Monday, October 1, 2012

ခုနှစ်ရက်သားသမီးများအတွက် ( ၁.၁၀.၁၂) မှ ( ၇.၁၀.၁၂) ထိ၊ တပတ်စာဗေဒင်ဟောစာတမ်း

 
15
 
1
 
i
 
မဲပေးပါ
Quantcast

ဆရာကြီးမင်းသိင်္ခ၏တပည့် ဗေဒင်ပညာရှင် ဆွေဇင်ဝတီ
တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ

မိတ်ဆွေသစ်များရနေမည်။ အလုပ်တွင်လူပင်ပမ်းသော်လည်းစိတ် သက်သာစရာဖြစ်နေတတ်သည်။
လုပ်သမျှအဆင်ပြေချောမောနေသည်။ ငွေဝင်သည်။ ကုန်စရာများတော့ဆက်တိုက်ဖြစ်နေတတ်သည်။
ငွေအဖတ်မတင်ဖြစ်နေတတ်သည်။ တခါတခါမိမိလုပ်နေသောအလုပ်ကိုစိတ် ကုန်နေတတ်သည်။
အလုပ်ပြောင်းချင်စိတ်ပေါ်လာတတ်သည်။ အမိနိင်ငံသို့ပြန်ချင်စိတ်လည်းဖြစ်နေတတ်သည်။
ပြန်ကိန်းမရှိသေးပါ။
ကျန်းမာရေး။ ကိုယ်ခန္ဓာကိုက်ခဲခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ စိတ်ချမ်းသာစရာများနှင့်ပြည့်စုံနေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အုန်းသီးစိတ် ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၉ ၇ ၆ )
တနင်္လာသားသမီးများ၏ကံကြမ္မာ
စိတ်ညစ်စရာများစိတ်ဆင်းရဲစရာများမရှိအောင် အစစအရာရာအဆင်ပြေနေပြီးစိတ်ချမ်းသာနေရမည်။
ရွှေဝင်ခြင်း၊ နိုင်ငံရပ်ခြားမှလက်ဆောင်ပစ္စည်းများရောက်လာခြင်း၊ ဆွေမျိုးသားချင်းထဲမှနာရေးသ
တင်းကြားရတတ်ခြင်းများဖြစ်တတ်သည်။ အလုပ်တွင်စိတ်တိုင်းမကျစရာဖြစ်နေတတ်သည်။ အထူးသဖြင့်
လူမျိုးခြားများနှင့်စိတ်တိုင်းမကျဖြစ်နေတတ်သည်။ ၀င်ငွေများကောင်းနေသည်။ အပိုဝင်ငွေများရတတ်သည်။
ကျန်းမာရေး။ လက်မောင်းတွင်အကျိတ်အဖုပေါက်တတ်သည်။
အချစ်ရေး။ တယောက်တနေရာစီ နေရသောကြောင့် လွမ်းဆွတ်သတိရနေရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား မလကာသီးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ (  ၂ ၄ ၇ ၀ )
အင်္ဂါသားသမီးများ၏ကံကြမ္မာ
အလုပ်သစ်ရခြင်း၊ သို့သော်အလုပ်တွင်မတရားသလိုခံစားရသောကြောင့် အလုပ်ပြောင်းရန်စိတ်ကူးနေမိသည်။
မိမိကိုအကြောင်းမဲ့အထင်သေးခြင်းခံရခြင်း၊အများနှင့်တယောက်ဆိုသလိုမကောင်းပြောခံရခြင်းများနှင့်ကြုံ
နေရတတ်သည်။ ဘယ်နေရာရောက်ဘယ်ဒေသဘဲဖြစ်ဖြစ်ယခုအချိန်မှာစိတ်တိုင်းမကျစရာ
များတွေ့နေရတတ်သည်။ အစစအရာသည်းခံပါ။ မိမိစိတ်လိုက်မာန်ပါမလုပ်ပါနှင့်။ အမှုအခင်း၊ အစစ်အဆေးခံ
ရခြင်းများဖြစ်တတ်သည်။ သည်းခံနိုင်သမျှသည်းခံပြီးအေးအေးဆေးဆေးနေပါ။
ကျန်းမာရေး။ ခေါင်းမူးခြင်း၊ အိပ်မပျော်ခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ လက်ထပ်ရန်ပူဆာနေလိမ့်မည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား စပျက်သီးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၆ ၂ ၂ ၄ )
ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
အိုးသစ်၊ အိမ်သစ်နေရာသစ်ပြောင်းရွှေ့ရတတ်သည်။ သောကြာနံပစ္စည်းများဝင်တတ်ခြင်း၊ အိမ်ခန်းပြုပြင်ရခြင်း၊
ရွှေအသစ်ဝင်ခြင်း၊ ထွက်ထားသောစက်ပစ္စည်းပြန်ဝင်ခြင်း၊ ဖုန်းပျက်ခြင်း၊ ကွန်ပြူတာထွက်ခြင်းဖြစ်တတ်သည်။
မြေအတွက်စကားပြောရခြင်း၊ ခင်မင်သောမိတ်ဆွေများနှင့်စကားများပြီးလမ်းခွဲရခြင်းဖြစ်တတ်
သည်။ ငွေများဝင်သော်လည်း ငွေများအကြောင်းမဲ့ကုန်နေမည်။
