Thursday, April 5, 2012

သားကြီးဘားသို့ အိတ်ဖွင့်ပီးစာ (၂၄)



သားကြီးဘားသို့ အိတ်ဖွင့်ပီးစာ (၂၄)

သားကြီး ကောင်းကျော်ခိုင် နီကောင်းယင့်မနား သား၊ သားကြီးကျန်းမာပါစီလို့ ဘာဘာ ဆုတောင်းမေတ္တာ ပို့သနီရေသား။ ဒေတစ်ခေါက် ရွီးလိုက်တေစာရေ ဘာဘာ ရှာဖွေဖတ်ထားသမျှထဲက ရခိုင်ပြည်နယ် မြေအောက်သယံဇာတ သဘာဝဓါတ်ငွေ့အကြောင်းရာ။

ဒေအကြောင်းအရာတိကို မပြောခင် လူ့သမိုင်းမှာ လူသားလုပ်အားကို အစားထိုးလိုက်တေ စက်မှုတော်လှန်ရေးရေ (၁၇၅၀) ခုနှစ်မှာ စခစွာမနား။ ယင်းခါကပင် လူသားဖွံ့ဖြိုးမှုနန့် လူဦးရေတိုးပွားမှုစွာ အားကောင်းလာရေလတ်။ စွမ်းအင်အမျိုးမျိုးဟိရေအထဲက လျှပ်စစ်စွမ်းအင် အကြောင်းကို ဦးတည်ပြောမေနှမ်း။ စက်တိကို ရီနွေးငွေ့နန့်  တာဘိုင်တိကို လည်ပတ်ပနာစွမ်းအင် (လျှပ်စစ်)ကို ရစီရေ။ ယင်းလျှပ်စစ်ဓါတ်အားနန့် လူသားရို့လိုအပ်ချက် အများစုကို လုပ်ဆောင်ပီးနိုင်ရေ။ ဒေကနိ့ အိုင်တီကမ္ဘာကြီးကို “အီလက် ထရောနှစ်ယဉ်ကျေးမှု” ထွန်းကားရေ ကမ္ဘာကြီးလို့တောင် ဆိုနီကတ်ဗျာလ်မနား။

လူတိရေ လျှပ်စစ်ထုတ်လုပ်မှုကို စရိတ်သက်သာအောင် ရှာဖွေရင်းနန့် မူလပထမကအသုံးပြုရေ ထင်းနီရာမှာ တောက်လောင်အား ပိုကောင်းရေ ကျောက်မီးသွေးကို အစားထိုးအသုံးပြုလာကတ်တေလတ်။ ပြီးကေ ရေနံ(ဒီဇယ်ဓါတ်ဆီ)၊ သဘာဝဓါတ်ငွေ့ပြီးမှ ရီအားလျှပ်စစ်နန့် အဏုမြူစွမ်းအင်ရို့ကို တဖြည်းဖြည်း ထုတ်လုပ်လာကတ်စွာရာလတ်သား။ ကမ္ဘာ့စွမ်းအင်လိုအပ်ချက် (၄၂%)ကို ကျောက်မီးသွေးနန့်ထုတ်လုပ်ပြီးကေ (၂၀%)ကို အဏုမြူ စွမ်းအင်နန့် လည်ပတ်နီရေလို့ ဆိုရေ။ ကမ္ဘာမှာအဏုမြူစွမ်းအင်သုံး စက်ရုံပေါင်း (၄၇၀)ဟိရေလို့ (၂၀၀၁) ခုနှစ် စစ်တမ်းအရဆိုရေ။

