Saturday, October 27, 2012

ဘာသာကွယ်၊ လူမျိုးပျောက်မည့် အန္တရာယ်အား ကာကွယ်နိုင်ရန် ရဟန်းတော်များကွန်ယက်ဖွဲ့စည်း

Written by ဒေါင်းမြရင်    Sunday, 28 October 2012 00:31   PDFPrintE-mail
Monk Meeting ThanTwe1ရခိုင်ပြည်နယ်တွင် ကျရောက်နေသည့် ဘာသာကွယ်၊ လူမျိုးပျောက် နယ်မြေတစ်လျှောက်အား သိမ်းပိုက်ရန် ကြံရွယ်၍ စံမံကိန်းဖြင့်ဖန်တီးနေသော အန္တရာယ်ကြီးတစ်ရပ်အား ကာကွယ်နိုင်ရန် သံတွဲမြို့နယ်၏ညီညွတ်သော ရဟန်းတော်များကွန်ယက်ကို ရခိုင်ပြည်နယ်၊ သံတွဲမြို့ သိမ်ကုန်းပရိယတ္တိ စာသင်တိုက်၌ အောက်တိုဘာ (၂၇) ရက်နေ့က ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ အန္တရာယ်အား ရခိုင်ပြည်အတွင်း မှီတင်းနေထိုင်သော ရဟန်းရှင်လူအားလုံးမှ ကိုယ်စွမ်းညဏ်စွမ်းဖြင့် နိုင်ရာတာဝန်ကို မထမ်းဆောင်၊ မကာကွယ်ကြလျှင် လူမျိုးဘာသာကိုယ်းကွယ်ရာဖြစ်သော မြတ်ဗုဒ္ဓ သာသနာသည် နယ်မြေနှင့်အတူ မိစ္ဆာလူမျိုးတို့၏ ရက်စက်စွာဝါးမျိုခြင်းသို့ ကျရောက်သွားမည်ဟု ယူဆကာ ကွန်ယက်ကို ဖွဲ့စည်းခဲ့ကြသည်။
သံဃာတော်များနှင့် နောက်လိုက်ဒကာများ၊ အစည်းအဝေးသို့ တက်ရောက်လာသော လူထုပရိသတ်များအား အစည်းအဝေးခေါ်ယူရခြင်းမှာ အကြမ်းဖက်ရန် အားပေးအားမြောက်ပြုသော အစည်းအဝေးမဟုတ်ကြောင်း သံတွဲမြို့နယ်၏ ညီညွတ်သောရဟန်းတော်များကွန်ယက်အားဖွဲ့စည်းရန် ခေါ်ယူခြင်းသာဖြစ်သည်ဟု ရခိုင် သမိုင်း သုတေသီ၊ စာရေးဆရာ အရှင်ကောသလ္လ(ဂဝေသီ) က အစည်းအဝေးတွင် မိန့်ကြားခဲ့သည်။
မတူညီသောခံယူချက် ၀ါဒလမ်းစဉ်တို့ကို တစ်စုတစ်စည်းတည်းပေါင်းစည်းကာ အမျိုးသားရေးတာဝန် တစ်ရပ်အား စုပေါင်း၍ ကျေပွန်စွာ ဆောင်ရွက်နိုင်ရန်အတွက် သံတွဲမြို့နယ်၏ ညီညွတ်သော ရဟန်းတော်များ ကွန်ယက်ကို ဖွဲ့စည်းရန် သံတွဲမြို့နယ်လုံးဆိုင်ရာ သံဃာ့ အစည်းအဝေးကို အဆိုပါနေ့၌ ကျင်းပခဲ့သည်။
ကွန်ယက်ဖွဲ့စည်းရခြင်းနှင့်ပတ်သက်၍ ပုလဲရတနာ ပရိယတ္တိစာသင်တိုက် ဆရာတော် အရှင် ဣန္ဒာစာရက "လက်ရှိဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်အရေးပြဿနာတွေကို လိုအပ်သလို မြို့နယ်အလိုက်ဝိုင်းဝန်း ကူညီဆောင်ရွက်ရန်ဖြစ်တယ်၊ လက်ရှိဖြစ်ပေါ်နေတဲ့ပြဿနာမှာ တစ်ချို့ ဒကာ၊ ဒကာမတွေက တချို့ထက်ဝက် သိသလို၊ တစ်ချို့က