Thursday, March 8, 2012

ဒုသမ္မတ ရခိုင်၌ စီမံကိန်းများအား လာရောက်စစ်ဆေး

Written by သဇင်ဥ    Sunday, 04 March 2012 02:52   PDFPrintE-mail
မြန်မာဒုတိယသမ္မတ သီဟသူရ တင်အောင်မြင့်ဦးနှင့်အဖွဲ့ ရခိုင်ပြည်နယ်တွင် ရခိုင်-တရုတ် ဂစ်ပိုက်လိုင်း၊ ရေလှောင်တာတမံနှင့် ပိုက်လိုင်းသွယ်တန်းမည့် လမ်းစီမံကိန်းများအား အကောင်အထည်ဖေါ်ဆောင်ရွက်ရန် လွန်ခဲ့သော ဖေဖေါ်ဝါရီလ ၂၅ မှ ၂၈ ရက်နေ့များက ရောက်ရှိစစ်ဆေးလာကြောင်း သတင်းရရှိသည်။
Add caption
ဒုသမ္မတအနေဖြင့် ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်းရှိ သဋ္ဌေးချောင်းရေလှောင်တာတမံ၊ ရေအားလျှပ်စစ်လုပ်ငန်းနှင့် ဒွါရာဝတီခန်းမတို့ကို စနစ်တကျ သုံးရက်တိုင်တိုင် သွားရောက် စစ်ဆေးခဲ့ပြီး ဖေဖေါ်ဝါရီလ (၂၈)ရက် နေ့လည်ပိုင်းတွင် မကွေးတိုင်း ဒေသသို့ ထွက်ခွာသွားခဲ့ကာ အဆိုပါဒေသ စီမံကိန်းများကို (၂၈ - ၂၉)ရက်နေ့များက စစ်ဆေးခဲ့ကြောင်း ပြည်တွင်းက သတင်း ပေးပို့သည်။ 

ဒုသမ္မတနှင့်အဖွဲ့မှာ ကျောက်ဖြူမြို့၌ ဖေဖေါ်ဝါရီ(၂၅)ရက်နေ့က ခေတ္တရပ်နားကာ ဋ္ဌာနဆိုင်ရာများထံမှ ဖေါ်ပြပါ စီမံကိန်း ဆောင်ရွက် ပြီးစီးနေမှုများကို မေးမြန်းခဲ့ကြောင်းနှင့် သူ၏ဇနီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း နာယက ဒေါ်ခင်စောနှင်း လိုက်ပါလာပြီး ရခိုင်ပြည်နယ် အမျိုးသမီးခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။ 

ဒုသမ္မတ ဇနီး ဒေါ်ခင်စောနှင်းမှာ သံတွဲမြို့နှင့် မကွေးတိုင်းဒေသများရှိ အမျိုးသမီးရေးရာ အဖွဲ့ဝင် ခေါင်းဆောင်များအား တွေ့ဆုံစည်းရုံး ခဲ့ကြောင်းနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် အားပေးအားမြောက် လုပ်ဆောင်ပြောဆိုခဲ့ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ် အခြေစိုက် ဋ္ဌာနဆိုင်ရာများမှ ဒုသမ္မတအား လာရောက်တွေ့ဆုံခဲ့ကြပြီး အရေးတကြီး လုပ်ငန်းများကို အစီရင်ခံခဲ့ ကြကြောင်း သိရှိရသည်။ သီဟသူရ တင်အောင်မြင့်ဦးမှာ စစ်တပ်မှ ရာထူးတက်လာသူဖြစ်ပြီး စစ်တပ်တွင် သြဇာလွှမ်းမိုးမှုများ ရှိသည်ဟု စစ်တပ်သတင်းအရ သိရှိရသည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/69-2012-03-04-03-02-07

No comments:

Post a Comment