Sunday, April 8, 2012

နစက ဘင်္ဂလီငါးဖမ်းသမားများ ဘင်္ဂလာသို့လွှဲပြောင်း

Written by သဇင်ဥ    Monday, 09 April 2012 03:23   PDFPrintE-mail
နစက-BGB တွေ့ဆုံဆွေးနွေးပွဲအပြီး မြန်မာပိုင်နက်သို့ ကျူးကျော်ကာ ငါးခိုးရှာဖွေမှုဖြင့် ဖမ်းဆီးအကျဉ်းချထားသော ဘင်္ဂလီ ငါးဖမ်းသမားများအား ဘင်္ဂလာ နယ်စပ်ခြုံရေးတပ်ဖွဲ့ (BGB)သို့ သောကြာနေ့က ရခိုင်ပိုင်နက်အတွင်း တရားဝင် လွှဲပြောင်း အပ်နှံလိုက်ကြောင်း မောင်တောဆိပ်ကမ်းမှ အရာရှိတစ်ဦးက ပြောသည်။

fisher boatမြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ် အနောက်ဘက်ရှိ မောင်တောမြို့နယ် နတ်မြစ်ရေပြင်ပိုင်နက်အတွင်း ဘင်္ဂလီ ငါးဖမ်း သမားများ ငါးခိုးဖမ်းဆီးနေစဉ် နစကမှ ဖမ်းဆီးအကျဉ်းချခံခဲ့ရခြင်းဖြစ်ပြီး ယခုမှ လွှဲပြောင်းပေးခြင်းဖြစ်သည်။

သို့သော်လည်း ယခုလွှတ်မြောက်လာသူများမှာ နစကမှ တောင်းဆိုသည့် ဒဏ်ငွေပေးဆောင်ပြီးမှ လွှတ်မြောက်လာခြင်းဖြစ်ကြောင်းနှင့် ဒဏ်ငွေမည်မျှ ပေးဆောင်ခဲ့ရကြောင်း အတည်ပြုမပြောနိုင်ဟု ယင်းအမည်မဖေါ်လိုသူ မောင်တောမြို့ဆိပ်ကမ်းမှ အရာရှိက ရှင်းပြခြင်းဖြစ်သည်။

မောင်တောမြို့ဆိပ်ကမ်း နစက စစ်ဆေးရေးဂိတ်မှ အရာရှိ ဦးသာခင်မှ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ တာခ်နာအခြေစိုက် BGB အမှတ်(၄၂)တပ်ရင်း ကိုယ်စားလှယ်လာရောက်သူ ဗိုလ်ကြီး ဖေါ်ဇော်လူလ် ရော်ဟ်မာန်သို့ တရားဝင် လွှဲပြောင်းအပ်နှံလိုက်ခြင်း ဖြစ်သည်။

ထို့ပြင် နှစ်နိုင်ငံကိုယ်စားလှယ်များ အနေဖြင့် နယ်စပ်အတွင်း မူးယစ်ဆေးဝါး၊ မှောင်ခိုကုန်ကူးမှုနှင့် ကျူးကျော်မှုများအား ပူးပေါင်း ဖေါ်ထုတ်ရန် မောင်တောမြို့တွင် မိနစ် (၃၀)ကျော်ကြာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

မိမိနိုင်ငံသို့ လွှဲပြောင်းခံရသည့် ဘင်္ဂလီငါးဖမ်းသမားများမှာ တာခ်နာမြို့နယ်မှ အာလီ အာက်ဘော်ရ(၂၅)နှစ်နှင့် မိုဟာမတ် အီစ္စမိုင်လ် ဟိုဆေန်(၂၈)နှစ် (၂)ဦးတို့ဖြစ်ကြောင်း သိရှိရသည်။

ယင်းငါးဖမ်းသမား(၂)ဦးအား တာခ်နာအခြေစိုက် ရဲမင်းကြီး မာဟ်ဘူဘူလ် ဟော(က်)မှ စစ်ဆေးပြီး မိသားစုများထံသို့ ပို့ဆောင် လိုက်ပြီဖြစ်ကြောင်း သက်ဆိုင်ရာမှ ယမန်နေ့က ထုတ်ဖေါ်ပြောဆိုလိုက်သည်။

နစကနှင့် ရေတပ်မှ ရခိုင်ပြည်နယ် ရေပြင်ပိုင်နက်အတွင်း ဘင်္ဂလီငါးဖမ်းသမားများအား ငွေလာဘ်ပေး၊ လာဘ်ယူမှုများ အပေးအယူ ပြုလုပ်ပြီး နားလည်မှုဖြင့် ငါးရှာဖွေရန် ခွင့်ပြုထားကြောင်း၊ မကြာခဏ ငွေမပေးဘဲ ခိုးဖမ်းသည့် ဘင်္ဂလီငါးဖမ်းသမားများကို ဖမ်းဆီးပြီး လျော်ကြေး၊ ဒဏ်ငွေတောင်းခံကြောင်းနှင့် ဘင်္ဂလီ ငါးဖမ်းသမားများအနေဖြင့် ရခိုင်ပြည်နယ် ရေပြင်ပိုင်နက်အတွင်း ငါးခိုးဖမ်းလေ့ရှိကြောင်း နတ်မြစ်သတင်းများက ဆိုသည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/104-2012-04-09-03-37-21

No comments:

Post a Comment