Saturday, March 31, 2012
သစ်ထူးလွင်
ထန်းတပင်မြို့ နယ် ရွေးကောက်ပွဲ ကော်မရှင်၏မရိုးသားမှုနှင့် ကြံ့ဖွံ့ ပါတီမှ မဲများဝယ်ယူနေခြင်း
Posted: 31 Mar 2012 06:54 AM PDT
ထန်းတပင်၊ မတ် - ၃၁ ရက်နေ့ ၂၀၁၂
ထန်းတပင်မြို့ နယ် မဲဖလံကျေးရွာအုပ်စု မိကျောင်းခေါင်းကျေးရွာ ရွေးကောက်ပွဲကော်မရှင်
အဖွဲ့ သည် ၂၀၁၂ ခုနှစ် မတ်လ(၃၀)ရက်နေ့ တွင် မိကျောင်းခေါင်းကျေးရွာအတွင်း ကြိုတင်
မဲလိုက်လံကောက်ခံခဲ့ပါတယ်။
မိကျောင်းခေါင်းကျေးရွာ ရာအိမ်မှူး ဦးဇော်ဝင်းနိုင်(ခ)ဦးရွှေပု နှင့် အတူ ပူးတွဲ လိုက်လံ
ကောက်ခံခဲ့သဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ(၈၇)တွင် ဖော်ပြသည့် မရိုးမဖြောင့်
သော သဘောဖြင့် လုပ်ဆောင်သည် အပိုဒ်တွင် အကျုံးဝင်သက်ရောက်စေသည် ဖြစ်သော
ကြောင့် ရွေးကောက်ပွဲ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ပေးပါရန် ဒေသခံများ
က တောင်းဆိုထားပါတယ်။
ရွေးကောက်ပွဲ မရိုးသားမှု အရေးယူပေးပါရန် ဒေသခံများ၏တောင်းဆိုချက်
ဒါအပြင် ထန်းတပင်မြို့နယ်အတွင်းရှိ ဇလုပ်ကြီးကျေးရွာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီမှ မဲမရိုးသားမှုတစ်ခုဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီးထန်းတပင်
မြို့နယ် အင်န်အယ်လ်ဒီအဖွဲ့မှ မြို့နယ်ကော်မရှင်အဖွဲ့သို့ ကန့်ကွက်စာတင်ပို့ထားပါတယ်။
ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးကျော်စိုးဦးနှင့်ဦးမောင်ညွန့်တို့နှစ်ဦးက အဆိုပါကျေးရွာတွင်နေထိုင်သည့် ဦးကျော်စိုးမိုးနှင့် မအေးအေးမာတို့နှစ်ဦးအား ပြည်ခိုင်ဖြိုးပါတီကိုသာ မဲထည့်ရန်ပြောဆိုခဲ့ကြောင်း
 ထန်းတပင်မြို့ နယ် အင်န်အယ်လ်ဒီအဖွဲ့ချုပ်မှတင်သွင်းသည့် ကန့်ကွက်စာအရသိရပါတယ်။
ထန်းတပင်မြို့ နယ် NLD အောင်နိုင်ရေးအဖွဲ့ ၏ ကန့် ကွက်စာ
 Myanmar News Now
မြန်မာ့​ရွေး​ကောက်ပွဲ ကမ္ဘာ့​မီဒီယာ​တွေမှာဖုံး​လွှမ်း
Posted: 31 Mar 2012 06:27 AM PDT
မြန်မာနိုင်ငံမှာနှစ် ၅၀ အတွင်း​ တတိယ​မြောက် ကျင်း​ပမယ့်​ ကြား​ဖြတ် ​ရွေး​ကောက်ပွဲကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ ​ရွေး​ကောက်ပွဲ ​စောင့်​ကြည့်​ ​လေ့​လာသူ​တွေ၊​ နိုင်ငံတကာ မီဒီယာ​တွေက ​ရွေး​ကောက်ပွဲမတိုင်ခင် ရက်ပိုင်း​ အလိုကတည်း​က စိတ်ဝင်တစား​ ​စောင့်​ကြည့်​လေ့​လာ သတင်း​ယူ ​ရေး​သား​ ​ဖော်ပြ​နေကြပါတယ်။
ဧပြီ (၁)ရက်မြန်မာ ကြား​ဖြတ်​ရွေး​ကောက်ပွဲအတွက် ဥ​ရောပသမဂ္ဂ၊​ အ​မေရိကန်၊​ က​နေဒါ ဩစ​တြေး​လျ၊​ ဂျပန် အိနိယနဲ့​ အာဆီယံ အဖွဲ့​ကြီး​တို့​က နိုင်ငံတကာ ​ရွေး​ကောက်ပွဲ ​လေ့​လာသူ​ပေါင်း​ ၁၅၀ ​ကျော်က မဲ​ပေး​မှုကို ​စောင့်​ကြည့်​ကြမှာပါ။ နယူး​ယောက်မြို့​ အ​ခြေစိုက် ကုလသမဂ္ဂ ရုံး​ချုပ်က ကိုယ်စား​လှယ် ကိုယ်တိုင် ​ရွေး​ကောက်ပွဲ အတွက် လာ​ရောက်မယ်လို့​ ကုလသမဂ္ဂက မတ် ၃၁ ရက်​နေ့​မှာ သတင်း​ထုတ်ပြန်ပါတယ်။ ကုလသမဂ္ဂသတင်း​နဲ့​ ပြန်ကြား​ရေး​ ဌာနက​တော့​ မြန်မာ့​ကြား​ဖြတ် ​ရွေး​ကောက်ပွဲဟာ မြန်မာ့​သမိုင်း​ အတွက် အတိမ်း​အ​စောင်း​ မခံဘဲ အသည်း​အသန် အ​ရေး​ပါတဲ့​ အချိန်ကာလလို့​ လွတ်လပ်တဲ့​ ပညာရှင်တ​ယောက်ရဲ့​ စကား​ကို ကိုး​ကား​ဖော်ပြပါတယ်။
ထိုင်း​လွှတ်​တော်ရုံး​က​တော့​ ကိုယ်စား​လှယ် ၃ ​ယောက်ကို လွှတ်ခဲ့​ပြီး​ ထိုင်း​ မီဒီယာ ၃ ခု က​တော့​ ​ကော့​မှူး​၊​ မရမ်း​ကုန်း​နဲ့​ မင်္ဂလာ​တောင်ညွန့်​ မြို့​နယ်တို့​က မဲရုံ​တွေကို ​စောင့်​ကြည့်​ မှတ်တမ်း​တင် ကြမှာပါ။
ဩစ​တြေး​လျနိုင်ငံက ​လေ့​လာသူ ၅ ဦး​က​တော့​ ဧရာဝတီတိုင်း​ကို သွား​မှာ ဖြစ်ပြီး​ ​နောက်တဦး​က​တော့​ မ​ကွေး​တိုင်း​ကို သွား​မယ်လို့​ ဩစ​တြေး​လျသံရုံး​က ​ပြောပါတယ်။ လူ့​အခွင့်​အ​ရေး​အတွက် နိုင်ငံတကာအဖွဲ့​ချုပ် (FIDH)၊​ လူ့​အခွင့်​အ​ရေး​နဲ့​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ဆိုင်ရာ အာရှဖို့​ရမ်(Forum-Asia)၊​ မြန်မာ့​အ​ရေး​ အာဆီယံကွန်ယက်(Asean-Burma)နဲ့​ မြန်မာ့​ဒီမိုက​ရေစီ အတွက်ဖိုရမ် (FDB) တို့​ က​တော့​ ပုံမမှန်မှု​တွေနဲ့​ စိစစ်​ရေး​တွေ​ကြောင့်​ ကြား​ဖြတ် ​ရွေး​ကောက်ပွဲ ဖြစ်စဉ်ဟာ ရုပ်ပျက်ဆင်း​ပျက် ဖြစ်​နေပြီလို့​ ​ပြောပြီး​ ပြုပြင်​ပြောင်း​လဲ​ရေး​လုပ်ဖို့​ တိုက်တွန်း​တဲ့​ ​ကြေညာချက် တ​စောင် ထုတ်ပြန် လိုက်ပါတယ်။
