Friday, April 6, 2012

၁။ နျူကလီးယား စွမ်းအင်ရဲ့ ရူပဗေဒအခြေခံက ဘာလဲ။

အခြေခံရူပဗေဒနည်းနည်းလောက်မိတ်ဆက်ပေးမယ်ဒီလို့ မိတ်ဆက်ပေးခြင်းသည်ကျွန်တော်အရမ်သိတေတ်နေ လို့ တော့မဟုတ်ပါဘူး
ဆိုတာအရင်းပြောပြရစေဘာဘဲဖြစ်ဖြစ်အခြေခံ နျူကလီးယား ဓါတ်ပေါင်းအကြောင်းစိတ်ဝင်စားသူများအတွက်တော့အတိုင်တာတစ်ခုထိအကျိုးဖြစ်ထွန်မယ်လို့ တော့မျှော့်လင့်ပါတယ်





၁။ နျူကလီးယား စွမ်းအင်ရဲ့ ရူပဗေဒအခြေခံက ဘာလဲ။

နျူကလီးယား စွမ်းအင်ရဲ့ ရူပဗေဒအခြေခံကတော့ အဓိကအားဖြင့် ကွဲထွက်ခြင်း ဖြစ်စဉ်ပါဘဲ။။ ပထမဦးဆုံး ယူရေနီယံကနေ nucleus အပိုင်း ၂ ပိုင်း ကွဲထွက်တာပါဘဲ။ အဲဒီမှာ heavy (ဗဟို) nucleus ကနေ နယူထရွန်ကို ဖမ်းယူပြီးတော့ အပေါင်း လျပ်စစ်ဓါတ်ဆောင်သော mass အားဖြင့်တူညီသော nucleus အပိုင်းတွေ ကွဲထွက်တာဖြစ်ပါတယ်။

Coulomb တွန်းကန်အားရဲ့ သက်ရောက်မှုကြောင့် nucleus ကနေ အပိုင်းတွေ ကွဲထွက်ကြပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ နယူကလီးယားရဲ့ အတွင်းပိုင်းစွမ်းအင်တချို့ဟာ ၄င်းတို့ ကွဲထွက်ခြင်းမှာ အရွေ့စွမ်းအင် အဖြစ် ပြောင်းလဲသွားပါတယ်။။ ၄င်းတို့ အရာဝတ္ထုထဲမှာ ရွေ့ရှားနှုန်းက မများပါဘူး။ မီကရွန်သာသာလောက်ဘဲ ရှိပါတယ်။ အဲဒါကြောင့် ၄င်းတို့ အရှိန်နှေးလာခြင်းမှာ ပြင်းထန်တဲ့ လောင်ကျွမ်းမှု ဖြစ်ပေါ်ပါတယ်။။ အရာဝတ္ထုနဲ့ နှိုင်းယှဉ်လိုက်ရင်တော့ မကြီးပါဘူး။။ အဲသည်လိုထုထည်မှာ ဖြစ်တဲ့ Fission ဖြစ်စဉ် တည်ရှိတာနဲ့ အအေးခံတဲ့ system ပါဝင်မှုကြောင်Atomic power- plant တွေမှာ ဖြစ်နေတဲ့ ကွဲထွက်တဲ့ အပူအဖြစ် အသုံးပြုလို့ရပါတယ်။။

၂။ နျူကလီးယား ဓါတ်ပေါင်းဖို ဘယ်လို အလုပ်လုပ်တာလဲ

နျူကလီးယား ဓါတ်ပေါင်းဖိုများ၏ အမျိုးမျိုးသော တည်ဆောက်ပုံအရ ၄င်းတို့တွင် တူညီသော နည်းပညာပိုင်းဆိုင်ရာ system များ ရှိကြပါတယ်။။ အဓိကအခရာကတော့ သတ္တိကြွသော ဇုန်(နယ်မြေ) ဖြစ်ပါတယ်။။ အဲဒါကတော့ တည်ဆောက်ပုံအရ နယူကလီးယား လောင်စာများ ထည့်ထားသော၊ ထိန်းချုပ်နိုင်သော chain reactoin ဖြစ်ပေါ်တဲ့ နေရာဖြစ်ပါတယ်။။ ယူရေနီယံ ၂၃၅ ကတော့ နယူကလီးယား လောင်စာရဲ့ အဓိက main ဖြစ်ပါတယ်။။ ၄င်းကနေ slow (thermal) နျူထရွန်ကို fast နျူထရွန်ထက်စာရင် ပိုပြီးကွဲထွက်နိုင်ပါတယ်။။ အဲဒါကြောင့် ဓါတ်ပေါင်းဖိုကို ယေဘူယျအားဖြင့် ထိန်းနိုင်တာကတော့ moderator ပါဘဲ။။ Moderator ဆိုတာကတော့ ၄င်းမှာရှိတဲ့ nucleus တွေနဲ့ ကွဲထွက်လာတဲ့ နယူထရွန်တွေ တိုက်တဲ့အခါမှာ နယူထရွန်တွေရဲ့ ပထမဦးဆုံးရရှိထားတဲ့ High energy ကို တော်တော် ဆုံးရှုံးစေတဲ့ အရာဝတ္ထုမျိုးပါ။။ တနည်းအားဖြင့်ပြောရင်တော့ နျူထရွန်တွေရဲ့ အရှိန်ကိုလျော့စေတဲ့ အရာဝတ္ထုမျိုးလို့လဲ ပြောလို့ရပါတယ်။။ အခုလိုဓါတ်ပေါင်းဖိုမျိုးကို thermal reactor လို့ခေါ်ပါတယ်။ Fast reactor ရဲ့ သတ္တိကြွသော ဇုန်(နယ်မြေ)မှာ moderator ကို ဆုံးရှုံးလျော့နည်းစေပါတယ်။။ ဘာကြောင့်လဲဆိုတော့ ဒီလို reactor တွေမှာ chain reaction ဖြစ်ပေါ်ဖို့အတွက် နယူကလီးယား လောင်စာမှာ ယူရေနီယံ ၂၃၅ (သို့မဟုတ်) ပလူတိုနီယမ်ရဲ့ ပါဝင်မှုဟာ ပိုပြီးများလို့ပါဘဲ။

၃။။ ဘယ်လို ဓါတ်ပေါင်းဖို(reactor)တွေ ရှိသလဲ။။  နာမည်တွေက ဘာကို သတ်မှတ် ရည်ညွှန်းတာလဲ။


ကမ္ဘာ့မှာ နယူကလီးယား ပါဝါရဲ့ အခြေခံကတော့ electric energy ရရှိဖို့အတွက် ရည်မှန်းတီထွင်ထားတဲ့ Power reactor တွေပါဘဲ။။ အဲဒါတွေအပြင် Scientific experiment တွေ လုပ်ဆောင်ဖို့နှင့် nuclear (radionuclide) ထုတ်လုပ်ရေးတွေ အပြင် သင်္ဘောနှင့်ဆိုင်သော engine ပြုလုပ်တဲ့ နေရာတွေမှာ အစားထိုးဖို့အတွက် research reactor တွေလည်း ရှိပါတယ်။

Reactor တွေရဲ့ အတိုခေါက်နာမည်တွေက သူတို့ရဲ့ နာမည်တွေတင် မဟုတ်ဘဲ အရေးပါတဲ့ ရူပဗေဒနှင့် နည်းပညာပိုင်းဆိုင်ရာ၊ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ၀ိသေသလက္ခဏာတွေကိုလည်း ရည်ညွှန်းပါတယ်။ WWPR - ၁၀၀၀ရဲ့ လျှပ်စစ်စွမ်းအားကတော့ ၁၀၀၀ မီဂါဝပ် ဖြစ်ပြီး၊ ရေကတော့ moderator ၊ Coolant အဖြစ် သုံးပါတယ်)။ HPCR - ၁၀၀၀ ၇ဲ့  လျှပ်စစ်စွမ်းအားကတော့ ၁၀၀၀ မီဂါဝပ် ဖြစ်ပါတယ်။ တခါတလေမှာ reactor တွေကို ၄င်းတို့ရဲ့ အခြားထူးခြားချက်တွေကိုမူတည်ပြီ
း နာမည်ပေးကြပါတယ်။။ ဥပမာ။။ reactor တွေအားလုံးမှာ ၄င်းတို့နှင့် သက်ဆိုင်တဲ့ လောင်စာတွေနဲ့ ကိုယ်ပိုင်ထူးခြားချက်တွေ ရှိကြပါတယ်။

