Friday, October 12, 2012

ရခိုင်ကမ်းရိုးတန်းသို့ မိုးပိုရွာလာနိုင်ဟု နေပြည်တော်ဆို

Written by သဇင်ဥ    Wednesday, 10 October 2012 18:43   PDFPrintE-mail
Bay of Arakanရခိုင်ပြည်နယ် ကမ်းရိုးတန်းအတွင်းသို့ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျှက်ရှိသော အနောက် အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းကြောင့် မိုးပိုမိုများပြားစွာရွာလာနိုင်သည်ဟု နယ်ပြည်တော် မိုးလေ၀သ တိုင်းထွာချက်အကျဉ်းချုပ်မှ ယမန်နေ့က ဆိုသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေကြောင်းနှင့် ကျန် ပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှနေ တိမ်ထူထပ်လာနေကြောင်း ယနေ့ထုတ် မြန်မာ့အလင်းက နယ်ပြည်တော်ကို ကိုးကားပြီး ဆိုသည်။

နေပြည်တော်မှ ယမန်နေ့ နံနံက်(၉)နာရီခွဲ မိုးလေ၀သ တိုင်းထွာချက်အကျဉ်းချုပ်မှာ လွန်ခဲ့သော(၂၄)နာရီအတွင်းက စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးရွာခဲ့ကြောင်း ယနေ့ထုတ် မြန်မာ့အလင်းတွင် ဖေါ်ပြထားသည်။

ယင်းသတင်းစာက မှတ်သားဖွယ်ရာအဖြစ်ဟုဆိုကာ မိုးရေချိန်များအား ကော့သောင်မြို့တွင် (၁. ၈၅)လက်မ၊ ဂွမြို့တွင် (၁. ၈၁)လက်မ၊ ဟင်္သာတမြို့တွင် (၁.၃၈)လက်မ၊ မာန်အောင်မြို့တွင် (၁. ၁၈)လက်မ၊ မကွေးမြို့နှင့် တီးတိန်မြို့တို့တွင် (၁. ၁၀)လက်မစီ တို့ ဖြစ်ကြောင်း ဖေါ်ပြထားသေးသည်။

မြန်မာနိုင်ငံတွင် ခုတလောအတွင်း ရခိုင်ပြည်နယ်မှာ သဘာဝဒဏ် အပြင်းအထန်ဆုံးခံခဲ့ရသော ပြည်နယ်တစ်ခုဖြစ်ပြီး အုပ်ချုပ်သူ အဆက်ဆက် စစ်အာဏာစနစ်အရ ကျွန်ပြုခဲ့မှုကြောင့် ကျူးကျော်လာသူများ၏ အကြမ်းဖက်သောင်းကျန်း တိုက်ခိုက်မှုရန်ကိုလည်း အလူးအလဲခံခဲ့ရသော ပြည်နယ်တစ်ခုဖြစ်သောကြောင့် ဒေသခံများမှာ မိမိဒေသအတွင်း နေထိုင်ရင်း ဒုက္ခသည်ဘ၀ဖြင့် ဆင်းရဲဒုက္ခ ကြုံနေကြရသော ဒေသတစ်ခုဖြစ်သည်။

ယင်းအကြမ်းဖက်မှုမှာ ရခိုင်ပြည်နယ်နှင့် ကပ်လျှက်တည်ရှိသော ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားခရိုင်အတွင်းရှိ ဗုဒ္ဓဘာသာဝင်များ၏ သမိုင်းဝင် ရှေ့ဟောင်းကျောင်း၊ ဘုရားဆင်းတုတော်၊ နေအိမ်၊ ဆိုင်ခန်းနှင့် ဒေသခံတစ်ချို့အား ယင်းဆက်စပ် အကြမ်းဖက်သမားများနှင့် ဒေသခံများကပူးပေါင်းပြီး စက်တင်ဘာလ(၃၀)ရက်နေ့က လုယူတိုက်ခိုက်မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ဟိန္ဒူဘာသာဝင်များ၏ ဘုရားကျောင်း၊ နေအိမ်များကိုလည်း တိုက်ခိုက်ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူများ လက်ချက်ကြောင့် ပျက်စီးဒုက္ခရောက်နေကြသူများအား ကူညီရန်သွားမည့် ပဲခူးတိုင်းဒေသကြီးမှ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲ အခမ်းအနားတစ်ရပ်ကို ယနေ့(၁၀)နာရီတွင် ပဲခူးတိုင်းဒေသကြီး ရဲရိပ်သာတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။
Arakantimes

No comments:

Post a Comment