မြန်မာ့​လူ့​အခွင့်​အ​ရေး​ဆိုင်ရာ ကုလသမဂ္ဂ အထူး​သံတမန် ​သောမတ်စ် အို​ဟေး​ ကင်တား​နား​က ဒီကြား​ဖြတ်​ရွေး​ ​ကောက်ပွဲဟာ အစိုး​ရအတွက် ဒီမိုက​ရေစီ ပြုပြင် ​ပြောင်း​လဲ​ရေး​ အ​ကောင်အထည်​ဖော်ရာမှာ တိုး​တက်မှု ရှိ မရှိ အဓိက စမ်း​သပ်ချက်ဖြစ်တယ်လို့​ မတ် ၃၀ ရက်​နေ့​က ​ပြောပါတယ်။ ၂၀၁၀ ​ရွေး​ကောက်ပွဲဟာ ချို့​ယွင်း​ချက် အပြစ် အနာအဆာ​တွေ ရှိခဲ့​လို့​ နိုင်ငံတကာ စံချိန်ကို မပြည့်​မီခဲ့​ဘူး​လို့​လည်း​ ​ပြောပါတယ်။ ဒါ​ကြောင့်​ ဒီမိုက​ရေစီ ​ပြောင်း​လဲမှု အတွင်း​ စိန်​ခေါ်ချက်​တွေကို ​ဖြေရှင်း​ရမယ့်​ အခွင့်​အ​ရေး​ကို လက်လွတ်ခဲ့​တယ်။ ပိုပွင့်​လင်း​လာတဲ့​ ​ခေတ်သစ်မှာ ဒါမျိုး​အဖြစ်အပျက် ထပ်ပြီး​ မဖြစ်သင့်​ဘူး​လို့​လည်း​ ​ပြောပါတယ်။
ဧပြီ ၁ ရက်​နေ့​မှာ ကျင်း​ပမယ့်​ မြန်မာနိုင်ငံ ကြား​ဖြတ်​ရွေး​ကောက်ပွဲ ​အောင်မြင်မှုရဲ့​ အ​ရေး​ပါပုံကို အ​မေရိကန် အစိုး​ရဗျူဟာနဲ့​ ဘက်​ပေါင်း​စုံ​ရေး​ရာဌာန ဒု – လက်​ထောက် အတွင်း​ရေး​မှူး​ နီရဗ်ပ​တေး​က အာဆီယံ အတွင်း​ဝန်များ​ရုံး​အတွင်း​ ​ဟော​ပြောပို့​ချချက်အပြီး​ မတ် ၃၀ ရက်​နေ့​က ​ပြောပါတယ်။ ဒီအ​ကြောင်း​ကို​တော့​ ဆင်ဟွာ သတင်း​ဌာနက ​ဖော်ပြတာပါ။ အာဆီယံ အ​ထွေ​ထွေ အတွင်း​ရေး​မှူး​ ဆူရင်ပစ်ဆူဝမ်က မြန်မာအစိုး​ရရဲ့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲ ​စောင့်​ကြည့်​ ​လေ့​လာဖို့​ ဖိတ်ကြား​ချက်အ​ပေါ် အာဆီယံ အ​ထွေ​ထွေ အတွင်း​ရေး​မှူး​ရုံး​က မြန်မာ့​နိုင်ငံ​ရေး​ ဖြစ်စဉ်ကို ပံ့​ပိုး​ရတာ ​ကျေနပ်ဝမ်း​မြောက်​ကြောင်း​ တုံ့​ပြန်​ပြောဆိုပါတယ်။ အမျိုး​သား​ရင်ကြား​ ​စေ့​ရေး​ကို အား​ပေး​ဖို့​ ​မေ်ွာ်လင့်​ထား​တဲ့​ သိသာထင်ရှား​တဲ့​ နိုင်ငံ​ရေး​ ဖြစ်စဉ်ပဲလို့​လည်း​ ​ပြောပါတယ်။
ကြား​ဖြတ်​ရွေး​ကောက်ပွဲဟာ စစ်အုပ်ချုပ်​ရေး​အောက်မှာ နှစ် ၅၀ နီး​ပါး​ ​နေခဲ့​ရတဲ့​ ပြည်သူ​တွေရဲ့​ အ​ကြောက်တရား​နဲ့​ တိတ်ဆိတ်မှုကို ဖယ်ရှား​ဖို့​ အစိုး​ရရဲ့​ ကတိပြုချက်ကို စစ်​ဆေး​တဲ့​ စမ်း​သပ်ချက်ပဲလို့​ အကဲခတ်​တွေရဲ့​စကား​ကို ကိုး​ကား​ပြီး​ မတ် ၃၁ ရက်​နေ့​မှာ ထုတ်လွှင့်​တဲ့​ စီအန်အန် သတင်း​ဌာနက ​ကြေညာပါတယ်။ စီအန်အန်သတင်း​ဌာနဟာ မြန်မာ​ရွေး​ကောက်ပွဲကို ပြည်တွင်း​က​နေ တိုက်ရိုက်ထုတ်လွှင့်​ပြသမှု​တွေလည်း​ပြုလုပ်​နေပါတယ်။
အေအက်ဖ်ပီ သတင်း​ဌာနက​တော့​ အ​မေရိကန်က မြန်မာ့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲအတွက် ​လေ့​လာသူ ၂ ဦး​ ​စေလွှတ်​ကြောင်း​ သတင်း​ ထုတ်ပြန်ပါတယ်။ မြန်မာအစိုး​ရရဲ့​ ဖိတ်ကြား​ချက်အရ ​စေလွှတ်တာလို့​လည်း​ ​ဖော်ပြပါတယ်။
အ​မေရိကန်​လေ့​လာသူ ၂ ဦး​ဟာ မတ် ၂၈ ရက်က​နေ ဧပြီ ၃ ရက်အထိ မြန်မာနိုင်ငံထဲမှာ ​နေထိုင်ပြီး​ မဲ​ပေး​မှု အ​ခြေအ​နေကို ​လေ့​လာမယ်လို့​ အ​မေရိကန် အစိုး​ရ ​ပြောခွင့်​ရသူ ဗစ်တိုရီး​ယား​ နူလန်း​က ​ပြောပါတယ်။ ​လေ့​လာသူ ၂ ဦး​အပြင် အ​မေရိကန် စာနယ်ဇင်း​သမား​တွေနဲ့​ နိုင်ငံတကာ စာနယ်ဇင်း​သမား​တွေ အ​ပေါ်လဲ ​မေ်ွာ်လင့်​ချက် ထား​ကြောင်း​ ​အေအက်ဖ်ပီကို ​ပြောပါတယ်။
မတ် ၃၀ ရက်​နေ့​ထုတ် ဘန်​ကောက်ပို့​စ် သတင်း​စာက​တော့​ ​ရွေး​ကောက်ပွဲ မတိုင်ခင် မဲဆွယ်ပွဲဆိုင်ရာ မြင်ကွင်း​တွေကို ခြယ်မှုန်း​ ​ဖော်ပြထား​ပါတယ်။ နာဂစ်မုန်တိုင်း​အပြီး​ ပြန်လည်ထူ ​ထောင်​ရေး​ အား​ထုတ်စဉ်က ​ဒေသခံ လုပ်အား​ပေး​ အုပ်စု​တွေနဲ့​ ချိတ်ဆက်ပြီး​ ​ရွေး​ကောက်ပွဲ ​စောင့်​ကြည့်​ခဲ့​တယ်။ ကြား​ဖြတ် ​ရွေး​ကောက်ပွဲမှာလည်း​ ​ဒေသခံ ​ရွေး​ကောက်ပွဲ ​စောင့်​ကြည့်​သူ အ​ယောက် ၂၀၀၀ ​ကျော်က သတင်း​အချက်အလက်​တွေကို ဗဟိုကို ​ပေး​ပို့​လိမ့်​မယ်လို့​ လွတ်လပ်​သော ​ရွေး​ကောက်ပွဲအတွက် အာရှကွန်ယက်က ​ဒေသခံ အရာရှိနဲ့​ ၈၈ မျိုး​ဆက်အုပ်စု အဖွဲ့​ဝင်ဦး​တင်​မောင်​ထွေး​ကို ကိုး​ကား​ပြီး​ ​ဖော်ပြထား​ပါတယ်။ မြန်မာ့​ရွေး​ကောက်ပွဲ ​စောင့်​ကြည့်​ ​လေ့​လာသူများ​ ​ခေါင်း​စဉ်​အောက်မှာ ​ဒေသခံ ​စောင့်​ကြည့်​သူ​တွေဟာ မဲဆန္ဒနယ် ၄၅ နယ်ထဲက ၄၀ မှာ ​စောင့်​ကြည့်​ဖို့​ ခွင့်​ပြုချက် ရထား​ကြောင်း​လည်း​ ​ဖော်ပြပါတယ်။
