Friday, October 12, 2012

မောင်တောမြို့တဖက်ကမ်း အခြေစိုက် BGB တပ်ရင်းက မူးယစ်ဆေးဝါး တာကာ ၃၅ သိန်းဖျက်ဆီး

Written by သဇင်ဥ    Friday, 12 October 2012 18:45   PDFPrintE-mail
မောင်တောမြို့နှင့် မျက်နှာချင်းဆိုင် တည်ရှိသော ဘင်္ဂလာ BGB တပ်ဖွဲ့တစ်ခုက မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံနယ်စပ်အကြားမှ ဖမ်းဆီး ရမိသည့် မူးယစ်ဆေးဝါးများတချို့ တာကာ ၃၅ သိန်းတန်ဖိုးအား ကြာသပတေးနေ့က ဖျက်ဆီးလိုက်ကြောင်း သတင်းရရှိသည်။

ဘင်္ဂလာ တာခ်နာမြို့နယ် အခြေစိုက် အမှတ် ၄၂ တပ်ရင်းမှ နေ့လည် ၁ နာရီက စတင်ဖျက်ဆီးခြင်းဖြစ်ပြီး စစ်တကောင်းမြို့မှ BGB အကြီးအကဲနှင့် တခြားမူးယစ်ဆေးဝါး ရှာဖွေဖေါ်ထုတ်ရေးအဖွဲ့တို့မှ အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ယင်းဖျက်ဆီးခံ မူးယစ်ဆေးဝါးများမှာ အဆိုပါ တပ်ရင်းက ဇွန်လနှင့် စက်တင်္ဘာလတို့တွင် စုစုပေါင်း ဖမ်းဆီးရမိခဲ့သော ကာလ ပေါက်ဈေးမှာ တာကာ ၃၅၀၂၃၅၀ တန်ဖိုးရှိ မူးယစ်များအား တရားဝင် ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာက ထုတ်ပြန်ချက်အရ သိရှိရသည်။

သက်ဆိုင်ရာက ယင်းဖျက်ဆီးခံ မူးယစ်ဆေးဝါး အသေးစိပ်ကို မြန်မာလုပ် ရာဘားဆေး ၇၄၇၉ လုံး၊ ၉ ဂရမ် ဂင်ဇာ၊ ၁၄၄၃ ကာတွန့် Golden Beer၊ ၂၄ ကာတွန့် ဒါယာဘီလ် ဘီယာ၊ မန္တလေး ဘီယာ ၁၀ ပုလင်း ၊ ၁၄၄ ကာတွန့် ဆေညင် ဘီယာ၊ ၄၈ ပုလင်း Golden Royal ကြံ့ဘီယာ၊ ၈၅ ပုလင်း မန္တလေး ရမ်၊ ၂၀ ပုလင်း ကြံ့ မာစ္စတာအရက်၊ ၂၃၁ ပုလင်း ဒရိုင်းဇိမ်၊ ၃၇ ပုလင်း နိုင်ငံခြားအရက်၊ ၃၉၇ လီတာ ဘင်္ဂလာ ထုတ်အရက်နှင့် တခြား မှောင်ခိုပစ္စည်းတချို့ ပါဝင်ကြောင်း ယမန်နေ့က ထုတ်ဖေါ်ပြောဆိုသည်။

အဆိုပါ မူးယစ်ဆေးဝါး ဖျက်ဆီးသော အခမ်းအနားသို့ စစ်တကောင်းမြို့ အခြေစိုက် ဗဟိုBGBမှ အကြီးအကဲ မိုဟာမ္မတ် ဇိလ် လူလ်ဟောက် PSC၊ အမှတ် ၄၂ တပ်ရင်းမှူး ဇာဒိဒ် ဟာဆန်နှင့် တခြားနယ်စပ်မူးယစ်ဆေးဝါး ရှာဖွေဖေါ်ထုတ်ရေးအဖွဲ့တို့မှ အကြီးအကဲများ တက်ရောက်ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက အတည်ပြုပြောသည်။
 
ဘင်္ဂလာတွင် ကော့စ်ဘဇားခရိုင်အတွင်းရှိ BGBတပ်ရင်းများအတွင်း ယင်းကဲ့သို့ မူးယစ်ဆေးဝါးများ လွန်ခဲ့သောနှစ်များက ဖမ်းဆီး ရရှိထားမှု လက်ကျန်များ ကျန်ရှိနေသေးကြောင်း သက်ဆိုင်ရာ တပ်ဖွဲ့များက ထုတ်ဖေါ်ပြောဆိုမှုများ ရှိခဲ့သည်။

No comments:

Post a Comment