အမေရိကန်မှာ (၁၀၄)ရုံ၊ ပြင်သစ်မှာ (၅၉)ရုံ၊ ဂျပန်မှာ (၅၂)ရုံ၊ ဗြိတိန်မှာ (၃၅)ရုံ၊ ရုရှားမှာ (၂၉)ရုံနန့် ဂျာမဏီနိုင်ငံမှာ (၁၉)ရုံရို့ ဟိရေလတ်။ ကမ္ဘာမှာ အဏုမြူစက်ရုံသုံး နိုင်ငံပေါင်း(၁၈)နိုင်ငံ ဟိနီဗျာလ်လို့ ဆိုရေ သား။ ယင်းအထဲမှာ ဘင်္ဂလာဒေ့ခ်ျနိုင်ငံလေ့ ပါရေလတ်။ အဏုမြူစွမ်းအင်နန့် ထုတ်လုပ်တေ လုပ်ငန်းရေ အန္တရာယ်များကေလေ့ စရိတ်စကနည်းရေအတွက် အသုံးများရေ။

ကျောက်မီးသွီးသုံးစက်ရုံတိက ပိုလန်၊ တောင်အာဖရိက၊ တရုတ်၊ သြစတြေလျနိုင်ငံရို့မှာ ပိုများရေလတ်။ ဒီဇယ်စွမ်းအင်သုံး စက်ရုံတိက အမေရိကန်၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ ရုရှ၊ ဂျမဏီ၊ ကနေဒါနိုင်ငံရို့မှာများရေ။ သဘာဝဓါတ်ငွေ့သုံးစက်ရုံများရေ နိုင်ငံတိက အမေရိကန်၊ အီရန်၊ ဂျာမန်၊ ကနေဒါ၊ ဗြိတိန်၊ ဂျပန်နိုင်ငံရို့လတ်။ ရီအားလျှပ်စစ်ကို အသုံးများရေနိုင်ငံတိက အမေရိကန်၊ ဘရာဇီးလို့ နိုင်ငံတကာစာရင်းတိမှာ ဖေါ်ပြထားရေသား။ ကမ္ဘာမှာ သဘာဝဓါတ်ငွေ့အများဆုံး ထုတ်လုပ်တေ နိုင်ငံတိကို ကြီးစိုင်ငယ်လိုက် တန်းစီကြည့်ကေ ရုရှား၊ အမေရိကန်၊ ကနေဒါ၊ အီရန်၊ အယ်ဂျီးနီးယား၊ ဗြိတိန်၊ နော်ဝေး၊ နယ်သာလန်နန့် အင်ဒိုနီရှားလို့ တွိရဖို့ သား။

ကျောက်မီးသွီး၊ ရေနံ၊ သဘာဝဓါတ်ငွေ့ရို့ရေ အကန့်အသတ်ဟိရေ မြေအောက်သံယံဇာတ ရုပ်ကြွင်းလောင်စာပစ္စည်းဖြစ်တေ။ ဒေလောင်စာတိ ခရစ်နှစ် (၂၀၅၀) လောက်မှာ ကုန်လားနိုင်ရေလို့ ဆိုရေ။