၎။။ Atomic power - plant (APP) ဆိုတာ ဘာကိုဆိုလိုတာလဲ။။ အဲဒီစက်ရုံတွေ ဘယ်လို အလုပ်လုပ်တာလဲ။။
Atomic power-plant တွေမှာ စွမ်းအင်(power) ပုံစံကို အပြန်အလှန်ပြောင်းလဲခြင်း ၃ မျိုး ရှိပါတယ်။။
(၁) နယူကလီးယားစွမ်းအင်ကနေ အပူစွမ်းအင်သို့။။
(၂) အပူစွမ်းအင်ကနေ စက်မှုစွမ်းအင်သို့။။
(၃) စက်မှုစွမ်းအင်ကနေ လျှပ်စစ်စွမ်းအင်သို့။။
APP စက်ရုံတွေက ယေဘုယျအားဖြင့်reacor အချို့မှာ ပါဝင်ပြီး ရှုပ်ထွေးတဲ့ အဆောက်အအုံပုံစံ အဖြစ်တည်ရှိပြီး၊ ၄င်းတို့ထဲမှာ သက်ဆိုင်တဲ့ နည်းပညာပိုင်းဆိုင်သော တပ်ဆင်ထားမှုတွေပါရှိပါတယ်။။ အဓိကအဆောက်အအုံမှာ reactor နှင့်ဆိုင်တဲ့ ခန်းမရှိပါတယ်။။ ရေဒီယိုသတ္တိကြွတဲ့ ဇုန်မှာရှိတဲ့ လောင်စာတောင့်ကနေ (သို့မဟုတ်) သာမန်နည်းလမ်းအားဖြင့် ရရှိတဲ့ အပူကို လျှပ်စစ်ထုတ်လုပ်တဲ့ generator တွေရဲ့ ပိုက်တွေမှာ လည်ပတ်ဖို့ ရေငွေ့ ရရှိဖို့အတွက် အသုံးပြုကြပါတယ်။။

၁. Active zone ၂. boiler ၃.steam generator ၄. turbine
၅. generator ၆. condenser
၅။။ နျူကလီးယား လောင်စာနှင့် သဘာဝလောင်စာတွေ မီးလောင်ကျွမ်းတဲ့ ဖြစ်စဉ်တွေမှာ အဓိက ခြားနားမှုတွေက ဘာတွေလဲ။။
အဲဒါကတော့ အနည်းငယ် ရှိပါတယ်။။ ပထမဦးဆုံးအနေဖြင့် နျူကလီးယား လောင်စာတွေ မီးလောင်ကျွမ်းဖို့ ဘာအောက်ဆီဂျင်မှ မလိုတဲ့အပြင်၊ စွမ်းအင်ကွဲထွက်တဲ့ ဖြစ်စဉ်မှာ ဘာ oxidizing အရာဝတ္ထုမှ မလိုပါဘူး။။ ၄င်းထဲမှာကိုက ယူရေနီယံကနေ နျူကလီးယား ကွဲထွက်ခြင်းကနေ နယူကလီးယား အပြန်အလှန် ဓါတ်ပြုခြင်းကို ဖြစ်စေတာပါ။။ ဘာဓါတုဗေဒ ဓါတ်ပြုခြင်းမှ မဖြစ်ပါဘူး။။ ဒုတိယအနေဖြင့် Thermoelecric power plant တွေမှာ မီးလောင်ဖိုအတွင်း ထည့်ထားတဲ့ သဘာဝလောင်စာတွေကိုအကုန် လောင်ကျွမ်းစေပါတယ်။။ အဲသည့်မှာ မီးမလောင်ကျွမ်းတဲ့ အရာဝတ္ထု ဘာမှမရှိပါဘူး။။ နျူကလီးယား power reactor တွေမှာ ဖြစ်တဲ့ chain reaction တွေမှာ အစိတ်အပိုင်းတွေ ကွဲထွက်စေနိုင်တဲ့ ယူရေနီယံ(၂၃၅)ကို အကုန်လုံးမလောင်ကျွမ်းပါဘူး။။ လက်ရှိ ရေဒီယိုသတ္တိကြွတဲ့ ဇုန်အတွက် critical mass အရ ၄င်းရဲ့ အပိုအလျှံတွေဘဲ လောင်ကျွမ်းပါတယ်။။ မလောင်ကျွမ်းတဲ့ ယူရေနီယံတွေကို ပြန်လည်ထုတ်လုပ်ပြီးတဲ့အခါမှာ လောင်စာအနေနဲ့ ပြန်သုံးလို့ရပါတယ်။။ အဆုံးသတ်အနေနဲ့ နျူကလီးယားလောင်စာတွေ ပြိုကွဲပြီး ကွဲထွက်ရရှိလာတဲ့ ပလူတိုနီရမ်ကလည်း လောင်စာအနေနဲ့ တဖန်ပြန်ပြီး အသုံးပြုလို့ရပါတယ်။။(ပြန်လည်သန့် စင်ဖို့တော့လိုအပ်ပါတယ်။။)
၆။။ Atomic power plant (APP)ရဲ့ အကူအညီနှင့် ထုတ်လုပ်တဲ့ လျှပ်စစ်ဓါတ်အား နှိုင်းယှဉ်ကုန်ကျစရိတ် ဘယ်လောက်ရှိလဲ။။
ရုရှားနိုင်ငံမှာဆိုရင် Atomic power plant (APP)မှာ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုရဲ့ အဓိကကုန်ကျစရိတ်ဟာ Thermoelectric power-plant ထက်စာရင် နည်းပါတယ်။။ ၂၀၁၀ ခုနှစ်မှာဆိုရင် ဓါတ်ငွေ့နှင့်ရေနံရဲ့ ဈေးနှုန်းတွေ တက်လာတာနဲ့ ဆက်စပ်ပြီး အဏုမြူစွမ်းအင် ခန့်မှန်းချက်အားဖြင့် ယေဘုယျကုန်ကျစရိတ်ဟာ ၂ဆ လောက် လျော့နည်းမှာ ဖြစ်ပါတယ်။။ အဲသည့်အပြင် တနာရီမှာ သုံးတဲ့ ကီလိုဝပ်(အလင်း တိုင်း စွမ်းအင်ယူနစ်)အရ Atomic power-plant (APP) မှာ လောင်စာသုံး power-plant တွေထက်စာရင် ဖေါ်ပြချက်အရဆိုရင် တအားနည်းပါတယ်။
ဥပမာ - အဏုမြူစွမ်းအင်သုံးက ၁၈-၂၅% သာရှိပြီး ကျေက်မီးသွေး၊ ရေနံသုံးတွေမှာ ၄၅%၊ ဓါတ်ငွေ့သုံးတွေမှာ ၆၅%ခန့် ရှိပါတယ်။။ ဒါပေမဲ့ အဲသည့်မှာ Atomic power plant တွေရဲ့ တည်ဆောက်မှုကုန်ကျစရိတ်ဟာ ပိုများပြီး ၄င်းတို့နှင့် power တူတဲ့ Thermoelectric power plant ထက်စာရင် ပိုပြီး သက်တမ်းရှည်ပါတယ်။။ အဲဒါကြောင့် Atomic power plant သိပံ္ပနည်းကျနည်းပညာပိုင်းဆိုင်ရာ ကြီးကြပ်မှုအတွက် ပေးရတဲ့ လုပ်ခက အရမ်းများပါတယ်။။

ပုံ - ရုရှားနိုင်ငံရှိ Atomic power-plant နှင့် Thermoelectric power-plant လျှပ်စစ်စွမ်းအင်ကုန်ကျမှုနှုန်းပြပုံ။

