Sunday, January 1, 2012

BBC, VOA, DVB, RFA မြန်မာဘာသာအစီအစဉ်များ IRRAWADDY, MIZZIMA သတင်းဌာနမှ အယ်ဒီတာ တာဝန်ခံများခင်ဗျား


သို့                                                                                             
BBC, VOA, DVB, RFA မြန်မာဘာသာအစီအစဉ်များ
IRRAWADDY, MIZZIMA သတင်းဌာနမှ အယ်ဒီတာ တာဝန်ခံများခင်ဗျား

အကြောင်းအရာ။ ။ ပြည်ပသတင်းဌာနများသို့ အသိပေးခြင်း

ရခိုင်အချုပ်အခြာအာဏာကျဆုံးနေ့ ၀မ်းနည်းအောက်မေ့ဖွယ် အခမ်းအနားတွေ ကျင်းပတဲ့သတင်းတွေကို ဟိုးအရင်နှစ်တွေကလည်း သတင်း ဌာနတွေက သတင်းမတင်ကြပါဘူး။ အခုနှစ် ၂၂၇ နှစ်မြောက် ရခိုင်အချုပ်အခြာအာဏာကျဆုံးနေ့ ၀မ်းနည်းအောက်မေ့ဖွယ် အခမ်းအနားကို ဒီဇင်ဘာ ၃၁ ရက်နေ့မှာ နိုင်ငံတကာရောက်ရခိုင်အမျိုးသားတွေ ကျင်းပကြပါတယ်။ ခု ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ဘင်္ဂလာဒေ့ရှ်က ရခိုင်အမျိုးသားတွေ လုပ်ရှားပြီး ဆန္ဒပြတောင်ဆိုမူတွေကို ပြည်ပမီဒီယာသမားတွေက ပြည်ပသတင်းဌါနတွေမှာ ဘာကြောင့် သတင်းမထုတ်လွင့်ကြတာလဲ ဘာကြောင့် သတင်းမတင် ကြသလဲ။

