Sunday, April 1, 2012

မြန်မာ့ပို့ကုန်မှ မတ်လတွင် ဘင်္ဂလာ ၇၀၇၁၃၁၈၂ တာကာ နိုင်ငံတော်အခွန်ရရှိ


n7ဘင်္ဂလာဒေ့ခ်ျနိုင်ငံ နိုင်ငံတော်ဝင်ငွေမှာ မြန်မာနှင့် ငွေလဲလှယ်မှုလျော့ဆင်းလာသောကြောင့် ခန့်မှန်းထားသည်ထက် အနည်းငယ် ပိုမိုရရှိနေသော်လည်း လွန်ခဲ့သောနှစ်များကထက် ကျဆင်းခဲ့သည်ဟု မောင်တောမြို့နှင့် မျက်နှာချင်းဆိုင်တည်ရှိသော တာခ်နာဆိပ်ကမ်း အကောက်ခွန်ဌာနမှ ပြောသည်။

Written by သဇင်ဥ    Sunday, 01 April 2012 08:46   PDFPrintE-mail
မြန်မာ့ တင်ပို့ကုန်ပစ္စည်းများမှ ဘင်္ဂလာ နိုင်ငံတော်ဝင်ငွေ တာကာ ၇၀၇၁၃၁၈၂ မတ်လအတွင်း အကောက်အခွန် ရရှိကြောင်း သတင်းရရှိသည်။
မြန်မာ့ကုန်ပစ္စည်းများကြောင့် ရရှိသည့် ဘင်္ဂလာ နိုင်ငံတော်ဝင်ငွေမှာ မြန်မာမှ ဘင်္ဂလာသို့ တင်ပို့သည့် ကုန်ပစ္စည်း စာရင်းစုစုပေါင်း (၁၉၄)အရ ရရှိခြင်းဖြစ်ကြောင်း ရှင်းပြသည်။

မြန်မာ့တင်ပို့ကုန်များကြောင့် ဘင်္ဂလာနိုင်ငံတော်ဝင်ငွေမှာ ဖေဖေါ်ဝါရီလတွင် တာကာ (၇၉၉၂၄၁၅၆) နှင့် ကုန်ပစ္စည်း တင်ပို့သည့် စာရင်းစုစုပေါင်း (၂၂၄)အရ ရရှိခဲ့ကြောင်း သက်ဆိုင်ရာမှ ထုတ်ဖေါ်ပြောဆိုခဲ့သည်။

မြန်မာ့ကုန် ဘင်္ဂလာသို့ တင်ပို့ခဲ့မှုမှာ ဖေဖေါ်ဝါရီလထက် မတ်လအတွင်း ကျဆင်းခဲ့ကြောင်း အကောက်ခွန်ဌာနမှ ရှင်းပြခြင်းဖြစ်သည်။

ဘင်္ဂလာအနေဖြင့် မြန်မာ့ကုန်ပစ္စည်းများ တင်ပို့လာသည့် တာခ်နာဆိပ်ကမ်းတစ်ခုတည်းမှ ဘင်္ဂလာနိုင်ငံတော်ဝင်ငွေ လစဉ် ၇၀၂၀၀၀၀၀ ကျော်ရရှိရန် ခန့်မှန်းထားသည်။

မြန်မာမှ ဘင်္ဂလာသို့ မတ်လအတွင်း (၂၆ ကုဋေ ၃ သိန်း ၆၂၃၂၀) တာကာ ကုန်ပစ္စည်း တန်ဖိုးကုန်တင်ပို့ခဲ့ကြောင်းနှင့် ဖေဖေါ်ဝါရီလအတွင်း (၂၇ ကုဋေ ၁ သန်း ၈ သိန်း ၅၆၀၈၉) တာကာတန်ဖိုး တင်ပို့ခဲ့ကြောင်းနှင့် ဘင်္ဂလာမှ မြန်မာသို့ မတ်လအတွင်း (၁၉၈၂၂၂၇၈) တာကာ ကုန်ပစ္စည်းတန်ဖိုး တင်ပို့ခဲ့ကြောင်းနှင့် ဖေဖေါ်ဝါရီလအတွင်း တာကာ (၁၁၀၄၂၅၄၅) ကုန်ပစ္စည်းတန်ဖိုး တင်ပို့ ခဲ့ကြောင်း အကောက်ခွန်ဌာနမှ အသေးစိပ်ရှင်းပြသည်။