လုံးဝ မသိသလို၊ တစ်ချို့ သိပြီးတော့ ဘယ်လို ဆောင်ရွက်ရမှန်း၊ ဘယ်လို ပူးပေါင်းရမှန်း မသိဖြစ်နေကြတော့ ဒီဒကာ၊ ဒကာမတွေအားလုံးဟာ အမျိုးသားရေစိတ်ဓါတ် ပေါ်လွှင်စွာနဲ့ လူမျိုး၊ ဘာသာ သာသနာကို ဘုန်ကြီးတွေနဲ့လက်တွဲပြီး ဆောင်ရွက်သွားနိုင်အောင် ကြိုးပန်းသွားမယ်" ဟု ဆရာတော်က မိန့်ကြားသည်။
Monk Meeting ThanTwe2
ကွန်ယက်၏သက်တမ်းမှာ လိုအပ်မှုရှိသ၍ ဖွဲ့စည်းသွားမည်ဖြစ်ပြီး လိုအပ်မှုမရှိက ကွန်ယက်၏သက်တမ်း ကုန်ဆုံးမည်ဖြစ်ကြောင်း သိရသည်။
သံတွဲမြို့နယ်၏ ညီညွတ်သော ရဟန်းတော်များကွန်ယက်၏ ဥက္ကဌမှာ ဂျိတ္တောကျေးရွာ ပုလဲရတနာ ပရိယတ္တိစာသင်တိုက်မှ ဆရတော် ဣန္ဓာစာရဖြစ်ပြီး ဒု- ဥက္ကဌနှစ်ပါးမှာ အောင်မြေသာစည် ပရိယတ္တိ စာသင်တိုက်မှ ဆရာတော် အရှင်ကုသလ္လနှင့် သိမ်ကုန်းကျောင်း ပရိယတ္တိစာသင်တိုက်မှ ဆရာတော် အရှင်တေဇိန္ဒ၊ အတွင်းရေးမှူးမှာ မဟာအောင်မြေကျောင်းမှ ဆရာတော် အရှင်ကောသလ၊ တွဲဘက် အတွင်းရေးမှူးမှာ သုခ၀တီ ပရိယတ္တိ စာသင်တိုက်မှ ဆရာတော် အရှင်စန္ဒမာနှင့် နံတော်ကျောင်းမှ ဆရာတော် အရှင် က၀ိန္ဒ၊ ဘဏ္ဍာရေးမှူးမှာ မဟာဗောဓိစာသင်တိုက်မှ အရှင်ကလျာဏ၊ တွဲဘက်ဘဏ္ဍာရေးမှူးမှာ မူလမင်းကွန်း(နန်းချောင်း)မှဆရာတော် အရှင်ဥာဏနှင့် မြို့မဝေဠုဝန်ကျောင်းတိုက်မှ ဆရာတော် အရှင်ကုဝေရ၊ စာရင်းစစ်မှာ ကျောက်ကြီးကျောင်းကြီးမှ ဆရာတော် ဇာဂရ၊ တွဲဘက်စာရင်းစစ်မှာ ခမောင်းတုန်း ကျောင်းမှ ဆရာတော် အရှင်ဥာဏိကနှင့် အံ့တော်တောင်ပေါ်ကျောင်းမှ ဆရာတော် အရှင် တေဇောဘာသ တို့ဖြစ်ကြောင်း သိရသည်။
အစည်းအ၀းသို့ သံဃာတော်(၅၄)ပါးနှင့် လူပုဂ္ဂိုလ်(၂၀၀)ခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားကို နံနက်(၈) နာရီခွဲတွင်စတင်ပြီး နေ့လည်(၁)နာရီတွင် ကွန်ယက်အား စတင်ဖွဲ့စည်းကာ သဘာပတိ ဆရာတော် သုံးပါး၊ ဥက္ကဌ ဆရာတော် သုံးပါး၊ အကျိုးတော်ဆောင် ဆရာတော် သုံးပါး၊ ဘဏ္ဍာရေးမှူး သုံးပါး၊ စာရင်းစစ် သုံးပါး၊ နယ်မြေခံဆရာတော်များအား ရွေးချယ်တင်မြှောက်ကာ သံတွဲမြို့နယ်၏ ညီညွတ်သောရဟန်းတော်များ ကွန်ယက်အား အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ပြီး အခမ်းအနားကို ညနေ(၄) နာရီတွင် ရုပ်သိမ်းခဲ့သည်။
Arakantimes

No comments:

Post a Comment