၁။ ၂၂၇ ခုနှစ်မြောက် ရခိုင့်အချုပ်အခြာအာဏာကျဆုံးတဲ့နေ့တွင် မြန်မာအစိုးရမှ ရခိုင်ပြည်အတွင်း ကျင့်သုံးနေတဲ့ ကိုလိုနီစနစ်ကို အပြီးတိုင် ဖျက်သိမ်း ရန် တောင်းဆိုဆန္ဒပြပွဲတစ်ရပ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားမြို့တွင် ကျင်းပခဲ့ပါတယ်။
၂။ ၂၂၇ - နှစ်မြောက် ရခိုင့်ဘုရင့်နိုင်ငံတော်အချူပ်အခြာအာဏာကျဆုံးခြင်းနေ့ အထိမ်းအမှတ် နယူးယေက်မြို့ ကုလသမဂ္ဂရုံးရှေ့ ကိုလိုနီစနစ် ဖျက်သိမ်း ရေး တောင်းဆိုဆန္ဒပြပွဲ ကျင်းပခဲ့ပါတယ်။
၃။ ၂၀၁၁ ခုနှစ် ဒီဇင်္ဘာလ ၃၁ ရက်နေ့တွင် ၂၂၇ နှစ်မြောက် ရခိုင့်အချုပ်အခြာအာဏာကျဆုံးခြင်း အောင်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနားကို မလေးရှား၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလာဒေ့ရှ် တွင် ရောက်ရှိနေကြသော ရခိုင်အမျိုးသားများက ကျင်းပခဲ့ကြသည်။
၎။ ၂၂၇ နှစ်ပြည့် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ်ပွဲကို ဒီဇင်္ဘာလ (၃၁) ရက်နေ့က ထိုင်းနိုင်ငံ ဖူးကတ်မြို့တွင် ကျင်းပတာ လူတစ်ထောင်နီးပါးခန့်တက်ရောက်ခဲ့ပါတယ်။
၅။ ရခိုင့်ဘုရင်နိုင်ငံတော်အချုပ်အခြာအာဏာကျဆုံးတဲ့နေ့  စာပေဟောပြောပွဲ အခမ်းအနားကို ဒိန်းမတ်နိုင်ငံမှာ ကျင်းပခဲ့ပါတယ်။
၆။ ဒီဇင်ဘာ ၃၁ ရက်နေ့ ရခိုင်တိုင်ရင်းသားများတိုးတက်ရေးပါတီဗဟိုဌါနချုပ် စစ်တေမြို့တွင် ၂၂၇ နှစ်မြောက် ရခိုင်ပြည်အချုပ်အခြာအာဏာကျဆုံးတဲ့ နေ့ အထိမ်းအမှတ်အဖြစ် ကဗျာရွတ်ပွဲကို ကျင်းပခဲ့ပါတယ်။ ရခိုင်တိုင်ရင်းသားများတိုးတက်ရေးပါတီ ဒုဥက္ကဌဦးတင်ဝင်းကိုယ်တိုင် အဖွင့်အမှာစကား ပြော ကြားပြီး ရခိုင်နိုင်ငံပျက်သုံးသွားတဲ့နေ့အကြောင်းပြောကြားခဲ့ပါတယ်။
၇။ မဲဆောက် ရခိုင်သူ/သားများ စုပေါင်းပြီး ၂၂၇-နှစ်ပြည့် ရခိုင်ပြည် အချုပ်အခြာအာဏာကျဆုံးခြင်း ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ်အဖြစ် သွေးလှူဒါန်းပွဲ အခမ်းအနားတရပ်ကို မဲဆောက်မြို့၊ မယ်တော်ဆေးခန်းတွင် ကျင်းပပြုလုပ် သွားခဲ့ပါတယ်။
၈။ ဒီဇင်ဘာလ (၃၁) ရက်နေ့ ၂၂၇-နှစ်ပြည့် ရခိုင်ပြည်အချုပ်အခြာအာဏာကျဆုံးခြင်း ၀မ်းနည်းအောက်မေ့ဖွယ် အခမ်းအနားကို “ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး”(AASYC) ဗဟိုဌာနချုပ်ရုံး၊ ထိုင်း-မြန်မာနယ်စပ်တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။
၉။ အမေရိကန်နိုင်ငံမှာ ၂၂၇ နှစ်ပြည့်မြောက် ရခိုင်အချုပ်အခြာအာဏာကျဆုံးတဲ့နေ့ ဒေါက်တာအေးကျော်ကိုယ်တိုင် အမှတ်တရစကားတွေ လက်ဆောင်ပါးခဲ့ပါတယ်။

ရခိုင့်အချူပ်အခြာအာဏာကျဆုံးခြင်းနေ့ အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပတာဟာ ရခိုင်ပြည်သူတွေ ခံစားနေရတာ၊ လူမျိုးတမျိုးရဲ့ ရပိုင်ခွင့်တွေ သမိုင်းအမှန်တွေ မိမိဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ပြောကြားတာတွေကို အခုလို ဆန္ဒပြတောင်းဆိုပွဲနှင့် အခမ်းအနားကျင်းပတဲ့သတင်း ကို မထုတ်လွင့်ခဲ့ကြတဲ့ အထက်ပါသတင်းဌါနများမှ တချို့မီဒီယာသမားတွေဟာ သတင်းသမား အစစ်မဟုတ်ဘဲ မဟာဗမာ အယူဝါဒ ရှိကြသူများအဖြစ် အတိအလင်း အသိပေး သဘောထားထုတ်ပြန် ကြေညာအပ်ပါသည်။


လေးစားစွာဖြင့်
ရခိုင့်အမျိုးသားရေးနိုင်နိုင်
+၈၈ ၀၁၁၉၉၁၃၈၂၉၁

No comments:

Post a Comment