မတ် ၃၀ ရက်​နေ့​ထုတ် ​ဝေါလ် စထရိတ် ဂျာနယ်က​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ သတင်း​ စာရှင်း​လင်း​ပွဲအတွင်း​ ​ပြောဆိုချက်ကို ​ဖော်ပြပါတယ်။ ​ရွေး​ကောက်ပွဲအပြီး​ အ​နောက်နိုင်ငံ ​တွေက မြန်မာနိုင်ငံအ​ပေါ် စီး​ပွား​ရေး​ ဒဏ်ခတ်မှု​တွေ ရုတ်သိမ်း​သင့်​ မသင့်​နဲ့​ ဆက်စပ် သတင်း​ ထုတ်ပြန်ပါတယ်။
ကြား​ဖြတ်​ရွေး​ကောက်ပွဲ အတွင်း​ ပုံမမှန်မှု​တွေ​ကြောင့်​ ​ရွေး​ကောက်ပွဲအတွင်း​ တရား​မ်ွတမှုရှိ မရှိ စိုး​ရိမ်မှု​တွေ အသည်း​အသန် မြင့်​တက်​နေတယ်လို့​ ​ဒေါ်​အောင်ဆန်း​စုကြည်က မတ် ၃၀ ရက်​နေ့​ သတင်း​စာ ရှင်း​လင်း​ပွဲ အတွင်း​ ​ပြောဆိုလိုက်တာပါ။ တကယ်လို့​ ကြား​ဖြတ် ​ရွေး​ကောက်ပွဲဟာ လွတ်လပ်ပြီး​ တရား​မ်ွတခဲ့​ရင် အ​မေရိကန်နဲ့​ ဥ​ရောပနိုင်ငံ​တွေက ဒဏ်ခတ် ပိတ်ဆို့​မှု​တွေကို ဧပြီလက စပြီး​ ​စောနိုင်သမ်ွ ​စော​စော ရုပ်သိမ်း​ပေး​ချင်တယ်လို့​ ​ပြောခဲ့​ပြီး​ပါပြီ။ အ​မေရိကန်က​ရော ဥ​ရောပကပါ သူတို့​ဆုံး​ဖြတ်တဲ့​အခါ ​ဒေါ်​အောင်ဆန်း​စု့​ကြည်ရဲ့​ အကြံပြုချက်ကို အ​လေး​အနက် ထား​မယ်လို့​ ​ပြောခဲ့​ဖူး​ပါတယ်။
ရိုက်တာ သတင်း​ဌာနက​တော့​ မတ် ၃၁ ရက်​နေ့​မှာ မဲဆွယ်ပွဲ အခင်း​အကျင်း​တွေနဲ့​ မဲရုံ​တွေမှာ ပြင်ဆင်​နေပုံ​တွေကို ထုတ်လွှင့်​ ပြသ​နေပါတယ်။
ဒီဗွီဘီ
ကော့မှူးမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် အန်အယ်ဒီပါတီဝင်မျာ;စကားများရန်ဖြစ်ခြင်းမှာ မဟုတ်ကြောင်း အန်အယ်ဒီပါတီငြင်းဆို
Posted: 31 Mar 2012 06:13 AM PDT
ဝင့်သင်ဇာကျော်(မြစ်မခ-ကော့မှူး)
မတ်လ ၃၁၊ ကော့မှူးမြို့။
ကော့မှူးမြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး)နှင့် အန်အယ်ဒီပါတီအဖွဲ့ဝင်များသည် မတ်လ ၃၀ရက်နေ့ ညနေ ၅နာရီခန့်၌ ထွန်းစတိုးဆိုင်ရှေ့တွင် အခြေအတင်စကားများသည်ဟု သတင်းထွက်ရှိနေခြင်းသည် မဟုတ်မှန်ဘဲ ဒေသခံပြည်သူများနှင့် ပြည်ခိုင်ဖြိုးတို့မှ ပဋိပက္ခဖြစ်ရခြင်းသာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“ကျွန်တော်တို့ပါတီနဲ့ဖြစ်တာမဟုတ်ဘူး ၊ ကြံ့ခိုင်ဖွံ့ရေးနဲ့ ပြည်သူတွေနဲ့ဖြစ်တာပါ ကျွန်တော်တို့က ဒီရွေးကောက်ပွဲ ပျက်သွာမှာစိုးလို့ ပြေလည်အောင် ဖြေရှင်းပေးရုံပါ။” ဟု အန်အယ်လ်ဒီပါတီ ကော့မှူးမြို့နယ်အောင်နိုင်ရေးအဖွဲ့ဝင် ဦးအေးသိန်းမှ ရှင်းလင်းပြောဆိုသည်။
၎င်းမြို့ခံ ဆိုက်ကားနင်းနေသူ ဒေသခံတစ်ဦးမှ သူကြားမိခဲ့သည့် သတင်းအား ယမန်နေ့တွင် အယ်အယ်ဒီအဖွဲ့မှ ကလေးများကနေစဉ် ပြည်ခိုင်ဖြိုးပါတီမှ ဆဲဆိုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
 “ရန်ဖြစ်တာမဟုတ်ဘူး ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ ဘေးလူနဲ့ဖြစ်တာ၊ မနေ့က ငါးနာရီ ခြောက်နာရီလောက်ကပေါ့။” ဟုကေှာ့မှူးမြို့မှ လူငယ်တဦးက ပြောသည်။
အဆိုပါ သတင်းထွက်ရှိနေခြင်းနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီကို သွားရောက် မေးမြန်းရာတွင် မည်သူမှ မသိရှိကြောင်းနှင့်၊ ယင်းနေ့တွင် ရှိခဲ့သော ၎င်းပါတီဝင် အကုန်လုံးသည် စည်းရုံးရေးဆက်လျက် ဆင်းနေကြပြီ ဖြစ်ကြောင်း သိရှိရသည်။
“ကျွန်တော်တို့ဘာမှ မသိဘူး ကျွန်တော်တို့က နယ်ကအခုမှလာတာ ၊ မနေ့က ဒီရုံးမှာ ရှိနေတဲ့လူတွေ အကုန်လုံး စည်းရုံးရေးဆင်းကုန်ကြပြီ ဘယ်သူမှ မရှိဘူး။”ဟု  ပြည်ခိုင်ဖြိုးပါတီ၏ ရုံးဂိတ်စောင့် တစ်ဦးမှ ဆိုသည်။
ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာ စိုးမင်းအား ဆက်သွယ်ရာတွင် ဖုန်းမကိုင်ခြင်း၊ ဖုန်းပိတ်ထားခြင်းများ ဖြစ်ပေါ်နေသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ည ၆ နာရီ ၄၅ မိနစ်ခန့်တွင် ဝါးသိင်္ခကျေးရွာသို့ ရောက်ရှိလာပြီ