၇။ ဘေးပတ်ဝန်းကျင်ကို သတ်မှတ်ထားတဲ့ ရေဒီယိုသတ္တိကြွတဲ့ ပစ္စည်းတွေ အများဆုံးစွန့်ပစ်တဲ့ (အဏုမြူ သို့မဟုတ် ကျောက်မီးသွေး)စက်ရုံတွေအဖြစ် ဘယ်လို လျှက်စစ်ဓါတ်အားပေးစက်ရုံတွေကို သတ်မှတ်နိုင်လဲ။။
အဆိုအားဖြင့်ပြောရရင်တော့ ကျောက်မီးသွေးသုံးစက်ရုံတွေက ထုတ်လုပ်တဲ့ တစ်ယူနစ် လျှပ်စစ်စွမ်းအင်အရ သတ်မှတ်ထားတဲ့အများဆုံး စွန့်ပစ်ပါတယ်။။ ဘာဖြစ်လို့လဲဆိုရင်တော့ ကျေက်မီးသွေးမှာ သဘာဝရေဒီယိုသတ္တိကြွပစ္စည်းတွေဖြစ်တဲ့ သိုရီယမ်(thorium)နှင့် ပိုတက်စီယမ်(polonium)တို့ ပါဝင်ပါတယ်။။ အဲဒါအပြင် သိုရီယမ်မှာ သက်တမ်းရှည်တဲ့ ယူရေနီယံ isotope တွေအပြင်၊ ၄င်းတို့ ပြိုကွဲတဲ့အခါမှာထွက်လာတဲ့ ပစ္စည်းတွေမှာ ရေဒီယိုသတ္တိသင့်စေသော(ဓါတ်ရောင်ခြည်သင့်စေသော) ရေဒီယမ် (radium)၊ ရေဒွန် (radium)နှင့် ပိုလိုနီယမ် (polonium)တို့ပါဝင်ပါတယ်။။ ကျောက်မီးသွေးကို မီးရှို့လောင်ကျွမ်းစေတဲ့အခါမှာ ၄င်းတိုဟာ အပြင်ပတ်ဝန်းကျင်ကို အကုန်လုံးနီးပါး ကျရောက်စေပါတယ်။။ အဲသည်မှာ စွန့်ပစ်မှုရဲ့ သတ်မှတ်ထားတဲ့ သတ္တိကြွမှုဟာ thermoelectric power-plant တွေက Atomic power-plant တွေထက် ၅-၁၀ ဆ ပိုပါတယ်။။
အဲဒါအပြင် ကျောက်မီးသွေးမှာ ပါရှိတဲ့ အရေးပါတဲ့ သဘာဝ နျူကလီးယား ပါဝင်မှုဟာ thermoelectric power-plant တွေမှာ လောင်ကျွမ်းပြီးသော မီးသွေး၊ ပြာမှုန့်များကို များပြားလာစေပြီး လူတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ကျရောက်စေပါတယ်။။
thermoelectric power-plant တွေက ပြာ ၁ တန်မှာ ရေဒီယိုသတ္တိကြွတဲ့ ပစ္စည်း ၁၀၀ ဂရမ်အထိ ပါဝင်ပါတယ်။။ Atomic power-plant တွေမှာကတော့ သည်လိုလမ်းကြောင်းတွေမှာ ဓါတ်ပေါင်းဖိုမှ ရေဒီယိုသတ္တိကြွတဲ့ နျူကလီးယားလောင်စာများရဲ့ ပြင်ပ ပတ်ဝန်းကျင်နှင့်တိုက်ရိုက် သက်ရောက်မှုကို လည်ပတ်ခြင်း နည်းပညာဖြင့် ဖယ်ရှားထားတဲ့အတွက် ယေဘုယျအားဖြင့် ၄င်းတို့ရဲ့ပျံနှံ့မှု မရှိပါဘူး။။ Thermoelectric power-plant တွေမှာ မှီတင်းနေထိုင်တဲ့ လူတွေအပေါ် ရေဒီယိုသတ္တိကြွတဲ့ သက်ရောက်မှုက ထုတ်လုပ်နိုင်တဲ့ စွမ်းအားတူညီတဲ့ Atomic power-plant တွေထက်စာရင် ခန့်မှန်း အဆ ၂၀ လောက် ပိုများပါတယ။်။
၈။။ အဏုမြူစွမ်းအင်ကို အသုံးပြုခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းခြင်းကို ဘယ်လိုအကျိုးကျေးဇူးများ ရရှိစေပါသလဲ။။
အကျိုးကျေးဇူးတွေကတော့ အများကြီးပါဘဲ။။ ၄င်းတို့ထဲကမှ အဓိက အရေးကြီးတာတွေကတော့
(၁) သဘာဝပတ်ဝန်းကျင်အတွက်အရေးကြီးသော အောက်ဆီဂျင်လျော့ကျမှုကိုမဖြစ်စေခြင်း ။
(၂) အဆိပ်အတောက်ဖြစ်စေသောဓာတ်ငွေ့ ပစ္စည်းများ စွန့်ပစ်မှုမရှိခြင်း။
(၃)စွမ်းအင်ရရှိစေရန်အသုံးစားရိတ်တွင်လည်းတခြားသောစွမ်းအင်များအသုံးပြုခြင်းထက်သိသိသာသာ လျော့နည်းခြင်း။။
ဥပမာ။။ ၁ နာရီမှာလျှပ်စစ်ဓာတ်အား ၁ ကီလိုဝပ်ရရှိစေရန်ကုန်ကျငွေမှာ
ကျောက်မီးသွေးစွမ်းအင် = ၁၅ ယူရို
ရေနံမှစွမ်းအင် = ၄.၅ ယူရို
သဘာဝဓာတ်ငွေ့ = ၃ ယူရို
နျူစွမ်းအင် = ၀.၂ ယူရို ဖြစ်ပါတယ်။။
၉။။ ပထမဦးဆုံးသော atomic power-plant (APP) က ဘယ်မှာ ပေါ်ပေါက်ခဲ့တာလဲ။။
စူးစမ်းရှာဖွေလေ့လာမှုအရ ပထမဦးဆုံးသော atomic power-plant (APP) ကို ၁၉၄၅ ခုနှစ်ပိုင်းမှာ အော့ဖ်ညင်န်ဒေသမှာ စတင်ခဲ့ကြောင်း တွေ့ရှိရပါတယ်။။ ၄င်းစက်ရုံကတော့ ယူရေနီယံ - ကာဗွန်(graphite)ကို အသုံးပြုတဲ့ reactor အမျိုးအစားဖြစ်ပါတယ်။။ စုစုပေါင်း စွမ်းအားကတော့
၅ မီဂါဝပ် ဖြစ်ပါတယ်။။ ၄င်းစက်ရုံဟာ မတော်တဆပျက်စီးဆုံးရှုံးမှုတောင်မရှိဘဲ နှစ်(၅၀)ကျော် အလုပ်လုပ်ခဲ့ပါတယ်။။ အခုချိန်မှာတော့ အဲသည့်နေရာမှာ နယူကလီးယားစွမ်းအင်နဲ့ဆိုင်တဲ့ ပြတိုက်ဆောက်ဖို့ စီစဉ်နေကြပါတယ်။။
၁၀။။ ယခုအချိန်မှာ ရုရှားနှင့် နယ်ခြားတွေမှာ atomic power-plant (APP) ဘယ်လောက် အလုပ်လုပ်နေလဲ။။
ယခုအချိန်မှာ ရုရှားနိုင်ငံမှာကတော့ ၁၀ atomic power-plant (APP) အလုပ်လုပ်နေပြီးတော့ ၄င်းတို့မှာ စွမ်းအင်ထုတ်ပေးနိုင်တဲ့ ယူနစ် ၃၁ ခု တပ်ဆင်ထားပါတယ်။။ ၄င်းတို့ရဲ့ စုစုပေါင်းထုတ်ပေးနိုင်တဲ့ စွမ်းအင်ကတော့ ၂၃၂၀၀-မီဂါဝပ်ခန့်ဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် ညီတူညီမျှ reactor အုပ်စု ၂ စု ခွဲခြားထားပါတယ်။။ Water moderated reactor WWPR - ၄၀၀ နှင့် ၁၀၀၀ အုပ်စု၊ အဲသည့်အပြင် boiling channel (Graphite-water)ကို သုံးတဲ့ reactor (HPCR-1000 နှင့် PGR-G)တို့ဖြစ်ပါတယ်။။ ဘိုင်လိုရုရှားနိုင်ငံမှာ လက်ရှိအလုပ်လုပ်နေတဲ့ atomic power-plant (APP) မှာ ကမ္ဘာမှာ တစ်ခုတည်းဖြစ်တဲ့ power reactor ဖြစ်ပြီး fast neutron ထွက်တဲ့ (FNR– ၆၀၀) ဖြစ်ပါတယ်။။
၂၀၀၆ ခုနှစ်စပိုင်းမှာ ကမ္ဘာတစ်ဝန်းလုံးအနေဖြင့် နိုင်ငံပေါင်း ၃၁ နိုင်ငံမှာ ၄၄၀ စွမ်းအင်ထုတ်ပေးနိုင်တဲ့ ယူနစ်တွေ ရှိပြီး ယေဘုယျ စွမ်းအားကတော့ ၃၇၀ ဂီဂါဝပ် ရှိပါတယ်။။ တကယ်အလုပ်လုပ်နေတဲ့ စွမ်းအင်ထုတ်ပေးနိုင်တဲ့ ယူနစ်တွေရဲ့ အများစုကတော့ အမေရိကန်ပြည်ထောင်စုမှာ ၁၀၄ ခု၊ ပြင်သစ်မှာ ၅၉ ခု နှင့် ဂျပန်မှာ ၅၄ ခုတို့ ရှိပါတယ်။။
၁၁။။ ကမ္ဘာနှင့် ရုရှားနိုင်ငံမှာ ရှိတဲ့ atomic power-plant (APP) တွေက လျှပ်စစ်စွမ်းအင်ရဲ့ ဘယ်လောက်ပမာဏလောက် ထုတ်လုပ်သလဲ။။
IAEA ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာ မှာ ၂၀၀၅ ခုနှစ်တုန်းက လျှပ်စစ်စွမ်းအား ထုတ်လုပ်မှုစုစုပေါင်းရဲ့ APP ရဲ့ထုတ်လုပ်မှု ၁၇% နီးပါးရှိပါတယ်။။ အဲသည့် အတိုင်းအတာကတော့ လက်ရှိ ရုရှားနိုင်ငံ ထုတ်တဲ့ ပမာဏ(၁၆%) လောက်ရှိပါတယ်။။ လက်ရှိ ရုရှားနိုင်ငံရဲ့ ဥရောပအပိုင်းကတော့ ပိုများပြီး ၃၀% ခန့်ရှိပါတယ်။။ အမေရိကန်နိုင်ငံရဲ့ ထုတ်တဲ့ပမာဏကတော့ အနည်းငယ်ပိုများပြီး ၂၀%ရှိပါတယ်။။ အဲသည့်အပြင် ပမာဏများတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။။ ဥပမာ။။ ပြင်သစ်ဆိုရင် ၇၈% ရှိပါတယ်။။ ပမာဏနည်းတဲ့နိုင်ငံတွေကတော့ ဥပမာ။။ တရုတ်နိုင်ငံဆိုရင် ၂.၂% ရှိပြီး အိန္ဒိယနိုင်ငံကတော့ ၂.၈% ရှိပါတယ်။။ နယူကလီးယားစွမ်းအင်ပညာရဲ့ တိုးတက်မှုနှုန်းအရ နောက်ကျကျန်နေခြင်းဟာ ခဏမျှသာဖြစ်ကြောင်းကို သက်သေပြတာဖြစ်ပါတယ်။။
၁၂။။ တကမ္ဘာလုံးဆိုင်ရာ အဏုမြူစွမ်းအင်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု အလားအလာ ဘယ်လိုရှိသလဲ။။
ရေနံ့နှင့် ဓါတ်ငွေ့များ လျော့နည်းကုန်ခန်းလာခြင်း၊ ကျောက်မီးသွေး မီးလောင်ပြာကျခြင်းကြောင့်ဖြစ်ပေါ်တဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးဖြစ်ပေါ်မှုများကို တွက်ချက်မှုအရ လျှပ်စစ်စွမ်းအားမှာ လူသားတို့ရဲ့ ကြိုးစားအားထုတ်မှုဟာ အဏုမြူစွမ်းအင်နဲ့စာရင် ကျေနပ်နှစ်သိမ့်မှုပေးနိုင်ပါတယ်။။ လက်ရှိအချိန်မှာတော့ ကမ္ဘာမှာ နိုင်ငံ ၁၃ နိုင်ငံမှာ စွမ်းအင်ထုတ်လုပ်တဲ့ ယူနစ်တွေ ၃၀ နီးပါး ဆောက်လုပ်ပြီးစီးပါပြီ။။ IAEA ရှိ ကျွမ်းကျင်သူများရဲ့ ခန့်မှန်းချက်အရ လာမဲ့ ၂၀၂၀ ခုနှစ်လောက်မှာ ကမ္ဘာမှာ အနည်းဆုံးအနေနဲ့ နျူကလီးယားစွမ်းအင်ထုတ်လုပ်တဲ့ ယူနစ် အသစ် ၆၀ လောက်ထပ်ပေါ်လာဦးမှာ ဖြစ်ပါတယ်။။ အဲသည့်အတိုင်းဆိုရင်တော့ စုစုပေါင်း အရေအတွက် အနည်းဆုံး ၅၀၀ လောက် ဖြစ်ပြီး၊ စုစုပေါင်း စွမ်းအားကတော့ ၄၃၀ ဂီဂါဝပ်လောက် ထုတ်လုပ်မှာ ဖြစ်ပါတယ်။။ အထူးသဖြင့် တရုတ်နိုင်ငံမှာ နျူကလီးယားစွမ်းအင်ရဲ့ တိုးတက်မှုနှုန်း (ခန့်မှန်း ၆ ဆ လောက် ၂၀၂၀ ခုနှစ်လောက်မှာ) မြင့်တက်လာမှာပါ။။ အိန္ဒိယ်နိုင်ငံမှာ (ခန့်မှန်း ၁၀ ဆ လောက်) မြင့်တက်လာမှာပါ။။ နျူကလီးယားစွမ်းအင်ထုတ်လုပ်ရေး တိုးမြင့်လာဖို့အတွက်လည်း စီစဉ်နေကြပါတယ်။။ စက်မှုလုပ်ငန်းအားဖြင့် တိုးတက်နေတဲ့ နိုင်ငံတွေမှာတော့ ဥပမာ။။ အမေရိကန်နိုင်ငံမှာ လက်ရှိထက်ကို ၂၀% ကနေ ၂၅% အထိ၊ ပြင်သစ်မှာ ၇၈% ကနေ ၈၂% အထိမြင့်တက်လာမှာပါ။။