ရုပ်ကြွင်းလောင်စာဖြစ်လာမှုနန့် သုံးစွဲမှုရေ အဆပေါင်းတစ်သိန်းထက်မက ပိုနီဗျာလ်လို့ ဘူမိဗေဒပညာရှင်တိက စိုးရိမ်တကြီး ပြောနီကတ်တေ သား။ ရီအားစွမ်းအင်ကထုတ်တေ လျှပ်စစ်ထုတ်လုပ်မှုလုပ်ငန်းကို ကမ္ဘာ့ပတ်ဝန်းကျင်ပြုပြင်ရေး သမားတိက အပြင်း အထန် ကန့်ကွက်ကတ်တေ။ ဇာအတွက်လေ့ဆိုကေ ရီအားက လျှပ်စစ်ထုတ်တေ မြစ်ချောင်းအင်းအိုင်တိ တိမ်ကောပနာ သဘာဝ ပတ်ဝန်းကျင်၊ သစ်တောနန့်မြေတိကို ပျက်စီးလားရေလို့ဆိုရေ။ ယင်းကြောင့်လေ့ “ပြန်ပြည့်မြဲစွမ်းအင်” (နီ၊ လီ)တိကို သုံးပီးကတ်ဖို့ နှိုးဆော်ထားရေ သား။ အဂုလက်ရှိ ကမ္ဘာ့လူဦးရေ သန်း(၇၀၀၀)ကနီ နောင်နှစ်(၁၀၀)မှာ လူဦးရေ(၂)ဆ တိုးပနာ သန်း(၁၄၀၀၀) ဖြစ်လာဖို့လတ်။ အဂုကပင် ပြန်ဖြည့်မြဲစွမ်းအင်ကိုမသုံးခကေ ယင်းခါစွမ်းအင်လိုအပ်ချက်တိ ကြီးလာဗျာလ် “စွမ်းအင်လု စစ်ပွဲကြီး”တိ ဖြစ်နိုင်ရေလို့ ပညာရှင်တိက ဆိုနီကတ်တေသား။ ပြန်ပြည့်မြဲစွမ်းအင်ထုတ်လုပ်မှုကို ပညာရှင်တိ ကြိုးစားအားထုတ်နီစွာ (၂၀၂၅)ခုနှစ်မှာ ကမ္ဘာလိုအပ်ချက် စွမ်းအင်(၂၅%)ကို ဖြည့်ပီးနိုင်ဖို့ဗျာလ်လို့ ယူဆကတ်တေသား။ လီအားလျှပ်စစ် ထုတ်လုပ်မှုရေ ဂျာမဏီနိုင်ငံ လျှပ်စစ်လိုအပ်ချက်(၁၂%)ကို အဂုဖြည့်ဆည်းပီးနီဗျာလ်လတ်။ ကမ္ဘာမြီပြင်ကို ကျရောက်တေ နီရောင်ခြည် “တမိနစ် စွမ်းအင်” ပမာဏစွာ လူတယောက်အတွက် တနှစ်တာလိုအပ်တေ စွမ်းအင်ပမာဏနန့် တူရေလို့ဆိုရေကာ။ နီရောင်ခြည်အားကိုနန့် ကမ္ဘာ့လိုအပ်ချက်စွမ်းအင်ကို ဖြည့်ဆည်းပီးနိုင်ဖို့လို့ သိပ္ပံပညာရှင်တိက ဆိုနီကတ်ပြန်ဗျာလ်ထော။ ဒေလောက်ဆိုကေ ကမ္ဘာ့စွမ်းအင် လောင်စာသမိုင်း အကျဉ်းချုပ်ကို သား သိလောက်ဗျာလ်နှမ်း။

ရခိုင်သဘာဝဓါတ်ငွေ့ အကြောင်းကို မပြောခင် အရာတခုပြောခမှ ဖြစ်ဖို့ထင်ရေသား။ ရခိုင်ပြည်နယ်ရေ အိန္ဒိယနိုင်ငံနန့် တရုတ်နိုင်ငံရို့ အတွက် အရေးကြီးရေနီရာတခုဖြစ်နီရေလတ်သား။ ဇာအတွက်လဲဆိုကေ အိန္ဒိယနိုင်ငံအရှိဖက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးရေ ရီထွက်ပေါက်စွာ ရခိုင်ဒေသဖြစ်နီရေပိုင် တရုတ်ပြည် အနောက်ဖက်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရီထွက်ပေါက်လေ့ ရခိုင်ဒေသပင် ဖြစ်နီရေ။ နိုင်ငံကြီးနှစ်နိုင်ငံ မျက်စိအကျဆုံး မရမက အလိုချင်ဆုံးနီရာစွာ ရခိုင်ပင်လယ်ပြင်လို့ ဆိုရေသား။

