Tuesday, October 2, 2012

ဘင်္ဂလာနိုင်ငံတော်ဝင်ငွေ မြန်မာ့ပို့ကုန်မှ တာကာ ၅၆၈၁၃၃၄၉ ရရှိဆို


Written by သဇင်ဥ    Tuesday, 02 October 2012 15:53   PDFPrintE-mail
imagesမြန်မာ့တင်ပို့ကုန်မှ ဘင်္ဂလာနိုင်ငံတော်ဝင်ငွေ တာကာ (၅၆၈၁၃၃၄၉) ကော့စ်ဘဇားခရိုင် တာခ်နာဆိပ်ကမ်းမှ စက်တင်္ဘာလအတွင်း အကောက်အခွန် ရရှိခဲ့ကြောင်း ဆိပ်ကမ်းတာဝန်ရှိသူများက တနင်္လာနေ့က ထုတ်ဖေါ်ပြောဆိုလိုက်သည်။

မြန်မာ့တင်ပို့ကုန်မှ နိုင်ငံတော်ဝင်ငွေအဖြစ် အကောက်အခွန်ရရှိသော ယင်းငွေမှာ မြန်မာမှ ဘင်္ဂလာသို့ တင်ပို့သည့် စာရင်းဇယား (၁၄၀)အရ အသေအချာတွက်ချက် ရရှိခြင်းဖြစ်ကြောင်း ဆိုသည်။

တာခ်နာအခြေစိုက် အမျိုးသားနိုင်ငံတော်ဝင်ငွေအဖွဲ့ (NBR)က " ဘင်္ဂလာက မြန်မာသို့ တင်သွင်းခဲ့တာကာ စာရင်းဇယား (၇၀)အရ ဆံပင်၊ အယ်လိုမီနီယံ၊ ဘိလပ်မြေ၊ အ၀တ်အထည်နဲ့ တခြားပစ္စည်းတွေ စုစုပေါင်း တာကာ (၁၂၁၄၅၇၁၈)တန်ဖိုးရှိ ကုန်တွေ ပို့ခဲ့ပါတယ်။ မြန်မာက တင်ပို့ခဲ့တာက များသောအားဖြင့် သစ်၊ ငါး၊ ၀ါး၊ ဈေးယုံ၊ ကျွဲ၊ နွား၊ နနွင်းနဲ့ မူဆလာတွေ တင်ပို့ခဲ့ပါတယ်။ " ဟု ယမန်နေ့က ဒေသခံသတင်းထောက်များသို့ ထုတ်ဖေါ်ပြောဆိုလိုက်သည်။

တာခ်နာဆိပ်ကမ်းမှ ဆိပ်ကမ်းစီးပွားရေးရာ ခေါင်းဆောင် အာဘ်ဒူလ် မိုဟိုက်မေန် က " သွင်းကုန်-ပို့ကုန် နယ်စပ်စီးပွားရေး ပိတ်နေခဲ့၍ ကျွန်တော်တို့အတွက် ကုန်ဈေးနှုန်းတွေ တက်ခဲ့တာပါ။ နယ်စပ်အကြား မူးယစ်ဆေးဝါးတွေ အပြန်အလှန်တင်မှုကြောင့်လည်း နယ်စပ် စီပွားရေးကို ထိခိုက်နစ်နာပါတယ်။ အဲဒါတွေကြောင့် မြန်မာက ကုန်ပို့ဆောင်လာသူတွေ နေ့စဉ်ကုဋေပေါင်းများစွာ ရှုံးဆုံးနစ်နာ နေရပါတယ်။ " ဟု ဒေသသတင်းထောက် တာဟေရာ အာဒါရ်အား ထုတ်ဖေါ်ပြောဆိုလိုက်သည်။

