Sunday, April 1, 2012

နစက-BGB အဆင့်မြင့်တပ်မှူး အစည်းအဝေးကျင်းပပြီးစီး

Written by သဇင်ဥ    Sunday, 01 April 2012 04:06   PDFPrintE-mail
Nasaka-BGB make met at Coxs on April 31နစက-BGB တရားဝင် အောင်လံတင် အဆင့်မြင့်တပ်မှူး အစည်းအဝေးတစ်ရပ်ကို စနေနေ့က ကော့စ်ဘဇားမြို့တွင် ပြုလုပ်ခဲ့သည်။ ယင်းအစည်းအဝေးတွင် မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံနယ်စပ်အကြား မှောင်ခိုမူးယစ်ဆေးဝါး နှိမ်နှင်းရေး၊ နယ်မြေကျူးကျော်မှု ကာကွယ်ရေး၊ နယ်စပ်ကုန်သွယ်ရေးကို တိုးမြင့်လုပ်ဆောင်ရေး၊ နစက-BGB ချစ်ကြည်ရေး၊ နယ်စပ်အတွင်း ရာဇ၀တ် ကျူးလွန်သူများအားဖမ်းဆီးအရေးယူ ဖလှယ်ရး၊ နှစ်ဖက်ဖမ်းဆီးထားသူများအား တရားဝင်လွဲပြောင်းအပ်နှံရေးနှင့် နှစ်နိုင်ငံနယ်စပ်အကြား ၁၉၈၀ ခုနှစ် ချုပ်ဆိုခဲ့သည့်စာချုပ်အရ အသေးစိပ် နှစ်ဘက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

ဘင်္ဂလာမှ စစ်တကောင်း အခြေစိုက် BGB ဗဟိုမှ ကွပ်ကွဲရေးမှူး ဗိုလ်မှူး မိုဟာမတ် ဘော်ဆိရုလ် အီစ္စလာမ် ဦးဆောင်ပြီး အဖွဲ့ဝင်(၁၅)ဦးနှင့် မြန်မာမှ မောင်တောမြို့နယ် ကျီးကန်းပြင် နစကဋ္ဌာနချုပ် အခြေစိုက် ကွပ်ကွဲရေးမှူး ဦးအောင်ကြီး ဦးဆောင်၍ အဖွဲ့ဝင် (၁၇)ဦးတို့ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

မြန်မာ-ဘင်္ဂလာ နှစ်ဘက်တပ်မှူး ကိုယ်စားလှယ်များအတွင်း ကွပ်ကွဲရေးမှူးနှင့် အဆင့်မြင့် (၃)ဦးစီ၊ ဒုတိယအဆင့်မြင့် (၇)ဦးစီနှင့် တခြားအရာရှိများ တက်ရောက်ဆွေးနွေး ခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား ယခုနှစ်အတွင်း တပ်မှူးအဆင့်ရှိ ဤအစည်းအဝေးမှာ ပထမဆုံးဖြစ်ကြောင်းနှင့် နှစ်ဘက် အာဏာပိုင်များ မတ်လ(၁၄)ရက်နေ့နောက်ပိုင်း နယ်စပ်အခြေအနေကို စောင့်ကြည့်နေကြသည့်ကာလအတွင်း ပြုလုပ်သည့် အစည်းအဝေးဖြစ်သည်။

 နှစ်ဘက်ကိုယ်စားလှယ်များ အနေဖြင့် နယ်စပ်အငြင်းပွားမှုကိစ္စများနှင့် နယ်စပ်အကြား နယ်မြေပိုင်နက် သတ်မှတ်မှု ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း အစည်းအဝေးသို့ သတင်းယူ၊ ဓါတ်ပုံနှင့် ဗီဒီယိုရိုက်ရန် တက်ရောက်ခဲ့သည့် ဘင်္ဂလီသတင်းထောက်တစ်ဦးက ရှင်းပြသည်။

BGBမှ လွန်ခဲ့သော (၅)လအတွင်း နယ်မြေကျူးကျော်ဝင်ရောက်လာသူများ စုစုပေါင်းစာရင်း၊ မျိုးစုံမူးယစ်ဆေးဝါးများ မှောင်ခို စုစုပေါင်း ၀င်ရောက်လာသည့်စာရင်းနှင့် စုစုပေါင်းဖမ်းဆီးရမိထားသည့် စာရင်းများနှင့် ဘင်္ဂလာထောင်အတွင်းရှိ မြန်မာ့အကျဉ်းသားများ စာရင်းများကို နစကသို့ အသေးစိပ် တင်ပြဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ BGBက ၎င်းတို့ဘင်္ဂလီစီးပွားရေး သမားများ အနေဖြင့် မြန်မာနိုင်ငံအတွင်း ရက်အကြာ ကုန်ပစ္စည်းများ ၀ယ်ယူဖို့ ခရီးသွားလာနိုင်ရန်နှင့် မြန်မာ့ အိမ်မွေးတိရိစ္ဆာန်များ မြန်မာမှ ဘင်္ဂလာသို့ တိုးမြင့်တင်ပို့ရန် တောင်းဆိုခဲ့ကြောင်း သူကရှင်းပြသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံနှင့် ရေရှည်ဆက်ဆံနိုင်ရန် အထူးလိုလားကြောင်းနှင့် နစက-BGBအနေဖြင့် နယ်စပ်တွင် မည်သည့်ပြဿနာမဆို ဖြေရှင်းနိုင်ရန် ယခုလို့အစည်းအဝေးများ ပုံမှန်ဖြစ်နိုင်ရန်တို့ကို BGBမှ တောင်းဆိုခဲ့ကြောင်း သိရှိရသည်။ ယင်းအစည်းအဝေးတွင် မတ်လ(၁၈)ရက်နေ့က နယ်မြေကျူးကျော်လာမှုဖြင့် BGBထံ ဖမ်းဆီးခံထားရသော၊ မိမိကိုယ်ကို စစ်တပ်အရာရှိဟု ထွက်ဆိုထားသော ဦးကျော်နိုင်စိုး(၃၅)နှစ်အား တရားဝင်လွှဲအပ်ခဲ့ကြောင်း သိရှိရသည်။

ယခုကျင်းပသော နစက-BGB အကြား နှစ်နိုင်ငံ အောင်လံတင် အစည်းအဝေးမှာ မတ်လ(၂၈)ရက်နေ့တွင် ပြုလုပ်မည်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင်း ဆိုင်းငံ့ထားခဲ့ရာမှ စနေနေ့က ကျင်းပခြင်းဖြစ်သည်။
Last Updated ( Sunday, 01 April 2012 08:38 )
 http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/93--bgb-

No comments:

Post a Comment