ပုံ - နျူကလီးယားစွမ်းအင်ထုတ်ယူသုံးစွဲမှု နိုင်ငံလိုက် မြင့်တက်လာပုံ။။

၁၃။။ ရုရှားနိုင်ငံရဲ့ နျူစွမ်းအင်နဲ့ ပတ်သက်ပြီးရှေ့ဆက်မဲ့ အလားအလာများကို ဖော်ပြပါ။။
ရုရှားနိုင်ငံ နျူကလီးယားစွမ်းအင်ဌာနအကြီးအကဲ (ROSATOM) ရဲ့ ပြောပြချက်များအရ နျူကလီးယားစွမ်းအင် တိုးတက်ထုတ်လုပ်ရန်အတွက် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရှိရပါတယ်။။ ရုရှားနိုင်ငံရဲ့သမ္မတကလည်း အတည်ပြုပြီးဖြစ်ပါတယ်။။ နျူကလီးယားစွမ်းအင်ကို ၁၆ ရာနှုန်းကနေ ၂၅ ရာနှုန်းအထိ တိုးတက်ထုတ်လုပ်ရန် ဖြစ်ပါတယ်။။ ဒီအစီအစဉ်များအရ ၂၀၃၀ ခုနှစ်မတိုင်မှီ အနည်းဆုံး နျူကလီးယား စွမ်းအင်ထုတ် စက်ရုံ အနည်းဆုံး ၄၀ လိုအပ်မှာဖြစ်ပါတယ်။။ ယခုအချိန်မှာတော့ ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့အတွက် သက်ဆိုင်တဲ့ အဖွဲ့စည်းအားလုံးဟာ စတင်ပြီး အလုပ်လုပ်နေကြပြီဖြစ်ပါတယ်။။ သိပ္ပံနှင့်နည်းပညာဆိုင်ရာ လက်တွေ့ ပြုလုပ်ချက်များ၏ အတွေ့  အကြုံ များအရ နျူစွမ်းအင်ကိုတိုးတက်ထုတ်လုပ်ဖို့ ဆုံးဖြတ်ပြီးပြုလုပ်နေကြတာဖြစ်ပါတယ်။။
၁၄။။ ယူရေနီယမ်ရဲ့ စွမ်းအင်ထုတ်လုပ်နိုင်စွမ်းကို အခြားသောလောင်စာများနှင့် နှိုင်းယှဉ်ပြသပါ။။
သန့် စင်မှု အဆင့်နိမ့်ကျသော ယူရေနီယမ် ( ၄ % အထိ ယူရေနီယမ် ၂၃၅) ၁ ကီလိုဂရမ်ကို နျူကလီးယား လောင်စာအဖြစ် အသုံးပြုပြီးတော့ ရလာသော စွမ်းအင်ပမာဏဟာဆိုရင် အရည်အသွေးမြင့်မားသော ကျောက်မီးသွေး ၁၀၀ တန်နဲ့  ရေနံ ၆၀ တန်တို့နဲ့ ညီမျှပါတယ်။။ ခန်မှန်းယူဆချက်များအရ ကျောက်မီးသွေး နှင့် ရေနံတို့ဟာ တချိန်ချိန်မှာ ကုန်ခမ်းသွားနိုင်ပါတယ်။။

ပုံ - ယူရေနီယမ်ရဲ့ စွမ်းအင်ထုတ်လုပ်နိုင်စွမ်းကို အခြားသောလောင်စာများနှင့် နှိုင်းယှဉ်ပြသထားပုံ။။
၁၅။။ နျူကလီးယားလောင်စာစက်ဝိုင်း (Nuclear Fuel Circle) အကြောင်းကို ရှင်းပြ၍ အခြေခံအမျိုးအစားများဖော်ပြပါ။။
အသုံးပြုပြီးလောင်စာအဖြစ်သို့ မရောက်မချင်း ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်တွေ အားလုံးကို နျူကလီးယားလောင်စာစက်ဝိုင်း (Nuclear Fuel Circle )လို့ ခေါ်ဆိုပါတယ်။။ နျူကလီးယားစက်ရုံမှအသုံးပြုပြီးသား လောင်စာတွေကို နောင်အသုံးမပြုတော့ဘူးလို့ ဆုံးဖြတ်ပြီးရင် သူ့ကို ရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်းအဖြစ် သတ်မှတ်ပြီးတော့ သူ့ကို ရေရှည်ထိမ်းသိမ်းမှု ပြုလုပ်မည့်နေရာကို ပို့ပါတယ်။။ ဒီဖြစ်စဉ်ကို အဖွင့်လည်ပတ်ခြင်း(opened loop)လို့  ခေါ်ပါတယ်။။ နျူကလီးယားစက်ရုံမှ အသုံးပြုပြီးသားလောင်စာတွေကို ပြန်အသုံးပြုဖို့အတွက် reactor ထဲမှာ ပလူတိုနီယမ်အဖြစ် ရောက်ရှိအောင် ပြုပြင်ပြီးတော့လည်း အသုံးပြုပါတယ်။။ သူ့ ကိုတော့ closed loop လို့ ခေါ်ပါတယ်။။
ယနေ့မျက်မှောက်ကာလမှာတော့ နိုင်ငံအများစုဟာ သူတို့ရဲ့ နည်းပညာနဲ့ စီးပွားရေးအခြေမနေပေါ်မူတည်ပြီးတော့ စွန့်ပစ်လောင်စာများကို ပြန်လည်အသုံးပြုလို့ရရှိစေရန် ပြုလုပ်မှုဖြစ်စဉ် ကြာမြင့်ပါတယ်။။ စွန့်ပစ်လောင်စာများကို ပြန်လည်သန့်စင်မှုမပြုခင်မှာ လုံခြုံမှုရှိစေရန် အတွက် ကြာမြင့်စွာ (၁၀ နှစ်ခန့်) ထိန်းသိမ်းထားရပါတယ်။။ ဒီဖြစ်စဉ်ကိုတော့ ရွှေ့ဆိုင်းမှုဖြစ်စဉ် (deferred)လို့ ခေါ်ဆိုပါတယ်။။

