Thursday, October 25, 2012

မြန်မာ့ဆား တင်ပို့မှု(၁၂၅၀) မေတြိတန်ချိန် ရှိပြီးဖြစ်ကြောင်း ဘင်္ဂလာပြော

Written by သဇင်ဥ    Friday, 26 October 2012 10:14   PDFPrintE-mail
Saltexporttobgမြန်မာမှဘင်္ဂလာသို့ နှစ်နိုင်ငံ နယ်စပ်စီးပွားရေးဇုန်မှ ဆားမေတြိတန်ချိန်ပေါင်း (၁၂၅၀) ယခုလအတွင်း တင်ပို့ခဲ့ကြောင်း သက်ဆိုင်ရာက ထုတ်ဖေါ်ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ် မောင်တောမြို့နယ်ဆိပ်ကမ်းမှ ဘင်္ဂလာ တာခ်နာဆိပ်ကမ်းသို့ တင်ပို့ခြင်းဖြစ်ကြောင်းနှင့် ယင်းတင်ပို့မှုမှ ဘင်္ဂလီအမျိုးသားနိုင်ငံတော်ဝင်ငွေမှာ တာကာ(၁၆၈၆၂၅၀)ရရှိကြောင်း ဆိပ်ကမ်းတာဝန်ရှိသူများက ပြောသည်။

ဘင်္ဂလာအစိုးရအနေဖြင့် မြန်မာမှ တာခ်နာဆိပ်ကမ်းသို့ ဆားတင်ပို့မှု အတိုင်းအတာအား (၁၀၀၀၀)မေတြိတန်ချိန်အထိ ခွင့်ပြုထားခဲ့ကြောင်း တာဝန်ရှိသူများက ဆိပ်ကမ်းမှ ထုတ်ဖေါ်ပြောဆိုလိုက်သည်။

ယင်းမြန်မာ့ဆား ဘင်္ဂလာသို့ တင်ပို့မှုမှာ အောက်တိုဘာ(၆)ရက်မှ (၂၂)ရက်နေ့အတွင်းဖြစ်ကြောင်းနှင့် လာမည့် ဒီဇင်ဘာလအထိ တင်ပို့ခွင့်အချိန်ရှိကြောင်း သိရှိရသည်။ မြန်မာ့ဆားတင်ပို့မှု ဆားတစ်တန်မှ ဘင်္ဂလာအနေဖြင့် တာကာ(၁၃၅၇) အကောက်အခွန်ရရှိပြီး စုစုပေါင်း ဘင်္ဂလီအမျိုးသား နိုင်ငံတော်ဝင်ငွေ တာကာ(၁၆၉၆၂၅၀) ရရှိခဲ့ကြောင်း ဆိုသည်။

ဘင်္ဂလာအစိုးရအနေဖြင့် ယင်းနိုင်ငံတော်ဝင်ငွေမှာ ဆားကုန်တစ်ခုတည်းမှ အောက်တိုဘာလအတွင်း ရရှိခြင်းဖြစ်ကြောင်းနှင့် တခြား မြန်မာ့ကုန်များဖြစ်သော ဆန်၊ အိမ်မွေးတိရိစ္ဆာန်များ၊ ၀ါး၊ သစ်၊ ငါးစိမ်း၊ ငါးခြောက်၊ ဓနီး၊ ဈေးယုံ၊ အ၀တ်အထည်၊ ကုန်စုံနှင့် လူသုံးကုန် ပစ္စည်းများအပြင် စသည့်တင်ပို့မှု ကုန်အရေအတွက်အလိုက် ရရှိနေသေးသည်။ ဘင်္ဂလာက မြန်မာ့ကုန် တင်သွင်းလာမှု ယင်းတာခ်နာဆိပ်ကမ်းတစ်ခုတည်းမှ တစ်လလျှင် တာကာငွေ(၇၂၀၀၀၀၀၀)ရရှိရန် ခန့်မှန်းထားသည်။
Arakantimes

No comments:

Post a Comment