ကျန်းမာရေး။ မျက်စိနှင့်ပတ်သက်သောရောဂါဖြစ်တတ်သည်။
အချစ်ရေး။ ချစ်သောသူနှင့်အဆင်မပြေဖြစ်နေလိမ့်မည်။ မကြာခင်အဆင်ပြေသွားမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား လိမ္မော်သီးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ (  ၄ ၂ ၄ ၃)
ကြာသပတေးသားသမီးများ၏ကံကြမ္မာ
စက်ပစ္စည်းဝင်ခြင်း၊ စာအုပ်စာပေ၀င်ခြင်း၊ စာအုပ်၊ စာရွက်စာတမ်းနှင့်ပတ်သက်ပြီး အစစအရာရာ
အဆင်ပြေချောမောမည်။ နိုင်ငံရပ်ခြားခရီးသွားရခြင်း၊ လူမျိုးခြားများ၏ကူညီမှုရခြင်း၊ ကျန်းမာရေးအ
တွက်ကြောင့် ဆွေမျိုးသားချင်းရောက်လာတတ်သည်။ လူပင်ပမ်း၊ စိတ်ပင်ပမ်းခြင်းဖြစ်နေတတ်သည်။
လုပ်ငန်းတိုးတက်နေမည်။ တိုးတက်ရန်လည်း ဇွဲကောင်းစွားကြိုးစားနေတတ်သည်။ လုပ်ငန်း
တွင်အောင်မြင်သောသတင်းကောင်းကြားရမည်။
ကျန်းမာရေး။ ခန္ဓာကိုယ်ကိုက်ခဲနေမည်။
အချစ်ရေး။ စန်းပွင့်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပန်းသီးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၃ ၁ ၂ ၀ )
သောကြာသားသမီးများ၏ကံကြမ္မာ
မိမိအလုပ်တွင်နာမည်ကောင်းရနေမည်။ လုပ်ငန်းတိုးတက်နေမည်။ စိတ်အလိုမကျဖြစ်နေတတ်သည်။
မိမိရည်ရွယ်ထားသောကိစ္စများနှောင်းနေသောကြောင့် စိတ်ညစ်နေတတ်သည်။ ၀င်ငွေကောင်းသော်လည်း
ကုန်စရာများကုန်နေတတ်သည်။ မိမိသုံးနေသောလျှပ်စက်ပစ္စည်းပျက်သောကြောင့်ငွေကုန်ရတတ်သည်။
မမျှော်လင့်ဘဲလူမျိုးခြား၏ကူညီမှုရတတ်သည်။ ဆုံးဖြတ်ရခက်သောကိစ္စများပေါ်လာတတ်သည်။
သေချာစဉ်းစားဆုံးဖြတ်ပါ။
ကျန်းမာရေး။ အရေပြာတွင်ယားနာလေးများဖြစ်နေတတ်သည်။
အချစ်ရေး။ မမျှော်လင့်ဘဲဘ၀အတွက်လက်တွဲဖော်အဖြစ်တောင်းဆိုခြင်းခံရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား သရက်သီးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၁ ၁ ၄ ၆ )
စနေသားသမီးများ၏ကံကြမ္မာ
အလုပ်တွင်မပြီးပြတ်သောကိစ္စများဖြစ်နေတတ်သည်။ ပေးစရာများရစရာများနှင့်စာရင်းရှုတ်နေတတ်သည်။
နောက်ဆုံးတွင် အားလုံးအဆင်ပြေသွားပါလိမ့်မည်။ထိုအချိန်တွင်ဘ၀၏ကံအဆိုးဆုံးအချိန်ဖြစ်နေသည်။
လောကဓံ၏မတရားညှင်းပမ်းခြင်းကိုခံစားနေရတတ်သည်။ ဘာသာရေးများများလုပ်ပြီးနေသင့်သည်။
အလုပ်တွင်အကြပ်အတည်း၊ အခက်အခဲများနှင့်ရင်ဆိုင်နေရတတ်သည်။ အမှုအခင်းဖြစ်တတ်သည်။
မိမိဘက်ကမှန်ကန်ဖို့လိုအပ်သည်။
ကျန်းမာရေး။ စိတ်ထောင်ကိုယ်ကြေသလိုဖြစ်ပြီးစိတ်ဓါတ်ကျနေတတ်သည်။
အချစ်ရေး။ မိမိနားတွင် အားပေးဖေါ်ကောင်းရှိနေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နှင်းသီးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၁ ၆ ၂)
*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*
ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ (ဆရာကြီးမင်းသိင်္ခ၏တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီမှ ညနေ ၅း၀၀နာရီထိ
ဟောခန်း-နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်၊ ကလန်းမြို့
ကလန်းကားဂိတ်နှင့် Mydin Supermarket အနီး
ဖုန်း – +6016 6903 513, +6018 2250 510
E-mail:swezinwati@gmail.com

No comments:

Post a Comment