၁၆။။ ယူရေနီယမ်ဟာ ဘာကြောင့် နျူစွမ်းအင်ထုတ်လုပ်တဲ့နေရာမှာ အဓိကအခန်းကဏ္ဏက ပါဝင်နေရတာလဲဆိုတာကို ရှင်းပြပါ။။
ယူရေနီယမ်ဟာ periodic ဇယားမှာပါဝင်တဲ့ သဘာဝ ဒြပ်စင် တစ်မျိုးဖြစ်ပါတယ်။ သူတိုအထဲ့ကမှ ယူရေနီယမ် ၂၃၅ ဆိုရင် termal neutron နဲ့ ခွဲခြမ်းရာမှာ အလွန်အဆင်ပြေပါတယ်။။ ဒီလိုဂုဏ်သတ္တိမျိုးဟာ တခြားသော ဒြပ်စင်တွေဖြစ်တဲ့ ယူရေနီယမ် ၂၃၃ နဲ့ ပလူတိုနီယမ် ၂၃၉ တို့မှာလည်းရှိကြပါတယ်။။ သူတို့ကိုတော့ သဘာဝအတိုင်း ထုတ်ယူမရရှိနိုင်ပါဘူး။။ လူတွေက ပြုပြင်ဖန်တီးယူမှပဲရနိုင်ပါတယ်။။ ဒါကြောင့်သူတို့ကို မူလပထမ ယူရေနီယမ် ၂၃၅ ကနေ ခွဲထွက်လာတဲ့ ဒုတိယ မျိုးနွယ်စုလို့ လည်း ခေါ်ဝေါ်နိုင်ပါတယ်။။


၁၇။။ ကမ္ဘာမြေကြီးပေါ်မှာရှိတဲ့ ယူရေနီယမ် ပမာဏကိုဖော်ပြပါ။။ ယူရေနီယမ် ပေါကြွယ်ဝခြင်းနှင့် ရှားပါးခြင်းကို ဘယ်လို့ ခွဲခြားပါသလဲ။။
ကမ္ဘာမြေကြီးပေါ်မှာရှိတဲ့ ယူရေနီယမ် ပမာဏပျမ်းမျှတမ်းဖိုးဟာ ငွေ(Silver)ပမာဏထက် ၃၀ ဆ ပိုများပြီးတော့ ရွှေ(Gold)ပမာဏထက် ၁၀၀၀ ဆ ပိုများပါတယ်။။ သူ့ကို လိပ်သည်းကျောက်(၀ါ)နှမ်းဖတ်ကျောက်တွေကြားမှာ (Granite) များစွာတွေ့ရှိရပါတယ်။။ ဥပမာ။။ လိပ်သည်းကျောက် ၁ တန် ကို ယူရေနီယမ် ၂၅ ဂရမ် ခန့် ပါဝင်ပါတယ်။။ ဒါပေမယ့် ယူရေနီယမ်ဟာ ပျံ့ နှံ့ မှုဖြစ်စဉ်(scattered)ဖြစ်ပေါ်တတ်တဲ့ element တွေထဲမှာပါဝင်ပါတယ်။။ သူတို့ဟာ ယူရေနီယမ်ပေါကြွယ်ဝတဲ့ သတ္တုကြောကတဆင့် ပမာဏသေးငယ်တဲ့ စုစည်းမှုတွေကို ဖြစ်ပေါ်စေပါတယ်။။ သတ္တုကြောတွင် ယူရေနီယမ်ပါဝင်မှု ၀.၃ ရာခိုင်နှုန်း အထက်ရှိမယ်ဆိုရင် ယူရေနီယမ်ပေါကြွယ်ဝတဲ့ သတ္တုကြောအဖြစ် သတ်မှတ်ပါတယ်။။ နောက်ဆုံးသတ်မှတ်ချက်များအရ သတ္တုကြောအတွင်း ယူရေနီယမ်ပါဝင်မှု ၀.၀၀၁ မှ ၀.၅ ရာခိုင်နှုန်းအထိကို စီးပွားဖြစ်ထုတ်လုပ်နိုင်တဲ့ ပမာဏအဖြစ်သတ်မှတ်ပါတယ်။။
၁၈။။ ကမ္ဘာမှာ ယူရေနီယံမြေ ဘယ်နေရာမှာ တည်ရှိသလဲ။။ ၄င်းနေရာတွေမှာ ယူရေနီယံ ဘယ်လောက်ရရှိနိုင်လဲ။။ ၄င်းယူရေနီယံမှာ လိုအပ်ချက် ဘယ်လောက်များသလဲ။။ ရုရှားနိုင်ငံမှာ ယူရေနီယံ သယံဇာတ ဘယ်လောက်ရှိသလဲ။။
ကမ္ဘာမှာရှိတဲ့ ယူရေနီယံ သယံဇာတပေါကြွယ်ဝမှုကို ကိန်းဂဏန်းအားဖြင့် တန်ဖိုးသတ်မှတ်ရရင် တန်အနေနဲ့ဆိုရင်တော့ ၅ သန်းမှ ၁၁ သန်းခန့် ရှိပါတယ်။။ ယူရေနီယံပေါကြွယ်ဝတဲ့ ပထမဆုံးနိုင်ငံကတော့ သြစတေးလျ၊ ကာဇစ်စတန် နှင့် တောင်အာဖရိကပြည်ထောင်စုတို့ ဖြစ်ပါတယ်။။ ၄င်းနိုင်ငံတွေနောက်မှာ နမီးဘီးယား၊ ကနေဒါ၊ နိုက်ဂျား၊ ဥဇဘတ်ကစ်စတန်နှင့် အမေရိကန်ပြည်ထောင်စုတို့ ဖြစ်ပါတယ်။။ ဥပမာအနေနဲ့တော့ ကနေဒါလိုနိုင်ငံမျိုးမှာ ယူရေနီယံနှင့် သတ္တုရိုင်း ၂၃% ရောနေတဲ့ နေရာတွေ အများကြီး၇ှိပါတယ်။။
စူးစမ်းရှာဖွေလို့ရတဲ့ ရုရှားနိုင်ငံရဲ့ ယူရေနီယံ သယံဇာတပေါကြွယ်ဝမှုကတော့ တန်ပေါင်း သိန်းအနည်းငယ်ရှိပါတယ်။။ အခုချိန်မှာတော့ အမျးဆုံး သတ်မှတ်ထားတဲ့ ယူရေနီယံထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းကိုတော့ လောင်စာထုတ်လုပ်ရေး ကော်ပိုရေးရှင်းနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ ဓါတုဗေဒနှင့် သတ္တုတူးဖေါ်ရေး အဖွဲ့အစည်းက ဦးစီးလုပ်ဆောင်နေပါတယ်။။
၁၉။။ ရုရှားမှာ ယူရေနီယံနေရာသစ်တွေ ရှာဖွေတွေ့ရှိပါသလား။။
ဆိုဗီယက် ဆိုရှယ်လစ်သမတများနိုင်ငံ ပြည်ထောင်စု ပြိုကွဲပြီးသွားတဲ့အခါမှာ ရုရှားမှာ ယူရေနီယံ သယံဇာတပေါကြွယ်ဝတဲ့ Commonwealth of Independent States ရဲ့ လေးပုံတပုံခန့်လောက်ဘဲ ကျန်ပါတယ်။။ အဲဒါကြောင့် ယူရေနီယံနေရာသစ်တွေရှာဖွေမှုဟာ ရုရှားနိုင်ငံမှာ အဏုမြူစွမ်းအင်နယ်ပယ်အတွက် အဓိကဦးစားပေး ဖြစ်ပါတယ်။။ ၄င်းအလုပ်မှာတော့ လောင်စာထုတ်လုပ်ရေး ကော်ပိုရေးရှင်းနဲ့ အခြားအဖွဲ့အစည်းတွေ ပါဝင်ကြပါတယ်။။ အခုချိန်မှာတော့ စက်မှုလုပ်ငန်းတွေ တိုးတက်ဖို့အတွက် လောင်စာထုတ်လုပ်ဖို့ အများကြီးမျှော်လင့်ချက်ရှိတဲ့နေရာတွေကတော့ အများကြီးပါ။။