Posted: 31 Mar 2012 06:07 AM PDT
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ည ၆ နာရီ ၄၅ မိနစ်ခန့်တွင် ဝါးသိင်္ခကျေးရွာသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း အဆိုပါ ကျေးရွာ၌ စောင့်ဆိုင်း သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
 ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ၎င်း၏ မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်းပါ လိုက်ပါသွားပြီး ကျန်းမာရေး အခြေအနေအရ ပြင်ပဧည့်သည်များကို ည ၈ နာရီခွဲခန့် အထိသာ တွေ့ဆုံနိုင်ဖွယ် ရှိကြောင်း NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးခွန်သာမြင့်က ပြောကြားသည်။
ကော့မှူးမြို့နယ်သို့ သွားရာ လမ်းတွင် တွံတေးမြို့နယ် အစပ်၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မဆွယ် စည်းရုံးရေးကားများနှင့် တွေ့ဆုံခဲ့သော်လည်း အနှောက်အယှက်၊ ခိုက်ရန်ဖြစ်ပွားခြင်း တစ်စုံတစ်ရာ မရှိခဲ့ကြောင်း ၎င်းက ထပ်မံ သတင်းပေးပို့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ၎င်း၏ မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်းပါ လိုက်ပါသွားပြီး ကျန်းမာရေး အခြေအနေအရ ပြင်ပဧည့်သည်များကို ည ၈ နာရီခွဲခန့် အထိသာ တွေ့ဆုံနိုင်ဖွယ် ရှိကြောင်း NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးခွန်သာမြင့်က ပြောကြားသည်။
The Voice Weekly
ကလောမြို့ နယ် NLD ကိုယ်စားလှယ်ဒေါက်တာဒေါ်သန်းငွေ စည်းရုံးရေးခရီး နှင့် ၀န်ထမ်းမျာ၏ ကြိုတင်မဲ ခြိမ်းခြောက်ခံနေရမှု
Posted: 31 Mar 2012 05:44 AM PDT
NLDကိုယ်စားလှယ်လောင်းဒေါက်တာဒေါ်သန်းငွေ  အောင်နိုင်ရေးအဖွဲ့ နှင့် ဆွေးနွေးနေစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
 ဒေါက်တာဒေါ်သန်းငွေ သည် ကလောမြို့နယ်၊ အတွင်းရှိ ကလော၊ အောင်ပန်း၊ ဟဲဟိုး၊ ဘော်ဆိုင်းစသည့်မြို့များနှင့် ကျေးရွာအုပ်စု များသို့ အောင်နိုင်ရေး
စည်းရုံးရေးခရီးအဖြစ် ဒေသခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးအဖွဲ့များနှင့်
 အတူပူးပေါင်းပြီး မတ်လ(၁)လလုံးလုံးမနားမနေ သွားရောက်စည်းရုံးလျက်ရှိပါသည်။
၂၀၁၂ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့ (ရွေးကောက်ပွဲအကြိုနေ့) ညနေ(၄)နာရီအချိန်ခန့်တွင် ကလောမြို့မှတဆင့် အောင်ပန်းမြို့သို့ရောက်ရှိပြီး အောင်ပန်းမြို့၊ အန်အယ်ဒီအောင်နိုင်ရေး
အဖွဲ့တာဝန်ခံ ဒေါက်တာဦးကျော်မြ၀င်းနှင့်အဖွဲ့ဝင်များ၊ အောင်ပန်းမြို့
ကုန်သည်ကြီးများအသင်းအဖွဲ့ဝင်မျ
ား၊ မြို့မိမြို့ဖများ၊ တက်ကြွသော လူငယ်မျိုးဆက်အဖွဲ့များနှင့် ပြည်သာယာဈေးတွင်တွေ့ဆုံခဲ့ပါသည်။
ယင်းသို့တွေ့ဆုံရာတွင် ကလောမြို့နယ်တွင် မိမိအနေဖြင့် အောင်နိုင်မည်ဟုယုံကြည်ကြောင်း ၊
ကလောမြို့နယ်အတွင်းရှိအောင်ပန်း၊ ကလော၊ ဟဲဟိုးစသည့် မြို့များသည် စီးပွားရေးလုပ်ငန်း
လုပ်ကိုင်ရန် အကောင်းဆုံးဖြစ်ကြောင်း၊ ပညာတတ်တွေလည်းများကြောင်း၊ 
 ဒီမြို့တွေကြီးပွားတိုးတက်ဖို့ မြန်ဆန်မှာဖြစ်ကြောင်း၊  ဒီစိတ်ဓါတ်မျိုးရှိတဲ့
လူထုတွေရှိတဲ့ နေရာဟာ  စိတ်အချရဆုံးနေရာ အားအကိုးရဆုံးနေရာပါ 
လုပ်နိုင်တဲ့သူတွေရှိတယ်ဆိုတာယုံကြည်ပီးသားဖြစ်ကြောင်း ဒါကြောင့်မို့လို့  
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နေနဲ့ ကလောမြို့နယ်ပြည်သူလွှတ်တော်
ကိုယ်စားလှယ်အဖြစ် အောင်နိုင်မည်ဖြစ်ကြောင်း အားတက်သရော ပြောကြားသွားပြီး  အောင်ပန်းမြို့၊ ပြည်သူလူထုကိုလည်း
ကျေးဇူးတင်ကြောင်း ပြောကြားသွားပါသည်။
ကလောမြို့နယ်ပြည်သူ့လွှတ်တော်ကို
ယ်စားလှယ်များအဖြစ်  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ တစညပါတီနှင့် 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တို့မှ ၀င်ရောက်ယှဉ်ပြိုင်အရွေးခံမည်စ်ြပါသည်။