ကမ္ဘာ့ကုန်သွယ်မှုထဲမှာ ရီကြောင်းသင်္ဘောနန့် ကုန်သွယ်စွာ စရိတ်စကအသက်သာဆုံး အနည်းဆုံးကုန်ပါအများဆုံးလတ်။ ဒေကောင်းကွက်တိကြောင့် ဖွံ့ဖြိုးတိုးတက်မှုအားကြီးနီရေ တရုတ်နန့် အိန္ဒိယရေ ရခိုင်ပြည်က ကုန်သွယ်စွာကလွဲလို့ တခြားနီရာကို ကုန်သွယ်ရေးကိစ္စမှာ သုံးရဖို့လို့ မမြင်လို့ဆိုရေ။ ယင်းကြောင့် ကျောက်ဖြူ-ကူမင်ကားလမ်း၊ ရထားလမ်း၊ စစ်တွေ-အိန္ဒိယ (မီဇိုရမ်ပြည်နယ်) ကုလားတန် ကားလမ်းရို့ကို မဖြစ်မနီအရေးတကြီး လိုအပ်နီရေလတ်သား။

အရာတခါ လူဦးရေသန်း (၁၅၀)ကျော်ဟိရေ ဘင်္ဂလာဒေ့ခ်ျနိုင်ငံအတွက်လေ့ တရုတ်ပြည်နန့် ကုန်သွယ်ဖို့အရေးကြီးနီရေလတ်။ ဘင်္ဂလာဒေ့ခ်ျနန့် တရုတ်ပြည်ရို့ရေ ကုန်သွယ်မှုလုပ်ငန်းကို မဖြစ်မနီလုပ်ဖို့ လုပ်အပ်တေလို့ဆိုရေ။ ဒေကားလမ်း၊ ရထားလမ်းနန့် ကုန်သွယ်မှု လုပ်ငန်းမှာလေ့ ရခိုင်ဒေသရေ မပါမဖြစ်တေ အရပ်ဒေသတစ်ခုဖြစ်တေလတ်သား။ ယင်းသုံးနိုင်ငံရို့အတွက် ရခိုင်ကို “ပထ၀ီပွားရေးမြေ” (Geo-economic Land) “ကုန်းမြေတံတားနိုင်ငံ” (Land Bridge Country)လို့ စီးပွားရေး ပညာရှင်တိက တင်စားခေါ်ဆိုနီကတ်ဗျာလ်ထော။

ကျောက်ဖြူ-တရုတ်ကားလမ်း၊ ရထားလမ်း အကြောင်းကိုပြောကေ ကျောက်ဖြူရေနက်ဆိပ်ကမ်း အကြောင်းကိုလည်း ပြောပြရဖို့ဟန်။ ကျောက်ဖြူရီနက်ဆိပ်ကမ်းဆိုစွာ ကျောက်ဖြူမြို့က အရှိဖက်ကို(၈)မိုင်လောက်ဝီးရေ မဒေးကျွန်း ရီနက်ဆိပ်ကမ်းကိုခေါ်စွာသား။ ဒေမဒေးကျွန်းစွာ အလျား(၃.၅)မိုင်၊ အနံ(၂.၅)မိုင်လောက်ရာ ဟိရေသား။ ဒေကျွန်းမှာ ဆောက်လုပ်တေ ဆိပ်ကမ်းရေ နောင်ခါအရှိ တောင်အာရှနန့် အာရှကြားမှာ အကြီးဆုံးရီနက်ဆိပ်ကမ်းဖြစ်လာဖို့လို့ဆိုရေ။ (၁၉၇၄) ခုနှစ်လောက်က ဘင်္ဂလာဒေ့ခ်ျနိုင်ငံကို မုန်တိုင်း အကြီးအကျယ် တိုက်တေခါ ကယ်ဆယ်ရေးလုပ်ငန်းအတွက် အမေရိကန်နိုင်ငံက ဆန်တန်ချိန် သိန်းပေါင်းများစွာ တင်လာရေ သင်္ဘောကြီး ဒေနီရာကိုအသုံးချဖူးရေလတ်သား။ သင်္ဘောဝင်ထွက်ဖို့ ရေပြင်အကျယ် (၃၅)မိုင်ဟိပြီးကေ ရီစူအနက် (၁၀၅)ပေကနီ (၁၆၈)ပေထိဟိရေအတွက် အမေရိကန်သင်္ဘောကြီးတိ ဟန်ကျစွာဗျာလ်လတ်။ ယင်းသင်္ဘောကြီးရေ အရှည်(၉၈၃)ပေ၊ အကျယ်(၉၈)ပေ၊ ရီဟူး(၄၂)ပေရာ ဟိခဖူးရေလတ်။ ကုန်တန်ချိန်း သိန်းချီသင်္ဘောကြီးတိ ၀င်ထွက်ဖို့အကောင်းဆုံး။ တောင်တန်ကြီးတိ ဟိလို့ ရာသီဥတုကို ကာကွယ်နိုင်ရေ။ သင်္ဘောကြီးတိအတွက် အလုံခြုံဆုံး၊ အကောင်းဆုံးဆိပ်ကမ်းလို့ အမေရိကန်သင်္ဘောကြီးက မှတ်ချက်ပီးခဖူးရေ။ ယင်းကြောင့်လေ့ ရေနံတန်ချိန် သုံးသိန်းကျော်တင်နိုင်ရေ တရုတ်သင်္ဘောတိအတွက် အကောင်းတက အကောင်းဆုံးနီရာဗျာလ်။ ဒေပိုင်ကောင်းရေ ဆိပ်ကမ်းကို အိန္ဒိယနန့် တရုတ်မျက်စိကျစွာဆန်းလာ။

