Sunday, April 1, 2012

အမျိုးသားအမွေအနှစ်များ ဖျောက်ဖျက်ရေး အစီအမံများကို ဆန့်ကျင်ကြ




ထုတ်ပြန်ချက်အမှတ် 1/2012.                                                               Date: April 1, 2012

ရခိုင်ပြည်နယ် လွှတ်တော်သည် ရခိုင်ပြည်နယ်အတွက် ဖွဲ့စည်းထားသည်ဖြစ်သဖြင့် ရခိုင်တို့၏ အမျိုးဘာသာ၊ သာသနာနှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဖေါ်ထုတ်၊ ထိမ်းသိမ်းရန် တာဝန်ရှိလေသည်။ သို့ရာတွင် သမိုင်းဖျောက်၍ အမျိုးပျောက်အောင် လုပ်လေပြီ။

ယခင်က အုပ်ချုပ်ခဲ့သော ဗမာအစိုးရ အဆက်ဆက်သည် ဘုရားခိုးခြင်း၊ ရှေ့ဟောင်းပစ္စည်းများကို ရှာဖွေတူးဖေါ်ယူငင်ခြင်းများနှင့်
ရခိုင်ယဉ်ကျေးမှု အမွေအနှစ်များကို နည်းမျိုးစုံဖြင့် ဖျက်ဆီးပစ်ခဲ့ကြသူများ ဖြစ်သည်ကို ရခိုင်-ဗမာသာမက ကမ္ဘာကပင် သိကြားခဲ့ပြီး
ဖြစ်သည်။

ယခုတဖန် အမတ်အမည်ခံ မျိုးဖျက်တချို့သည် ခေတ်မှီရေးကိုအကြောင်းပြလျက် သမိုင်းခေတ်အဆက်ဆက်ကပင် အသုံးပြုလာခဲ့သော ရခိုင်ပြည်နယ် အောင်လံတော်ပါ သိရိဝစ္ဆာကို ပျောက်ဖျက်ရန် ကြံစဉ်ကြလေပြီ။ ထို့အတူ ရခိုင်တို့၏ ရိုးရာဝတ်စားဆင်ယင်မှု တခုဖြစ်သော ပြင်ခံရင်ဖုံးအင်္ကျီကို ရင်စေ့အင်္ကျီလုပ်ရန်လည်း ကြံစဉ်ကြလေပြီ။

ယင်းတို့သည် ခေတ်မီစေလို၍ ပြုလုပ်ခြင်းမဟုတ်ဘဲ ရိုးရာပျောက်လျှင် လူမျိုးပါပျောက်နိုင်သည်ဖြစ်၍ ရိုးရာဖျောက်၍ အမျိုးပျောက် အောင်လုပ်ဆောင်ချက်များသာ ဖြစ်လေသည်။

ယင်းကြောင်း ရခိုင်ပြည်တွင်း၊ ပြည်ပ၊ ကမ္ဘာ့အနှံအပြားရှိ အမျိုးကိုချစ်သော ရခိုင်ရို့သည် ဖြစ်နိုင်သည့် နည်းနာပေါင်းစုံဖြင့် ဆန့်ကျင်
ကန့်ကွက်ကြရန် တိုက်တွန်းနိုးဆော်လိုက်သည်။

“ရခိုင်ပြည်အမျိုးသားတော်လှန်ရေးအတွက် မည်သည့်အဆင့်တွင်ဖြစ်စေ ညီညွှတ်ရေးကို ရယူထားကြ။”


အလုပ်မှုဆောင်ကော်မတီ
ရခိုင်ပြည်အမျိုးသားညီညွှတ်ရေးဆုံရပ်၊(ANFU)
ရခိုင်ပြည်။

No comments:

Post a Comment