မြန်မာ-ဘင်္ဂလာ ယနေ့ငွေလဲလှယ်နှုန်းမှာ မြန်မာ (၉၀၀) ကျပ်ကို ဘင်္ဂလာ (၁၀၀) တာကာဖြစ်သည်။

(၂၀၀၀) ခုနှစ် မြန်မာ-ဘင်္ဂလာ ငွေလှည်းလှည်နှုန်းမှာ တာကာ (၁၀၀) ကို ကျပ်ငွေ (၂၂၀၀) အထိရှိခဲ့သည်။
မြန်မာမှ ဘင်္ဂလာသို့ လစဉ်တင်ပို့နေသည့် ကုန်ပစ္စည်းများမှာ ငါးစိမ်း၊ ငါးခြောက်၊ သစ်၊ ၀ါး၊ ဈေးယို၊ နွား၊ ကျွဲ၊ ဆိတ်၊ င/ရုပ် ကောင်းစိ၊ ဆန်၊ ဓနိနှင့် တခြားပစ္စည်းများပါဝင်ပြီး ဘင်္ဂလာမှ မြန်မာသို့ ဆံပင်၊ အ၀တ်အထည်၊ သံထည်ပစ္စည်းများနှင့် တခြားပစ္စည်းများ တင်ပို့သည်။ မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား တရားဝင်စီးပွားရေးအရ စာချုပ်မှာ လွန်ခဲ့သော (၁၉၉၇) ခု၊ စက်တင်္ဘာလ(၅)ရက်နေ့က ချုပ်ဆိုခဲ့ပြီး ပထမပိုင်းတွင် တစ်နှစ်လျှင် မြန်မာ့ကုန်ကြောင့် ဘင်္ဂလာနိုင်ငံတော်ဝင်ငွေ တာကာ (၅) ကုဋေခန့်ရရှိခဲ့သည်။ (၂၀၀၁) ခုနှစ်မှ (၂၀၁၀) အစောပိုင်းအထိ ကုဋေ (၂၀၀) နီးပါးအထိ တိုးမြင့်ရရှိခဲ့သည်။

သို့သော်လည်း (၂၀၁၀) မှ ယခုအချိန်အထိ ကုဋေ (၁၀၀) ပတ်ဝန်းကျင် အထိရရှိနေကြောင်း တာခ်နာဆိပ်ကမ်း လစဉ်နှင့် သတ်မှတ်ထားသည့်ကာလတို့တွင် ထုတ်ပြန်ချက်များက ဆိုသည်။
မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအနေဖြင့် ကုန်ကူးလူးဆက်ဆံရေးမှာ သီးသန့် တာခ်နာဆိပ်ကမ်းတစ်ခုတည်းမဟုတ်ဘဲ စစ်တကောင်း ဆိပ်ကမ်းနှင့် တချို့ဆိပ်ကမ်းများ ရှိနေသေးသည်။

မြန်မာ-ဘင်္ဂလာနှစ်နိုင်ငံ စီးပွားရေးတိုးမြင့်လုပ်ဆောင်ရန်နှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန် ရေကြောင်းခရီးမှ သင်္ဘောနှင့် လေကြောင်းခရီးမှ လေယဉ်ပျံတို့ဖြင့် ယခုနှစ် ဇွန်လအတွင်း စတင်ပြေးဆွဲလာနိုင်ရန် အလားအလာရှိနေကြောင်း စုံစမ်းသိရှိရသည်။

ရခိုင်ပြည်နယ် အနောက်ဘက် မောင်တောမြို့နှင့် မျက်နှာချင်းဆိုင်တည်ရှိသည့် တာခ်နာဆိပ်ကမ်းမှ ပုံမှန်မြန်မာ့တင်ပို့ကုန်မှ နိုင်ငံတော်ဝင်ငွေရရှိသည်ကို ထင်သာမြင်သာရှိအောင် နိုင်ငံတော်အတွင်း ထုတ်ဖေါ်ရှင်းလင်းသော်လည်း မောင်တောဆိပ်ကမ်းမှ တာဝန်ရှိသူများ အနေဖြင့် တခါတရံမှ ရှင်းလင်း ထုတ်ဖေါ်ခြင်းမရှိပေ။
Last Updated ( Sunday, 01 April 2012 09:09 )
 http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/94-2012-04-01-09-01-24

No comments:

Post a Comment