တဟုန်ထိုး ဖွံ့ဖြိုးတိုးတက်လာရေ ဒေကနိ့တရုတ်ပြည်အတွက် ဒီဇယ်လောင်စာ လိုအပ်ချက်(၈၀%)ကို အာဖရိကနိုင်ငံတိနန့် အရှေ့ အလယ်ပိုင်းနိုင်ငံတိဘားက ၀ယ်ယူနီရရေလတ်။ တရုတ်ရေနံတင် သင်္ဘောတိရေ အိန္ဒိယသမုဒ္ဒရာကိုဖြတ်ပနာ တောင်တရုတ်ပင်လယ် ကတဆင့် တရုတ်ပြည်ကိုလားရစွာ ခရီးဝီးရေ။ မိုင်ရှည်ရေ။ ကျဉ်းမြောင်းရေ မလက္ကာရီလက်ကြားကို ကျော်ဖြတ်ရရေအတွက် အန္တရာယ် အခက်အခဲအမျိုးမျိုးတိ အများကြီး။ ယင်းသဘောကြီးတိ ကျောက်ဖြူရီနက်ဆိပ်ကမ်းက တရုတ်ပြည်ကိုတင်လိုက်ရကေ စရိတ်စကတိ သက်သာဖို့၊ အချိန်ကုန်သက်သာဖို့လို့ဆိုရေ စိတ်ကူးတိတရုတ်တိဘားမှာဟိစွာ ကြာဗျာလ်လတ်သား။ ယင်းကိစ္စကို ကြံစည်နီယင်းနန့် ရခိုင်ကမ်းရိုးတန်းဒေသမှာ သဘာဝဓါတ်ငွေ့နန့် ရေနံတွင်းသစ်တိတွိရေခါ တရုတ်ပြည်အတွက် ဟန်စီလေ၊ ဟန်စွလေဗျာလ်သား။