အင်န်အယ်ဒီပါတီနှင့်  ပြည်ခိုင်ဖြိုးတို့ မြို့နယ်အတွင်း အပြိုင်စည်းရုံးနေပါသည်။  အင်န်အယ်ဒီပါတီက မက်လုံးမပါရိုးသားစွာစည်းရုံးနေသော်လည်း   ကြံ့ဖွံ့ ပါတီမှ ဘိလပ်မြေပေးခြင်း၊ 
လမ်းဖောက်တံတားဆောက်ပေးမည်ပြောခြင်း၊ လျှပ်စစ်မီးရအောင်လုပ်ပေးမည်ဟုပြောခြင်း၊
 ချေးငွေများထုတ်ပေးခြင်း၊ နေ့စားခတစ်ရက်လျှင် ၂၀၀၀ိ/-ပေးပြီး
တစ်အိမ်တက်ဆင်းမဲဆွယ်စည်းရုံးခု
ိင်းခြင်း၊  ကိုယ်ပိုင်ငွေမပါဘဲ၊ ပါတီပိုင်ငွေဖြင့်  ယခင်က လမ်းဖောက်တံတားဆောက်စသည်လုပ်ဆောင်ခဲ့ဖူးကြောင်း အသံချဲ့စက်ဖြင့်
 လှည့်လည်ပြောကြားစည်းရုံးမဲဆွယ်နေပါသည်။ 
ထို့အပြင် ၀န်ထမ်းများကိုလည်းအတင်းအကြပ်ကြိုတင်မဲများထည့်ခိုင်းပြီး ၀န်ထမ်းများမှ 
မိမိတို့ဆန္ဒ ဖြင့် အမေဒေါ်စု၏ ပါတီကိုမဲပေးမည်ဟု ဆုံးဖြတ်ထားသော်လည်း
Myanmar News Now
ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်း ၀ါးသင်္ခကျေးရွာလမ်းခွဲသို့ ဝင်ရောက်သွားပြီ
Posted: 31 Mar 2012 05:22 AM PDT
ဓါတ်ပုံ( Messenger News Journal)
ရန်ကုန်မြို့မှ ကော့မှူးသို့သွားရောက်နေသော ဒေါ်အောင်ဆန်းစုကြည်၏လုံခြုံရေးကို
တာဝန်ယူထားသောဦးခွန်သာမြင့်ကိုဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာသတင်းများကြားထားသည့်အတွက်သက်ဆိုင်ရာသို့အကြောင်းကြားထားကြောင်းနှင့်ယခုအချိန်ထိထိုသတင်းထွက်ပေါ်သောနေရာများတွင် စောင့်ဆိုင်းနေသည်ကို
မတွေ့ရသေးကြောင်းဖြေကြားသည်။ 
 ဒေါ်အောင်ဆန်းစုကြည်လိုက်ပါ လာသောယာဉ်တန်းကို စောင့်ကြိုတိုက်ခိုက်ရန် 
 ကံဘဲ့လမ်းဆုံနှင့် ဘုရားငုတ်တိုလမ်းဆုံတို့တွင် စောင့်ကြိုတိုက်ခိုက်မည်ဆိုသည့်သတင်းများရရှိထားသည့်အတွက်လည်း လုံခြုံရေးကိုအထူးဂရုစိုက်လျှက်ရှိကြောင်း ယာဉ်တန်းတွင်လိုက်ပါနေသော ဦးခွန်သာမြင့်ကပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ယာဉ်တန်းသည် ငှက်အော်စမ်းကိုကျော်ဖြတ်လာ
 ပြီးမကြာမီအချိန်တွင် တစ်ညတာအိပ်စက်မည့် ၀ါးသိင်္ခရွာသို့ရောက်ရှိတော့ မည်ဖြစ်ကြောင်းယာဉ်တန်းကိုသွားရောက်ကြိုဆိုနေသူတစ်ဦးက ပြောကြားသည်။
7Day News Journal
ဒေါ်အောင်ဆန်းစုကြည်စီးနင်းလိုက်ပါလာသောမော်တော်ယာဉ်တန်းသည်
မန်းကျည်းကန်ကျေးရွာကိုဖြတ်၍၀ါသိင်္ခကျေးရွာသို့သွားရာလမ်းခွဲသို
လွန်ခဲ့သည့်ဆယ်ငါးမိနစ်ခန့်က၀င်ရောက်သွားပြီဖြစ်ကြောင်းMessenger သတင်းထောက်ကသတင်းပေးပို့သည်။
ယင်းအပြင်ဒေါ်အောင်ဆန်းစုကြည်ယာဉ်တန်းနောက်တွင်လိုက်ပါလာ
သည့်ပြည်ခိုင်ဖြိုးမော်တော်ယာဉ်များမှာလည်းကော့မှူးမြို့တွင်ကျန်ရစ်ခဲ့ပြီး
 ကော့မှူးမြို့တွင်းလှည့်ပတ်မောင်းနှင်နေသည်ဟုသိရသည်။
Messenger News Journal
ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှ ကော့မှူးသို့ ထွက်ခွာပြီ
Posted: 31 Mar 2012 05:01 AM PDT
ရန်ကုန် (မဇ္ဈိမ) ။        ။ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်အောင်ဆန်းစုကြည်သည် သူမရွေးကောက်ခံမဲဆန္ဒနယ်မြေဖြစ်သည့် ကော့မှူးမြို့နယ်သို့ သွားရောက်ရန် ယနေ့ ညနေ လေးနာရီအချိန်တွင် နေအိမ်မှ ထွက်ခွာသွားခဲ့သည်။
တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် စတင်ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့မှ မိုင်လေးဆယ်ကျော် ကွာဝေးသည့် ကော့မှူးမြို့နယ်ရှိ ဝါးသိင်္ခကျေးရွာတွင် ယနေ့ (စနေနေ့) ညအိပ်နားခိုမည်
ဖြစ်သည်။
gonetokomoo1
ကြားဖြတ်ရွေးကောက်ပွဲအတွက် ကော့မှူးမဲဆန္ဒနယ်မြေသို့ သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာသည့်ကား နေအိမ်မှထွက်ခွာစဉ် ပြည်တွင်း၊ ပြည်ပမှ သတင်းသမားများနှင့်အတူ မတ်လ ၃၁ ရက် ၂ဝ၁၂ ခုနှစ် ညနေ ၄ နာရီအချိန်က တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ) ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ် ဝါးသိင်္ခကျေးရွာတွင် စနေနေ့ည ညအိပ်နားခိုမည်ဖြစ်သည်။
တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းရှေ့တွင် ခရီးစဉ်နှင့်အတူ လိုက်ပါသတင်းယူမည့်
ပြည်တွင်းပြည်ပ သတင်းသမားများ တရာကျော်က  မွန်းလွဲ ၂ နာရီခွဲ ဝန်းကျင်ခန့်မှ စ၍ စောင့်ဆိုင်းနေခဲ့သည်။
