Sunday, April 8, 2012

မြန်မာ့ စစ်နှင့် နည်းပညာတက္ကသိုလ်သို့ ဘင်္ဂလာ လေတပ်ဦးစီးချုပ် သွားရောက်လေ့လာ

Written by သဇင်ဥ    Monday, 09 April 2012 04:42   PDFPrintE-mail
imagesအာရှတွင် "ပထ၀ီစီးပွားရေးမြေ" (Geo-economic Land) "ကုန်းမြေတံတားနိုင်ငံ" (Land Bridge Country)ဖြစ်လာမည့် မြန်မာနိုင်ငံ စစ်တက္ကသိုလ်နှင့် တပ်မတော်နည်းပညာတက္ကသိုလ်သို့ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ လေတပ်ဦးစီးချုပ် Air Marshal Shah Mohammad Ziaur Rahman, ndc, fawc, psc ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် မျှော်လင့်ချက်များဖြင့် ဧပြီလ (၃ ရက်နေ့မှ ၆)ရက်နေ့များအထိ သွားရောက်လေ့လာခဲ့ကြောင်း သတင်းရရှိသည်။

ယင်းချစ်ကြည်ရေးအဖွဲ့မှာ မြန်မာနိုင်ငံ ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီး ဥယျာဉ်တို့ကိုလည်းကောင်း၊ မန္တးလေးမြို့ မြနန်းစံကျော် ရွှေနန်းတော်ကိုလည်းကောင်း ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဧပြီလ ၄ရက်နှင့် ၅ရက်နေ့များက အင်လေးကန်သို့ သွားရောက်ပြီး လေ့လာခဲ့ကြောင်း၊ (၆)ရက်နေ့တွင် ရန်ကုန်မြို့ သူရဲကောင်း စစ်သည်ဗိမာန်ကို သွားရောက်ကာ လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြောင်းနှင့် အမျိုးသားပြတိုက်သို့ပါ လေ့လာခဲ့ပြီး ဇဗားရှားဂူ ဗိမာန်သို့လည်း သွားရောက် ဂါရ၀ပြုခဲ့ကြောင်း သိရှိရသည်။

ဘင်္ဂလာမှ လေတပ်ဦးစီးချုပ်အဖွဲ့မှာ မြန်မာနိုင်ငံတွင် (၄)ရက်ကြာ လေ့လာမှုများ ပြုလုပ်ခဲ့ပြီး၊ မင်္ဂလာဒုံတပ်နယ်မှ ဗိုလ်မှူးချုပ် သစ်လင်းအုန်း၊ ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် တပ်မတော်အရာရှိကြီးများအပါအ၀င် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ သံအမတ်ကြီးနှင့် စစ်သံမှူးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတဆင့် သောကြာနေ့က ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ အနောက်ဘက်ဒေသရှိ ရခိုင်ပြည်နယ်သည် အိန္ဒိယနိုင်ငံ၊ တရုတ်၊ ဘင်္ဂလာဒေ့ခ်ျနိုင်ငံများအတွက် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအရ အရေးကြီးသော အဓိက စိတ်ဝင်စားဖွယ်ကောင်းသော နယ်မြေတစ်ခုဖြစ်လာနေကြောင်း လေ့လာသူများက ဆိုသည်။

အိန္ဒိယနိုင်ငံအရှေ့ဘက်နှင့် တရုတ်ပြည် အနောက်ဘက် ဖွံ့ဖြိုးတိုးတက်ရေးများအတွက် အရေးကြီးသော ရေထွက်ပေါက်မှာ ရခိုင်ပြည်နယ် ဒေသပင်ဖြစ်ကြောင်း ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် စွမ်းအင်လိုအပ်ချက် (၈၀%)ကို အာဖရိကနိုင်ငံများနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများမှ ၀ယ်ယူနေပြီး တရုတ် ဒီဇယ်လောင်စာဆီ စွမ်းအင်တင် သင်္ဘောများ အနေဖြင့် အိန္ဒိယသမုဒ္ဒရာကိုဖြတ်၍ တောင်တရုတ်ပင်လယ်မှတဆင့် တရုတ်ပြည်သို့ ခရီးနှင်မည်မှာ ဝေးလွန်းကြောင်း၊ မလက္ကာရီလက်ကြားကို ကျော်ဖြတ်ရမည့်အတွက် အန္တရာယ်များ ရှိနေခြင်းများကြောင့် ရခိုင်ပြည်နယ် ရေမျက်နှာ အနေအထားသည် ကမ္ဘာ့ကုန်သွယ်မှုထဲမှာ သင်္ဘောကြီးများဖြင့် ကုန်သွယ်မှုများအတွက် စရိတ်ကုန်ကျမှု အသက်သာဆုံး ကုန်ကျမည်သာဖြစ်သည့် အခြေအနေကောင်းများကိုတွက်ချက်ပြီး ရခိုင်ပြည်နယ်နှင့် ကုန်သွယ်ရေးကို တခြားနယ်မြေများထက် အဓိကထား လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

အခြားတစ်ဖက်မှာလည်း ရခိုင်ပြည်နယ်မှ ထွက်ရှိသည့် သဘာဝဓါတ်ငွေ့သိုက်များနှင့် မျက်နှာချင်းဆိုင် ကပ်ရပ်လျက်တည်ရှိသော လူဦးရေသန်း (၂၀၀)နီးပါးအထိ ရှိလာနေပြီးဖြစ်သော ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှာ မြန်မာ-ရခိုင်-တရုတ်ပြည်နှင့် ကုန်သွယ်ရေးကို လိုလားနေကြောင်းနှင့် ယင်းကားလမ်း၊ ရထားလမ်းများနှင့် ကုန်သွယ်မှု စီမံကိန်းတစ်ခုလုံးအတွက် ရခိုင်ပြည်နယ်ဒေသမှာ ပေါင်းကူးတံတား ဖြစ်နေ၍ ရခိုင်ပြည်ကို "ပထ၀ီစီးပွားရေးမြေ" (Geo-economic Land) "ကုန်းမြေတံတားနိုင်ငံ" (Land Bridge Country)ဟု စီးပွားရေး ပညာရှင်များအနေဖြင့် သုံးသပ်နေကြပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ထို့ပြင် ယင်းအင်အားကြီး နိုင်ငံများက ကျောက်ဖြူ-ကူမင်ကားလမ်း၊ ရထားလမ်း၊ စစ်တွေ-အိန္ဒိယ (မီဇိုရမ်ပြည်နယ်) ကုလားတန် ကားလမ်းများနှင့် ရခိုင်ပြည်-ဘင်္ဂလာ ကားလမ်း-ရထားလမ်းများ ယခုအခါ အဓိကထား ဖေါက်လုပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/106-2012-04-09-05-04-43

No comments:

Post a Comment