေးသည့် (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင်များအပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံး လွတ်မြောက်နိုင်ရေးအတွက် လှုပ်ရှားမှုတစ်ခုကို ဒီဇင်ဘာလ (၈)ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့တွင် စတင်လိုက်ကြောင်း သတင်း ရရှိသည်။

သက်ဆိုင်ရာမှ ဇွန္န၀ါရီလ (၃)ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ကြေငြာချက် ထုတ်ပြန်အပြီး နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာခြင်း မရှိသည့်အတွက် ကျန်နေသူများ လွတ်မြောက်ရေးကို ယခုကဲ့သို့ လှုပ်ရှားမှုများဖြင့် စတင်ခဲ့ခြင်းဖြစ်ကြောင်း လှုပ်ရှားမှုတွင် ပါဝင်သူကျောင်းသားဟောင်းတဦးက ပြောသည်။

(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်များ လွတ်မြောက်ရေး လှုပ်ရှားသူများ အနေဖြင့် တာမွေမြို့နယ်အတွင်းရှိ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်ပေါင်း (၁၅)စု နေအိမ်များသို့ သွားရောက်အားပေး စကားများပြောခဲ့ကြောင်း သူကဆက်လက်ပြောသည်။    

(၈၈) မျိုးဆက်ကျောင်းသားဟောင်းများ အပါအ၀င် (၂၀၀၇) ဗကသ ကျောင်းသားများ၊ မျိုးဆက်သစ်လူငယ်များအစည်းအရုံး(GW)၊ အလုပ်သမား၊ လယ်သမားကွန်ယက်အဖွဲ့များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ယက်၊ နိုင်ငံရေးအကျဉ်းသား မိသားစုများ ကူညီစောင့်ရှောက်ရေးအဖွဲ့ စသည့်အဖွဲ့ ပေါင်းစုံ လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ခဲ့ကြောင်းသိရသည်။

ထို့ပြင် အလွာအသီးသီးမှ လူပုဂ္ဂိုလ်များ၊ စာပေအနုပညာရှင်များ၊ လူတန်းစားအားလုံးပါဝင်သည့် တနိုင်ငံလုံးအတိုင်းအတာ အထိ ကျယ်ပြန့်သည် လှုပ်ရှားမှုအဖြစ် လုပ်ဆောင်သွားရန် အစီအစဉ်ရှိကြောင်းနှင့် နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များကို အားပေးသည့် လှုပ်ရှားမှုအပြင် အခြားဝတ်ပြုဆုတောင်းပွဲများကို ကိုမင်းကိုနိုင် ပုံပါသည့် တီရှပ်များ ၀တ်ဆင်ကာ လုပ်ဆောင်သွားရန် ရှိနေသေးကြောင်း သိရသည်။

No comments:

Post a Comment