၂၀။။ ယူရေနီယံကို ဘယ်လိုထုတ်ယူရရှိတာလဲ။။ ၄င်းနယ်ပယ်ဒေသမှာ နေထိုင်တဲ့ လူတွေအပေါ်ကို ဘယ်လောက် ဘေးအန္တရာယ်ကင်းရှင်းစေသလဲ။။
ယူရေနီယံထုတ်လုပ်ရေးမှာ အသုံးပြုတဲ့ နည်းလမ်း ၃ နည်းရှိတဲ့အနက် ၂ နည်းကတော့ မိရိုးဖလာနည်းလမ်းတွေဖြစ်ပြီး မြေအောက်တူးဖော်ရေး (မိုင်းတွင်း)နှင့် တိုက်ရိုက်တူးဖေါ်ရေး (ကျောက်တွင်း)တို့ဖြစ်ပါတယ်။။ နောက်ဆုံးနည်းလမ်းကတော့ မြေအောက်သို့ ထိုးဖောက်ပြီးတွင်းတူးဖေါ်တဲ့ နည်းဖြစ်ပြီးတော့၊ ဒီနည်းလမ်းကို သုံးတာ သိပ်မကြာသေးပါဘူး။။ ၁၉၆၀ လောက်မှစပြီးအသုံးပြုလာတာပါ။။ နည်းလမ်းရွေးချယ်မှုကတော့ မြေနေရာရဲ့ သတ်မှတ်ထားတဲ့ အလုပ်လုပ်နိုင်တဲ့ အနေအထားပေါ်မူတည်ပြီး သတ်မှတ်ပါတယ်။။ တိုက်ရိုက်တူးဖေါ်ရေးနည်းလမ်းကိုတော့ သိပ်မနက်တဲ့ (၅၀၀ မီတာ လောက်ရှိတဲ့) သတ္တုသိုက်မျိုးမှာ အသုံးပြုလို့ရပါတယ်။။ မြေအောက်တူးဖော်ရေး (မိုင်းတွင်း)နည်းကိုတော့ မာကျောတဲ့ ကျောက်တောင်လွှာတွေမှာရှိတဲ့ သတ္တုသိုက်များရှိတဲ့အခါမျိုးမှာ အသုံးပြုလို့ရပါတယ်။။
မြေအောက်သို့ ထိုးဖောက်တွင်းတူးပြီးတူးဖေါ်တဲ့ နည်းကတော့ သတ္တုသိုက်အလွှာများမှာ ယူရေနီယံပြည့်နှက်မှုနှင့် ယူရေနီယံပါဝင်တဲ့ ပျှော်ရည် (solution) ကို မျက်နှာပြင်ကနေ ထုတ်ယူနိုင်မှုပေါ် အခြေခံပါတယ။်။ ဒီနည်းကို ရေစိမ့်ယိုနိုင်တဲ့အလွှာတွေမှာ ရေမစိမ့်နိုင်တဲ့ အလွှာကြားမှာရှိတဲ့ ယူရေနီယံတူးဖေါ်ရေးမှာလည်း အသုံးပြုလို့ရပါတယ်။။
ဒီနည်းလမ်းရဲ့ အကျိုးကျေးဇူးကတော့ မြေအောက်မှာရှိတဲ့သတ္တုတွေ ကျန်ရှိမှု မရှိပါဘူး။။ နောက်တစ်ခုက ထုတ်ဖေါ်နေတဲ့ အချိန်မှာ ရေဒွန် (Radon) ပြိုကွဲခြင်း မရှိပါဘူး။။ ဒီနည်းလမ်းကတော့ ပတ်ဝန်းကျင်အတွက် ဘေးအန္တရာယ် အကင်းရှင်းဆုံးပါဘဲ။။
တူးဖော်နေတဲ့ မြေအနေအထားကို သတိပြုလေ့လာတဲ့အခါ (နည်းလမ်းအတိုင်းဆိုရင်တော့ ယူရေနီယံဟာ မြေထုနှင့် ရေထုသုံးစွဲမှုမှာ ပါဝင်ကြောင်း တွေရပါတယ်။။ အဲဒါကြောင့် ယူရေနီယံတူးဖော်ထုတ်လုပ်ရေးမှာ ဘေးပတ်ဝန်းကျင်မှာ နေထိုင်တဲ့ လူထုအတွက်တော့ ဘေးအန္တရာယ် ကင်းရှင်းပါတယ်။။
၂၁။။ ယူရေနီယံဟာ ၄င်းကနေ နယူကလီးယားလောင်စာအထိ ပြောင်းလဲခြင်းဖြစ်စဉ်မှာ ဘယ်အဆင့်တွေ ဖြစ်ပေါ်သလဲ။။
ပထမဦးဆုံးအဆင့်ကတော့ ယူရေနီယံပါဝင်တဲ့ သတ္တုရိုင်းတွေ စုဆောင်းခြင်းပါဘဲ။။ ဓါတုဗေဒပျှော်ရည်မှာ ပျှော်ဝင်နေတဲ့ သတ္တုတွေကို ခွဲထုတ်ပြီးတဲ့အခါမှာ အရည်အသွေးကောင်းတဲ့ စုဆောင်းတဲ့ ယူရေနီယံဆားကို ခြောက်သွေ့တဲ့ ယူရေနီယံအမှုန့် ရတဲ့အထိ ခြောက်သွေ့အောင် လုပ်ရပါတယ်။။ နောက်အဆင့်ကတော့ နည်းပညာပိုင်းဆိုင်ရာ ပြောင်းလဲခြင်းတွေပါဘဲ။။ အရောအနှောတွေကနေ ဓါတုဗေဒနည်းအရ သန့်စင်ခြင်းပေါ့။။ ၄င်းကနေထွက်လာတဲ့ ပစ္စည်းကတော့ (Fluorination) ဒြပ်ပေါင်းစပ်ဖို့ ရည်ရွယ်တဲ့ သန့်စင်တဲ့ ယူရေနီယံအောက်ဆိုဒ်ပါဘဲ။။ ရရှိတဲ့ hexafluoride (UF6)ကို အထူးပြုလုပ်ထားတဲ့ ကွန်တိန်နာတွေနဲ့ စုဆောင်းတဲ့ နေရာကို ယူရေနီယံ ၂၃၅အတွက် သန့်စင်ဖို့ သယ်ဆောင်ပါတယ် (သဘာဝ ယူရေနီယံ ၂၃၅ ကနေ လောင်စာဖြစ်တဲ့ အနေအထားအထိ အဆင့်တိုင်း)။ ၄င်းအဆင့်နောက်မှာ သန့်စင်ပြီးသား ယူရေနီယံဟာ ဒိုင်အောက်ဆိုဒ် အသွင်သို့ ပြောင်းလဲပါတယ်။။ ဒါပြီးတဲ့အခါမှာတော့ သတ္တုအမှုန့်လုပ်တဲ့ နည်းပညာကို သုံးပြီးတော့ လောင်စာအတောင့်၊အခဲလေးတွေအဖြစ် ရရှိပါတယ်။။ လောင်စာထုတ်လုပ်မှုရဲ့ နောက်ဆုံးအဆင့်ကတော့ လောင်စာတောင့်တွေနှင့် ၄င်းတို့မှ လောင်စာချောင်း ပြုလုပ်ခြင်းတွေမှာ အတောင့်၊အခဲလေးတွေရဲ့ အခွံလုပ်တာပါဘဲ။။ အဆင့်ဆင့်တိုင်းမှာရှိတဲ့ လုပ်ဆောင်မှုတိုင်းမှာ အရည်သွေးကို ထိန်းချုပ်မှုနှင့်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လိုက်ပါလုပ်ဆောင်ပါတယ်။။

