Sunday, January 1, 2012

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင့် နှင့်အတူ အစည်းအဝေးပြုလုပ်

PostDateIconSunday, 18 December 2011 03:06 | PostAuthorIconWritten by uzinblue | Print

ပြည်တွင်း ပြည်ပ သာသနာပြု အလိုတော်ပြည့်ကျောင်းတိုက်များ ၏အဓိပတိ ဒေါက်တာ ဘဒ္ဒန္တအရိယ၀ံသ သည် ဒီဇင်ဘာလ (၄)ရက်နေ့တွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့ မဟာမုနိ ရုပ်ရှင်တော်မြတ်အား ရွှေထီးတော် ငှက်မြတ်နားတော် တင်လှူပူဇော်နိုင်ရန် ရခိုင်ပြည်နယ် ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင့် နှင့်အတူ ပြည်နယ် အစိုးရ၀န်ကြီးများနှင့် ကျောက်တော်မြို့နယ် မြို့သံဃာနာယကဆရာတော်များ ရပ်ကွက်သံဃာနာယကဆရာတော်များ မဟာမုနိဂေါပက

လူကြီးများ တပည့် ဒကာ/ဒကာမများ တို့နှင့်အတူ နေ့လည်း (၃း၀၀)နာရီအချိန်တွင် အဆိုပါ မဟာမုနိရုပ်ရှင်တော်မြတ်အား မြန်မာနိုင်ငံတစ်နိုင်ငံလုံး ရှိ ဆရာတော်ရဲ့ တပည့် ဒကာ/ဒကာမ များ လှူဒါန်းထားသော လည်းကောင်း ရွှေစင် ရွှေသား ကိုးဘုံ ကိုးဆင့် ရွှေကျပ်ချိန် (၁၁)ပိဿာဖြင့် ပြုလုပ်ထားတာဖြစ်ပါတယ် အဲဒီ ရွှေစင် ရွှေသား ရွှေထီးတော်အား တင်လှူပူဇော်နိုင်ရန်

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင့် နှင့်အတူ အစည်းအဝေးတစ်ရပ်ကျင်းပပြုလုပ်ခဲ့ကြောင့်သိရသည် အဆိုပါ ရွှေထီးတော် အား လာမည့် ၂၀၁၂ မတ်လ တွင်တင်လှူပူဇော်မယ်လိုသတင်းရရှိသည်။ လည်းကောင်း ရွှေစင် ရွှေသား ရွှေထီးတော်အစစ်အား (ဓါတ်ပုံသတင်း)တွင် ဖေါ်ပြပေးပါတယ်။

HOT NEWS Weekly မှာဖော်ပြခဲ့သော သတင်း

ကျောက်တော်မဟာမုနိ ဘုရားရွှေထီတော်တင်လှူရန် ရခိုင်ပြည်နယ်ဝန်ကြီးချူပ် နှင့် အစိုးရအဖွဲ့ဝင်များ သြ၀ါဒခံယူ

ဂေါတမ မြတ်စွာဘုရား ကိုယ်တိုင် ကြွချီတော်မှု ခဲ့ပြီး ရင် ငွေ့တော်လှုံ့ခဲ့သည့် ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့ ၊ မဟာမုနိဘုရားကြီး ဂန္ဓကုဋီတိုက် ရွှေထီးတော်
တင်လှူပူဇော် နိုင်ရေးအတွက် ပြည်တွင်းပြည်ပ သာသနာပြု ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ အလိုတော်ပြည့်ဆရာတော် ဒေါက်တာဘဒ္ဒန္တအရိယ၀ံသ ထံမှ သြ၀ါဒ ခံယူခြင်း အစီအစဉ်ကို ဒီဇင်ဘာ ၄ ရက်၊ ညနေပိုင်းက မဟာမုနိဘုရား ဂန္ဓကုဋီကျောင်းဆောင် ၌ပြုလုပ်ရာ ရခိုင်ပြည်နယ် ၀န်ကြီးချူပ် ဦးလှမောင်တင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများတက်ရောက်ခဲ့ ကြပြီး ရွှေထီးတော်တင်လှူမည့် အစီအစဉ်အသေးစိတ်နှင့် ကြိုတင်လုပ်ဆောင်ရမည့်

ကိစ္စရပ်များ၊ သာသနာရေးဆိုင်ရာများကို အလိုတော်ပြည့်ဆရာတော်ကြီးမှ သြ၀ါဒ ထာမြွတ်ကြားတော်မှုကာ ပြည်နယ်ဝန်ကြီးချူပ် မှ ရွှေစင်ရွှေသားအစစ် ၁၁ ပိဿရှိ ရွှေထီးတော်တင်လှူပူဇော်ပွဲ အခမ်းအနားကြီးအောင် အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ဆောင်ရွက်သည့် လုပ်ငန်းများ ၊ ဖိတ်ကြးရေး ၊နေရာချထားရေး ၊ ဖျော်ဖြေရေးအစီအစဉ်များကို အသေးစိတ်လျှောက်ထားတင်ပြခဲ့သည်။

ထို့နောက်ဆရာတော်ကြီးမှ ပြန်လည်ရှင်းလင်းမိန့်ကြးတော် မှုပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းခဲ့သည်။ မြတ်စွာဘုရားကြွရောက်စဉ် သက္ကရာဇ် ၁၂၃ ခု၊ ကဆုန် လပြည့်ကျော် ၁ ရက်နေ့တွင် ၎င်းမဟာမုနိဘုရားရုပ်ပွားတော်မြတ်ကို သွန်းလုပ်ပြီးစီးခဲ့ကာ၊ မဟာမုနိဘုရား ကိန်းဝပ်စံ
ပယ်သည့် ဂန္ဓကုဋီကျောင်းဆောင်သည် ယနေ့တိုင်မြတ်စွာဘုရား၏ မဟာကရုဏာ မေတ္တာဓာတ် တော်များပျံ့ နှံ့ ကျန်ရှိနေခဲ့ပြီးလာရောက် ကြည်ညိုဖူးမြှော်သူအပါင်းရယ်ဝယ် သဒ္ဒါပီတိ အေးချမ်းမှုအပြည့် အ၀ခံစားကြရကြောင်း အလိုတော်ပြည့်ဆရာတော်ကြီးက မိန့် ကြားခဲ့သည်။

Last Updated (Saturday, 24 December 2011 14:35) 

http://alodawpyei.org/alo/component/content/article/34-slideshowcat/437-2011-12-18-03-12-13

No comments:

Post a Comment