နေအိမ်မှထွက်ခွာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ရွှေဂုံတိုင်အဖွဲ့ချုပ်ရုံးတွင် တပ်ဆင်ထားသည့်
ရွေးကောက်ပွဲ သတင်းအချက်အလက်များ ထုတ်ပြန်ပေးမည့် LED ဆိုင်းဘုတ်တပ်ဆင်ပြီးစီးမှုကို သွားရောက် ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
Envoy ဂျာနယ်မှ အဆိုတော်လေးဖြူသို့ တောင်းပန်ခြင်း
Posted: 31 Mar 2012 03:08 AM PDT
ဟင်္သာတတက္ကသိုလ်မှာ ဗကသများ​ စစ်​ဆေး​ခံ​နေရ (မြန်မာ ၁ နာရီခွဲ)
Posted: 31 Mar 2012 03:04 AM PDT
ဟင်္သာတမြို့​နယ်မှာ ပညာ​ရေး​တာဝန်ရှိသူ​တွေက ဗမာနိုင်ငံလုံး​ဆိုင်ရာ​ကျောင်း​သား​ သမဂ္ဂများ​အဖွဲ့​ချုပ် (ဟင်္သာတ) အဖွဲ့​ဝင် ​ကျောင်း​သား​ ၈ ဦး​ကို စစ်​မေး​နေတယ်လို့​ ဟင်္သတာ ဗကသ ဥက္ကဋ္ဌ ကိုသန့်​ဇင်က ​ပြောပါတယ်။
“ဟင်္သာတတက္ကသိုလ်က ​ကျောင်း​သား​တွေကို ဒီ​နေ့​ အဆင့်​​မြင့်​ပ​ညာဦး​စီး​ဌာ​န​က ​ လာတဲ့ ​ အဖွဲ့​တွေက ​ခေါ်​တွေ့​တယ်​ပေါ့​။ ​ကျောင်း​အုပ်ကြီး​က​ တဆင့်​ ဟင်္သာတ တက္ကသိုလ်ထဲက က​လေး​တွေချည်း​ပဲ သီး​သန့်​ခေါ်ပြီး​ စစ်​ဆေး​တယ်။ အခု ကျ​နော်တို့​လည်း​ ​ကျောင်း​ရှေ့​မှာ အခု​လော​လောဆယ် ရှိ​နေတယ်။ ဖိအား​ပေး​ အင်အား​သုံး​တဲ့​ ခြိမ်း​ခြောက်တဲ့​ စကား​မျိုး​တော့​ မ​ပြောဘဲနဲ့​ ပညာ​ရေး​ကို ထိခိုက်နိုင်တယ်၊​ ပညာ​ရေး​ကို အနှောင့်​အယှက် ဖြစ်နိုင်တယ် ဆိုတဲ့​ ဟာမျိုး​နဲ့​ပေါ့​။ သူတို့​က လူမှု​ရေး​နဲ့​ အဲဒီလိုမျိုး​ ဝင်တာ​ပေါ့​။ မိဘ​တွေက​တော့​ နား​မလည်တဲ့​အခါကျ​တော့​ အခု ကျ​နော်တို့​မြို့​မှာ​တော့​ အထိတ်တလန့်​တော့​ ဖြစ်သွား​တာ​ပေါ့​။”
အဆင့်​မြင့်​ပညာဦး​စီး​ဌာနက ဒု – ညွှန်ချုပ် ​ဒေါက်တာမျိုး​သိန်း​နဲ့​ ဟင်္သာတက္ကသိုလ် ပါ​မောက္ခချုပ် ​ဒေါက်တာစံလင်း​တို့​က ​ကျောင်း​သူ ​ကျောင်း​သား​ ၈ ဦး​ကို မိဘ​တွေနဲ့​အတူ ပါ​မောက္ခချုပ်အခန်း​မှာ ​ခေါ်ယူ​တွေ့​ဆုံ​နေတာ ဖြစ်ပါတယ်။
ဗမာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​သမဂ္ဂများ​အဖွဲ့​ချုပ် (ဗကသ-ဟင်္သာတ)ကို ဟင်္သာတမြို့​ပေါ်က တက္ကသိုလ် ၄ ခုက ​ကျောင်း​သား​တွေက စတင်ဖွဲ့​စည်း​ခဲ့​ပြီး​ ဗကသ ဥက္ကဋ္ဌ ကို​ကျော်ကိုကိုက မတ် ၂၉ ရက်​နေ့​မှာ အသိအမှတ်ပြုပြီး​ ဗကသအလံ လွှဲအပ်ခဲ့​ပါတယ်။
ဟင်္သာတမြို့​နယ် ဗကသ ဥက္ကဋ္ဌ ကိုသန့်​ဇင်တို့​က ​ဒေါက်တာမျိုး​သိန်း​တို့​နဲ့​ ​တွေ့​ခွင့်​ ​တောင်း​ပေမယ့်​ မရတာ​ကြောင့်​ က​လေး​တွေရဲ့​ အ​ခြေအ​နေကိုပဲ ​စောင့်​ကြည့်​ ​နေကြရတယ်လို့​ ​ပြောပါတယ်။
ဒီဗွီဘီ
နေပြည်​တော် ပုဗ္ဗသီရိ မြို့​နယ်အတွင်း​ မဲရုံ ၁၈ ရုံတိုး
Posted: 31 Mar 2012 03:02 AM PDT
နေပြည်​တော် ပုဗ္ဗသီရိမြို့​နယ်မှာ​တော့​ ဒီတပတ်အတွင်း​မှာ မဲရုံ ၁၈ ရုံ ထပ်မံ တိုး​ချဲ့​လိုက်ပါတယ်။
ဆန္ဒမဲ​ပေး​သူ​တွေ တိုး​လာပြီး​ မဲ​ရေတွက်မှု မြန်ဆန်​အောင်ဆိုပြီး​ မဲရုံ​တွေ ထပ်တိုး​လိုက်တာလို့​ ​ရွေး​ကောက်ပွဲ ​ကော်မရှင်က မတ် ၂၉ ရက်က ​ပြောဆို​ကြောင်း​ ပုဗ္ဗသီရိမြို့​နယ်မှာ အန်အယ်လ်ဒီအ​နေနဲ့​ ဝင်​ရောက် ယှဉ်ပြိုင်တဲ့​ ဦး​ဖြိုး​ဇေယျာ​သော်က ​ပြောပါတယ်။
“ကျ​နော်တို့​ဆီမှာ စုစု​ပေါင်း​ မဲရုံ ၁၈ ရုံထပ်တိုး​တယ်။ ​နောက်တိုး​တဲ့​ လူဦး​ရေ စာရင်း​အရရယ်၊​ မဲ​ရေတွက်တဲ့​နေရာမှာ မြန်ဆန်​ချော​မွေ့​စေဖို့​ အတွက်ဖြစ်တယ်လို့​ ​ပြောပါတယ်။ ကျ​နော့်​အ​နေနဲ့​က​တော့​ မတ် ၂၉ ရက်​နေ့​ကမှ ရက်ချိန်း​ပေး​လိုက်တယ် ဆို​တော့​ မဲရုံကိုယ်စား​လှယ်နဲ့​ အကူကိုယ်စား​လှယ်ရဖို့​က အ​ရေး​တကြီး​ ပြန်လုပ်ရတယ်။ အမှန်တကယ် မဲဆန္ဒစာရင်း​ထဲမှာ ပါသင့်​ပါထိုက်တဲ့​ သူ​တွေ မပါခဲ့​တာ​တွေလည်း​ ရှိခဲ့​တယ်။ ဒီဟာ​တွေအတွက် ကျ​နော်တို့​ဘက်က ပြန်ပြီး​ ​တောင်း​ဆိုထား​တဲ့​ လူဦး​ရေစာရင်း​တွေလည်း​ ရှိပါတယ်။ နှစ်ဖက်ညှိနှိုင်း​ပြီး​တော့​ လူဦး​ရေစာရင်း​တွေ ထပ်တိုး​လာတာလည်း​ ပါတယ်။”
ပုဗ္ဗသီရိ မြို့​နယ်အတွင်း​မှာ​တော့​ မဲဆွယ်စည်း​ရုံး​ရေး​ကား​တွေ အပြိုင်အဆိုင် မဲဆွယ်စည်း​ရုံး​ပေမယ့်​ ပြဿနာမရှိဘဲ အား​လုံး​ပြေလည်တယ်လို့​ ဦး​ဖြိုး​ဇေယျာ​သော်က ​ပြောပါတယ်။
