Thursday, April 5, 2012

မိမိတို့ ရခိုင်တော်လှန်ရေးအဖွဲ့ ဆိုတာနဲ့ တပြည်လုံး အုံကြွကြိုဆို


Written by သဇင်ဥ    Thursday, 05 April 2012 04:44   PDFPrintE-mail
539258 405872246109447 100000600267801 1390934 651295139 nALP ငြိမ်းချမ်းရေးအဖွဲ့အား ရခိုင်ပြည်သူများ အမျိုးသားရေးရှု့ဒေါင့်အမြင်များဖြင့် တပြည်လုံး အုံကြွသလိုမျိုး လှိုက်လှိုက်လှဲလှဲ ဧပြီလ (၂-၃)ရက်နေ့များက ကြိုဆိုခဲ့ကြကြောင်း ကြိုဆိုခဲ့သည့် ကျောင်းသားတဦးကပြောသည်။

ရခိုင်ပြည်သူများ၏ ALP အပေါ် ကြိုဆိုခဲ့ကြပုံနှင့် ဆက်လက်စောင့်ဆိုင်းနေကြသည့် အခြေအနေကို ယခုကဲ့သို့ ရှင်းပြသည်။

"ALP ဒီကိုငြိမ်းချမ်းရေး ဆွေးနွေးဖို့လာမယ်ဆိုတာကိုသိတာနဲ့ လူထုအတွင်း စိတ်လှုပ်ရှားမှုတွေနဲ့ ဘယ်လိုကြိုဆိုမလဲ၊ ဘယ်လိုအားပေးမလဲ၊ နီးစပ်တဲ့လူတွေစုဖွဲ့ပြီး ပြင်ဆင်မှုတွေ လုပ်ခဲ့ကြပါတယ်၊ ALPရဲ့ တောင်းဆိုမှုတွေ ပြည့်ဝပါစေ၊ ပြည်သူတွေကို ကယ်တင်နိုင်ကြပါစေပေါ့၊ ကြိုဆိုမဲ့နေ့တွေကဆို အလုပ်တွေရှိရင်လည်း အကုန်လုံး ဖျက်လိုက်ကြတယ်၊ တခြားနေရာတွေကလည်း စစ်တွေမြို့ကို တက်လာပြီး ကြိုဆိုခဲ့ကြပါသေးတယ်၊ အမျိုးသားရေးရှု့ဒေါင့်က အရေးကြီးတယ်ပေါ့ဗျာ၊ ခုဆို အစိုးရနဲ့ ဆွေးနွေးနေကြတာ ဘယ်လိုများ အဖြေထွက်လာမလဲ စောင့်မျှော်နေကြပါတယ်။"ဟု အမည်မဖေါ်လိုသူကျောင်းသားတဦးက ပြောသည်။

ရခိုင်ပြည်သူလူထု အနေဖြင့် ယခုအခါ မျိုးချစ်စိတ်ဓါတ် ပွင့်လန်းရာသီသို့ ရောက်ရှိလာနေပြီဖြစ်ကြောင်းလည်း ၄င်းက ၀မ်းသာအားရပြောကြားသည်။

"အရင်တုန်းက ပြောက်ကျားဆို ကျားထက်ကြောက်ရမလို၊ ကလေးတွေကိုချော့သိပ်တာတောင် ပြောက်ကျားဆို အငိုတိတ်သွားတဲ့ ပုံစံတွေအထိပါ၊ နယ်ချဲ့သမားတွေနဲ့ စစ်အုပ်စုက မိုင်းသွင်းပေးထားတဲ့ စိတ်ဓါတ်တွေလေ၊ အခုက ရခိုင်ပြည်သူတွေကို သုံးသပ်ကြည့်ရတာ နိုင်ငံရေး၊ မျိုးချစ်စိတ်ဓါတ် ပွင့်လန်းရာသီသို့ တဖြည်းဖြည်း ရောက်ရှိလာနေပြီဖြစ်တယ်လို့ ALPကို ကြိုဆိုတဲ့နေ့က မြင်ရလိုက်ရပါတယ်၊ အဖြေကောင်း၊ အလုပ်ကောင်းတွေထွက်လာရင်တော့ ဒီ့ထက်ကို အားတက်စရာတွေဖြစ်ပေါ်လာမှာပါ"ဟု ဆက်လက် သုံးသပ်ပြောဆိုသည်။

ရခိုင်ပြည်သူ၊ ရဟန်းသံဃာတော်၊ ကျောင်းသားနှင့် အဖွဲ့အစည်းများအနေဖြင့် ALP ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် စစ်တွေမြို့သို့ ရောက်ရှိလာသည့်အဖွဲ့အား ဥက္ကဌကြီး ခိုင်မိုးလင်း သမိုင်းဝင်ဓါတ်ပုံ၊ ALP အောင်လံတော်၊ RNDP အောင်လံတော်နှင့် ရခိုင်ပြည်ကြီး လွတ်မြောက်ပါစီ ဆိုင်းဘုတ် စသည်များကို ကား၊ မော်တော်ဆိုင်ကယ်များအပေါ်မှ စင်ပြိုင်ကိုယ်စီလွှင်ထူလျှက် ငါရို့ပြည်ကို ငါရို့အုပ်ချုပ်မယ် တေးသံတညံညံဖြင့် ကြိုဆိုခဲ့ကြကြောင်းလည်း သိရှိသည်။

ပြည်တွင်း၊ ပြည်ပ ရခိုင်ပြည်သူများနှင့် မဟာမိတ်အဖွဲ့များ အနေဖြင့် ALPနှင့် စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးဟူသည့်အဖွဲ့နှင့် ဧပြီလ ၄ရက် မှစတင်ပြီး ယနေ့ ၅ရက် ညနေ့အထိ)ရက်တို့တွင် စစ်တွေမြို့တွင် ငြိမ်းချမ်းရေး ဆွေးနွေးနေကြပြီး ထွက်ပေါ်လာမည့် အဖြေအခြေအနေရပ်များကို စောင့်မျှော်နေကြကြောင်း သိရှိရသည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/99-2012-04-05-04-56-02

No comments:

Post a Comment