Sunday, January 15, 2012

မြန်မာ့မူးယစ်ဆေးဝါး ၂၀၁၂ ခုတွင် ပထမဆုံးအကြိမ်ဖျက်ဆီးခံရပြီ


မြန်မာ့မူးယစ်ဆေးဝါး ၂၀၁၂ ခုတွင် ပထမဆုံးအကြိမ်ဖျက်ဆီးခံရပြီ
ဂစ္ဆပသတင်းဋ္ဌာန
ဇွန္န၀ါရီလ(၁၁)ရက်၊ ၂၀၁၂။
http://www.gissapa.blogspot.com

မြန်မာနိုင်ငံမှ ဘင်္ဂလာသို့ မှောင်ခိုဝင်ရောက်လာပြီး ဖမ်းဆီးခြင်းခံရသည့် မြန်မာ့မူးယစ်ဆေးဝါးများကို ဘင်္ဂလာအာဏာပိုင်က အင်္ဂါနေ့က ကော့စ်ဘဇားမြို့ (ဖလောင်းချိပ်မြို့)၌ ယခုနှစ်တွင် ပထမဆုံးအကြိမ်အနေဖြင့် ဖျက်ဆီးလိုက်ကြောင်း သက်ဆိုင်ရာမှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။  

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားမြို့ ရဲဋ္ဌာနမှ ဖျက်ဆီးလိုက်သည့် အဆိုပါ မြန်မာ့မူးယစ်ဆေးဝါး ရာဘားမြင်းဆေးပေါင်းမှာ ၆၈၀၀ လုံး ဖြစ်ကြောင်းဆိုသည်။ ဘင်္ဂလာသို့ မြန်မာ့မူးယစ်ဆေးဝါးများမှာ မြန်မာနိုင်ငံ အနောဖက်ဘက် ရခိုင်ပြည်နယ် နယ်စပ်တလျှောက်မှနေ၍ မူဆလင် ဘာသာဝင် မြန်မာနိုင်ငံသား ဘင်္ဂလီများ မှောင်ခိုလမ်းမှ တင်ပို့ခြင်းဖြစ်သည်။  

ဘင်္ဂလာ အာဏာပိုင်များထံ ဖျက်ဆီးခံရသည့် မြန်မာ့ရာဘားမြင်းဆေး (၆၈၀၀)လုံးတန်ဖိုးမှာ ရခိုင်ပြည်နယ် နယ်စပ်နှင့် ကပ်လျှက်ရှိသည့် တာခ်နာမြို့နှင့် ကော့စ်ဘဇားမြို့တို့တွင် အနိမ့်ဆုံးအဆင့် ရာဘားဆေးပြားတလုံးကို တာကာ (၁၈၀ မှ ၂၅၀)အထိ၊ စစ်တကောင်းမြို့တွင် တာကာ (၃၅၀ မှ ၅၀၀)အထိနှင့် ဒက္ကားမြို့တော်တွင် တာကာ(၇၀၀ မှ ၉၀၀)အထိ တန်ဖိုး ပေါက်ဈေးရှိသည်။ မြန်မာမှ ဘင်္ဂလာသို့ မှောင်ခိုတင်ပို့သည့် ရာဘားအမျိုးပေါင်းမှာ ၈ မျိုးကျော်ရှိကြောင်းနှင့် အရက်မျိုးစုံအပါအ၀င် တခြား မူးယစ်ဆေးဝါးများလည်း တင်ပို့သည်။

အဆိုပါ ဖမ်းဆီးရမိသည့် မြန်မာ့ရာဘားမြင်းဆေးများကို ဖျက်ဆီးခဲ့ကြရာတွင် ပါဝင်သော ဋ္ဌာနများမှာ ရဲထောက်လှမ်းရေးအဖွဲ့မှ အကြီးအကဲ ကူမာရ်ပါလ်နှင့် တိုဖါယေလ် အာဟ်မေဒ်နှင့် ရဲဋ္ဌာနအဖွဲ့မှ အကြီးအကဲ ဘော်ဒ်ရုလ် အာလာမ် တာလူ(က်)တို့ ပါဝင်ဖျက်ဆီးခဲ့ကြကြောင်း သိရှိရသည်။ 

ဘင်္ဂလာ အာဏာပိုင်များ ဖျက်ဆီးလိုက်သည့် မြန်မာ့မူးယစ်ဆေးဝါးမှာ ၂၀၁၂ ခုနှစ် ပထမဆုံးအကြိမ် အနေဖြင့် ဖျက်ဆီးလိုက် ခြင်းဖြစ်ကြောင်းနှင့် ဖမ်းဆီးရမိသည့် မြန်မာနှင့် အိန္ဒိယမူးယစ်ဆေးဝါးများကို ဋ္ဌာနဆိုင်ရာများ၌ တနှစ်လျှင် နှစ်ကြိမ်မှ သုံးကြိမ်အထိ နယ်မြေခံ အကြီးအကဲများအား ဖိတ်ခေါ်ယူပြီး ပြည်သူ့ရှေ့မှောက်တွင် ဖျက်ဆီးလေ့ရှိသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် နယ်စပ်ဒေသမှ ဘင်္ဂလာသို့ တင်ပို့သည့် အဓိက ရာဘားမူးယစ်ဆေးဝါးမှာ မောင်တောမြို့နယ်တွင် အာဏာပိုင်များနှင့်အတူ အပေးအယူညီမျှသူများက ထုတ်လုပ်ပြီး မှောင်ခိုတင်ပို့ခြင်းဖြစ်ကြောင်း မောင်တောမြို့ မြို့နယ်အေးချမ်းသာ ယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (မယက)ရုံးမှ အမည်မဖေါ်လိုသူ တာဝန်ရှိသူတဦးက အတည်ပြုပြောဆိုသည်။

လွန်ခဲ့သောနှစ် အောက်တိုဘာလ (၄)ရက်နေ့က တာခ်နာမြို့အခြေစိုက် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BGB) အမှတ် (၄၂)တပ်ရင်းမှ မေလ(၂၁)ရက်နေ့မှ စက်တင်္ဘာလ(၃၀)ရက်နေ့အထိ ဖမ်းဆီးရမိသည့် မြန်မာ့ မူးယစ်ဆေးဝါးများမှ တချို့ တာကာ (၁၈)သိန်း မီးရှိုးဖျက်ဆီးခဲ့သည်။ အဆိုပါ ဖျက်ဆီးခဲ့ရာတွင် ရာဘားမြင်းဆေးလုံးပေါင်း (၄၀၉၃)လုံးပါဝင်ကြောင်း သက်ဆိုင်ရာမှ သိရှိရသည်။

ထို့အပြင် အောက်တိုဘာလ(၃)ရက်နေ့က ကော့စ်ဘဇားမြို့ အခြေစိုက် BGB အမှတ် (၁၇)တပ်ရင်းမှ ဖမ်းဆီးရမိသည့် မြန်မာ့မူးယစ်ဆေးဝါး တာတာ (၁၁)သိန်း တန်ဖိုးကို ဖျက်ဆီးခဲ့ကြောင်းနှင့် အမှတ်(၁၇)တပ်ရင်းတွင် မြန်မာ့မူးယစ်ဆေးဝါး တာကာ (၅၇)တန်ဖိုး ကျန်ရှိနေသေးကြောင်း သက်ဆိုင်ရာမှပြောဆိုခဲ့သည်။

No comments:

Post a Comment