ပုဗ္ဗသီရိမြို့​နယ်မှာရှိတဲ့​ တိုင်း​တပ်မကို​တော့​ အန်အယ်လ်ဒီအ​နေနဲ့​ မဲဆွယ်စည်း​ရုံး​ဖို့​ ​တောင်း​ဆိုထား​ပေမယ့်​ ခုချိန်ထိ ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ ​ကော်မရှင်က အ​ကြောင်း​မပြန်​သေး​လို့​ မဲဆွယ်စည်း​ရုံး​နိုင်​တော့​မှာ မဟုတ်​ကြောင်း​ ​ပြောပါတယ်။
သူ့​အ​နေနဲ့​ ​ရွေး​ကောက်ပွဲရက်မတိုင်ခင် ရွာ​တွေအထိ လိုက်လံစည်း​ရုံး​မှု လုပ်​နေပြီး​ တက်ကြွလှုပ်ရှား​သူ​တွေ ရှိ​ပေမယ့်​ တချို့​ရွာသား​တွေက​တော့​ ​ကြောက်ရွံ့​မှု ​အောက်မှာပဲ ရှိ​သေး​ကြောင်း​ကို ဦး​ဖြိုး​ဇေယျာ​သော်က ဒီဗွီဘီကို ​ပြောပါတယ်။
ဒီဗွီဘီ
ဒေါ်အောင်ဆန်းစုကြည်ကို ကော့မှူးမှ ပရိသတ် သွားရောက်ကြိုဆိုနေ
Posted: 31 Mar 2012 02:58 AM PDT
မတ်လ ၃၁ ရက်၊ ၂၀၁၂ ခုနှစ် -ကျော်စိုးလင်း (YPI) မွန်းလွဲ ၄ နာရီ
ကော့မှူးမြို့နယ်သို့ ယနေ့ညနေလာရောက်မည့် ဒေါ်အောင်ဆန်းစုကြည် ကားတန်းအား ကော့မှူးမြို့ ဒီချုပ်အဖွဲ့ဝင်များနှင့် လူထုက ကား ၁၅ စီး၊ ဆိုင်ကယ် ၇၀ ဖြင့်သွားရောက်ကြိုဆိုလျှက်ရှိသည်ဟု သတင်းပေးပို့သည်။
ယင်းကားတန်းနောက်မှ ပြည်ခိုင်ဖြိုး ကားတန်း ၁၅ စီးလည်း လိုက်ပါလျှက်ရှိပြီး မည်သည့်ရည်ရွယ်ချက်ဖြင့် လိုက်ပါသည်ကို မသိရှိရဟု ဆိုသည်။
Yangon Press International
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်
ဝင်ရောက်ယှဉ်ပြိုင်သည့်ရန်ကုန်တိုင်းဒေသကြီး၊
ကော့မှူးမြို့နယ်၊၀ါသိင်္ခကျေးရွာရှိအလယ်ရွာ မဲရုံ အမှတ်(၁)တွင်မဲပေးနိုင်သူဦးရေ ၉၅၆ ယောက်ရှိပြီးကြိုတင်မဲ(၁၀)မဲရရှိထားသည်။
မဲရုံအမှတ်(၂)တွင်မဲပေးနိုင်သူဦးရေ၆၃၀ရှိသည်ဟု Messengerသတင်းထောက်ကတိုက်ရိုက်သတင်းပေးပို့သည်။
ဒေါ်အောင်ဆန်းစုကြည်ဝင်ရောက်ယှဉ်ပြိုင်သည့်ရန်ကုန်တိုင်းဒေသကြီး
ကော့မှူးမြို့နယ်၊၀ါသိင်္ခကျေးရွာ၏နောက်ဆက်တွဲသတင်းများကိုလည်း
Messengerဂျာနယ်မှဆက်လက်ဖော်ပြပေးသွားပါမည်။
 Messenger News Journal
နေပြည်တော်စည်ပင်ဝန်ထမ်းများကို ကြံ့ဖွံ့ ကို မဲမထည့်ပါက ထောက်ပံကြေးဖြတ်တောက်မယ်လို့ ခြိမ်းခြောက်ထား
Posted: 31 Mar 2012 02:39 AM PDT
နေပြည်တော် စည်ပင်မှ မြို့ တော်ဝန်က မှာ ကြားတယ်ဆိုပြီး ၀န်ထမ်းများအား မတ်လ ၂၆ ရက်နေ့ ၂၀၁၂ က  အစည်းအဝေးခေါ်ယူကာ ကြံခိုင်ရေးကိုသာမဲပေးရန် တိုက်တွန်းပြောကြားခဲ့ ပါတယ်။
ပြောကြားခဲ့သူကတော့  နေပြည်တော် မြို့ တော်စည်ပင် တွဲဘက်အတွင်းရေးမှူးဖြစ်တဲ့  
ဗိုလ်မှူးကြီးဟောင်း ဦ၀င်းဌေး ဖြစ်ပါတယ်။ 
ပုံစံငယ်များဖြင့် ပြသပြီး (ပူတွဲပါပုံအတိုင်း) မဲ့ ပေးကြဖို့ လည်း ပြောကြားခဲ့ပါတယ်။ ကြံခိုင်ရေးအနိုင်မရပါက ထောက်ပံကြေး ကျပ်(၃၀၀၀၀၀)သုံးသိန်း အား ဖြတ်တောက်ခံ 
ရနိုင်ကြောင်းလည်း ဌာနမှူးများမှတဆင့် ခြိမ်းခြောက်ပြောကြားခိုင်းခဲ့ ပါတယ်။ 
အဲဒီနောက် ၀န်ထမ်းအိမ်ယာ အတွင်းမှာလည်း ကြံခိုင်ရေးကို မဲ ပေးရန် မဲ ပုံ 
စံငယ်များဝေပြီး ဒီအတိုင်း မပြောင်းလဲပဲ မဲပေးရန်အမိန်ပေးခဲ့ ပါတယ်။
သမ္မတကြီး အနိုင်ရခဲ တဲ့  မဲဆန္ဒနယ်ကနေ ကြံခိုင်ရေးမနိုင်ရင် လစာ ဘယ်တော့  
မှမတိုးနိုင်ဟု လည်း ပြောကြားခဲ့ ပါတယ်။ ပူးတွဲပါ စာရွက်များအား ၀န်ထမ်းများအိမ်တွင် 
မဲ့  ပေးခွင့် ရှိသူ (၁၀) ယောက်ရှိက (၁၀)စောင်ဝေပြီ ဒီအတိုင်းမဲပေးရန်နှင့် 
၎င်းစာရွက်များအား မဲရုံ သို ယူဆောင်ခြင်းမပြုရန်  နေပြည်တော် မြို့ တော်စည်ပင် တွဲဘက်အတွင်းရေးမှူးဖြစ်တဲ့  ဗိုလ်မှူးကြီးဟောင်း ဦ၀င်းဌေး က ပြောကြားခဲ့ 
နေပြည်တော် စည်ပင် ၀န်ထမ်းများက သတင်းပေးပို့ ထားပါတယ်။
Myanmar News Now
မဲလက်မှတ်တွင် မှင်မထင်ရန် လုပ်ကြပြန်
Posted: 31 Mar 2012 02:07 AM PDT
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်တွင် မတ်လ ၃၁ ရက်နေ့မှာကြိုတင်မဲများကို ကောက်ယူနေကြပြီဖြစ်ပါသည်။
ထိုသို့ကောက်ယူကြရာတွင် မြို့ပေါ်ရှိရပ်ကွက်အချို့နှင့်နယ်ဘက်ရှိ ပခန်းကြီး၊ပခန်းငယ်နှင့်
