|
ရခိုင်ကျောင်းသားမဂ္ဂမှ အောက်တိုဘာလ (၁၄)ရက်နေ့တွင် ပြုလုပ်ခဲ့သော လူထုတွေ့ဆုံပွဲတွင် အစိုးရထံသို့ တင်ပြတောင်းဆိုခဲ့သော အချက်(၅)ချက်အား အကောင်အထည်မဖော်ပေးသည့်အတွက် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း သိရှိရသည်။
ယခုဆန္ဒဖော်ထုတ်ပွဲကို လောကနန္ဒာစေတီတော်တွင် လူစုပြီး တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများပူးပေါင်းဝင်ကာ ဆရာတော်ဦးဥတ္တမပန်းခြံသို့ ချီတက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
"အခုကျနော်တို့ လူစုနေပါတယ်၊ ကျောင်းသား၊ ကျောင်းသူ(၅၀၀)ကနေ (၁၀၀၀)ကြားမှာရောက်ဖို့ ရှိပါတယ်။ ကျနော်တို့တောင်းဆိုထားတဲ့ အချက်ငါးချက်ကို သမ္မတ ဦးသိန်စိန် အစိုးရအနေနဲ့ အကောင်အထည်မဖော်သေးသရွေ့ ကျနော်တို့အဆင့်ဆင့် ဆန္ဒပြတောင်းဆိုသွားပါမယ်"ဟု စစ်တွေ တက္ကသိုလ်ကျောင်းသားတစ်ဦးမှ ပြောသည်။
ရခိုင်ကျောင်းသားသမဂ္ဂမှ တောင်းဆိုထားသော အချက်(၅)ချက်မှာ-
၁) ရခိုင်ပြည်နယ်၊ တက္ကသိုလ်အသီး
၂) ယခုဖွင့်လှစ်ရန် စီစဉ်လျှက်ရှိသော တောင်ကုတ်မြို့နယ်၊ ဒေသကောလိ
၃) တက္ကသိုလ်ကျောင်းသား/
၎) တက္ကသိုလ်ကျောင်းအနီးတွင် လုံ
၅) တရားမ၀င် ၀င်ရောက်နယ်မြေလုလာ
Arakantimes
No comments:
Post a Comment