Sunday, October 21, 2012

OIC အား ရခိုင်ပြည်နှင့် ကမ္ဘာ့နေရာအနှံ့အပြား ကန့်ကွက်ဆန္ဒပြမှုများ ကျယ်ပြန့်လာ

Written by သဇင်ဥ    Sunday, 21 October 2012 19:35   PDFPrintE-mail
Protes ThanDwe 2မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည် သံတွဲမြို့ ရဟန်းရှင် လူထုများက မြန်မာနိုင်ငံအတွင်း OIC ရုံးစိုက်မည်ကို ကန့်ကွက်ကြောင်းနှင့် အာဏာပိုင်များက ရုံးစိုက်ခွင့် ရုတ်သိမ်းလိုက်သော ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း ယနေ့ နေ့လည် ၁ နာရီကစတင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ခဲ့ကြကြောင်း သတင်းရရှိသည်။
ယင်းရခိုင်ပြည်သူလူထု ဆန္ဒထုတ်ဖေါ်သော စီတန်းလမ်းလျှောက်ခြင်းကို ဒွါရာဝတီမြို့သစ် အောင်မြေသာစည် ပရိယတ္တိစာသင်တိုက်မှ စတင်၍ ဦးဥတ္တမလမ်း၊ ရတနာလမ်း၊ ဘုရင့်နောင်လမ်းတလျှောက်သို့ ချီတက်ခဲ့ကြပြီး မြန်မာစံတော်ချိန် နေ့လည် ၂ နာရီခွဲတွင် ရုတ်သိမ်းခဲ့ကြောင်း ဓါတ်ပုံနှင့် ဗီဒီယိုရိုက်ကူး တသင်းယူသူတဦးက သတင်းပေးပို့ခြင်း ဖြစ်သည်။
သူက "OIC အလိုမရှိ၊ အကြမ်းဖက် ဘင်္ဂလီ အလိုမရှိ၊ ဘင်္ဂလာဒေ့ခ်ျမှ ဗုဒ္ဓသာသနိက အဆောက်အအုံများကိ မီးရှို့ဖျက်ဆီးခြင်းနှင့် ဗုဒ္ဓဘာသာဝင်များကို အကြမ်းဖက်သတ်ဖြတ်သော ဘင်္ဂလီအစွန်းရောက်များကို လုံးဝရှုပ်ချသည်၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ထိရောက်စွာ ဆောင်ရွက်ပေးမည့် သမ္မတကြီးကို လုံးဝထောက်ခံသည်၊ ဘင်္ဂလီအကျိုးကိုသာ လိုလားသော အယောင်ဆောင် ထောက်ပံ့ရေးအဖွဲ့များ ရခိုင်ပြည်ကထွက်သွား၊ ရခိုင်အရေး ပြည်ထောင်စုကြီးအရေး၊ ရခိုင်လူထု၏ ဆန္ဒကိုအလေးထားပါ၊ ရခိုင်ကမ်းရိုးတန်း လုံခြုံရေး အလျင်မြန်ဆုံး စီစဉ်ပေး၊ မြေမျို၍ လူမျိုးမပျောက် လူမျိုမှ လူမျိုးပြုတ်မည်၊ ရသေ့တောင်မြို့နယ် ရခိုင်လူထုအစည်းအဝေး၏ ဆုံးဖြတ်ချက်များကို တခဲနက် ထောက်ခံပါသည်၊ အမျိုးဘာသာ သာသနာ အားလုံးကာကွယ်စောက်ရှောက်ပါ၊ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည်၊ ဘင်္ဂလီမျို၍ ငါရို့ရခိုင် မျိုးမပျောက်စေရ၊ OIC, AZG အလိုမရှိနှင့် မျိုးဖျက် INGOများထွက်သွား"ဟု ပိုစတာများ ကိုင်ဆောင်ပြီး ထုတ်ဖေါ်ခဲ့ကြကြောင်း ရှင်းပြသည်။
ဆက်လက်ပြီးသူက "ငြိမ်းငြိမ်းချမ်းချမ်းနဲ့ဖြစ်စေဖို့ ဆန္ဒပြကြတာပါ၊ အဲဒါ အကြမ်းဖက်တာတွေ မလုပ်မိစေဖို့ ဆရာတော်တွေက ဦးဆောင်ခဲ့ကြတာ တွေ့ရပါတယ်၊ သံတွဲမြို့ ရဲတပ်ဖွဲ့များကလည်း လမ်းတလျှောက် လုံခြုံရေးယူပေးထားတာ တွေ့ရပါတယ်၊ ဘာမှ ဆူဆူပူပူ မဖြစ်ခဲ့ပါဘူး၊ ငြိမ်းချမ်းစွာနဲ့ စနစ်တကျ ရုတ်သိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။"ဟု ဆိုသည်။
Protes ThanDwe 1
အဆိုပါ ကန့်ကွက်ထောက်ခံ ဆန္ဒထုတ်ဖေါ်မှုများ ဖြစ်ပေါ်ရခြင်းမှာ ဇွန်လ ၈ ရက်နေ့က မောင်တောမြို့မှတဆင့် ကျူးကျော်သူ ဘင်္ဂလီများက ကမ္ဘာ့အကြမ်းဖက် သောင်းကျန်းသူများနှင့် ပူးပေါင်းပြီး အကြမ်းဖက်မှုများ နေရာအနှံ့ပြုလုပ်ခဲ့ကြောင်းနှင့် အောက်တိုဘာ ၂၉ ရက်နေ့ကလည်း ယင်းအကြမ်းဖက်မှုနှင့် ဆက်စပ်၍ ဘင်္ဂလာရှိ ဗုဒ္ဓဘာသာဝင်၊ ဟိန္ဒူနှင့် အိန္ဒိယနှင့် တခြားနိုင်ငံများအတွင်း အကြမ်း ယင်းသောင်းကျန်းသူအကြမ်းဖက်သမားများက ဖက်မှုများ ပြုလုပ်ခဲ့သည်။
ယင်းငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ကန့်ကွက်မှုများကို ကမ္ဘာ့နေရာအနှံ့အပြားသို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများနှင့် ကမ္ဘာ့လူထုများက ပူးပေါင်း၍ OIC အပါအ၀င် အကြမ်းဖက်သောင်းကျန်းသူများအား ကန့်ကွက်ဆန္ဒထုတ်ဖေါ်မှုများ ဆက်တိုက်ပြုလုပ် ခဲ့ကြခြင်းဖြစ်သည်။

No comments:

Post a Comment