ဟုတ်ဗျာလ်။ ဒေတခါ ရခိုင်ရေနံသဘာဝ ဓါတ်ငွေ့အကြောင်းကို ပြောမေ။ ကမ္ဘာမှာလူ၊ သတ္တ၀ါ၊ သစ်တေ၊ သစ်ပင်၊ ၀ါးပင်၊ မြစ်ချောင်းအင်အိုင်၊ ပင်လယ်သမုဒ္ဒရာ ငါး၊ ပုဇွန်ရို့ကို မြေပေါ်သယံဇာတ ပစ္စည်းလို့ခေါ်စွာ သားသိပြီးသားရာမနား။ မြေအောက်ထဲက ထွက်တေ ရွှေ၊ ငွေ၊ သတ္တု၊ ရေနံ သဘာဝဓါတ်ငွေ့ ကျောက်မီးသွီး အစဟိရေပစ္စည်းတိကိုလေ့ မြေအောက်သယံဇာတပစ္စည်းလို့ ခေါ်ရေမနား။ ရခိုင်မြေအောက်သံယံဇာတပစ္စည်းတိကို အင်္ဂလိပ်ခေတ်ခါကပင် လက်ယက်တွင်းအဖြစ် ရေနံတိတူးခဖူးရေ၀ါးနှမ်း။ ၁၉၇၅ ခုနှစ်ကို ရောက်တေခါ ဘူမိဗေဒပညာရှင်တိရေ ရခိုင်မြေနန့် ရခိုင်ရာသီဥတုကို ကြည့်ပနာ ရခိုင်ဒေသမှာ ရေနံနန့် သဘာဝဓါတ်ငွေ့တိ အများကြီးဟိနိုင်ရေလို့ မှတ်ချက်ချဖူးရေသား။ ၂၀၀၀ ခုနှစ်လောက်မှာ သဘာဝဓါတ်ငွေ့နန့် ရေနံရို့ဟိနီဗျာလ်ဆိုပနာ သေသေချာချာ ရှာဖွေကတ်တေလတ်။ လုပ်ကွက် A (Arakan) 1, 2, 3, 4, 5, 6, 7 လို့ ဆိုပနာ(၇)ကွက်ဟိရေလတ်။ ကမ်းဝီး AD ဆိုပနာ AD 1, 2, 3, 4, 5, 6, 7, …….(၁၈)ကွက်၊ ကုန်းတွင်းစစတွေဒေသကို (L)၊ ကျောက်ဖြူကုန်းတွင်းပိုင်းကို (M)လို့ သင်္ကေတပီးပနာ ရှာဖွေရေး လုပ်ငန်းတိ လုပ်ကတ်တေလတ်သား။ ၂၀၀၃ ခုနှစ်မှာ A3အတွက်မှာ ရေနံနန့် သဘာဝဓါတ်ကို အယင်တွိ့ရေလတ်။ (၂၀၀၄) ခုနှစ်မှာ A1မှာ တွိ့ရေ။ ယင်း A1နန့် A3 လုပ်ကွက်ကို “ရွှေသဘာဝဓါတ်ငွေ့စီမံကိန်း”လို့ ခေါ်နီကတ်စွာသား။ ယင်းလုပ်ကွက်ထဲက တွင်းတခုကို ရွှေဖြူလို့ခေါ်ပနာ၊ နောက်တတွင်းကို မြလို့ခေါ်ကတ်ရေသား။ အရာတွင်းတိကို ဇာနာမည်ပီးကတ်ဖို့လေ့ မပြောတတ်။ နောက်လုပ်ကွက်တိကို ဇာစီမံကိန်းလို့ခေါ်ကတ်လဲဆိုစွာကို ဘာဘာ လေ့လာရဖို့သိမ့်။