ရခိုင်ပြည်နယ်အတွင်း ဇွန် (၈)ရက်နေ့က စတင်၍ အကြမ်းဖက်သမားများက သောင်းကျန်းမီးရှိုးမှုများ ပြုလုပ်ခဲ့၍ အိမ်ခြေပေါင်း (၃၀၀၀) နီးပါ၊ ကျေးရွာပေါင်း (၄၀) နီးပါး၊ သေဆုံးသွားသူပေါင်း (၁၀၀)ခန့်၊ ဘုန်းတော်ကြီးကျောင်းပေါင်း (၁၆)ကျောင်း၊ ဗလီ (၇)ဆောင်နှင့် ဒုက္ခသည်ပေါင်း (၉၀၀၀၀) ကျော်တို့ ရှိခဲ့ပြီး မြန်မာ-ဘင်္ဂလာ နယ်စပ်စီးပွားရေးကို သြဂုတ်လ တတိယအပတ်က စတင်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။

ဆိပ်ကမ်းတွင် သစ်စီးပွားရေးလုပ်ငန်းရှင် မိုဟာမတ် ဟာဆေမ် က "ကျွန်တော်တို့က မြန်မာ့သစ်တွေအပေါ်မှာ စိုးရိမ်ဖို့ တစ်စုံတစ်ရာ မရှိပါဘူး၊ လတ်တလောတော့ ဈေးတက်နိုင်တာပေါ့၊ ပိတ်နေခဲ့တဲ့ နယ်စပ်ပို့ကုန်-သွင်းကုန်အတွက် အစိုးရနဲ့ စီးပွားရေးသမားတွေက အခုလိုပွင့်လင်းလာအောင် ကြိုးပမ်းဆောင်ရွက်ခဲ့တာပါ။ "ဟု ဆိုသည်။

တာခ်နာအခြေစိုက် BGB အမှတ် (၄၂)မှ မြန်မာက မှောင်ခိုတင်ပို့လာသော ဘီယာ (၂၄၀)ကာတွန်းနှင့် ဒရိုင်းဇီး အရက် (၃၆)ပုလင်းအား တာခ်နာမြို့နယ် နာဇီရွာမှ တနင်္လာနေ့က ဖမ်းဆီးရမိကြောင်း သိရှိရသည်။

ဘင်္ဂလာတွင် အကြမ်းဖက်သမားများက နှစ်ပေါင်း (၃၀၀) ခန့်ကြာတည်ရှိနေသော ဗုဒ္ဓဘာသာ ရှေ့ဟောင်းအဆောက်အအုံ သမုတ်သိမ် အပါအ၀င် (၂၅) ဆောင်ကျော်ကျောင်း၊ ဆင်းတုတော်အများအပြား၊ နေအိမ်ပေါင်း (၁၀၀)ခန့်နှင့် ဒေသခံနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ တချို့အား ယမန်နေ့မစောပိုင်း (၁၂)နာရီကျော်မှ စတင်ကာမီးရှိုးသောင်းကျန်းတိုက်ခိုက်မှုကြောင့် သေကြေဒဏ်ရာ ရရှိနေမှုများမှာ ရခိုင်ပြည်အတွင်း အကြမ်းဖက် တိုက်ခိုက်ခံရသကဲ့သို့ ရင်ဆိုင်ကြုံတွေ့နေရသောကြောင်း နယ်စပ်စီးပွားရေးမှာ ထပ်မံရပ်ဆိုင်း သွားနိုင်ကြောင်း နှစ်နိုင်ငံအကြား ခရီးသွားစီးပွားရေး သမားများက ပြောသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အစိုးရက ကော့စ်ဘဇားခရိုင် ပန်းဝါမြို့နယ်၊ အိုခီးယားမြို့နယ်၊ ၀ါးခွတ်ချောင်းမြို့နယ်နှင့် တာခ်နာမြို့နယ်တို့တွင် ပုဒ်မ (၁၄၄)ညမထွက်ရ၊ လူမစုရအမိန့်ကို ယမန်နေ့က စတင်ထုတ်ပြန်ထားသည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/2012-09-18-05-44-19/503-2012-10-02-08-56-46

No comments:

Post a Comment