Monday, January 23, 2012

မလေးသွားစက်လှေ နတ်မြစ်တွင်မြှပ်ရာမှ အလောင်း (၁၀)လောင်းရရှိ၊ (၃၅)ဦး ဖမ်းဆီးထားမိ၊ ၁၂၅ ဦး ပျောက်ဆုံးနေသေး


ဂစ္ဆပသတင်းဋ္ဌာန
ဇွန္န၀ါရီ(၂၃)ရက်၊ ၂၀၁၂။
မလေးသွားစက်လှေ နတ်မြစ်တွင်မြပ်ရာမှ အလောင်း (၁၀)လောင်းရရှိ၊ (၃၅)ဦး ဖမ်းဆီးထားမိ၊ ၁၂၅ ဦး ပျောက်ဆုံးနေသေး
               
လွန်ခဲ့သော ဇွန္န၀ါရီလ(၁၃)ရက်နေ့က မလေးရှားသို့ မှောင်ခိုသွားသည့် စက်လှေ နတ်မြစ်အတွင်း (၁၈)ရက်နေ့က နစ်မြပ်သွားခဲ့ရာ သောကြာနေ့တွင် မြန်မာအာဏာပိုင်များက အလောင်း(၁၀)လောင်း ဆည်ယူရရှိခဲ့ပြီး၊ ဘင်္ဂလာက (၃၅)ဦးဖမ်းဆီးရမိကာ ကျန် (၁၂၅)ဦး ပျောက်ဆုံးနေသေးကြောင်း သိရှိရသည်။

မလေးသွားသည့် စက်လှေနစ်မြပ်မှုတွင် စုစုပေါင်းခရီးသည် (၁၇၀)ဦး ပါဝင်ကြောင်းနှင့် ဘင်္ဂလာအာဏာပိုင်များက မြန်မာနိုင်ငံသား မူဆလင်ဘာသာဝင် (၁၈)ဦးအပါအ၀င်ဟုဆိုကာ (၃၅)ဦးကို ယခုအခါ ကော့စ်ဘဇားမြို့ ထောင်သို့ပို့ဆောင်ပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ နစ်မြပ်သွားခဲ့သည့် စက်လှေမှာ စစ်တကောင်းမြို့နယ် ဘာခါးလီမှ မလေးသို့မှောင်ခိုသွားမည့် (၅၀)ဦးကို တင်ဆောင်ပြီး တာခ်နာမြို့နယ် ဆားပြင်ကျွမ်းဒေသသို့ ခုတ်မောင်းလာခဲ့ပြီး ၎င်းဒေသမှ စစ်လှေငယ်များဖြင့် နောက်ထပ် (၁၂၀)ဦးရေ တင်ဆောင် ခုတ်မောင်း၍သွားရာတွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ် နတ်ချောင်းဒေသအနီး၌ နစ်မြပ်သွားခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။

မလေးသွားမှောင်ခိုစက်လှေ နစ်မြပ်နေသည့်အချိန်တွင် လှေဖြင့်ငါးရှာဖွယ်သူများက ဘင်္ဂလီ (၇)ဦးအပါအ၀င် (၃၅)ဦးကို ဆယ်ယူ၍ နတ်ချောင်းဒေသသို့ တင်ပို့ခဲ့ကြောင်း http://www.coxsbazarnews.com က သောကြာနေ့က ဖေါ်ပြခဲ့သည်။ 

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ တာခ်နာမြို့နယ် အုန်းကျွန်းအခြေစိုက် ပင်လယ်ပြင်စောင့်ကြည့်ရေးအဖွဲ့မှ သတင်းအရ စောင့်ကြည့်နေရာ နတ်ချောင်းအနီးမှ မြန်မာနိုင်ငံသား မူဆလင်ဘာသာဝင် (၁၈)ဦးအပါအ၀င် (၃၅)ဦးကို ကြာသပတေးနေ့က ဖမ်းဆီးရမိပြီး ကော့စ်ဘဇားမြို့ထောင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကော့စ်ဘဇားမြို့၏ Officer-in-Charge မော်ဟာ ဘူဘူလ် ဟော့(က်)က ပြောသည်ဟု  ၀ပ်ဆိုင်းက ဆိုသည်။  