လုပ်ကွက်တခု အကျယ်အ၀န်းအရ စတုရန်း ကီလိုမီတာ (၇၀)ဟိရေလတ်သား။ ဒေA3 လုပ်ကွက်ထဲက ဓါတ်ငွေ့ကို တရုတ်ပြည် ကူမင်မြို့အထိ တင်ပို့ဖို့လတ်။ ဒေဓါတ်ငွေ့ ပိုက်လိုင်းနန့်အပြိုင် တရုတ်ရေနံတင် သင်္ဘောကြီးတိက ရေနံကို တရုတ်ပြည်-ကူမင်ထိပို့ဖို့။ ရေနံပိုက်လိုင်းနန့် ဓါတ်ငွေ့ပိုက်လိုင်းနန့် အပြိုင်လို့ဆိုရေ။ အချင်း(၆)ပေနီးပါးကြီးရေ ပိုက်လိုင်းနန့် ကျောက်ဖြူက-ကူမင်ထိ (၁၇၄၄)မိုင် ကို တွန်းပို့ဖို့လတ်။ ရေနံပိုက်လိုင်းတင်ပို့မှု တနှစ်ကို ရေနံတန်ချိန် သန်းပေါင်း (၂၂)သန်း တင်ပို့နိုင်ဖို့လတ်။ ဓါတ်ငွေ့ပိုက်လိုင်းကလေ့ တနှစ်ကို ကုဗပေ(၁၂)သန်း တင်နိုင်ဖို့လို့ဆိုရေ။ ယင်းဓါတ်ငွေ့အားလုံးရေ A3 တခုထဲက ထွက်စွာလတ်။ ဒေ A3တွင်းတခုထဲက တရုတ်ပြည်အတွက် နှစ်(၃၀)တင်ပို့ဖို့လို့ အာမခံစာချုပ် ချုပ်ထားရေလတ်သား။ အံ့သြဖို့ကောင်းစွာက ဒေ A3 ဓါတ်ငွေ့တွင်း တခုထဲကိုတောင် အရှိတောင်အာရှမှာ အကြီးဆုံးဓါတ်ငွေ့တွင်းလို့ ဆိုနီကတ်ဗျာလ်ထော။ ယင်းပိုင်ဆိုကေ အရာလုပ်ကွက် တွင်းတိကထွက်စွာ သဘာဝဓါတ်ငွေ့တိ ရေနံတိဝါ ဇာလောက်ဟိဖို့လဲ။ တွေးကြည့်စရာဗျာလ်နှမ်း။ ရခိုင်လုပ်ကွက်အားလုံးမှာ လုပ်ကိုင်ဖို့ ကုမ္ပဏီဟိပြီးသားလတ်။ ယင်းပုမ္ပဏီတိရေ မြန်မာ့ရေနံနန့် သဘာဝဓါတ်ငွေ့ MOGE (Myanmar Oil & Gas Enterprice)နန့် အကျိုးတူပူးပေါင်း လုပ်ကတ်စွာရာလို့ဆိုရေ။ နိုင်ငံခြား ကုမ္ပဏီကြီးတိစွာ တရုတ်၊ အိန္ဒိယ၊ တောင်ကိုးရီးယား၊ ဗြိတိသျှ၊ စင်္ကာပူနိုင်ငံ ရို့က ကုမ္ပဏီကြီးတိဖြစ်တေလို့ဆိုရေ။ ရေနံပိုက်လိုင်းက ရေနံတင်ပို့မှု နယ်မြေဖြတ်သန်းခအတွက် မြန်မာအစိုးရရေ တနှစ်ကို အမေရိကန်ဒေါ်လာ (၁.၅)ဘီလီယံရဖို့လို့ဆိုရေ။ ဒေကနိ့ (၂၄. ၈. ၂၀၁၁)နိန့်မှာ သဘာဝဓါတ်ငွေ့ 1MMBtu ကို US$ 3.925၊ ဓါတ်ငွေ့ရည် 1MT ကို US$ 942.500၊ ရေနံစိမ်း 1bbL ကို US$ 111.16 ပေါက်ဈီးဟိရေသား။

ရထားလမ်း၊ ကားလမ်းရို့အသုံးပြုခ၀ါ ဇာလောက်ရဖို့လဲ။ စစ်တွေ-အိန္ဒိယကုလားတန် စီမံကိန်းအသုံးပြုခ၀ါ ဇာလောက်ရနိုင်လဲ။ ဘင်္ဂလာဒေ့ခ်ျ-တရုတ် လမ်းမဖြတ်သန်းခ၀ါ ဇာလောက်ရလဲဆိုစွာ သားတိချင်လား။ ဘာဘာ နောက်တစ်ခေါက ရီးရေစာမှာ ပြောမေနှမ်း။

သားကြီးကျန်းမာပါစီ…

စာရွီးသူ - ရိုးမလူ
(ပစ္ဆိမရပ်ဝန်း မဂ္ဂဇင်း - PACCIMA ZONE MAGAZINE)မှ ကူးယူဖေါ်ပြပါသည်။
လေးလေးနက်နက် ကြိုက်နှစ်သက်၍ ထပ်ဆင့်ဖြန့်ဝီသူ - အောင်သန်း

No comments:

Post a Comment