ပုံ- လောင်စာချောင်း အဆင့်ဆင့်ပြုလုပ်ပုံ။။
၂၂။။ ယူရေနီယံကို ဘယ်လို သန့်စင်တာလဲ။။ ဘယ်မှာ ဘယ်လိုဖြစ်တာလဲ။။
ကမ္ဘာမှာ Atomic power-plant (APP) အများစုအတွက် နျူကလီးယား လောင်စာထုတ်လုပ်မှုဟာ ယူရေနီယံ သန့်စင်မှုမရှိဘဲနဲ့ မဖြစ်နိုင်ပါဘူး။။ အဲသည်လိုဘဲ ရုရှားနိုင်ငံမှာရှိတဲ့ power reactor တွေမှာ သန့်စင်ထားတဲ့ ယူရေနီယံ ၂၃၅ ပါဝင်တဲ့ နျူကလီးယား လောင်စာတွေကို သုံးပါတယ်။။ PPWR မှာဆိုရင် ၁.၆ ကနေ ၅%၊ HPCR-၁၀၀၀ မှာဆိုရင် ၃% နှင့် FN-၆၀၀ မှာကတော့ ၂၇% အထိရှိပါတယ်။။ သန့်စင်မှုအတွက် ကြားထဲမှာ လိုအပ်တဲ့ ထုတ်ကုန်ကတော့ ဓါတုဗေဒနှင့် နည်းပညာပိုင်းဆိုင်ရာဖြင့် ယူရေနီယံကိုစုဆောင်းပြီး ပြန်လုပ်ပြီးတဲ့အခါမှာ ရရှိတဲ့ hexafluoride (UF6) ဖြစ်ပါတယ်။။ တနည်းအားဖြင့် ယူရေနီယံဒြပ်ပေါင်းပြုလုပ်ခြင်းလို့ ခေါ်လို့ရပါတယ်။။ သန့်စင်မှုနည်းလမ်းများရဲ့ အခြေခံကတော့ ရူပဗေဒ ဖြစ်စဉ်တွေ ပါဝင်ပြီး၊ ၄င်းဖြစ်စဉ်တွေမှာ ဒြပ်ထုတွေအမျိုးမျိုးရှိတဲ့ ဓါတုဂုဏ်သတ္တိတွေတူတဲ့ အက်တမ် သို့မဟုတ် မော်လီကျူးတွေဟာ အမျိုးမျိုးဖြစ်ကုန်တာပါ။။ နောက်ဆုံးမှာတော့ isotope ဖွဲ့စည်းပုံအရ သန်စင်မှုရနိုင်တဲ့ အသင့်တော်ဆုံး ရွေးချယ်မှုကို ဖွဲ့စည်းပြုလုပ်ထားပါတယ်။။
၂၃။။ Atomic power-plant (APP)တွေအတွက် လောင်စာက ဘာကိုဆိုလိုတာလဲ။။
ဓါတ်ပေါင်းဖိုတွေရဲ့ အခြေခံအားဖြင့် ဖွဲ့စည်းတည်ဆောက်ထားတဲ့ နျူကလီးယား လောင်စာကတော့ လောင်စာဒြပ်စင် (သို့မဟုတ်) အပူထုတ်ပေးနိုင်တဲ့ ဒြပ်စင်ပါဘဲ။။ တနည်းအားဖြင့် လေလုံတဲ့ ပိုက်ခေါင်း ဖြစ်ပြီး၊ ၄င်းရဲ့အထဲမှာ အစိတ်အစိတ် ကွဲပြားစေနိုင်သော ပစ္စည်း (ယူရေနီယံတောင့်)တွေ ရောနှောထားပါတယ်။။
ဓါတ်ပေါင်းဖိုတွေအတွက် လောင်စာတောင့်တွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံနှင့် အရွယ်အစားကတော့ ပုံစံအမျိုးမျိုး ခြားနားပါတယ်။။ ဥပမာ။။ အခြေခံအားဖြင့် ရုရှားနိုင်ငံရှိ power reactor- ၁၀၀၀ လောင်စာတောင့်ရဲ့ အရွယ်အစားဟာဆိုရင် အလျား ၃.၅ မီတာရှိပြီး၊ ထောင့်ဖြတ် အလျားကတော့ ၉.၁ မီလီမီတာ ရှိပါတယ်။။ ၄င်းရဲ့လောင်စာတောင့်အကာ(အခွံ)ကိုတော့ zinc alloy နဲ့ဖုံးအုပ်ထားပြီး၊ အစိတ်အစိတ် ကွဲပြားစေနိုင်သော ပစ္စည်းကတော့ ၁.၆% ကနေ ၅%အထိ သန့်စင်ထားတဲ့ sintered ဒိုင်အောက်ဆိုဒ်၊ ယူရေနီယံကတော့ ၁.၅ ကီလိုဂရမ် (လောင်စာတောင့် ၁ တောင့်လျှင်) ပါရှိတဲ့ အတောင့်ဘဲ ဖြစ်ပါတယ်။။ ဖွဲ့စည်းတည်ဆောက်ပုံအရ လောင်စာအတောင့်တွေနဲ့ လောင်စာချောင်းနဲ့ ဆက်စပ်တပ်ဆင်ထားပါတယ်။။ ရေဒီယိုသတ္တိကြွတဲ့ ဇုန်မှာထည့်ရတဲ့ ယေဘုယျလောင်စာပမာဏကတော့ reactor (PPWR-၁၀၀၀)မှာ ယူရေနီယံဒိုင်အောက်ဆိုဒ် တန် ၈၀ ခန့်ရှိပြီးတော့ HPCR-၁၀၀၀မှာတော့ တန် ၂၂၀ နီးပါးရှိပါတယ်။။

ပုံ - အမျိုးမျိုးသော လောင်စာချောင်းများ။။

၂၄။။ လောင်စာတောင့်နှင့် လောင်စာချောင်းများ ပြုလုပ်အသုံးပြုနိုင်ရန် ဘာတွေ လိုအပ်သလဲ။။
Atomic power-plant (APP) တွေ save ဖြစ်ဖို့အတွက် လောင်စာတောင့်တွေနဲ့ ကိုက်ညီမှုရှိဖို့လည်း လိုပါတယ်။။ အဲဒါကြောင့် ဒါတွေထုတ်လုပ်ဖို့ဆိုရင် စက်ရုံများမှာ ထုတ်လုပ်မှု အဆင့်ဆင့်တွင် သတ်မှတ်ထားတဲ့ နံပါတ်တွေ၊ အဆင့်တွေနဲ့ စည်းကမ်းတွေကို သေသေချာချာလိုက်နာဖို့လိုပါတယ်။
၂၅။။ Fuel element (လောင်စာဒြပ်စင်) တွေမှာ ယူရေနီယံအပြင်အခြားသော materials တွေကို ထည့်သွင်းအသုံးပြုသေးပါသလဲ။။
ပထမအဆင့်ကတော့ fuel assembly တွေပြုလုပ်ဖို့အတွက် အသုံးပြုမည့် sactural materialrsm: များဖြစ်ပါတယ်။။ Water-moderated water-cooled power reactor နှင့် high-power channel-type တွေ အတွက်ကတော့ zirconium ကိုအခြေံထားတဲ့ alloy material ကိုအသုံးပြုပါတယ်။။ FN-၆၀၀ အတွက်ကတော့ corrosion-resistant steel ဒြပ်ပေါင်းကိုအသုံးပြုပါတယ်။။ Research reactor တွေအတွက်ကတော့ အလူမီနီယမ်ကိုဘဲ အသုံးပြုကြပါတယ်။။
ဒုတိယအဆင့်ကတော့ reactor အမျိုးအစားကို လိုက်ပြီးတော့ အသုံးပြုမည့်လောင်စာများ ရွေးချယ်ခြင်းဖြစ်ပါတယ်။။ water-moderated water-cooled power reactor အတွက်gadolinium ၊ high-power channel-type reactor အတွက် erbium oxide တွေကိုအသုံးပြုကြပါတယ်။။
၂၆။။Reactor အမျိုးမျိုးမှာ အသုံးပြုနေတဲ့ လောင်စာတွေကို အချင်းချင်းဖလှယ်ပြီးတော့ သုံးလို့ရပါသလား။။
သုံးလို့မရပါဘူး။။ Reactor တိုင်းဟာ အလုပ်လုပ်ဖို့ အတွက် Fuel assembly တွေကိုအသုံးပြုရပါတယ်။။ သူတို့ဟာ အခြေခံတည်ဆောက်ပုံနဲ့ အရွယ်အစား မတူယုံတင်မကပါဘူး။။ ပါဝင်တဲ့ လောင်စာပမာဏလည်း မတူညီကြပါဘူး။။ သူတို့ကိုပေးရတဲ့ အပူချိန် စသဖြင့် မတူညီကြပါဘူး။။
ဥပမာ။။WWPR တွေမှာ အသုံးပြုတဲ့ assembler တွေမှာ hexahedral cross-section တွေဖြစ်ကြပါတယ်။။ နိုင်ငံတကာမှာအများစုအသုံးပြုနေတဲ့ ဒီအမျိုးအစား (PWR– Pressurized Water Reactor) တွေမှာတော့square cross-section တွေဖြစ်ကြပါတယ်။။ ဒါအပြင် reactor တိုင်းဟာ fuel assembly တွေမှာတပ်ဆင်တဲ့ Uranium ၂၃၅ တွေဟာလည်း သန့်စင်မှုပမာဏတွေ မတူညီကြပါဘူး။။ reactor တွေရဲ့ အခြေအနေပေါ်မူတည်ပြီး တပ်ဆင်ကြပါတယ်။။
 
Nucleus ထဲတွင် ပရိုတွန် နှင့် နူထရွန် ဟူသော အမူန်နှစ်မျိုး ပါဝင်ဖွဲ့စည်းထားပါသည်။၎င်း အမူန်နှစ်မျိုးကို nucleons ဟုခေါ်ပါသည်။ nucleusများ အဘယ့်ကြောင့် မတည်မြဲရသနည်း? အဘယ့်ကြောင့်ဆိုသော် nucleus ထဲ၌ ဖွဲ့စည်းထားသော nucleons နှစ်မျိုးမှ ပရိုတွန် (သို့) နူထရွန် အရေအတွက်များလွန်းနေသည့်အခါ nucleus အတွင်းမှ ရေဒီယိုသတ္တိကြွ အမူန်များ (radioactive particles-အယ်လ်ဖာ၊ဘီတာ) သို့မဟုတ် ရေဒီယို သတ္တိကြွ ဓါတ်ရောင်ခြည်(radioactive rays-ဂါမာရောင်ခြည်) များထုတ်လွှတ်ခြင်းအားဖြင့် ပျက်ဆီးယို့ယွင်းခြင်း ဖြစ်ပွားပါသည်။ ထိုသို့ ပျက်စီး ယိုယွင်းခြင်းကို ရေဒီယိုသတ္တိကြွ ပျက်စီးယိုယွင်းခြင်း (radioactive decay ) ဟုခေါ်ပါသည်။ ထို့ကြောင့် nucleus များမတည်မြဲခြင်းသည် ရေဒီယိုသတ္တိကြွခြင်းနှင့် တိုက်ရိုက်ဆက်နွယ်နေပါသည်။ မတည်မြဲသော nucleus များတွင်သာ ရေဒီယိုသတ္တိကြွမူ့ ဖြစ်ပွားနိုင်သည်။ တည်မြဲသော nucleus များတွင် ရေဒီယိုသတ္တိကြွမူ့ ဖြစ်ပွားခြင်းမရှိပါ။ ပို၍တည်မြဲလေလေ ရေဒီယိုသတ္တိကြွမှု့နည်းလေလေဖြစ်သည်။
unstable nucleus=radioactive
stable nucleus=non-radioactive
ဤသို့ဆိုလျှင် nucleus များ၏ တည်မြဲနိုင်မူ့ (nuclear stability) သည် ၎င်းတို့ထဲတွင် ပါဝင်ဖွဲ့စည်းထားသော ပရိုတွန်နှင့် နူထရွန်တို့၏ အရေအတွက်အပေါ်တွင် အဓိက မူတည်နေသည်ဟု ယူဆနိုင်ပါသည်။ နူထရွန်/ပရိုတွန် တို့၏ အရေအတွက် အချိုးကိုကြည့်ပြီး nucleus များ၏ တည်မြဲနိုင်မူ့ (nuclear stability) ကို တွက်ဆနိုင်သလို ၎င်း nucleus များတွင် ဖြစ်ပွားသော decay အမျိုးအစားများကိုလည်း ခွဲခြားသိရှိနိုင်သည်။
ပုံတွင် nucleus ထဲတွင်ရှိသော ပရိုတွန်နှင့်နူထရွန် အရေအတွက်တို့ကို graph ဆွဲထားခြင်းဖြစ်ပါသည်။