နတ်မြစ်တွင် လှေဖြင့်ငါးရှာဖွေသူများက မြန်မာအာဏာပိုင်များအနေဖြင့် သောကြာနေ့က မြန်မာမူဆလင်(၁၀)ဦး အလောင်းအား ဆယ်ယူရရှိခဲ့ကြောင်းနှင့် ၎င်းတို့မှာ မောင်တောမြို့နယ်မှဖြစ်ပြီး ဆွေယောဒ် အာမိန်၊ ဖေါ်ရိဒ်အာလောင်၊ ရော်ဖိ(က်)၊ ဆာလာမ(တ်) အူလ္လာဟ်၊ ရော်ဘိ အာလာမ်၊ နရုဟာဆိမ်၊ ဆော်ဖိအူ ရောဟ်မင်း၊ အာဘူ ဘော်ကော်ရ်၊ ဆာလေဟ် အာဟာမတ် ဘော်ဒိ အာလာမ် တို့ဖြစ်ကြကြောင်း ပြောသည်ဟု ဖေါ်ပြထားသည်။

ကော့စ်ဘဇားမြို့ ဒေသခံ ဘင်္ဂလီတဦးက “မလေးသွားဖို့ လုပ်ပေးတဲ့သူတွေ အများကြီးရှိပါတယ်၊ မြို့တိုင်းမှာ ရုံးတွေဖွင့်ပြီး လူစု၊ ငွေကောက်နေကြပါတယ်၊ လူအခြေအနေကိုကြည့်ပြီး တာကာ ၁၅၀၀၀ ကနေ ၅၀၀၀၀ အထိယူတယ်လို့တော့ သိရပါတယ်၊ သူတို့က ပါ့စ်ပို့လုပ်ပေးတယ်၊ ပါ့စ်ပို့မှာ မလေးသွားနိုင်ဖို့အရေး အသက်နဲ့အရုပ် လိမ်လည်ကြေးဟုဆိုကာ ငွေထပ်ပေးရင်ရတယ်၊ ရဲက အသေးစိပ်စုံစမ်းလာနေတော့ လုပ်ဖို့နည်းနည်းကြပ်နေတယ်၊ မြို့တမြို့စီမှာ အာမခံလုပ်ပေးတဲ့သူ ၁၀ ဦးထက်မနည်းရှိပါတယ်။”ဟု မလေးသို့ ပုံစံမျိုးစုံဖြင့် ပို့ဆောင်နေသူများကို ယုံကြည်သူတဦးက စကားဆုံ၍ ကော့စ်ဘဇားမြို့ ပြည်သူ့ဆေးရုံအတွင်း၌ ရှင်းပြ ခဲ့ခြင်းဖြစ်သည်။

မလေးသွားရန် လုပ်ဆောင်ပေးသူများ အနေဖြင့် များသောအားဖြင့် စက်လှေတန်ဖိုးအပါအ၀င် ၎င်းတို့တွက်ခြေကိုက်လျှင် သွားမည့်သူ များကို မလေးသို့ရောက်ပြီဟု အကြောင်းပြပြီး မည်သို့သောကမ်းခြေများ၌ဖြစ်စေ ကမ်းတင်စေလွှတ်လေ့ရှိသည့်အပြင် ယခုကဲ့သို့ အလျှံအပယ် တင်ဆောင်လာသည့် ခရီးသည်များကြောင့် စက်လှေနစ်မြပ်ငတ်ပြတ်ပြီး သေသွားကြသူများ ဘင်္ဂလားပင်လယ်ပြင်တွင် မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။

No comments:

Post a Comment