 ကျေးရွာအချို့တွင် မဲလက်မှတ်များပေါ်မှာဖယောင်းသုတ်ထားကြောင်း၊ယင်းနေရာသည်  အဖွဲ့ချုပ်ကိုယ်စားလှယ်နှင့်တည့်တည့်အကွက်တွင်ဖြစ်ကြောင်း ဒေသခံများကမြို့နယ်
အဖွဲ့ချုပ်ရုံးသို့ လာရောက်ပြောကြပါသည်။
မှင်မထင်လို့ ထိုအကွက်ပေါ်သို့ အထပ်ထပ်ခြစ်သော် အစင်းကြောင်းများဖြစ်သွားကာ ပယ်မဲဖြစ်မည်စိုးလို့ပြန်လဲပေးဖို့ တောင်းသော်လည်း လဲမပေးနိုင်ဘူးဟု အချို့ မဲရုံမှူးများက ပြောကြသည်ဟုလည်းသိရပေသည်။ယင်းပြဿနာကို ယနေ့ မတ်လ
(၃၁)ရက်နေ့ နံနက်တွင် ရေစကြို မြို့ နယ် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ရုံးမှ တာဝန်ရှိသူများက မြို့နယ်ကော်မရှင်ရုံးသို့သွားရောက်တင်ပြ
ထားပြီးဖြစ်ကြောင်းလည်း သိရပါသည်။
Myanmar News Now
ပခုက္ကူမြို့ နယ်ကော်မရှင် အပြောတမျိုးအလုပ်တမျိုး
Posted: 31 Mar 2012 02:12 AM PDT
ပခုက္ကူမြို့ နယ်ကော်မရှင်မှထုတ်ပြန်ချက်
ပခုက္ကူမြို့နယ် မဲစာရင်းပြုစုရာတွင် 
၁။ သေသူများပါဝင်ခြင်း
၂။ နေထိုင်သူများ မပါဝင်ခြင်း
၃။ ပါဝင်သူများမှာလည်း အမည်လွှဲမှားခြင်း၊မှတ်ပုံတင်လွဲ
မှာခြင်း
ဆိုလုသည်မှာ မဲစာရင်း ပို၊လို၊လွဲ ကိစ္စ များကို မြို့နယ် ကော်မရှင်သို့ သွားရောက် ညှိနှုင်းသည့် အခါတွင် အောက်ခြေတွင် အဆင်ပြေအောင်ပြုလုပ်ပေးပါမည်
ပြသာနာ မလုပ်ပါရန်နှင့် ညှိုနှီုင်းဆောင်ရွက် ပေးပါမည် ကော်မရှင် တာဝန်ရှိသူများမှ ပြောကြားပါသည်။
 မဲပေးသည့် နေ့တွင် ရပ်ကွက်ထဲ အမှန်တကယ် နေထိုင် ကြောင်းမှန်ကန်ပါက ကော်မရှင်မှ မှတ်ပုံတင်အား မဲရုံသို့ ယူဆောင်လာပြီး မဲပေးလို့ရရှိအောင်
ဆောင်ရွက်ပေးမည်ပြောပြီး အခုတော့ စာဖြင့် ပိတ်လိုက်ပါသည်။
ပြောပါသည်။ 
Myanmar News Now
ရွေးကောက်ပွဲ မသမာမှုတွေ နေရာ အများမှာ ရှိနေ
Posted: 31 Mar 2012 01:50 AM PDT
ရွေးကောက်ပွဲ မတိုင်ခင် မသမာမှုတွေ ရှိနေ
BBC ,31 March 2012 —- ခုကြားဖြတ် ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောပေမယ့် ရွေး ကောက်ပွဲ လုပ်မယ့် နေရာ အတော် များများမှာ ခြိမ်းခြောက် မဲဆွယ်မှုတွေ မတရားမှုတွေရှိ နေတယ်လို့ သတင်း ရရှိပါတယ်။
မန္တလေးတိုင်းမှာ ကြားဖြတ် ရွေးကောက်ပွဲ မဲ ဆန္ဒနယ် တခုဖြစ်တဲ့ မဟာ အောင်မြေ မြို့ နယ်မှာ မဲပေးတဲ့ နေ့မှာ အချိန်တို အတွင်း မဲပေးသူတွေ အဆင်ပြေ မြန်ဆန်အောင် ထုတ်ပေးထားတဲ့ ကြိုတင် စီစစ်ပြီးသား မဲပေးခွင့် လက်မှတ်တွေကို သက်ဆိုင်ရာက ပြန်သိမ်းတာတွေ ရှိနေသလို နေရာ အတော် များများမှာ မဲဆန္ဒရှင်တွေမှာ မဲပေးခွင့် စီစစ်ပြီးသား ကဒ်ပြားတွေ မရသေးတာကြောင့် အန်အယ်လ်ဒီ ပါတီက မတ်လ ၃၀ ရက်နေ့မှာ လူအင်အား များများနဲ့ လိုက်လံ ဝေငှ နေရတယ်လို့ အန် အယ်လ်ဒီ အောင်နိုင်ရေး အဖွဲ့ဝင် ဦးမျိုးနိုင်က ပြောပါတယ်။
နောက်ပြီးတော့ မန္တလေးတိုင်းထဲက နွားထိုးကြီး မြို့နယ် ခံတက်ကုန်း ကျေးရွာ မှာတော့ ကျေးရွာ အုပ်ချုပ်ရေးမှုးက ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီဝင်ပြီးတော့ ပါတီဝင် ကဒ်ပြားတွေ လာ ထုတ်မှ ဧပြီ တရက်နေ့မှာ မဲပေးရမယ်လို့ အသံချဲ့စက်နဲ့ နိုးဆော် နေတယ်လို့ သတင်းရ ရှိပါတယ်။
အလားတူဘဲ မကွေးတိုင်း ပခုက္ကူမြို့နယ် ဆိခဝ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးက သူ့ လက်အောက်မှာ ရှိတဲ့ ဆယ်တရွာက ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဆင့်ခေါ်ပြီး အုပ်ချုပ် ရေးမှုးတွေ အနေနဲ့ ကြံခိုင် ဖွံ့ဖြိုးရေး ပါတီ အောင်နိုင်ရေး အတွက် မဲဆွယ်ပေးဖို့ နိုင်ခဲ့ရင် ဆုပေးပြီး ရှုံးနိမ့်ခဲ့ရင် ဒဏ်ပေးမယ်လို့ ပြောဆိုခဲ့ကြောင်း ပခုက္ကူ အန်အယ်လ်ဒီ ပါတီဝင်တွေက ဘီဘီစီကို ပြောပြပါတယ်။
ပဲခူးတိုင်း တောင်ငူမြို့မှာတော့ အန်အယ်လ်ဒီ ပါတီရဲ့ ကိုယ်စားလှယ်လောင်း ဦးအောင်စိုးမြင့် မဲဆွယ် စည်းရုံး ဟောပြောဖို့ ကားပေါ်က အဆင်းမှာ လောက်လေးနဲ့ ပစ်ခံရတာကြောင့် ကားရှေ့ လေကာမှန် ကွဲသွားတယ်လို့ သိရပါတယ်။
ဒီကိစ္စကို တောင်ငူရဲစခန်းမှာ သွားရောက် အမှုဖွင့် တိုင်ကြား ထားတယ်လို့ အန်အယ်ဒီက ပြောပြပါတယ်။
No comments:
Post a Comment