အထက်ပါပုံတွင် အနီရောင်မျဉ်းသည် တည်မြဲဇုံ (stable zone) ဖြစ်ပါသည်။တည်မြဲဇုံတလျှောက်တွင်ရှိသော nucleus များသည် ရေဒီယိုသတ္တိကြွမှု့မရှိသော stable nucleus များဖြစ်ပါသည်။ တည်မြဲဇုံ၏ ဘယ်ဘက်တွင် နူထရွန်အရေအတွက်များသော nucleus များတည်ရှိပြီး βdecay ဖြစ်စဉ်ဖြစ်ပွားပါသည်။ တည်မြဲဇုံ၏ ညာဘက်တွင် ပရိုတွန်အရေအတွက်များသော nucleus များတည်ရှိပြီး အီလက်ထရွန်ဖမ်းယူခြင်း (electron capture) သို့မဟုတ် β+ decay (positron emission) ဖြစ်စဉ်ဖြစ်ပွားပါသည်။ အက်တမ်အမှတ်စဉ်  83 ထက်ကျော်လွန်သော(atomic number>83) nucleus များတွင် ယေဘူယျအားဖြင့် alpha decay ဖြစ်စဉ်ဖြစ်ပွားပါသည်။အက်တမ်အမှတ်စဉ် 20 အောက်ငယ်သော nucleus များ ( ဟိုက်ဒရိုဂျင်မှ ကယ်လ်ဆီယမ်အထိ) ၏ တည်မြဲအမှတ်သည် “1” အနီးတွင်သာရှိသည်။ ၎င်း nucleus များအတွက် နူထရွန်/ပရိုတွန် အချိုးသည် “1”ထက်ကြီးလျှင် သို့မဟုတ် “1”ထက်ငယ်လျှင် မတည်မြဲသော nucleus များဖြစ်ပြီး ရေဒီယိုသတ္တိကြွခြင်းများဖြစ်ပွားနိုင်ပါသည်။
6C12 6C14 5B10 5B9
Neutron=6 Neutron=8 Neutron=5 Neutron=4
Proton=6 Proton=6 Proton=5 Proton=5
n/p=6/6  = 1 n/p=8/6 =1.3 n/p=5/5 =1 n/p=4/5  =0.8
(stable) (radioactive) (stable) (radioactive)
အက်တမ်အမှတ်စဉ် မြင့်မားလာသည်နှင့်အမျှ တစ်နည်းအားဖြင့် nucleus အရွယ်အစားကြီး လာသည် နှင့်အမျှ နူထရွန်/ပရိုတွန် အချိုးလည်း မြင့်မားလာသည်။ အက်တမ်အမှတ်စဉ်မြင့်မားသော nucleus (heavy nucleus) များအတွက် တည်မြဲအမှတ်သည် “1.6” ဟုသက်မှတ်ထားပါသည်။သို့သော် အလှည့်မှန်ဇယား (periodic table) တွင် အက်တမ်အမှတ်စဉ် 83 (Bi) ၏နောက်တွင်ရှိသော ဒြပ်စင်အားလုံးသည်း ရေဒီယိုသတ္တိကြွဒြပ်စင်များဖြစ်ပြီး ၎င်းတို့အားလုံးတွင် မည်သည့် stable nucleus မှ မရှိပါ။
Nucleus များ၏ တည်မြဲနိုင်မူ့ကို တခြားရိုးရှင်းသော နည်းလမ်းများဖြင့်လည်း ခန့်မှန်း တွက်ချက် နိုင်သည်။ ၎င်းနည်းလမ်းများမှာ
1)    နူထရွန် နှင့် ပရိုတွန်အရေအတွက်များကို စုံ(even)  နှင့် မ(odd) ခွဲခြား၍ nucleus များ၏ တည်မြဲနိုင်မူ့ကိုခန့်မှန်းတွက်ချက်ခြင်း။
2)    2 , 8, 20, 28, 50, 82, 126 စသော ကိန်းဂဏန်းများဖြင့် တည်မြဲသော nucleus များကို သက်မှတ်ထားခြင်း။
ပရိုတွန် နူထရွန် တည်မြဲသော nucleus အရေအတွက် တည်မြဲနိုင်မှု
4 အနည်းဆုံး
စုံ 50 -
စုံ 57 -
စုံ စုံ 168 အများဆုံး
အထက်ပါဇယားတွင် တည်မြဲသော nucleus ပေါင်း 279 မျိုးရှိသည့်အနက် ပရိုတွန်၊နူထရွန် အရေအတွက်နှစ်မျိုးစလုံး “မမ” ဖြစ်သော တည်မြဲသော nucleus အမျိုးအစား 4 မျိုးသာရှိပြီး ပရိုတွန်၊နူထရွန် အရေအတွက်နှစ်မျိုးစလုံး “စုံစုံ” ဖြစ်သော တည်မြဲသော nucleus အမျိုးအစားမှာ 168 မျိုးရှိပါသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ပရိုတွန်၊နူထရွန် အရေအတွက် နှစ်မျိုးစလုံး “မမ” ဖြစ်သော nucleus များသည် တည်မြဲနိုင်မူ့ အနည်းဆုံးဖြစ်၍ ပရိုတွန်၊နူထရွန် အရေအတွက် နှစ်မျိုးစလုံး “စုံစုံ” ဖြစ်သော nucleus များသည် တည်မြဲနိုင်မူ့အများဆုံးဖြစ်ကြောင်း သိရှိနိုင်ပါသည်။အလွယ်နည်းဖြင့် တည်မြဲနိုင်မူ့ အနည်းဆုံးမှ အများဆုံးသို့ (မမ၊မစုံ၊စုံမ၊စုံစုံ) ဟု မှတ်သားနိုင်ပါသည်။
Nucleus များ၏တည်မြဲနိုင်မှု့(nuclear stability

မမ < မစုံ  < စုံမ < စုံစုံ

ဥပမာ- အထက်ပါ “စုံမ” နည်းအရ အောက်ပါအိုင်ဆိုတုပ်များတွင် မည်သည့်အိုင်ဆိုတုပ်က ပို၍ တည်မြဲသည် ကို ရှာကြည့်ပါမည်။
a) 8O16 and 8O17
b)  17Cl35 and 17 Cl36
c) 20Ca40 and 20 Ca45
a)    8O16 8O17
ပရိုတွန်=8 (စုံ)                               ပရိုတွန်=8 (စုံ)
နူထရွန်=16-8=8 (စုံ)                      နူထရွန်=17-8=9 (မ)
8O16 နှင့်  8O17 တို့တွင် “စုံစုံ” ဖြစ်သော 8O16 ကပို၍ တည်မြဲပါသည်။
b)   17Cl35 17 Cl36
ပရိုတွန်=17 (မ)                                      ပရိုတွန်=17 (မ)
နူထရွန်=18 (စုံ)                            နူထရွန်=19 (မ)
17Cl35 and 17 Cl36 တို့တွင် “မစုံ” ဖြစ်သော 17Cl35 ကပို၍ တည်မြဲပါသည်။
2 , 8, 20, 28, 50, 82, 126 စသော ဂဏန်းများကို မှော်ဂဏန်းများ (magic numbers) ဟုခေါ်ပါသည်။ ဆိုလိုသည်မှာ ၎င်းဂဏန်းများနှင့် ကိုက်ညီသော ပရိုတွန်အရေအတွက် သို့မဟုတ် နူထရွန် အရေအတွက် ရှိသည့် nucleus များသည် အတည်မြဲဆုံးဖြစ်သည်။
ဥပမာ- 2He4
ပရိုတွန်=2
နူထရွန်=2
8O16
ပရိုတွန်=8
နူထရွန်=8
20Ca40
ပရိုတွန်=20
နူထရွန်=20
82Pb208
ပရိုတွန်=82
နူထရွန်=126

internet sources
 

No comments:

Post a Comment