Tuesday, October 23, 2012

ရခိုင်ပြည်တွင်းဒုက္ခသည်များအတွက် ဒုက္ခသည်များကူညီထောက်ပံ့ရေးကော်မတီ(ထိုင်းနိုင်ငံ)မှ တတိယကြိမ် လှူဒါန်း

Written by Marm Khant    Wednesday, 24 October 2012 10:50   PDFPrintE-mail
Arakan Recuseရခိုင်ပြည်တွင်းတွင် ဇွန်လက ဖြစ်ပေါ်ခဲ့သောဆူပူအကြမ်းဖက်မှုကြောင့် ရခိုင်ပြည်တွင်းရှိဒေသခံပြည်သူများမှာ လက်ရှိအခြေအနေထိ ဒုက္ခရောက်လျှက်ရှိရာ အဆိုပါ အခက်အခဲများအားကူညီဖြေရှင်ပေးနိုင်ရန် ရခိုင်ပြည် ဘေးရန်သင့် ဒုက္ခသည်များကူညီထောက်ပံ့ရေးကော်မတီ (ထိုင်းနိုင်ငံ)မှ တတိယအကြိမ်အနေဖြင့် မြန်မာကျပ်ငွေ သိန်း(၂၀) ထိုင်းဘတ်ငွေအဖြစ် (၇၄၂၀၀) အား လှူဒါန်ခဲ့သည်။

အဆိုပါ သိန်း(၂၀) မှ မေယုဒေသအထူးကော်မတီအား(၁၀)သိန်း၊ ရခိုင်ရဟန်းတော်များသမဂ္ဂအား (၅)သိန်း၊ ရက္ခအလင်းတန်းအဖွဲ့အား (၅) သိန်းအားရခိုင်ပြည်တွင် ဒုက္ခသည်များအားကူညီကယ်ဆယ်နိုင်ရန် အောက်တိုဘာလ ၂၁ရက်နေ့က ပံ့ပိုး လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်ဘေးရန်သင့် ဒုက္ခသည်များကူညီထောက်ပံ့ရေးကော်မတီ (ထိုင်းနိုင်ငံ) ပေါ်ပေါက်လာရခြင်းနှင့် ပတ်သက်၍ ကော်မတီ၏ လုပ်ငန်းများကို အဓိကတာဝန်ယူလုပ်ကိုင်နေသော ဦးရေ၀တမှ (M.A Buddhist Studies, second year - မဟာချုလာတက္ကသိုလ်) အခုလိုပြောပြသည်။

"ကော်မတီပေါ်ပေါက်လာဖို့အတွက် ဦးဇင်းတို့ အများကြီး ကြိုးစားခဲ့ရတယ်၊ ကိုယ်တော်တို့မှာလည်းပညာရေးတဘက်၊ သံဃာတွေဖြစ်တော့ လူ့တွေကြားထဲမှာဝင်လုပ်ရတာ အဆင်ပြေပါ့မလားဆိုပြီးစိုးရိမ်းစိတ်ရှိခဲ့ကြတယ်၊ အမျိုးသားရေးအတွက် အရေးကြီးနေတဲ့ အချိန်ကာလမှာဒါတွေ စဉ်းစားနေလို့မရဘူး၊ အဆင်ပြေတဲ့ အခြေအနေတစ်ခုကို ဖန်တီးနိုင်အောင် ကြိုးစားရမယ်လို့ဆုံးဖြတ်ခဲ့ကြတယ်၊ ဦးဇင်းနှင့် ဦးဇင်းရဲ့သူငယ်ချင်း ဦးခေမာနန္ဒတို့ အဓိကဦးဆောင်ပြီး ထိုင်းနိုငံတနံတလျှားမှာရှိ ကြတဲ့ရခိုင်အဖွဲ့အစည်းအတွေနဲ့တိုင်ပင် စည်းရုံးပြီးဇွန်လ ၁၂ ရက်နေ့ ဘန်ကောက်မှာကော်မတီကို ဖြစ်အောင် ဖွဲ့စည်းခဲ့တာဖြစ်တယ်၊" ဟုသူကပြောသည်။

ကော်မတီသည် ပထမအကြိမ်အဖြစ် ဇူလိုင်လ ၁ရက်နေ့က ၅၂ သိန်း ၉ သောင်းကျပ် ၊ ဒုတိယအကြိမ်အဖြစ် ၂၂ ရက်နေ့က ၁၀၈ သိန်း ၈ သောင်းကျပ် အားရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ တဆင့် ရခိုင်ပြည်တွင်း ဒုက္ခသည်များအားကူညီပံ့ပိုး လှူဒါန်းခဲ့ပြီး ယခု တတိယအကြိမ်အဖြစ် လှူဒါန်းခြင်းဖြစ်သည်။
Arakantimes

No comments:

Post a Comment